Quantcast
Viewing all articles
Browse latest Browse all 1811

အမျိုးသားအကျိုးစီးပွား ဦးစားပေးတဲ့ ပါတီတခု ပေါ်ပေါက်စေချင်


အမျိုးသားရေးကို ဦးစားပေးတဲ့ ပါတီတစ်ခု ထွက်ပေါ်လာမယ်လို့ သတင်းတွေ ကြားလိုက်ရတော့ တကယ်ပဲ ဝမ်းသာမိပါတယ်.... တစ်ခါလာလည်း မဲပြာပုဆိုး ဆိုသလို အခြားသော ပါတီတွေလိုမျိုး ထူးမခြားနား ဇတ်ခင်းသွားမှာကိုတော့ စိုးရိမ်မိပါတယ်...... ဘာကြောင့်လည်းဆိုတော့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးမယ်လို့ သိထားရတဲ့အတွက်ပဲ ဖြစ်ပါတယ်....... အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံရေးမှာ ကြံ့ဖွံ့နဲ့ NLD က လွဲရင် အခြားရွေးချယ်စရာမရှိတဲ့ လူတွေအတွက် ထည့်သွင်းစဉ်းစားစရာ ပါတီကြီးတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားစေချင်ပါတယ်......

လက်ရှိ ပါတီတွေလို နိုင်ငံရေး (Politics) ပဲ ဦးစားပေးမနေပဲ နိုင်ငံ့အရေးနဲ့ အမျိုးသားရေး စစ်စစ်ကို ဦးစားပေးစေချင်ပါတယ်..... အဓိက မြန်မာပြည်သူ လူထုတွေရဲ့ စားဝတ်နေရေးကို ပြေလည်အောင် ဖန်တီးပေးနိုင်မယ့် ပလန်ကောင်းကောင်းတွေကို ချပြရင်း လူထုကြားထဲကို ဝင်လာစေချင်ပါတယ်..... လူနေမှု ဘဝတွေကို မြှင့်တင်ပေးနိုင်မယ့် အကြံပြုချက်တွေကိုလည်း ကြိုတင်ပြင်ဆင်ပီး လူထုကြားမှာ ပွင့်ပွင့်လင်းလင်း ချပြပီး လက်ရှိနိုင်ငံရေး ကစားကွက်ထဲကို ဝင်လာမယ်ဆိုရင် အလွန်ပဲ ကောင်းမွန်ပါမယ်......

သယံဇာတ၊ မြေလွတ်မြေရိုင်း ပေါများနေသော်ငြား စနစ်တကျ စီမံခန့်ခွဲခြင်းမရှိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ အားနည်းချက်တွေကို မဟာဗျူဟာ၊ နည်းဗျူဟာ ကောင်းကောင်းနဲ့ ဖြည့်တင်းနိုင်ပီး ပြည်သူလူထုအတွက် အသိဥာဏ်မြှင့်တင်ပေးနိုင်တဲ့ အစီအမံတွေ ဆောင်ရွက်လာရင်တော့ အကောင်းဆုံးလို့ ယူဆပါတယ်...... အမျိုးသား အကျိုးစီးပွားကို အကောင်အထည်ဖော်ရာမှာ အခြားသော ဘာသာခြားများကို တိုက်ခိုက်ခြင်း မရှိပဲ မိမိလူမျိုး အကျိုးစီးပွားအတွက် အမျှော်အမြင် ကြီးကြီးနဲ့ အကောင်အထည် ဖော်လာမှာမျိုးကို မျှော်လင့်ပါတယ်...... ဖြစ်လာခဲ့ရင်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမှာပါ.....

အခြားသော နိုင်ငံရေး ပါတီများလို ဗဟိုက ချုပ်ကိုင်ထားခြင်းမျိုး၊ လူတစ်ဦးတစ်ယောက်အပေါ် မှီခိုနေခြင်းမျိုးမှ ကင်းအောင်လို့လည်း အစီအမံတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်...... ငါနဲ့ မဆိုင်သရွေ့ နေသာသလို နေမယ်ဆိုတဲ့ နိုင်ငံရေး ပါတီမျိုး၊ Blame Game ကိုသာ ကျင့်သုံးနေတဲ့ နိုင်ငံရေး ပါတီများလို မကျင့်သုံးပဲ ပြည်သူလူထုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် အကြံပြုချက်၊ လုပ်ဆောင်ချက်တွေနဲ့ စနစ်တကျ ဖော်ဆောင်လာစေချင်ပါတယ်.....

