Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများသည် (၁)

Image may be NSFW.
Clik here to view.
Photo: ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများသည် (၁)   မြန်မာနိုင်ငံ၏ ထီးနန်း သူ့ကျွန်ဘဝသို့ ရောက်ရခြင်းနှင့် ပါတ်သက်၍ အမျိုးမျိုး မြင်ကြပေသည်။ အင်္ဂလိပ်တို့၏ လက်နက်အင်အား အသာကြောင့် အရှုံးပေးလိုက်ရသည်ဟုသော အယူအဆ အမှားကြီးဖြင့် ထာဝစဉ် နစ်မွန်းနေမည့် မျိုးဆက်သစ်လူငယ်များ၏ အတွေးပုံရိပ်ကို ဖြစ်ရပ်မှန်များနှင့် သန့်စင်ရန် လိုအပ်ပေသည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ မဖြစ်မှီ မြန်မာ့နန်းတွင်းရေး အရှုပ်တော်ပုံမှာ လွန်စွာ ကြီးမား ကျယ်ပြန့်သကဲ့သို့ အဆိုပါ နန်းတွင်းရေး အရှုပ်တော်ပုံကပင်လျင် မြန်မာတို့အား သူ့ကျွန်ဘဝသို့ လျင်မြန်စွာ သက်ဆင်းစေရန် တွန်းပို့လိုက်သည့် အကြောင်းအရာတစ်ခုလည်း ဖြစ်နေပေသည်......  ပမာဦးစွာ အစပျိုးရလျင်တော့ မင်းတုန်းမင်း နတ်ရွာမစံမှီ မြန်မာ့နန်းတွင်းတွင် သီပေါဘုရင်ထက် များစွာထက်မြက်သည့် မင်းညီမင်းသားများစွာ ရှိနေပေသည်။ မြင်ကွန်း မြင်ခုံတိုင် မင်းသားညီနောင်တို့ လုပ်ကြံသည့်အတွက်ကြောင့် ကနောင်မင်းသား သေဆုံးသွားရခြင်းသည် မြန်မာတို့အတွက် ကြီးစွာသော ဆုံးရှုံးမှု တစ်ခုဖြစ်သကဲ့သို့ ဆင်ဖြူမရှင် မိဖုရားကြီး၏ ဘုရင့်မယ်တော် ဖြစ်ချင်သည့် စိတ်ဆန္ဒနှင့် ဖြည့်ဆည်းပေးသူ ကင်းဝန်မင်းကြီး ဦးကောင်းတို့၏ အကြံအစည်ကလည်း သီပေါဘုရင် နန်းတက်စေပြီး မြန်မာနိုင်ငံရေး အလှည့်အပြောင်းကို များစွာ ဖြစ်ထွန်းခဲ့ပေသည်.....  ထိုအချိန်က ဆင်ဖြူမရှင် မိဖုရားကြီး၏ သမီးတော်ဖြစ်သော စုဖုရားလတ်နှင့် မေတ္တာမျှနေသည်မှာ သီပေါမင်းသား ဖြစ်နေသောကြောင့် ဆင်ဖြူမရှင် မိဖုရားကြီးအနေဖြင့် ဘုရင့်မယ်တော်ဖြစ်ရန် သီပေါနန်းတက်မှ ဖြစ်ပေမည်။ မင်းတုန်းမင်း၏ သတ္တမမြောက် မိဖုရားတစ်ပါးဖြစ်သော လောင်းရှည်မိဖုရား၏ သားတော်ဖြစ်သော သီပေါနန်းတက်ရန်မှာ အခြားသော မင်းညီ မင်းသားများ မရှိမှ ဖြစ်မည် ဖြစ်သောကြောင့် အကုန်လုံးအား ဖမ်းဆီးထိမ်းသိမ်းထားရန် ဆင်ဖြူမရှင် မိဖုရားကြီးမှ စီမံနိုင်ခဲ့ပေသည်..... အထိမ်းသိမ်းခံ မင်းညီ မင်းသားများအား ကွက်မြက်ရန် မည်သူ အမိန့်ပေးခဲ့သည် ဆိုသည်ကား ယနေ့အချိန်ထိ လက်သည်မပေါ်ခဲ့ပေ...... အချို့ကား စုဖုရားလတ်ဟု ပြောကြသကဲ့သို့ အချို့ကားလည်း ဆင်ဖြူမရှင် မိဖုရားကြီးကိုပင် ရိုးမယ်ဖွဲ့ခဲ့ကြပေသည်..... မည်သို့ပင် ဆိုစေကာမူ မြန်မာ့ မင်းညီ မင်းသားတို့၏ သွေးကား နန်းတွင်း အကျဉ်းထောင်တွင်းမှာပင် မြေခ ခဲ့ရပေသည်......  ဆင်ဖြူမရှင် မိဖုရားကြီးသည် သူ၏ အစီအမံများ အစစ အရာရာ အောင်မြင်စေရန် ထိုအချိန်က နန်းတွင်း ဝန်ကြီး၊ မှူးကြီးများအပေါ် သြဇာတိက္ကမ ကြီးမားသည့် ကင်းဝန်မင်းကြီး ဦးကောင်း၏ အကူအညီအား ရယူခဲ့ပေသည်.... ဆင်ဖြူမရှင် မိဖုရားကြီး၏ မူလ ရည်ရွယ်ချက်မှာ သီပေါမင်းသားအား နန်းတင်၍ မိမိဖြစ်စေချင်သည်များအား နောက်ကွယ်မှ စီမံသွားရန် ကြံရွယ်ခဲ့ပေသည်.... သို့ရာတွင် မိမိ၏ သမီးအရင်းဖြစ်သော စုဖုရားလတ်မှ မိမိသြဇာအား မနာခံသည့်အပြင် ချောင်ထိုးထားခံရသည့် အချိန်တွင် ဆင်ဖြူမရှင် မိဖုရားကြီး၏ တွက်ကိန်းမှာ လုံးလုံး လွဲချော်သွားခဲ့လေပြီ..... ကြံဖော် ကြံဖက် ကင်းဝန်မင်းကြီးအား အားကိုး၍ သီပေါမင်းသားအား လမ်းတည့်ရန် ကြံရွယ်ခဲ့သော်ငြား သီပေါနှင့် စုဖုရားလတ်တို့ မင်းဆရာကား ထိုအချိန်တွင် တိုင်တားမင်းကြီး ဖြစ်နေပြီး ကင်းဝန်မင်းကြီး ဦးကောင်း သြဇာ ယုတ်လျော့နေချိန်လည်း ဖြစ်နေသောကြောင့် အရာရာ လွဲချော်ခဲ့ပေသည်ဟုသာ ဆိုရပေမည်......  သီပေါမင်းသားသည် မင်းတုန်းမင်းကြီး၏ သတ္တမမြောက် မိဖုရား လောင်းရှည်မယ်တော်မှ ဖွားမြင်ခဲ့ပြီး ရှမ်းဗိုလ်မှူးမင်းသားကြီး၏ မြေးတော် ဖြစ်ပေသည်.... ယခင်က မထင်မရှား မင်းသားငယ် တစ်ပါးမျှသာ ဖြစ်သော်လည်း စုဖုရားလတ်နှင့် မေတ္တာမျှနေချိန်တွင် ဘုရင့်မယ်တော် ဖြစ်ချင်သော ဆင်ဖြူမရှင် မိဖုရားကြီးမှ ကင်းဝန်မင်းကြီး ဦးကောင်း၏ ပံ့ပိုးမှုဖြင့် နန်းတင်ခဲ့ပေသည်..... သီပေါမင်း နန်းတက်ချိန်သည်ကား အသက်အားဖြင့် (၂၀) အရွယ်၊ မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင်ပင် ဖြစ်လေသည်.... သီပေါမင်းသည် ဒေါက်တာမာတ်ခ်၏ ကျောင်းတွင် အခြားသော မင်းညီ မင်းသားများကဲ့သို့ အင်္ဂလိပ်စာ သင်ဖူးရုံသာ ရှိခဲ့ပြီး ငယ်ရွယ်၍ အတွေ့အကြုံနည်းပါးကာ ထက်မြက်သူတစ်ဦး မဟုတ်ခဲ့ပေ..... မင်း ဖြစ်ရန်အတွက် တပ်အပ်သည့် လက်ရုံးရည် နှလုံးရည် အားနည်းပြီး ကြင်ဖက် စုဖုရားလတ်၏ ငြိုငြင်မှုအား အလွန်ပင် ကြောက်ရွံ့ခဲ့ပေသည်..... ထိုသို့သော အချက်များကား ဘုံဘေ-ဘားမား သစ်ကုမ္ပဏီအား ဒဏ်ရိုက်သည့် ကိစ္စနှင့် ပါတ်သက်၍ အင်္ဂလိပ်နှင့် စစ်မဖြစ်စေရန် ကင်းဝန်မင်းကြီး၏ အကြံအစည်ကို လက်ခံလိုသော်လည်း စုဖုရားလတ်၏ တစ်ချက်လွတ် အမိန့်ကြောင့် နောက်ဆုတ်သွားခဲ့ရသဖြင့် အင်္ဂလိပ်-မြန်မာ တတိယစစ်ကား စောလျင်စွာ ဖြစ်ခဲ့ရပေသည်........  ကင်းဝန်မင်းကြီးသည် နိုင်ငံတကာ အတွေ့အကြုံ ကျယ်ဝမှု၊ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှု၊ မြန်မာနိုင်ငံ သံအဖွဲ့၏ ခေါင်းဆောင်အဖြစ်နှင့် ဥရောပ နှစ်နိုင်ငံသို့ သွားရောက်ခဲ့မှုများကြောင့် မြန်မာ့နန်းတွင်းတွင် သြဇာတိက္ကမ ရှိလှသည့် အရာရာကို စီမံနိုင်သည့် အမတ်ချုပ်ကြီး တစ်ပါးဟုပင် သတ်မှတ်၍ ရနိုင်ပေသည်….. ကင်းဝန်မင်းကြီးသည် ပဒေသရာဇ်အုပ်ချုပ်ရေးမှသည် စည်းမျဉ်းခံ ဘုရင်စနစ်သို့ ပြောင်းလဲလိုသည့် ဆန္ဒရှိသည့် အမတ်တစ်ပါးလည်း ဖြစ်ခဲ့ပေသည်…..  ဥရောပ နိုင်ငံများသို့ အလည်အပါတ် သွားရောက်ခဲ့ရသဖြင့် အဆိုပါ နိုင်ငံများ၏ အားသာမှု၊ စစ်ရေး အားသာမှုများကို သေခြာစွာ သိမြင်ခဲ့ပြီး မိမိနိုင်ငံ၏ အားနည်းချက်ကို ကောင်းစွာ သဘောပေါက်ပေသည်…. သို့ရာတွင် ဇမ္ဗူ ငါလိုလူရှိအံ့ဟုသော မြန်မာတို့၏ တလွဲမာနာများနှင့် ကြီးထွားနေသည့် မြန်မာ့နန်းတွင်းတွင်ကား သူ၏ Flexible ဆန်သော အမြင်များသည့် တဖြည်းဖြည်း ပျော့ညံ့သူအဖြစ် ပုံဖော်ခံခဲ့ရပေသည်…. ကင်းဝန်မင်းကြီးကား မင်းတုန်းမင်း လက်ထက်၌ လွန်စွာ သြဇာတိက္ကမ ကြီးမားသူ တစ်ဦးဖြစ်ခဲ့သော်လည်း မင်းတုန်းအလွန် သီပေါလက်ထက်တွင်ကား ဓါးထက်သည့် စုဖုရားလတ်မှ တိုင်တားမင်းကြီးအား အရေးပေးသဖြင့် နောက်ကွယ်သို့ ရောက်သွားခဲ့ရပေသည်…..  