by Win Minthein (Notes) on Saturday, May 25, 2013 at 11:19am
ဖေ့ဘုတ်ပေါ်မှာ ကျွန်တော် တစ်ခါတစ်လေ နိုင်ငံရေး နည်းနည်းပါတဲ့ စာလေးတွေ ရေးပါတယ်။ဒီတော့ကားမင်း နိုင်ငံေ၇းသမားလုပ်မှာလားလို့သူငယ်ချင်းတစ်ချို့က မေးကြပါတယ်။ကျွန်တော် နိုင်ငံေ၇းသမားမဟုတ်ပါ။ နိုင်ငံရေးသမားလည်း မဖြစ်ချင်သေးပါ။ ဒါဆိုဘာလို့ နိုင်ငံရေးနဲ့ပတ်သတ်တာတွေေ၇းတာလည်းလို့ မေးလာပါသေးတယ်။ ဟုတ်ကဲ့ ပြောပြပါ့မယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တာတွေ ကျွန်တော့်အမြင်တွေကို ဘာလို့ရေးသလဲဆိုတော့ကား ကိုယ်နေတဲ့နိုင်ငံနဲ့ ပတ်သတ်လာလျင် နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်အမြင်ကို ကိုယ်ထုတ်ဖော်ရေးသင့်တယ်ထင်လို့ ရေးပါတယ်။
နောက်တစ်ချက်က ဖေ့ဘုတ်ပေါ်မှာ ရေးလာတဲ့ နိုင်ငံရေးအမြင်တွေကို ဖတ်ပါတယ်။တစ်ခါတစ်ခါ ၀င်ရောက်ဆွေးနွေး ကွန်းမန့်တွေပေးပါတယ်။ ဘာလို့လဲဆိုတော့ကား နားလည်ထားသင့်တယ် ထင်လို့ပါ။ ဟုတ်ပါတယ် ကျွန်တော်တို့ နိုင်ငံမှာရွေးကောက်ပွဲဆိုတာ ရှိလာပါပြီ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နိုင်ငံသားတစ်ယောက်ချင်းစီဟာ မဲတစ်မဲပေးပြီး နိုင်ငံကို အုပ်ချုပ်မည့်သူ၊ တနည်းဟားဖြင့် ကိုယ့်ကို ၅ နှစ်စာ အုပ်ချုပ်မည့်သူ့၊ ကိုယ်လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း ဥပဒေတွေကို ပြဌာန်းမည့်သူတွေကို ရွေးချယ်၇ပါတော့မယ်။
နိုင်ငံရေးပါတီတွေ နိုင်ငံေ၇းသမားတွေဟာ ကျွန်တော်တို့၇ဲ့ အသည်းကြားက မဲတစ်ပြားကိုယူပြီး ကျွန်တော်တို့ကို အုပ်ချုပ်မင်းလုပ် ဥပဒေတွေပြုကြတော့မှာပါ။ သည်အခါမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားဟာ ကိုယ့်နဲ့ ကိုယ့်မိသားစုကို တိုက်ရိုက် အကျိုးသက်ရောက်လာမည်ဆိုတာကို သတိထားသင့်ပါပြီ။ ကိုယ့်ပေးလိုက်တဲ့ မဲတစ်ပြားဟာ ကိုယ့်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံ ကိုယ့်ရေ၊ ကိုယ့်မြေကို နိုင်ငံသားတွေ အတွက် အကျိုးရှိအောင် တာဝန်ယူ ဦးဆောင်ပေးနိုင်မည့် လူပုဂ္ဂိုလ် ပါတီ တွေကို ရွေးချုယ်မိရင်တော့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာ ဖြစ်ပါသည်။သို့မဟုတ်ပါပဲ လူတစ်စု ပါတီတစ်ခု၊ အဖွဲ့ အစည်းတစ်ခု ကောင်းစားရေးအတွက် အသုံးချသွားမည့် လူပုဂ္ဂိုလ် ပါတီကို မဲပေးမိပါက ရလဒ်ဆိုးများကို သိပ်မကြာခင်မှာ ကြုံတွေ့လာ၇မှာပါ။
ယခုအခါမှာ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အဓိ
ကသဘောတရား တစ်ခုဖြစ်တဲ့ လွှတ်တော်နိုင်ငံရေး ဆိုတာကြီးကို ကျွန်တော်တို့ နဖူးတွေ့ ဒူးတွေ့ စတင်ရင်ဆိုင်နေရပါပြီ။
ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဟာ အရေးပါတဲ့ နေရာကနေ ပါဝင်လာပါသည်။ လွှတ်တော်မှ နေ၍ကျွန်တော်တို့လိုက်နာကြရမည့်ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကို ပြဌာန်းရပါမည်။ လွှတ်တော်မှနေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ရသုံးမှန်းခြေငွေစာရင်းကို ထိန်းချုပ်ပြီး နိုင်ငံနှင့် လူမျိုးကို အကျိုးရှိစေမည့် ငွေလုံးငွေရင်း သုံးစွဲမှုတွေကို စိစစ်ပြဌာန်းရပါမည်။ နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးအားလုံးအတွက် အကျိုးရှိစေမည့် စီမံကိန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေး မြင့်တင်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ၊ နိုင်ငံ၏စီးပွားရေး ပေါ်လစီ ၊ နိုင်ငံခြားရေး မူဝါဒ စသည် စသည်များကို လွှတ်တော်မှ ထိန်းချုပ်ပြဌာန်းသွားပါမည်။
ထို့အပြင် လွှတ်တော်တွင် အမတ်နေရာ အများစု ရရှိထားသော နိုင်ငံရေးပါတီမှ ဦးဆောင်ပြီး နိုင်ငံကိုဦးဆောင်မည့်
အစိုးရအဖွဲ့ကို ဖွဲစည်းတော့မည်ဖြစ်ပါသည်။ ၄င်း အစိုးရအဖွဲ့မှ တိုင်းပြည်၏ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊နိုင်ငံခြားရေး ၊ ကာကွယ်ရေး စသည်များကို ဦးဆောင်အကောင်အထည်ဖေါ်တော့မည် ဖြစ်ပါသည်။
ဒါကြောင့် ကျွန်တော်ပေးလိုက်ရမည့် မဲတစ်ပြားကို ကျွန်တော်တန်ဖိုးထားပါသည်။ နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများ
အတွက် တိကျတဲ့ ရပ်တည်ချက်၊ မူဝါဒ၊ နိုင်ငံကို ကောင်းအောင် တိုးတက်အောင် လုပ်ပေးနိုင်မည့် မူဝါဒ ရှိသည့် ပါတီကိုသာ
ကျွန်တော် မဲပေးချင်ပါသည်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကောင်းစားရေး ၊ အဖွဲ့အစည်းတစ်ရပ် ကောင်းစားရေး၊ ပါတီတစ်ခု
တည်း ကောင်းစားရေးအတွက် ဦးတည်သော နိုင်ငံရေးပါတီ အဖွဲအစည်းများကို ကျွန်တော် မဲမပေးလိုပါ။ နိုင်ငံနှင့် တိုင်းရင်းသား
အားလုံးအတွက် တိုးတက်အောင် ကြီးပွားအောင် ဆောင်ရွက်ပေးနိုင်မည့် လူပုဂ္ဂိုလ် ပါတီကို သာ မဲပေးလိုပါသည်။
ထို့အတွက်ကြောင့် ကျွန်တော် နိုင်ငံရေး ပါတီများနှင့်ပတ်သတ်သော အကြောင်းအရာများကို လေ့လာပါသည်။ ပါတီကိုသာလျှင်မဟုတ်ပါ။ ထိုပါတီကို ကိုယ်စားပြုမည့် လူပုဂ္ဂိုလ်များကိုလည်း လေ့လာပါသည်။ ပါတီ၏မူဝါဒ ၊ လမ်းစဉ်များ
မည်သို့ပင် ကောင်းနေပါလည်း ထိုမူဝါဒ လမ်းစဉ်များကို အကောင်အထည်ဖေါ်မည့် လူပုဂ္ဂိုလ်၏ အရည်အချင်း အကျင့်စာရိတ္တ မကောင်းပါက အဘယ်သို့ယုံကြည်ရပါမည်နည်း။
ထို့ကြောင့် ကျွန်တော် နိုင်ငံေ၇းကို လေ့လာပါသည်။ နိုင်ငံရေး ကို လုပ်နေပါသည်ဆိုသော လူပုဂ္ဂိုလ်များကို လေ့လာ
ပါသည်။ ကျွန်တော့် အသည်းကြားက မဲတစ်ပြားကို တန်ဖိုးထားပါသည်။ ဒါကြောင့် ကျွန်တော် ရေးပါသည်။ ပြောပါသည်။ ဝေဖန်ပါသည်။ မကြိုက်သည့် မူဝါဒကို မကြိုက်ကြောင်းပြောပါမည်။ မကြိုက်သည့်ပါတီကို မကြိုက်အကြောင်းပြောပါမည်။ ဝေဖန်ပါမည်။ မကြိုက်သည့် နိုင်ငံရေးသမားကို မကြိုက်ကြောင်းပြောပါ
မည်။ ဝေဖန်ပါမည်။ ကျွန်တော့်တွင် မကြိုက်ကြောင်းပြောခွင့်ရှိပါသည်။ ဝေဖန်ခွင့်ရှိပါသည်။ မကြိုက်ကြောင်းပြောတာကို လက်မခံနိုင်၊ ဝေဖန်တာကိုလည်း လက်မခံနိုင် ၊ ပြင်ရန်လည်း မစဉ်းစားသော အာဏာရှင် ဆန်သော လူပုဂ္ဂိုလ်နှင့် ပါတီများ
ကို ၂၀၁၅ တွင် ကျွန်တော်မဲပေးမည်မဟုတ်ပါ။