Image may be NSFW.
Clik here to view.
Clik here to view.

ခုတလော ဘယ်နေရာသွားသွားကြားနေရတာက အစိပ်သား ခေါ် ၂၅% ပြဿနာရယ် ၄၃၆ ကိစ္စရယ်။
ကြားရပါ များလာတော့ ကျနော်တို့ RASU ငယ်သူငယ်ချင်းများကြားက
အတိတ်အကြောင်း လေးတွေရယ် လက်ရှိခင်မင်မှုတွေရယ်ကို ပြန်ပြီးစဉ်းစားမိပါတော့တယ်။
အတိတ်အကြောင်း လေးတွေရယ် လက်ရှိခင်မင်မှုတွေရယ်ကို ပြန်ပြီးစဉ်းစားမိပါတော့တယ်။
ကျနော်တို့ သူငယ်ချင်းတွေ RC2 စတက်ကြတော့
Physics Majorတူ အခန်းတူ ၇ယောက် ။ ဘယ်သွားသွား ဘာစားစား အတူတူ။ ခရီးတွေထွက်ကြတော့လဲ မခွဲ။
88 ဆန္ဒပြတော့လဲ လက်တွဲလျက်။ ကုန်ကုန်ပြောရင် RASU ဝင်းထဲမှာ မင်းကိုနိုင် တရားဟောနေတုန်းTE ကားနဲ့  လုံထိန်းတွေ ဝင်လာလို့  ထွက်ပြေးကြမှဘဲ လူစုကွဲကြတယ်။

အဲလို နဲ့  အလွန်ရှုပ်ထွေးတဲ့ 88ကြီးကို အခင်အမင်မပျက် ကျော်ဖြတ်ခဲ့ကြတယ်။ နဝတ တက်ခါစမှာတော့ ကျောင်းတွေလဲပိတ်ထားတော့ ရံဖန်ရံခါဆုံဖြစ်ကြသလို ကျနော်တို့ အားလုံးနီးပါး
သင်တန်းတက်သူတက်၊ Stay ရှောင်သူရှောင်၊ ကျနော်နဲ့  မြင်းကြီးက ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ ဟောင်ကောင်ကို အလည်သွားရင်း အလုပ်လုပ်ကြပေါ့။
နောက်ပိုင်းကျောင်းတွေပြန်ဖွင့်တော့ အားလုံးရန်ကုန်ပြန်လာပြီး ကျောင်းဆက်တက်ကြတယ်။ ဒါပေမဲ့ အားလုံးရဲ့အချစ်တော် ဟာသပါရမီရှင် သက်နိုင် ပါမလာတော့။ အဲ့တော့ စုစုပေါင်း ၆ ယောက်ဖြစ်သွားတယ်။ ဓါတ်ပုံထဲက မင်းသား ၆ ယောက်ပေါ့။
အဲ့လိုနဲ့  ကျောင်းဆက်တက်ရင်း လူ့ ဘဝမှာ ပျော်စရာ အကောင်းဆုံးတက္ကသိုလ်ကျောင်းသား ဘဝရဲ့ လွမ်းမောဘွယ် အချိန်ကို ရောက်လာပါတော့တယ်။
အဲဒါကတော့ အားလုံးကျောင်းပြီးလို့  ဘွဲ့ ကိုယ်စီရကြပြီး အမိတက္ကသိုလ်ကြီးကို စွန့်ခွာရတော့မယ်ပေါ့။
ဒီအချိန်မှာတော့ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ ပြီး တိုင်ပင်ကြရပြီ။ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ။