တစ်ခါသော် သီပေါမင်းမှ ကင်းဝန်မင်းကြီးအား ညီလာခံ အခစားနည်းကြောင်း မေးမြန်းရာတွင် ကင်းဝန်မင်းကြီးမှ ညီလာခံ အမြဲ ဝင်ပါသော်လည်း တိုင်ကွယ်နေသောကြောင့် ဘုရင်မမြင်ရကြောင်းအား လျှောက်တင်သည်ကို ကြည့်ခြင်းအားဖြင့် သီပေါလက်ထက် ကင်းဝန်မင်းကြီး၏ သြဇာ ယုတ်လျော့မှုအား သိရှိနိုင်ပေသည်…. ကင်းဝန်မင်းကြီးသည် မင်းတုန်းမင်းအလွန်၊ အောက်မြန်မာနိုင်ငံ အသိမ်းပိုက်ခံထားရသည့် အခြေအနေတွင် ဓါးထက်၍ စစ်လိုလားသော မင်းသား နန်းတက်လျင် အင်္ဂလိပ်နှင့် စစ်ဖြစ်၍ လက်နက်၊ လူသူအင်အား ကွာခြားမှုကြောင့် မြန်မာနိုင်ငံ လျင်မြန်စွာ သူ့ကျွန်ဘဝ ရောက်မည်ကို စိုးရိမ်၍ မိမိ သြဇာခံမည့် သီပေါအား ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ပူးပေါင်း၍ နန်းတင်ခဲ့ပေသည်…..  သီပေါလက်ထက်တွင် မိမိသြဇာ အာဏာ ဆက်လက် တည်မြဲနေမည်ဟု မှတ်ယူခဲ့သည့် ကင်းဝန်မင်းကြီးသည် သီပေါ၏ မိဖုရား စုဖုရားလတ်မှ တိုင်တားမင်းကြီး ဦးဖိုး၊ ရနောင်မောင်မောင်တုတ် တို့အား နေရာပေးခဲ့ရာမှ တိုင်ကွယ်၍ ကင်းပျောက်ရပေတော့သည်….. ထို့အပြင် တိုင်တားမင်းကြီးနှင့် ရနောင်မောင်မောင်တုတ်၏ ဖခင် ရေနံချောင်းမင်းကြီးတို့ ရင်းနှီးမှုမှသည် ရေနံချောင်းမင်းကြီးမှ တိုင်တားမင်းကြီးအား ကူညီသောကြောင့် တိုင်တွင် ရေနံသုတ်၍ ကင်းမတက်နိုင်ဟုသော စကားပုံ ပေါ်ပေါက်ခဲ့ရပေသည်……  ထိုအချိန်တွင် သြဇာထက်နေသည့် တိုင်တားမင်းကြီးကား မဟာကျော်ထင်ဘွဲ့ခံ တိုင်တားမြို့စား ဦးဖိုးပင် ဖြစ်ပေသည်…. တိုင်တားမင်းကြီးသည် မင်းတုန်းမင်းလက်ထက်တွင် ကွမ်းရည်တော်၊ လက်ဘက်ရည်တော်အဖြစ် အမှုထမ်းခဲ့ရာမှ ရာထူးများ တက်ခဲ့ပြီး သီပေါလက်ထက်တွင် သီပေါမင်းအား ဂရုတစိုက် မြင်းစီးသင်ပေးခဲ့ရာမှ သီပေါမင်း၏ ကျွန်ယုံတော် ဖြစ်လာပေသည်…. တိုင်တားမင်းကြီးသည် ပင်ကိုယ်အခံကား ပညာဥာဏ်နည်းပါးသဖြင့် ဘုရင်အား အကာအကွယ်ယူကာ ဘုန်းတော်ကြီးဘုရားက ဒီအတိုင်း အယူတော်ရှိတယ် ဟုပြောဆို၍ မိမိစကားအား အနိုင်ရရှိစေရန် ကြံဆောင်လေ့ ရှိပေသည်…..  