Image may be NSFW.
Clik here to view.
လူ့ဘဝက တော်တော်တော့ အံ့သြဖို့ ကောင်းတယ်ဗျ။ ထောက် လှမ်းရေးကို မရောက်ခင်က နိုင်ငံရေး ဆိုတာလည်း မသိခဲ့သလို နိုင်ငံရေး သမားတွေကိုလဲ မမြင်ဘူးခဲ့ပါဘူး။ စစ်တပ်ထဲဝင်လာကတည်းက ဘာ ရည်ရွယ်ချက်မှ ကြီးကြီးမားမား မရှိ ခဲ့သလို နိုင်ငံရေးနဲ့လည်း ပတ်သက် ရလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ ၁၉၈၇ ခုနှစ်မှာ DSA က ကျောင်းဆင်းတော့ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရပြီး တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း တစ်ရင်းကို ရောက်ခဲ့ရတယ်။ ရှေ့ တန်းကတော့ ကျိုင်းတုံဒေသ။ အဲဒီ အချိန်တုန်းက ကျွန်တော်တို့ တပ်မ ရဲ့ ဦးတည်ရန်သူက ဗကပ (ဗမာပြည် ကွန်မြူနစ်ပါတီ) ပါ။ ဗကပကို ဘာကြောင့် တိုက်ရတယ်၊ ဘာ ကြောင့် ဦးတည်ရန်သူအဖြစ် သတ် မှတ်ထားရတယ်ဆိုတာတွေ မသိခဲ့ရိုး အမှန်ပါ။
Clik here to view.

အဲဒီခေတ်ကာလတုန်းက မြန်မာ နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေနဲ့ ပြင်း ထန်နေတဲ့ ကာလပေါ့။ ရှမ်းပြည် တစ်ကြောလုံး တရုတ်နယ်စပ်မှာ ဗကပ၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင် ပြည်နယ်မှာ ကေအိုင်အေ၊ ရှမ်းပြည် အတွင်းပိုင်းမှာ အက်စ်အက်စ်အေ၊ ကရင်ပြည်နယ်မှာ ကေအင်န်ယူ အစရှိသဖြင့် အင်အားစုတွေ ထုနဲ့ ထည်နဲ့ တပ်စွဲတိုက်ပွဲဝင်နေတဲ့ အချိန် ပေါ့။ အဲဒီကာလက ကျောင်းဆင်းလို့ posting ချရင် ဘယ်ဒေသဘဲ ရောက်ရောက် စစ်တိုက်ရတာချည်း ဘဲ။ အနည်းနဲ့အများဘဲ ကွာတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်း ဒေသတွေ လောက်ဘဲ အေးချမ်းတယ်လို့ ပြော လို့ရမယ် ထင်တယ်။
ကျောင်းဆင်းစက ရှေ့တန်း မှာဘဲ အနေများခဲ့ရတာပါ။ နောက် တန်းမှာ တစ်လနား၊ ပြီးရင် ရှေ့တန်း တက်၊ ဒါနဲ့ဘဲ အချိန်ကုန်ခဲ့ရတော့ စာတွေလဲ မဖတ်ဖြစ်ခဲ့ရပါဘူး။ အဲ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ စီနီယာ အရာရှိတွေရဲ့ အတွေးအခေါ်တွေ၊ ဗဟုသုတတွေကိုတော့ တော်တော် လေး ရလိုက်တယ်ဗျ။ ဗကပကို ဘာကြောင့် ဦးတည်ရန်သူအဖြစ် သတ်မှတ်ရသလဲ ဆိုတော့ ဗကပဟာ မြန်မာနိုင်ငံရဲ့ ဘုံရန်သူဖြစ်သွားလို့ ပါ။ ကွန်မြူနစ်ဝါဒနဲ့ စနစ်ကလွဲရင် ဘယ်စနစ်ကိုမှ လက်မခံဘဲ ကိုယ် တိုင် တောခိုခဲ့ရာက စခဲ့တဲ့ ဇာတ် လမ်းပါ။ မင်းရဲ့ နိုင်ငံကို ကွန်မြူနစ် နိုင်ငံအဖြစ် အရောက်မခံနိုင်ဘူး ဆိုရင် ကွန်မြူနစ်စနစ်ကို ချုပ်ငြိမ်း အောင် လုပ်ရလိမ့်မယ်လို့ ပြောပြခဲ့ ကြတယ်။ အမှန်အတိုင်း ပြောရရင် သေချာတော့ နားမလည်ပါဘူး။
