Quantcast
Viewing all articles
Browse latest Browse all 1811

ကန်အကြောင်းနှင့်အကြောင်းကံ



Image may be NSFW.
Clik here to view.
Photo: ကျွန်တော် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်တွေစီက ၀ါသနာအလျှောက် စာတော်တော်များရေးဖြစ်ခဲ့ပါသည်။ ဒီစာလေးတွေစုပြီး စာအုပ်ထုတ်ကာ သူငယ်ချင်းတွေပဲဝေဖြစ်ပါသည်။ စာအုပ်က ကိုယ်တိုင် ကွန်ပျူတာစီ၊ စာရိုက်လုပ်၊ စာအုပ်ချုပ်တာပါ။ ခု ဖေ့စ်ဘုတ်သုံးဖြစ်နေသဖြင့် ဒီစာလေးတွေကို ဝေငှချင်စိတ်ဖြစ်လာတော့ တင်ဖြစ်နေပါသည်။  သူငယ်ချင်းမိတ်ဆွေအပေါင်း ဖတ်ကြည့် ဝေဖန်ပေးကျပါဦးခင်ဗျား…။  ကန်အကြောင်းနှင့်အကြောင်းကံ  သူက ကန်အကြောင်းပြောပြသည်။ ကန်တစ်ခုကောင်းဖို့သည် ကြည်လင်သန့်ရှင်းခြင်း၊ ကန်ပေါင်များ ခိုင်ခံ့ခြင်း၊ ကြာများနှင့်လှပတင့်တယ်ခြင်း၊ ကျေးငှက်များမြူးတူးပျော်ပါးကျက်စားခြင်းများ ရှိရမည်ဖြစ်ကြောင်း ပြောသည်။  မဟော်သဓာ၏ ကန်နှင့် မြကန်သာကဗျာပါ ကန်အကြောင်း။ သူတို့ရွာမှ ကန်အထိ ဆက်လက် ပြောပြသည်။  ကန်အမျိုးမျိုးရှိကြောင်း ကျန်းမာရေးအတွက် လိုအပ်သောသောက်သုံးရေကန်၊ ရေကူးကန်၊ ရေချိုးကန် အမျိုးမျိုးနှင့် ကွဲပြားစွာသုံးစွဲမှုကိုပါ ရှင်းပြသည်။  သူရဲ့အတွေ့အကြုံဖြစ်သော ကန်တူးပုံကို စိတ်ပါလက်ပါပြောသည်။ “ တကယ်ပါပဲကွာ မောလို့မောမှန်းတောင် အဲဒီအချိန်ကသိမှာမဟုတ်ဘူး။ မြေသယ်သူကသယ်၊ ရေတိုက်သူက တိုက်နဲ့ ပျော်စရာကြီးပဲ။ နောက်ပြီး ရေကန်က ရေကြာရှည်သုံးရမှာဆိုတော့ ကန်ပေါင်တွေအတွက် စနစ်တကျ ဖို့ရတာပေါ့ကွာ ”  “ ရေ၀င်ရေထွက်ကောင်းဖို့ မြောင်းတွေပါတူး၊ ကြာပန်တွေ သယ်ရ၊ သေသေချာချာလေး လုပ်ရတာ။  ဒီကန်က ရွာတစ်ရွာလုံး နွေဘက်တွေပါသုံးမှာဆိုတော့ ကောင်းမှဖြစ်မှာကိုး။ ခုလည်း တကယ့်ကိုအသုံးဝင် တယ်ကွာ။ ဒီကန်ကြီးကို ကြည့်တိုင်း အဲဒီအချိန်ကအကြောင်း ပေါ်ပေါ်လာပြီး