တိုင်တားမင်းကြီးကား မျိုးချစ်စိတ် လွန်စွာထက်သန်ပြီး ပဒေသရာဇ်စနစ်အား တည်မြဲစေလိုသူပင်….. မျိုးချစ်စိတ် လွန်ကဲသော်ငြား ပညာဥာဏ် နည်းပါးခြင်း၊ နိုင်ငံတကာ အတွေ့အကြုံနည်းပါးခြင်းကြောင့် မိမိနိုင်ငံ၏ အခြေအနေ၊ စစ်အင်အားနှင့် ပြည်ပနိုင်ငံများ၏ စစ်အင်အား ကွာခြားမှုကို နားမလည်၊ အခြေအနေမှန်ကို မသုံးသပ်နိုင်သဖြင့် ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ရပေသည်….. တိုင်တားမင်းကြီးသည် ပြင်သစ်တို့အား များစွာ ယုံစားခဲ့၍ အင်္ဂလိပ်နှင့် မြန်မာစစ်ဖြစ်လျင် ပြင်သစ်တို့မှ ကူညီမည်ဟု တထစ်ချ မှတ်ယူထားသူပင်….  ဘုံဘေ-ဘားမား သစ်ကုမ္ပဏီ၏ ကိစ္စနှင့် ပါတ်သက်၍ ကင်းဝန်မင်းကြီးနှင့်အဖွဲ့ကား သံ လမ်းကြောင်းအရ ရှင်းလင်ချင်ခဲ့ပေသည်…… မိမိနိုင်ငံ စစ်အင်အား ကောင်းမွန်လာသည်အထိ အချိန်အတိုင်းအတာ တစ်ခုပေး၍ စစ်အင်အား ကြီးထွားစေပြီးမှ အင်္ဂလိပ်နှင့် စစ်ဖြစ်လိုပေသည်…… သို့မဟုတ်မူ စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ဆက်လက် သွားလိုပေသည်….. တိုင်တားမင်းကြီးတို့ကား စစ်ဖြင့်သာ ပြန်လည်တုံ့ပြန်ရန် လိုလားပေသည်…..   အခြားသော အချက်မှာ အင်္ဂလိပ်တို့ တောင်းဆိုချက်များအား လိုက်လျော၍ အင်္ဂလိပ်သံအဖွဲ့အား လိုက်လျောခဲ့သော် ကင်းဝန်မင်းကြီးတို့ အဖွဲ့ ပြန်လည် သြဇာ အာဏာ ကြီးမားလာပေမည်…. ထိုအခါတွင် ဘုံဘေ-ဘားမား သစ်ကုမ္ပဏီနှင့် ပါတ်သက်သည့် ကိစ္စတွင် ဖြန်ဖြေရေးအဆိုကို ပယ်ချခဲ့သည့် တိုင်တားမင်းကြီးတို့ကား ၎င်းတို့ သြဇာယုတ်လျော့လာမည်ကို ကြိုတင်သိမြင်လာခဲ့ပေသည်….. မိမိသြဇာ ယုတ်လျော့မည့်အရေးအား မည်သည့်နည်းနှင့်မျှ လက်မခံနိုင်သည့်အတွက် တိုင်တားမင်းကြီးသည် စစ်တိုက်ရန်သာ ဆုံးဖြတ်ခဲ့၍ မိဖုရားကြီး ထိပ်စုအားလည်း တိုက်တွန်းအားပေးခဲ့ပေသည်….  ထီးသုံန်း နန်းသုန်း ခဲ့ရသည့် မြန်မာနိုင်ငံ၏ နန်းတွင်းရေးတွင် အခရာဖြစ်ခဲ့သည့် ထိပ်စု မိဖုရားကြီး စုဖုရားလတ်သည်ကား အစ်မတော်နှင့် လက်ဆက်မည့် သီပေါမင်းသားအား ကိုယ်တိုင်ဝင်ရောက် လက်ဆက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပေသည်…. အချစ်ရေးနှင့် ပါတ်သက်လျင် မွေးချင်းအစ်မပင်မချန် ဖယ်ထုတ်ဝံ့သူ ဖြစ်သကဲ့သို့ ထက်မြက်၍ အမျက်ကြီးပေသည်…. အကြံကြီးမား၍ အတ္တကြီးလွန်းသဖြင့် နန်းတွင်းတွင် ထိပ်စုအား လေးစားမည့်သူနည်းပါး၍ ကြောက်ရွံ့သူ ပိုမိုများပြားပေသည်…..  