ဗဟိုမှ အာဏာကို ချုပ်ကိုင်ထားပြီး မည်သည့်အကြံပြုချက်မျှ လက်မခံပဲ မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်သာ အတည်ဆိုတဲ့ ခေါင်းဆောင်မျိုးကို မရွေးချယ်စေရန် အကြံပြုလိုပါတယ်...... ထို့အတူ ပါတီတွင်းမှာပဲ စနစ်တကျ ဒီမိုကရေစီကို ဖော်ဆောင်စေချင်ပါတယ်..... မိမိနဲ့ နီးစပ်သူများကို လက်သင့်ရာ စားတော်ခေါ်ခြင်းမျိုးအစား အရည်အချင်းပေါ်မူတည်၍ နေရာပေးခြင်းမျိုးနှင့် တိုင်းပြည်အတွက်၊ နိုင်ငံ့အတွက် ဦးစားပေးသူများကို ရွေးချယ်စေချင်ပါတယ်.....

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဓိက အခြေခံလူတန်းစားတွေဖြစ်တဲ့၊အလုပ်သမား၊ လယ်သမား လူတန်းစား၊ ပုဂ္ဂလိက ကုမ္ပဏီ လခစား ဝန်ထမ်းများ၊ အောက်ခြေ အစိုးရ ဝန်ထမ်းများရဲ့ ဘဝကို မြှင့်တင်ဖို့ ပလန်တွေချပြပီး တိုးဝင်လာစေချင်ပါတယ်......အခြားသော ပါတီများလို ရှေ့ဆက်သွားမယ့် ပလန်ကို ချပြနိုင်ခြင်းမရှိပဲ နိုင်ငံရေးကို လုပ်မယ်လို့ တွင်တွင်အော်နေတာမျိုးကို မလိုချင်ပါဘူး........

အဓိက အကြံပြုချင်တာကတော့ ၂၀၁၅ မှာ နေရာအများစုကို မမှန်းပဲ ရ သလောက်ယူနိုင်အောင် ကြိုးစားစေချင်ပါတယ်.......ထိုမှတစ်ဆင့် ၂၀၂၀ အတွက်ကို စနစ်တကျ ပြင်ဆင်စေချင်ပါတယ်...... လက်ရှိ နိုင်ငံရေး အခင်းအကျင်းများအရ ၂၀၁၅ တွင် မဲခိုးခြင်းမရှိလျင် မည်သို့သော အစိုးရမျိုး တက်မည်ဆိုသည်ကို ခန့်မှန်းလို့ ရပါတယ်..... သို့ဖြစ်တဲ့အတွက် လူအများစုဟာ သူတို့ရဲ့ အိပ်မက်အစိုးရကို မြင်တွေ့ခွင့်ရပါလိမ့်မယ်....... အိပ်မက်နဲ့ လက်တွေ့ ကွာခြားမှုပေါ်မှာ ပြောင်းလဲလာမည့် လူတွေကို သိမ်းသွင်းနိုင်ပီး ၂၀၂၀ မှာ အောင်ပွဲဆင်ဖို့ မဟာဗျူဟာကျကျ ရည်မှန်းပီး လုပ်ဆောင်စေချင်ပါတယ်......

ပြိုင်ဆိုင်မှုမရှိပဲ ပြည်သူလူထုအတွက် ၎င်းတို့ရဲ့ ရှေ့ဆက်မယ့် ပလန်တွေကို ချမပြနိုင်တဲ့ လက်ရှိ နိုင်ငံရေး ပါတီတွေကြားကို တိုးဝင်လာမှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်...... ရေသေဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးလောကအတွက် သတင်းကောင်းတစ်ခုလို့ မှတ်ယူပါတယ်.... ပြည်သူလူထုအပေါ်မှာ ထားတဲ့စေတနာ အဆင့်အတန်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေပေါ် မူတည်ပီး ပြည်သူလူထုကို ဦးစားပေးတဲ့ ပါတီ ဖြစ်စေချင်ပါတယ်..... ထို့အတူ အနာဂါတ်အတွက် ဦးဆောင်မယ့် ခေါင်းဆောင်တွေကိုပါ ကြိုတင်ရွေးချယ်သွားတဲ့ ပုံစံမျိုးနဲ့ အနာဂါတ် မြန်မာနိုင်ငံအတွက် ထည့်သွင်း စဉ်းစား ပုံဖော်လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါ......

ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်အရတော့ ကြိုဆိုပါတယ်.....

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>