ပီတိဖြစ်မိတယ် ”  သူထသွားပြီးတော့ အိမ်မှကန်ထဲရေမရှိကြောင်း သတိရသွားပြီး အမြန်ပြန်ခဲ့ရတော့သည်။  ……………………………………………………………………………  ထိုနေ့ ညနေမှာပင်  သူငယ်ချင်းတစ်ဦးက သူ့ကံဇာတာအကြောင်း စကားစလာပြန်သည်။  “ ခုတလော ကံကတော့ လွတ်ကောင်းနေရဲ့ကွာ။ ဘာတွေလုပ်လုပ် အဆင်ပြေလို့။ ငွေဆိုတာလဲ ဟိုက၀င် ဒီက၀င်နဲ့ အင်း ဒီလိုကံလေးသာအမြဲ ကောင်းနေချင်တော့တယ် ”  သူ့ရဲ့ ကောင်းသောကံအကြောင်းပြောပြီး သူ့ကံဆိုးပုံအကြောင်းကို ဆက်ပြောပြပါသည်။  “ အရင်ကတော့ ကံဆိုးချက်က ဖွတ်တောင် အစ်ကိုခေါ်ရမယ့်ကိန်းပဲ။ အားရှိပါးရှိ က ချင်ပြန်သော် လည်းကျန်းမာရေးကမကောင်း ဆိုသလိုပဲ အလုပ်ကလေးတွေပေါ်လာလို့ လုပ်မယ်ကြံရင် ကျန်းမာရေးက ဖောက်လာတယ်။ ဟောကျန်းမာရေးကောင်းပြန်တော့ အလုပ်က မယ်မယ်ရရကိုမရှိဘူး။”  “ ဒီကြားထဲ စီးပွားရေးကြားဖြတ်လိုက်မိပြန်တော့ ရင်းသမျှဆုံးတော့တာပဲ။ တော်တော်လေးကို ဆိုးခဲ့ တာကွ။ ခုလို ကောင်းတုန်းလေး အဆင်ပြေနေတာ။ နောင်လဲ ကံကောင်းပါစေလို့ ဆုတောင်းနေမိတယ် ”  သူကပြောရင်း ပြုစုချင်လို့ ဆိုင်ခေါ်သွားသည်။ စားကြ သောက်ကြရင်း စာကားပြောဖြစ်တော့ ကျွန်တော်က စာလေးတစ်ခုသူ့ကိုပြောပြသည်။  “ ကံဆိုတာအလုပ်။ အလုပ်မှန်ရင် ကံကောင်းမှာပဲ။ ထာဝရအလုပ်မှန်ရင် ထာဝရ ကံကောင်းမယ်တဲ့”  ကံအမြဲကောင်းချင်သော သူ့အား နံနက်က ကန်ဖို့ခဲ့သူအကြောင်းပြန်ပြောပြနေမိသည်။  “ ကန်ကောင်းဖို့ရာမှာ ကိုယ့်ဘက်ကချွေးတစိုစို ကျချင်ကျမယ်။ ဒါပြသနာမဟုတ်ဘူး။ ကန်ကြည်လင် သန့်ရှင်းအောင်၊ ကန်ရေသိုလှောင်မှု ကြာရှည်အောင် ကန်ပေါင်တွေကို ခိုင်ခိုင်ခံ့ခံ့ဖြစ်ဖို့ လိုမယ်။ ဒါမှ ကန်က ကြာရှည်ရှည်နဲ့ ကောင်းမှာကွ ”  ကျွန်တော်စကားဆုံးတော့ သူ ကန်အကြောင်းနှင့် ကံအမြဲကောင်းဖို့အကြောင်း စဉ်းစားနေမည်ဟု ကျွန်တော်ယုံကြည်မိပါတော့သည်။    မောင်ပိုင်   ၁၄-၄-၂၀၀၆။