မိမိလိုချင်ရမ္မက်ကိုသာ ရှေ့တန်းတင်ခဲ့သည် ထိပ်စုသည် မိဖုရားခေါင်ကြီးဖြစ်ချိန်တွင် မောင်တော် သီပေါအား ချုပ်ချယ်၍ အစစ အရာရာ သူ့လက်သူ့ခြေသာ လုပ်ကိုင်လာခဲ့ပေသည်….. နန်းတွင်း မှူးကြီး မတ်ရာများနှင့် ဆက်ဆံရာတွင် လွန်စွာ ရိုင်းပြလွန်းပြီး နိုင်ငံတကာ ဆက်ဆံရေးနှင့် ပါတ်သက်၍ နားမလည်သူပင်….. သို့သော်လည်း လွန်စွာ မောက်မာ၍ အတ္တကြီးသည့် ထိပ်စုအား နိုင်ငံတကာနှင့် ပါတ်သက်သည့် ကိစ္စ အဝဝအား အငြိုအငြင်ခံ၍ လျှောက်တင်ရန် မည်သူမျှ မဝံ့ကြချေ….. ရှေ့တွင်လည်း သွေးမြေခခဲ့သည် မင်းညီ မင်းသား များစွာတို့ကား သာဓက ဖြစ်သည်က တစ်ကြောင်းပင်တည်း….  သို့ဖြစ်သောကြောင့် ဘုံဘေ-ဘားမား သစ်ကုမ္ပဏီနှင့် ပါတ်သက်သည့် ရာဇသံတွင် ပရိယာယ် ကြွယ်ဝစွာ အင်္ဂလိပ်တို့အား ရင်ဆိုင်ရန် နားမလည်ခဲ့ပေ….. ထို့အတူပင် ထိပ်စုသည် စည်းမျဥ်းခံ ဘုရင်စနစ်အားလည်း မနှစ်သက်ပေ…. သို့ဖြစ်သောကြောင့် အင်္ဂလိပ်တို့၏ ရာဇသံနှင့် ပါတ်သက်၍ ထိပ်စု၏ ပြောဆိုချက်ကား စစ်တိုင်၍ ရှုံးလျင် တိုင်းပြည် ဆုံးရှုံးကောင်း ဆုံးရှုံးပေမည်၊ သို့ရာတွင် ကျေးကျွန်ကဲ့သို့ တစ်ပါးသူအုပ်ချုပ်သည်အား မှန်ပါ့ဘုရား လုပ်နေရခြင်းကား အောက်ကျရပေသည်…. သို့ဖြစ်သည့်အတွက် သူ့ကျွန်ခံရမည်ထက် တိုင်းပြည်ဆုံးရှုံးရသည်မှာကား တော်ပေသေးဟု ပြောဆိုခဲ့ပေသည်…..  ထိပ်စုမှ ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့သည်မှာကား အကြောင်းရှိပေသည်….. အဘယ့်ကြောင့်မူကား ထိုအချိန်တွင် ထိပ်စုမိဖုရား စုဖုရားလတ်သည် မောင်တော် သီပေါ၏ ရွှေကြုတ်တော် ကိုယ်ဝန်အား လွယ်ထားရပေသည်….. သို့ဖြစ်သည့်အတွက် သားတော်လေး မွေးခဲ့သော် မိဖုရားခေါင်ကြီး ဖြစ်မည်၊ မိမိသားတော်လေးသည်လည်း ရွှေနန်းတော်ကြီးတွင် မင်းအဖြစ်နှင့် ဆက်လက် အုပ်ချုပ်စေရမည်ဟု မျှော်လင့်ခဲ့သူပင်တည်း….. သို့ဖြစ်သည့်အတွက် စည်းမျဉ်းခံ ဘုရင်စနစ်နှင့် သွားမည်ဆိုလျင် မိမိသားတော်လေး မင်း အဖြစ်နှင့် မစိုးစံရမည်ကို စိုးရိမ်မိသော အချက်များသည်လည်း အင်္ဂလိပ်တို့အား စစ်ကြေငြာရန် အဓိက အကြောင်းရင်းခံများတွင် ပါဝင်နေပေသည်…..  