ရခိုင်ဘက်မှာ မိုးသံလေသံကြားရတော့ ကျနော့်မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိတဲ့ မြင်ကွင်းတခုက ရေထဲမှာ ဘွိုင်ချည်၊ ကျောက်ချထားမယ့် ရေတပ်သင်္ဘောတွေ။ အထူးသဖြင့် ကျောက်ချ ထားမယ့် ပဲ့ထိန်းဒုံးတပ် 1G ရေယာဉ်တွေ။ ကျနော်ကြုံဖူးသလောက် ကျောက်ဖြူကမ်းခြေ ရေအောက် ကြမ်းပြင်ဟာ ကျောက်သိပ်မမြဲလှဘူး။
ဖြစ်လာပြီဆိုရင် ထွက်ပြေးလို့လည်းမဖြစ်၊ ဆွဲထားလို့လည်းမရ..။ ယောက်ယက်ခတ်သလောက် အန္တရာယ်ကြီးကြီးမားမား ကြုံရနိုင်တယ်ဗျ။
ပဲ့ထိန်းဒုံးတပ် ရေယာဉ်တွေဟာ စွယ်စုံဆင်ကြီးတွေလိုပဲ… 1G တွေ စရောက်လာကတည်းက ရန်သူ Terget ကို တခါမှ မပစ်ခဲ့ဘူးသေးပေမဲ့… ဆင်ဦးစီးရဲ့ ပုခုံးပေါ်က ခရေပွင့်ကို လှုပ်ခါချခဲ့တဲ့ ရာဇဝင်ရှိတယ်လေ။
ဖြစ်လာပြီဆိုရင် ထွက်ပြေးလို့လည်းမဖြစ်၊ ဆွဲထားလို့လည်းမရ..။ ယောက်ယက်ခတ်သလောက် အန္တရာယ်ကြီးကြီးမားမား ကြုံရနိုင်တယ်ဗျ။
ပဲ့ထိန်းဒုံးတပ် ရေယာဉ်တွေဟာ စွယ်စုံဆင်ကြီးတွေလိုပဲ… 1G တွေ စရောက်လာကတည်းက ရန်သူ Terget ကို တခါမှ မပစ်ခဲ့ဘူးသေးပေမဲ့… ဆင်ဦးစီးရဲ့ ပုခုံးပေါ်က ခရေပွင့်ကို လှုပ်ခါချခဲ့တဲ့ ရာဇဝင်ရှိတယ်လေ။
၂၀၀၂ နှစ်ဆန်းပိုင်းမှာ ရန်ကုန်မြစ်အတွင်း 1G 473 နဲ့ အင်းတော် ကျောက်ချရပ်နားထားတုန်း ရေညာက 473 ကျောက်မျောသွားပြီး အင်းတော် နဲ့ ဝင်အောင်းတာ.. အင်းတော်ရဲ့ ရေယာဉ်ဦးပိုင်းက ၄၇၃ ရဲ့ ပဲ့ထိန်းဒုံး Launching Box ကို ပွတ်တိုက်ခြစ်ဆွဲသွားတော့ ပြင်မရအောင် ပျက်စီးသွားလို့ 473 စီအို ယာယီဒုမှူးကြီး မျိုးသန်း ထောင်နန်းစံသွားရတယ်။ အဲဒီရေယာဉ်နဲ့ ပါသွားတဲ့ သူငယ်ချင်း ပြောပြလို့ အသဲတယားယား ခံစားချက်ကို မျှဝေခံစားဖူးခဲ့ပါတယ်။
၂၀၀၅ မိုးဦးကျကိုရောက်တော့ ကိုယ်တိုင်ကြုံတွေ့ရတာပါ။ ကျနော်တို့ရေယာဉ် 1G 474 ဓရခ မျက်စောင်းထိုး ရေပြင်မှာ ကျောက်ချထားတုန်း…။ လေတွေမိုးတွေ ကျလာတယ်။ ရခိုင်မှာကလည်း ပုပ္ပါးတောင်တဝိုက်လိုပဲ ကောင်းကင်တခွင် တိမ်ညိုဆင် မှုန်မှိုင်းလာတာနဲ့ တခဏတွင်းချင်းကို လေမိုးကျလာတတ်တယ်။