သူက
ကန်အကြောင်းပြောပြသည်။
ကန်တစ်ခုကောင်းဖို့သည် ကြည်လင်သန့်ရှင်းခြင်း၊ ကန်ပေါင်များ ခိုင်ခံ့ခြင်း၊ ကြာများနှင့်လှပတင့်တယ်ခြင်း၊ ကျေးငှက်များမြူးတူးပျော်ပါးကျက်စားခြင်းများ ရှိရမည်ဖြစ်ကြောင်း
ပြောသည်။
မဟော်သဓာ၏ ကန်နှင့် မြကန်သာကဗျာပါ ကန်အကြောင်း။ သူတို့ရွာမှ ကန်အထိ ဆက်လက် ပြောပြသည်။
ကန်အမျိုးမျိုးရှိကြောင်း ကျန်းမာရေးအတွက် လိုအပ်သောသောက်သုံးရေကန်၊ ရေကူးကန်၊ ရေချိုးကန် အမျိုးမျိုးနှင့် ကွဲပြားစွာသုံးစွဲမှုကိုပါ ရှင်းပြသည်။
သူရဲ့အတွေ့အကြုံဖြစ်သော ကန်တူးပုံကို စိတ်ပါလက်ပါပြောသည်။
“ တကယ်ပါပဲကွာ မောလို့မောမှန်းတောင် အဲဒီအချိန်ကသိမှာမဟုတ်ဘူး။ မြေသယ်သူကသယ်၊ ရေတိုက်သူက တိုက်နဲ့ ပျော်စရာကြီးပဲ။ နောက်ပြီး ရေကန်က ရေကြာရှည်သုံးရမှာဆိုတော့ ကန်ပေါင်တွေအတွက် စနစ်တကျ ဖို့ရတာပေါ့ကွာ ”
“ ရေ၀င်ရေထွက်ကောင်းဖို့ မြောင်းတွေပါတူး၊ ကြာပန်တွေ သယ်ရ၊ သေသေချာချာလေး လုပ်ရတာ။ ဒီကန်က ရွာတစ်ရွာလုံး နွေဘက်တွေပါသုံးမှာဆိုတော့ ကောင်းမှဖြစ်မှာကိုး။ ခုလည်း တကယ့်ကိုအသုံးဝင် တယ်ကွာ။ ဒီကန်ကြီးကို ကြည့်တိုင်း အဲဒီအချိန်ကအကြောင်း ပေါ်ပေါ်လာပြီး ပီတိဖြစ်မိတယ် ”
သူထသွားပြီးတော့ အိမ်မှကန်ထဲရေမရှိကြောင်း သတိရသွားပြီး အမြန်ပြန်ခဲ့ရတော့သည်။
……………………………………………………………………………
ထိုနေ့ ညနေမှာပင်
သူငယ်ချင်းတစ်ဦးက သူ့ကံဇာတာအကြောင်း စကားစလာပြန်သည်။
“ ခုတလော ကံကတော့ လွတ်ကောင်းနေရဲ့ကွာ။ ဘာတွေလုပ်လုပ် အဆင်ပြေလို့။ ငွေဆိုတာလဲ ဟိုက၀င် ဒီက၀င်နဲ့ အင်း ဒီလိုကံလေးသာအမြဲ ကောင်းနေချင်တော့တယ် ”
သူ့ရဲ့ ကောင်းသောကံအကြောင်းပြောပြီး သူ့ကံဆိုးပုံအကြောင်းကို ဆက်ပြောပြပါသည်။
“ အရင်ကတော့ ကံဆိုးချက်က ဖွတ်တောင် အစ်ကိုခေါ်ရမယ့်ကိန်းပဲ။ အားရှိပါးရှိ က ချင်ပြန်သော် လည်းကျန်းမာရေးကမကောင်း ဆိုသလိုပဲ အလုပ်ကလေးတွေပေါ်လာလို့ လုပ်မယ်ကြံရင် ကျန်းမာရေးက ဖောက်လာတယ်။ ဟောကျန်းမာရေးကောင်းပြန်တော့ အလုပ်က မယ်မယ်ရရကိုမရှိဘူး။”
“ ဒီကြားထဲ စီးပွားရေးကြားဖြတ်လိုက်မိပြန်တော့ ရင်းသမျှဆုံးတော့တာပဲ။ တော်တော်လေးကို ဆိုးခဲ့ တာကွ။ ခုလို ကောင်းတုန်းလေး အဆင်ပြေနေတာ။ နောင်လဲ ကံကောင်းပါစေလို့ ဆုတောင်းနေမိတယ် ”
သူကပြောရင်း ပြုစုချင်လို့ ဆိုင်ခေါ်သွားသည်။ စားကြ သောက်ကြရင်း စာကားပြောဖြစ်တော့ ကျွန်တော်က စာလေးတစ်ခုသူ့ကိုပြောပြသည်။
“ ကံဆိုတာအလုပ်။ အလုပ်မှန်ရင် ကံကောင်းမှာပဲ။ ထာဝရအလုပ်မှန်ရင် ထာဝရ ကံကောင်းမယ်တဲ့”
ကံအမြဲကောင်းချင်သော သူ့အား နံနက်က ကန်ဖို့ခဲ့သူအကြောင်းပြန်ပြောပြနေမိသည်။
“ ကန်ကောင်းဖို့ရာမှာ ကိုယ့်ဘက်ကချွေးတစိုစို ကျချင်ကျမယ်။ ဒါပြသနာမဟုတ်ဘူး။ ကန်ကြည်လင် သန့်ရှင်းအောင်၊ ကန်ရေသိုလှောင်မှု ကြာရှည်အောင် ကန်ပေါင်တွေကို ခိုင်ခိုင်ခံ့ခံ့ဖြစ်ဖို့ လိုမယ်။ ဒါမှ ကန်က ကြာရှည်ရှည်နဲ့ ကောင်းမှာကွ ”
ကျွန်တော်စကားဆုံးတော့ သူ ကန်အကြောင်းနှင့် ကံအမြဲကောင်းဖို့အကြောင်း စဉ်းစားနေမည်ဟု ကျွန်တော်ယုံကြည်မိပါတော့သည်။

မောင်ပိုင်
၁၄-၄-၂၀၀၆။




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...