အကြမ်းဖျင်းအားဖြင့် ဝါဒရေးရာ အရ တိုက်နေရတယ်လို့ဘဲ မြင်မိတယ်။ ငါမသိသေးတာတွေ အများကြီး ရှိပါ သေးလား။ ဒီအတိုင်းတော့ မဖြစ် သင့်ဘူး။ ဆက်လေ့လာမှ ဖြစ်မယ် ဆိုတဲ့ စိတ်ကလေး နည်းနည်းဝင်လာ ခဲ့တယ်။ ဒါပေမယ့် ရှေ့တန်းတက် နေရတာနဲ့ဘဲ အချိန်ကုန်နေရတော့ ဘာမှကို မလေ့လာဖြစ်ခဲ့ပါဘူး။
အဲဒီလိုနဲ့ ၁၉၈၈ ခုနှစ်မှာ နိုင်ငံ ရေးစနစ်တစ်ခုကို ပြောင်းလဲသွားစေ နိုင်တဲ့ အရေးအခင်းကြီးတစ်ခု ဖြစ်ခဲ့ တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ရှေ့တန်းမှာဗျ။ ရှမ်းပြည် မိုင်းယောင်း ဒေသ ပွိုင့် ၆၆၈၉ စခန်းမှာ။ တပ်စုမှူး ဗိုလ်အဆင့်နဲ့ပေါ့။ စခန်းကလည်း တောင်က မြင့်မြင့်၊ တောတွေက အုပ်ဆိုင်းနေပြီး တစ်ရက်မှာ နေကို မြင်ရတာ တစ်နာရီ၊ နှစ်နာရီလောက် ဘဲ။ များသောအားဖြင့် မြူတွေ ဆိုင်းနေတတ်တယ်။ မိုးတွင်းဆိုလို့ ကတော့ နေကို မြင်ကိုမမြင်ရတာ။
တောထဲမှာ ဆိုတော့ မြို့ပေါ်က သတင်းတွေနဲ့ အဆက်ပြတ်နေတာ အမှန်ဘဲ။ အဲဒီတုန်းက အရာရှိ တော် တော်များက ရှေ့တန်းကို ရေဒီယို လေးတွေ ယူလေ့ယူထ ရှိကြတယ်။ အဲဒီကဘဲ မြို့ပေါ်က သတင်းတွေကို ကြားရတာ။ အစိုးရသတင်းအပြင် အထူးသဖြင့် BBC နဲ့ VOA ကို အများဆုံး နားထောင်ကြတယ်။ အဲဒီ တုန်းက ကျွန်တော့်မှာ ရေဒီယို မရှိ သေးဘူး။ စစ်ကြောင်းမှူး ဖွင့်တဲ့ အခါမှသာ နားထောင်ရတာ။ ဒါက လည်း သူ့တဲထဲသွား ထမင်းအတူ စားဖြစ်မှသာ နားထောင်ဖြစ်တာပါ။
လူမတွေ့ဖူး မမြင်ဖူးပေမယ့် မိုးသီးဇွန်၊ မင်းကိုနိုင် စတဲ့ နာမည်တွေ ကို ရင်းနှီးခဲ့ရတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် ပါလာတာကို လည်းကြားရတယ်။ အမှန်အတိုင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်တော်မသိခဲ့ဖူး။ ဘယ်မှာ နေမှန်းလဲမသိ၊ ဘယ်လိုလုပ် အရေး အခင်းမှာ ပါလာတယ် ဆိုတာလဲ မသိခဲ့ဘူး။ ဗိုလ်ချုပ်သမီးမှန်းတော့ သိတယ်။ သတင်းတွေအရ မြို့ပေါ် မှာတော့ အခြေအနေ တော်တော် ဆိုးနေပြီဆိုတာ သိရတော့ အိမ်ပြန် ချင်တာ အရမ်းဘဲ။ အိမ်မှာက အမေ ရယ်၊ ညီမလေး နှစ်ယောက်ရယ်ဘဲ ရှိတာဆိုတော့ ပူပန်မိတာ အမှန်ဘဲ။ ဒါပေမယ့် သွားလို့ကလည်း မရ၊ သတင်းတွေကလည်း ခေါင်းဖြတ်တဲ့ သတင်းတွေ၊ ရပ်ကွက်အလိုက် ကိုယ့်လုံခြုံရေး ကိုယ်ယူရတာတွေပါ ပါလာတော့ နေမထိ ထိုင်မသာ ဖြစ်ခဲ့ ရပါတယ်။
Image may be NSFW.
