ရေးရတာကိုက ဘဝသမိုင်းကြောင်းနဲ့ချီနေရပြီး ပေးလိုတဲ့ Message ကိုက - -တချို့ကိစ္စတွေဟာ
ရေရှည်ကာလကျမှ မထင်မရှား ပုံစံမျိုးစုံနဲ့ အကျိုးပေးတတ်ကြောင်း "အဲဒါတွေဖတ်နေတော့ ဘာဖြစ်မှာလဲ? အဲဒီသင်တန်းတက်တော့ ရာထူးတိုးမှာလား? အဲဒီအခွေတွေ အချပ်တွေက နင့် ကျောင်းစာတွေကို ဘာအကျိုးပြုမှာလဲ? "လို့ခပ်တိမ်တိမ်တွေးတတ် မေးတတ်ကြတဲ့ သူတချို့နဲ့ မိဘတချို့အတွက်- - ခပ်ဝေးဝေးလေး ကြည့်ပေးကြဖို့
ရေးရတာဖြစ်လို့ စာကတော့နည်းနည်းရှည်လာပါပြီ အကျိုးပေးချိန်ကတော့ 1986-87 လောက်မှာ
အရိပ်အယောင် စ, ပြပါတယ်။
လုပ်သက်ကလေး ငါးနှစ် ခြောက်နှစ်လောက်မှာ နိုင်ငံခြားသင်တန်းလွှတ်ဖို့ "အရံ"အဖြစ်စတင်အရွေးချယ်ခံရပါတယ်
ဟိုစဉ်အခါတုန်းကတော့ Burma Navy မှာ နိုင်ငံခြားလွှတ်ရင် Speciality ပညာရပ်အရ - ဥပမာ Navy Seal လို Diving Course ဆို ဒိုက်ဗာ, Hydrographic Survey ဆို တိုင်းတာရေး, Engineering ဆို အင်ဂျင်နီယာ- ဦးစားပေးခွဲရပြီး Same Corps ထဲက အချင်းချင်းဆိုရင်တော့ Seniority ဝါကြီးသူ( Commission စော ရသူ) ကို ဦးစားပေးရွေးချယ် စေလွှတ်ပါတယ် Same batch ချင်းဆိုရင် ( Date of Commission တူနေရင်) တော့ ကိုယ်ပိုင်နံပါတ် စီနီယာ (BN ****)ဆိုတာ ကိုဦးစားပေးစဉ်းစားရွေးချယ်လေ့ရှိပါတယ်။
ဒါပေမဲ့ အဲဒီ 1986 လောက်ကစပြီး နိုင်ငံခြားသင်တန်း Offer ဝင်လာရင် Written ဖြေ, ပြီးရင် interview ဖြေ ဆိုတဲ့မူဝါဒ ပြောင်းလဲကျင့်သုံးလာပါတယ် ကက(ကျင့်) က ချပေးတဲ့ မူဝါဒကို ကက(ရေ)လေ့ကျင့်ရေး က
အကောင်အထည်ဖော်ရတာပါ ... ဥပမာ Engineering Course သင်တန်းတစ်ခုပေါ်လာတယ်ဆိုပါစို့ Advanced Electrical Engineering Course မျိုး Modern Foundry and Metallurgical Technologies ဆိုတာမျိုးလို အင်ဂျင်နီယာအချင်းချင်းတောင် Major ခွဲလွှတ်ရမဲ့ သင်တန်းမျိုး (ဥပမာပြောတာပါ) မဟုတ်ပဲ
General Main Propulsion Course မျိုး (ဥပမာ) လို EOမရွေး ပို့လို့ရတဲ့Courseတွေအတွက် စီနီယာရော ဂျူနီယာပါ ရောဖြေရတာမျိုးဖြစ်လာပါတယ်။
စဉ်းစားကြည့်ပေါ့ဗျာ .. တချို့ နိုင်ငံခြားသင်တန်းမတက်ဖူးသေးတဲ့ Most Senior တွေက 1977, 78 လောက်က