လေပြင်းကျလာပြီး သိပ်မကြာလှဘူး … ရေယာဉ်ကျောက်မျောတော့တယ်… ၂ မိနစ် ၃ မိနစ်အတွင်းမှာပဲ ‘ဝုန်း’ ဆို ရေယာဉ်ချင်းတိုက်မိသံကြီးနဲ့ အတူ ‘အောင်းပြီဟေ့’ ‘ကွိုင်တော့ အကြီးကြီးတက်ပြီ’ စတဲ့ တယောက် တပေါက် ပြောဆိုသံတွေ ကြားရတယ်။ ဟုတ်တာပေါ့.. ကျနော်တို့ ရေယာဉ်ပဲ့ပိုင်းနဲ့ ဘွိုင်တခုမှာ ချည်ထားတဲ့ 443 ရေယာဉ်ဦးပိုင်း တိုက်မိတာ။
တဖြည်းဖြည်း ကျနော်တို့ရေယာဉ်က နောက်ဘက်ကို လျှောဆင်းလာတော့ 443 ရေယာဉ်ဦးချွန်ကြီးက Launching Box ဆီတည့်တည့် လာနေတယ်။ ရေယာဉ် စက်လည်းမနိုးသေးဘူး။ ဘယ်လိုမှ ကြံရာမရတော့ဘူး။ ဗိုလ်ကြီးတဦးရယ်၊ ကျနော်ရယ်၊ နောက် သုံးလေးဦးရယ် 443 ရေယာဉ်ဦးကို အားရှိသရွေ့ညာသံပေး တွန်းလိုက်တယ်…။ သီသီလေးမှ သီသီလေးရယ်ဗျာ… Launching Box နဲ့ ရေယာဉ်ဦး တထွာလောက် အကွာနဲ့ ကပ်လွတ်သွားတာ။ ဒါတောင် Missile ၄ ခုမှာ အပြင်ပိုင်း ၂ ခုကို ရန်ကုန်မှာထားခဲ့ပြီး အတွင်းပိုင်း ၂ ခုပဲပါလာလို့ … 473 တုန်းကလို ၄ ခုလုံးသာတပ်ထားခဲ့ရင် ကျနော်တို့ရေယာဉ်လည်း ထိုနည်းလည်းကောင်း ကြုံရတော့မှာ။
ခဏကြာမှ ရေယာဉ်စက်နှိုးလို့ရပြီး ဟန်ချက်ထိန်းနိုင်လာတယ်။ အဲဒီအချိန်မှာ စရယမှူး ယာယီဒုမှူးကြီး ထိန်ဝင်း ( ကိုကြီးယောင်နဲ့ စက်ဘိန်းအတူစီးခဲ့သူ) ဌာနချုပ်ရုံးရောက်နေချိန်။ သူလည်း ချက်ချင်း အပြေးပြန်လာပေမဲ့ လှိုင်းကြားလေကြားထဲမှာ စက်တပ် သမ္ဗာန်နဲ့ ခရီးမတွင်နိုင် ဖြစ်နေတယ်။ ရေယာဉ် အန္တရာယ်ကင်းဝေးချိန်ကျမှ စက်လှေကနေ ရေယာဉ်ပေါ်ကူးလာနိုင်တာ။
သူ့တကိုယ်လုံးလည်း မိုးရေတွေရွှဲရွှဲစိုနေပြီး ကြွက်စုတ်လေးလိုပဲ.. မျက်နှာလေးက ဇီးရွက်လောက်ပဲ ရှိတော့တယ်။ အဲဒီအချိန်က အော့ဖ်ရှိတ်တင်း အဖြစ်နဲ့ သူ ရေယာဉ်ကို ပြောင်းလာတာ တပတ်တောင် မပြည့်သေးဘူးလေ။
သူ့အတွက် အင်မတန် ကံကြီးပေလို့ပဲ……….
နေမင်းသူ
၁၆-၄-၂၀၁၃