Clik here to view.
အဲဒါနဲ့ တစ်ချိန်တည်းမှာဘဲ ဗကပက ထိုးစစ်ဆင်တော့မယ် ဆိုတဲ့ သတင်းတွေ ရစ ပြုနေပြီ။ အဲဒီ တုန်းက ကျွန်တော်တို့ တပ်နဲ့ ရင်ဆိုင် ထားတာက ဗကပ တပ်မဟာ ၈၁၅ (ကော် ၈၁၅)။ အခါ လူမျိုးတွေနဲ့ ဖွဲ့စည်းထားတာ။ တပ်မ ၈၈ ရဲ့ အဓိက ထိန်းချုပ်ရင်ဆိုင်ထားရတဲ့ ဗကပ တွေက တပ်မဟာ ၇၆၈ (ရှမ်း၊ ဝ) နဲ့ ကော် ၈၁၅ အဖွဲ့တွေပါ။ အဲဒီတုန်း က အဲဒီအဖွဲ့တွေက ဗကပရဲ့ လက် အောက်မှာဘဲ ရှိပါသေးတယ်။ မိုင်း ယောင်းဒေသဘက်မှာက ကော် ၈၁၅။ မိုင်းခတ်၊ မိုင်းယန်းဒေသ ဘက်မှာက တပ်မဟာ ၇၆၈။ အဲဒီလို ဖြန့်ခွဲထားတာ။ အကြမ်းဖျင်းပေါ့။
Image may be NSFW.
Clik here to view.

အဲဒါနဲ့ တစ်ချိန်တည်းမှာဘဲ ဗကပက ထိုးစစ်ဆင်တော့မယ် ဆိုတဲ့ သတင်းတွေ ရစ ပြုနေပြီ။ အဲဒီ တုန်းက ကျွန်တော်တို့ တပ်နဲ့ ရင်ဆိုင် ထားတာက ဗကပ တပ်မဟာ ၈၁၅ (ကော် ၈၁၅)။ အခါ လူမျိုးတွေနဲ့ ဖွဲ့စည်းထားတာ။ တပ်မ ၈၈ ရဲ့ အဓိက ထိန်းချုပ်ရင်ဆိုင်ထားရတဲ့ ဗကပ တွေက တပ်မဟာ ၇၆၈ (ရှမ်း၊ ဝ) နဲ့ ကော် ၈၁၅ အဖွဲ့တွေပါ။ အဲဒီတုန်း က အဲဒီအဖွဲ့တွေက ဗကပရဲ့ လက် အောက်မှာဘဲ ရှိပါသေးတယ်။ မိုင်း ယောင်းဒေသဘက်မှာက ကော် ၈၁၅။ မိုင်းခတ်၊ မိုင်းယန်းဒေသ ဘက်မှာက တပ်မဟာ ၇၆၈။ အဲဒီလို ဖြန့်ခွဲထားတာ။ အကြမ်းဖျင်းပေါ့။
ကျွန်တော်တို့ရဲ့ ပွိုင့် ၆၆၈၉ စခန်းနဲ့ တပ်မဟာ ကော် ၈၁၅ က အနီးကပ် ရင်ဆိုင်ထားတော့ သူတို့ လှုပ်ရှားမှု တွေကို မြင်နေရတယ်။ ထမ်းစင်တွေ ဆောက်၊ မြစ်ကူးချောင်းကူးဖို့ ဖောင် တွေဖွဲ့နဲ့ အလုပ်ရှုပ်နေတာ အမှန်ဘဲ။ ဒါဆိုရင် စစ်ရေးအတွေ့အကြုံအရ သေချာပေါက် စခန်းတစ်ခုခု တိုက် တော့မယ်ဆိုတဲ့ သဘောဘဲ။
ကျွန်တော်တို့ရဲ့ ပွိုင့် ၆၆၈၉ စခန်းက မိုင်းယောင်းဒေသမှာ အချက်အချာအကျဆုံး။ အသံတွေ ကလည်း ၆၆၈၉ ကို တိုက်မယ်ဆိုပြီး အသံတွေ ထွက်လာတယ်။ တိုက်ပွဲ ဝင်နိုင်အောင် တပ်ကို အမြဲအသင့် ပြင်စေခဲ့ရတယ်။ အဲဒီလိုနဲ့ သုံးရက် လောက်လဲ ကြာရော ကျွန်တော်တို့ နဲ့ ဆိုင်ထားတဲ့ ဗကပတွေ စခန်း စောင့်လောက်ဘဲ ရှိတော့တာ တွေ့ရ တယ်။ သိပ်မကြာပါဘူး။ မိုင်းယန်းခွင် ထဲမှာ တိုက်ပွဲတွေစဖြစ်တာကို ကြား ရပါတော့တယ်။ အဲဒီနောက်မှာတော့ ဗကပတွေက မိုင်းယန်းကို သိမ်းဖို့ အင်အား အလုံးအရင်းနဲ့ မိုင်းယန်းမှာ ရှိတဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဗကပတွေ ဟာ မိုင်းယန်းကို မသိမ်းပိုက်နိုင်ခဲ့ဘဲ ထို မိုင်းယန်း တိုက်ပွဲကြောင့်ပင် ဗကပထဲကနေ တိုင်းရင်းသားတွေ ခွဲထွက်သွားကြတာကို တွေ့မြင်ခဲ့ရ ပါတယ်။