သို့ဖြစ်သည့်အတွက် အင်္ဂလိပ်တို့၏ ရာဇသံအား လက်ခံမည့် ကင်းဝန်မင်းကြီးအား ဆိုးဝါးသော တုံ့ပြန်မှု ပြုခဲ့ပေသည်…. ၎င်းသည်ကား အသက်အရွယ်အိုမင်း၍ ဆုံးဖြတ်ချက် မခိုင်မာ၍ ကြောက်တတ်သည့် ကင်းဝန်မင်းကြီးအား ထဘီတစ်ထည်နှင့် ယပ်တောင်တစ်ချောင်း၊ ကျောက်ပျဉ်တို့ ပေး၍ မိန်းမလုပ်စေဟု စေခိုင်းစေခဲ့ခြင်းပင်…… ထိပ်စုကား ထိုကဲ့သို့သော အကြမ်းနည်း သုံးပြီးသည့်နောက် မိန်းမတို့၏ လက်နက်ဖြစ်သော မျက်ရည်လက်နက်ဖြင့် အင်္ဂလိပ်တို့၏ ရာဇသံအား လက်ခံရေး၊ ပြန်တိုက်ရေး မတင်မကျ ဖြစ်နေသည့် ညီလာခံအား အဆုံးအဖြတ် ပေးလိုက်ပေတော့သည်……  ထိုအတွက် စစ်တိုက်ရန် ပြင်ဆင်ရာတွင် တိုင်တားမင်းကြီးကား စစ်ဝန်ကြီးဖြစ်၍ ကင်းဝန်မင်းကြီးကား အင်္ဂလိပ်ရာဇသံအား ပယ်ဖျက်သည့် စစ်ကြေငြာစာတန်းအား ထုတ်ပြန်လိုက်လေသည်…… မည်သို့ပင် ဆိုစေကာမူ အင်္ဂလိပ်တို့ကား စစ်ကြေငြာခဲ့လေပြီ…… အင်္ဂလိပ်-မြန်မာ တတိယစစ်တွင် ကင်းဝန်မင်းကြီးနှင့် တိုင်တားမင်းကြီးတို့ နှစ်ဦး၏ မတူညီသည့် အမိန့်များအကြား စစ်သည်တို့ ဗျာများခဲ့ရပေသည်….. ထိုအချက်ကား အင်္ဂလိပ်တို့အတွက် အကွက်ဖြစ်ခဲ့လေသည်……  မိမိသြဇာတိက္ကမ ကြီးမားလာမည်ဟု ထင်ထားခဲ့ရာမှ မထင်မှတ်သည်များ ဖြစ်လာခဲ့သည်တွင် ကင်းဝန်မင်းကြီးသည် သီပေါဘုရင်အား ဖြုတ်ချ၍ အခြားသော မင်းသားတစ်ပါးနှင့် နန်းတင်ရန် ကြံစည်ခဲ့လေသည်….. သို့ရာတွင် ထီးနန်းတင်ရန် မင်းညီ မင်းသား အများစုကား မရှိတော့လေပြီ…. သီပေါနန်းတက်စဉ်ကပင် အကုန်သွေးမြေ ခ ခဲ့ရပေသည်….. ကင်းဝန်မင်းကြီး၏ ထိုလိုလားချက်အား အင်္ဂလိပ်တို့ကား သိလေသဖြင့် အထက်မြန်မာနိုင်ငံသို့ စစ်ပြုရန် ချီတက်လာချိန်တွင် ဂျင်နရယ် ပရင်တာဂတ် စီးနင်းလာသည့် သင်္ဘောဦးတွင် စကားပြန်ဖြစ်သူ ဦးဘသန်းအား မင်းညီမင်းသားအသွင် ဝတ်ဆင်လာစေ၍ မင်းခမ်းမင်းနားနှင့်တင်၍ လှည့်စားခဲ့ပေသည်…..  ထိုအချိန်တွင် မြန်မာတို့အကြား၌ အတိတ်၊ တဘောင်တို့ ခေတ်စားနေ၍ ညောင်ရန်းမင်းသား ပြန်လာမည်ဟုလည်း သတင်းထွက်ပေါ်နေပေသည်….. မိန်းမ ကြိုးဆွဲရာ ကနေသည့် မိမိတို့ဘုရင်အား အားမရဖြစ်နေသည့် လူအများကလည်း မင်းလောင်အား မျှော်နေကြပေသည်….. ထိုအချိန်တွင် အင်္ဂလိပ်တို့၏ အဆိုပါလုပ်ရပ်ကား လွန်စွာမှပင် ထိရောက်သည်ဟု ဆိုရပေမည်…. နောက်ဆုံး အင်္ဂလိပ်တပ်များအား