သေခြာတာကတော့ ဘွဲ့ ရပြီးရင် ဝမ်းရေးနဲ့  ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ကြရတော့မယ်။
ကိုယ်လိုချင်တဲ့ ဘဝ ကိုယ်ပုံဖော်ရတော့မယ်။
အချင်းချင်းတိုင်ပင်ကြတော့ ၆ယောက်မှာ ၃ယောက်က OTSဖြေပြီး စစ်တပ်ထဲဝင်မယ်ပေါ့။
သေခြာတာကတော့ ဘွဲ့ ရပြီးရင် ဝမ်းရေးနဲ့  ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ကြရတော့မယ်။
ကိုယ်လိုချင်တဲ့ ဘဝ ကိုယ်ပုံဖော်ရတော့မယ်။
အချင်းချင်းတိုင်ပင်ကြတော့ ၆ယောက်မှာ ၃ယောက်က OTSဖြေပြီး စစ်တပ်ထဲဝင်မယ်ပေါ့။
အဲ့တော့ ကျန်တဲ့ ၃ယောက်ကအားပေးတယ်။
""""ငါတို့ သာ ဝါသနာမပါလို့ တပ်ထဲမဝင်တာ၊ မင်းတို့ ဝါသနာပါရင်လုပ်၊ အားပေးတယ်၊ စစ်သားဆိုတာ ငါတို့ နိုင်ငံအတွက် အဓိကအင်အားဘဲ"""တဲ့။
ဘယ်သူတဦးတယောက်မှ ကန့်ကွက်သူမရှိ။ အတိုချုပ်ပြောရင် ကျနော်တို့  ၆ ယောက်ထဲက ၃ယောက်က စစ်ဗိုလ်ဖြစ်သွားတယ်။ ပုံထဲက ဘယ်ညာအစွန်က ၂ယောက်ရယ် အလယ်က ဂျပုရယ်ပါ။
အကြောင်းအမျိုးမျိုးနဲ့  အပတ်စဉ်တော့ကွာပေါ့။ ပြောရရင် ၅၀% ခေါ် ၅၀သား စစ်ခွေးပေါက်လေးတွေဖြစ်သွားပြီ။ ကျနော်တို့ က ဘွဲ့ ရ OTS ဆိုတော့ စာပေပညာရပ် နဲ့  အထွေထွေ ဖွန်ကြောင်နည်းဘာသာရပ်ကို RASU မှာ Credit ရအောင် သင်ပြီးသား။ အဲ့တော့ စစ်ပညာပိုင်းဆိုင်ရာ တွေကိုဘဲ
ဗထူးတပ်မြို့  ဗိုလ်သင်တန်းကျောင်းမှာ ၉ လတက်ရပါတယ်။ ကိုးလ လွယ်လို့ ဆယ်လဖွားရတဲ့
သားကောင်းစစ်သည်တွေပေါ့။ ကျနော်တို့ အပတ်စဉ်မှာ အင်ဂျင်နီယာပါတယ၊် ဆရာဝန်တိကုပါတယ်၊ အဲ့တော့လူစုံပြီး တပတ်စဉ်ထဲ ""အကိုကြီး ညီလေး""ခေါ်ကြတဲ့ Thiha 91ပါ။ သင်တန်းကာလ ၉ လမှာ အလူးအလိမ့်ခံပေတော့။ ဒါကို ရန်ကုန်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေက တကူးတကလိုက်လာပြီး ခိုးတွေ့ ကြသေးတယ်။ အဲ့လောက်ခင်ကြတာ။
နောက်တော့သင်တန်းတွေဆင်း တပ်အသီးသီးရောက်ပေါ့။ တခါတလေ ရန်ကုန်ရောက်ရင် ရန်ကုန်မှာဆုံကြသလို နယ်တပ်ကိုရောက်နေတဲ့ ကောင်ဆီအလည်သွားရင်းဆုံဖြစ်ကြတယ်။ အလုပ်တွေသာ ကိုယ်စီလုပ်နေကြတယ် ဒီ ၆ယောက်ဆုံဖြစ်ကြရင် တဟီးဟီးတဟားဟား။