မြို့ပေါ်မှာ ဆန္ဒပြပြီး တောထဲမှာ တိုက်ကွက်ဖော်တာကို မြေပေါ် မြေ အောက် နှစ်ဘက်ညှပ်တိုက်တယ် ဆိုတဲ့အမြင် အဲဒီတုန်းက မမြင်ခဲ့ရိုး အမှန်ပါ။ တိုက်ဆိုင်မှုတစ်ခု ဒါမှ မဟုတ် ပွဲလန့်တုန်း ဖျာဝင်ခင်းတာ လို့ဘဲ ထင်ခဲ့တာပါ။ နောက်ပိုင်း နိုင်ငံ ရေးဌာနကိုရောက်ပြီး သေသေချာချာ လေ့လာကြည့်မှ ဗကပအနေနဲ့ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျဖို့ အစီ အစဉ်ရှိရှိ စနစ်တကျ တိုက်ခိုက်ခဲ့ တယ်ဆိုတာ သိရပါတော့တယ်။
ဗကပရဲ့ ချမှတ်ထားတဲ့ နည်းလမ်း နှစ်သွယ်ကတော့ တောတွင်းမှာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းနဲ့ မြို့ပေါ်မှာ ယူဂျီနည်းလမ်းနဲ့ ဆူပူ အောင် လှုံ့ဆော်ခြင်း နည်းလမ်း တွေဘဲ ဖြစ်ပါတယ်။ ယူဂျီနည်းလမ်း တွေရဲ့ အထိရောက်ဆုံးနည်းလမ်း က ဝါဒဖြန့်ခြင်းနဲ့ ကောလာဟလပါ။ အဓိကကတော့ အစိုးရရဲ့ မူဝါဒတွေ၊ လုပ်ဆောင်မှုတွေကို ပြစ်မှတ်ထား တိုက်ခိုက်ခြင်းသာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် မတိုင်မီက ထောက်လှမ်း ရေးရော၊ ၁၉၈၃ ခုနှစ် နောက်ပိုင်း ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ထောက်လှမ်း ရေးရော အဓိက ရင်ဆိုင်ခဲ့ရတာက ဗကပ ယူဂျီတွေနဲ့ပါ။ ထောက်လှမ်း ရေးတွေအနေနဲ့ တကယ်လည်း ဖမ်းခဲ့ ရသလို တကယ်လည်း နာမည်ပျက် ခဲ့ရတာပါဘဲ။
ဒါတွေကို လုပ်ချင်ချင်၊ မလုပ်ချင် ချင် လုပ်ခဲ့ရတာတော့ အမှန်ဘဲ။ လူ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ် တာတော့ သေချာပါတယ်။ ဘယ်လို ဘဲ ဖြစ်ဖြစ်ပါ။ ၁၉၈၈ ခုနှစ် အရေး အခင်းဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ အခြေခံ လှုပ်ရှားမှု ဆိုပေမယ့် ဗကပရဲ့ ပယောဂက အနည်းဆုံး ၇၅ ရာခိုင် နှုန်းလောက်တော့ ပါတယ်ဆိုတာကို တွေ့လာခဲ့ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)…
ဝင်းနိုင်သောင်း