ကော်မီရှင်ရခဲ့သူ အကိုကြီးတွေ (စစ်သင်္ဘောသွားယူလာတာမျိုးကိုထည့်မတွက်ပါဘူး Foreign Training အစစ်ကိုပြောတာပါ)-အီစကိုယ်က 1981 July မှာမှ ကော်မရှင်ရခဲ့ပြီး Same batch (၁၃) ယောက်ထဲမှာမှ ကိုယ်ပိုင်နံပါတ်က နောက်ဆုံး(Last Cadet-BC တော့မဟုတ်ဘူး LC) ဖြစ်သူ ဖိုးသက် !! ဖဲစကားပြောရရင် အိမ်ဖြည့်ဖဲသမား ဘောလုံးစကားပြောရရင် FIFA World Cup Qualifier ပထမအဆင့်ခြေစစ်ပွဲဝင်ရတဲ့ (၂၀၄)နိုင်ငံထဲက Ranking နောက်ဆုံး အသင်းလေးလို ဘာမျော်လင့်ချက်မှမထားနိုင်ပဲ စိုက်တွေ ဆိုတဲ့ "အကိုရှေတို့ရဲ့မြို့ကီး"ကနေ ရန်ကုန်( Rangon ဟု Ra သံနှင့်ထွက်ပါရန်) ဆိုတဲ့ "ရွာကီး"ကို "တီဂျူတီပြန်ရတာ အမြတ်ပဲ"လို့ သဘောထားပြီး ပါဝင်ဆင်နွဲ ဖြေဆိုအပြီးမှာတော့ "စတုတ္ထအရံ"ဆိုလား "ပဉ္စမ အရံ"ဆိုလား ရွေးချယ်ခံခဲ့ရပါတယ်ဗျာ။ ဘယ်ထင်ထားမှာတုန်းဗျာ... ကိုယ်ရှေ့မှာတင် ကိုယ့်အပါတ်စဉ်ကချည်း(၁၂)ယောက် စီနီယာအမျိုးမျိုးက (၁၃/၄)ယောက်လောက်ဆိုတော့ အံ့သြစရာပေါ့ ။
ဒီတက္ကသိုလ်က ဆင်းခဲ့ကြပြီး ဒီရေတပ်ထဲမှာဒီအလုပ်ပဲလုပ်နေရသူ EO အချင်းချင်း ဘာထူးကွာမှာလဲ? ဘာထူးသာမှာလဲဗျာ အတွေ့အကြုံတောင် ဖိုးသက်တို့ကနည်းသေး! ကိုယ်ပိုင်နံပါတ်က ဆေးခြောက်ခါစ တန်းစီရင် သီလဝါ ပင်လယ်ဝရောက်သွားမဲ့ ဤအကောင်းစားလေးခမျာ Line-up position 4th 5th လောက်ဆိုတော့ ထူးထွေတည့်အံ့ရာ သော်ဖြစ်မိတာပေါ့နောက်မှ သိရတာက Engineering Subject ရမှတ်တွေက မကွာကြပါဘူးတဲ့ တချို့ကတော့Engineering မှာအမှတ်ဖြတ်ထားသူလည်းရှိမှာပေါ့လေ ဖိုးသက်ကတော့ interview ရမှတ်ထိုးတက်သွားတာကြောင့် အဲဒီနေရာ(မတန်မရာ) ရောက်သွားရတာပါ။
ရွေးချယ်ရေးဘုတ်အဖွဲ့ မှာပါသူတွေကတော့ Navy Colonel GS က ဥက္ကဌ ( ပြောခဲ့ဘူးပြီ အဲဒီအချိန်က အခုလို စစ်ဦးစီးအရာရှိချပ်- ရေ- ရာထူးမရှိသေးဘူး) ဧရခမှူး, CE နဲ့ ရလခမှူး တို့က အဖွဲ့ဝင်များ ကက(ရေ) လေ့ကျင့်ရေး G1က အတွင်းရေးမှူး အဖြစ်နဲ့ စစ်ဆေးရွေးချယ်ခဲ့တာပါ ဒီအကြောင်းတွေကို ပွဲအားလုံးပြီးသွားလို့ (စစ်ရုံး G3 နဲ့ရောက်) ဂဏန်းငြိမ်သွားတော့မှ ကက(ရေ) တာဝန်က G3 သူငယ်ချင်း မေးကြည့်တော့မှသိရတာပါ။
အင်္ဂလိပ်လိုရေးဖြေပြီး ဘိုလိုတော့(ခ်) ရတဲ့ အင်တာဗျူးမှာ ဖိုးသက် ဘယ်လိုရွှီးခဲ့တဲ့ အကြောင်း အပိုင်း - ၄ မှာ ဆက်ပါအုန်းမယ်ခင်ဗျား... ...
Than Swe Thet