ဖင်နှိုက် ခေါင်းခေါက်ပြောဆိုနေကြဆဲ။
တခါတလေ နိုင်ငံရေးခေါင်းစဉ်ရောက်သွားရင်
၅၀သား ၂ဖွဲ့  ငြင်းကြပေတော့ တမုန်း။ တခါတလေကြတော့လဲ ငယ်ကြိုးငယ်နာတွေဖော်ကြ
ဆဲကြအော်ကြပေါ့။ တဖြည်းဖြည်းနဲ့  အရပ်သား၃ ယောက်က လုပ်ငန်းလေးတွေ အခြေတည်လာသလို တပ်ထဲက ၅၀သားကလဲ အပွင့်လေးတွေတိုးလာတယ်။ ဒါပေမဲ့ မပြောင်းလဲတာက ခင်မင်မှု။ ဘယ်လိုဘဲ အမြင်ကွဲလွဲလို့  ပြောဆိုနေကြပါစေ တယောက်အကူအညီလို ရင် နောက်တယောက်က ဘယ်တော့မှလက်မနှေး။ ကျနော်တို့  ၅၀သား ၂ဖွဲ့ ကြားမှာ ဘာအတားအဆီးမှမရှိ။
ခုတော့လဲ ကျနော်အပါအဝင် တပ်ထဲက ၅၀သားလုံး တယောက်မှ တပ်ထဲမှာမရှိကြတော့။ ရှိနေတာက ကျနော်တို ရဲ့ခင်မင်မှု။ တည်မြဲနေတာက """ဘယ်လိုဘဲ နိုင်ငံရေးအမြင် ကွဲလွဲနေပါစေ တယောက်အခက်အခဲကို တယောက်ကူညီမယ်""ဆိုတဲ့ စိတ်ထားပါ။ ကျနော်တို့  ၅၀သား၂ဖွဲ့ မှာ ဘယ်သူ့ ကိုတော့ဖယ်ထုတ်မယ် ဘယ်ကောင်ကိုတော့ ဖက်တွယ်ထားဆိုတာတွေမရှိ။
ကနေ့ တိုင်အခင်အမင်မပျက် ဆဲဆိုကူညီနေကြဆဲပါ။
ကနေ့ တိုင်အခင်အမင်မပျက် ဆဲဆိုကူညီနေကြဆဲပါ။
ဒါဆို ကျန်တဲ့သူတွေကရော-------------------------------------------------------------------------------------------------------------
ီ
သြော်-----------တခုပြောဘို့ ကျန်သွားတယ်။
အရင် ၇ ယောက်မှာ ကျန်သွားတဲ့ သက်နိုင်ဆိုတာက မြန်မာပြည်မြောက်ပိုင်းတနေရာမှာ ABSDF တပ်ဖွဲ့ ဝင်အဖြစ်နေရင်း တရက်မှာ ထောက်လှမ်းရေးပါလို့  စွပ်စွဲခံရပြီး ဗိုက်ပေါ်ကို ရင်ဘောင်ခြမ်းလို့ ခေါ်တဲ့ အိမ်မိုးပြားကို မီးရှို့ အစက်ချပြီး အသတ်ခံလိုက်ရတဲ့ သူတို့ အခေါ် """ရဲဘော်သက်နိုင် """"ပေါ့။

သူငယ်ချင်းသက်နိုင်ရေ မင်းငါတို့ နဲ့ အတူ ကျောင်းပြန်မတက်နိုင်ခဲ့ပေမဲ့
ကျန်ခဲ့တဲ့ငါတို့ သူငယ်ချင်း ၆ ယောက် ပြုသမျှ ကုသိုလ်အစုစု ""အမျှ""""အမျှ """""အမျှ """ယူလိုက်ပါ
ကျန်ခဲ့တဲ့ငါတို့ သူငယ်ချင်း ၆ ယောက် ပြုသမျှ ကုသိုလ်အစုစု ""အမျှ""""အမျှ """""အမျှ """ယူလိုက်ပါ
သူငယ်ချင်းရာ ......
NZM 09/07/15 1:40AM်