မခုခံနှင့်၊ လက်နက်ချ၍ စစ်ကို ရုတ်သိမ်းလိုက်ရမည်ဟု လွှတ်တော်မှ ကြေးနန်းဆင့်ဆိုသောကြောင့် အင်းဝ၊ စစ်ကိုင်း၊ သပြေတန်း ခံတပ်များရှိ စစ်သည်တို့သ် လက်နက်ချ၍ ရဲစွမ်းသတ္တိများပင် မပြလိုက်ရချေ……  သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ထီးနန်းဆုံးရှုံးမှုအား ပြန်လည်သုံးသပ်မည်ဆိုလျင် အင်္ဂလိပ်တို့သည် လူသူ လက်နက်အင်အား တောင့်တင်းသော်ငြား ပရိယာယ် ကြွယ်ဝစွာ ရင်မဆိုင်နိုင်ခဲ့သည့် မြန်မာတို့ကား အရှုံးကို လျင်မြန်စွာ ရင်ဆိုင်ခဲ့ရခြင်းပင်တည်း…. မျိုးချစ်စိတ်အား ရှေ့တန်းတင်၍ အခြေအနေ အရပ်ရပ်ကို မသုံးသပ်နိုင်ခြင်းကလည်း အဓိက ပါဝင်သကဲ့သို့ နန်းတွင်းရေး အရှုပ်အရှင်းများသည်လည်း အရေးပါသည့် အခြေအနေတစ်ရပ်တွင် ရှိနေခဲ့ပေသည်….. သို့မဟုတ်ပါမူ အခြားသော အဖြေတစ်ခု ထွက်ကောင်း ထွက်နိုင်ပေသည်….. အင်္ဂလိပ်တို့နှင့် လိုက်လျောညီထွေ နေနိုင်ရန် ကြိုးပန်းခဲ့သည့် အိမ်နီးခြင်း ထိုင်းနိုင်ငံသည် စစ်မက်ဖြစ်ပွားမှုများအား အတော်အတန် ရှောင်ကြဉ်နိုင်ခဲ့သဖြင့် တိုင်းပြည် အထိနာမှုမှ ရှောင်ရှားနိုင်ခဲ့ပေသည်……  အချုပ်အားဖြင့် မြန်မာတို့သည် ရှေးယခင်ကပင် တိုင်းတပါးအား အထူးတလည် အားကိုးခဲ့ပေသည်….. ဥပမာအားဖြင့် ပြင်သစ်သည် မြန်မာတို့ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ပေ….. မင်းလောင်းမျှော်သည့် ဝါဒမှာလည်း မြန်မာတို့အား နောက်ဆုံးအချိန်အထိ အတော်အတန် နှိပ်စက်ခဲ့ပေသည်ဟု ဆိုရပေမည်….. နန်းတွင်း အကွဲအပြဲမှသည် မိမိ အကျိုးစီးပွား၊ မာနကို ရှေ့တန်းတင်၍ တိုင်းပြည်မျက်နှာအား မငဲ့ခြင်းကြောင့် လျင်မြန်စွာ ထီးနန်း ပျက်သုန်းခဲ့ရသည်ဟု ယူဆသော် ရပေမည် ဖြစ်၏……. သို့ဖြစ်သောကြောင့် သမိုင်းကြောင်းများမှ ဖြစ်ရပ်မှန် သင်ခန်းစာများအား နှောင်းလူတို့ အတိအကျ သင်ခန်းစာယူ၍ အဆိုပါ အမှားမျိုး ထပ်မံ မဖြစ်ပွားသင့်ဟုသော အတွေးအမြင်ဖြင့် ဤစာအား ရေးသားလိုက်ရပေသည်…..   မောင်ရင် ဂျိမ်းစ် (19/05/2013 12:00PM)  Photo Credit to Original Photographer
James Mint's photo.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>