ယဉ်ကျေးမှုပြောင်းလာသော စကားဝိုင်းများ
=========================
ကျနော်တိုလူမျိုးတွေရဲ့ အားနည်းချက်က အဝေဖန်မခံနိုင်ကြတာပါ... ကောင်းတာပြောရင် (မြှောက်နေမှန်းသိလည်း
) သဘောကျပေမဲ့... အားနည်းချက်ကိုဝေဖန်ရင်... ဆတ်ဆတ်ထိမခံ... ကက်ကက်လန်ရန်တွေ့... ဆွေ့ဆွေ့ခုန်သွားကြတော့တာဘဲ....သက်ဆိုင်ရာ အဝေဖန်ခံရတဲ့သူက ဘာမှမဖြစ်ရင်တောင်... သူ့ကိုကိုးကွယ်သူ... အားကိုးသူ... ဆွေမျိုးတော်သူ... တပည့်ဖြစ်သူ.... ကျေးဇူးခံကျေးဇူးစားရှိသူတွေက... ထကြွကျတော့တာဘဲ... ဖွဘွတ်ပေါ်မှာအဆိုးဆုံးပါ.... တစ်ခါတစ်လေ စကားလုံးတွေနဲ့ အာသာဖြေကြပုံရတယ်.. မိုးမွှန်နေတော့တာဘဲ... အခု အထက်ပိုင်းမှာ ယဉ်ကျေးမှုပြောင်းလာတာ တွေ့ရပါတယ်... (နောက်ပြန်လှည့်လိုသူတွေတော့ရှိသေးတာပေါ့) အဝေဖန်ခံလာနိုင်တယ်.... အဆဲခံနိုင်လာတယ်... အပြန်အလှန်လည်းဝေဖန်ရဲကြတယ်.... (၀န်ခံရဲကြဘို့တော့လိုသေးတယ်)....
ကျနော်ကတော့ မနေ့ကပုံရိပ်တွေကိုကြည့်ပြီး...ကျနော်တို့နိုင်ငံအတွက် အားတက်မိတယ်... မနေ့က Debate ကိုလည်း အရမ်းသဘောကျတယ်.... သဘောထား မတူတာတွေ ဘေးဖယ်ထားပြီး... တူတာတွေအရင်လုပ်ကြတာ.... 49% ကသဘောမတူပေမဲ့ 51% က သဘောတူရင် လုပ်ဆောင်ကြရတာ.... လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြတာတွေဟာ..... ဒီမိုကရေစီရဲ့ အနှစ်သာရလို့ထင်ပါတယ်... ပါတီမတူပေမဲ့.... ရည်ရွယ်ချက်တူရင်... နိုင်ငံ့အတွက်လို့ သဘောထားနိုင်ရင်... အားလုံးပူးပေါင်း လုပ်ကိုင်နိုင်ရမှာပေါ့..... Synergy သဘောအရ 1+1>2 ထွက်ရမှာပေါ့... ဟိုတုန်းက အစိုးရအကြီးအကဲတွေက အတိုက်အခံဆိုရင်.... နိုင်ငံရေးသမားဆိုရင်... ရန်သူလို့မြင်.... ထမင်းလုတ်ပုတ်ချမဲ့သူလို့မြင်..သီအိုရီအတိုင်း ပုဒ်မအမျိုးမျိုးတပ်... ထောင်ချဖိနှိပ်... သူတို့အတွက် Win-Lose ပဲရှိတယ်... ဟော.. အခုတော့... အတိုက်အခံပေမဲ့... ထမင်းလက်ဆုံစားကြ... လဘက်ရည်အတူသောက်ကြ.... တစ်ဝိုင်းတည်းထိုင်ကြ.. လက်ရည်တစ်ပြင်တည်းပေါ့... (ဟိုတုန်းက ရာထူးလိုက်ပြီးမထိုင်ရဲကြပါ) အပြန်အလှန်လေးစားကြ ( အတွင်းစိတ်တွေတော့မသိပါ) ... စကားစစ်ထိုးကြတဲ့ အခါလည်း ငြင်းကြ.. ခုံကြ... (ပြုံးပြုံးလေးတွေနဲ့)... Win-Win ဘက်ကိုဦးတည်နေတယ်လို့ထင်ပါတယ်... မနေ့က ဦးစိုးသိန်းက တရားစီရင်ရေး ကလွတ်လပ်ပါတယ် (...Judicial is independent ) လို့ပြောတော့ ဒေါ်စုက No..No.. ဆိုထအော်တယ်... တရားစီရင်ရေးက အုပ်ချုပ်ရေးရဲ့ ထိမ်းချုပ်မှုတွေကြောင့် မလွတ်လပ်ပါဘူးတဲ့.. (... is not independent, very much under control of executive).. ပြုံးပြုံးလေးတွေပြောကြတာပါ... ကျနော်ပြောချင်တာက သူတို့ပြောကြတဲ့ အကြောင်းအရာမဟုတ်ပါ.... ပြောတဲ့ပုံစံနဲ့ ယဉ်ကျေး မှုပြောင်းလဲလာ တာ လေးတွေကို ပြောချင်တာပါ..... နိုင်ငံတော် သမတကြီးကလည်း နောက်ပြန်မလှည့်ပါဘူးလို့ (သူများလှည့်ရင်တော့မတတ်နိုင်.. ချောက်စွန်းရောက်နေတယ်လို့အထင်မခံရရင်) ကတိတွေအထပ်ထပ်ပေး... ၀န်ကြီးတွေကလည်း ကြောက်ရင် ကြောက်တယ်ပြော... မတတ်ရင်မတတ်ဘူးပြော... မှားခဲ့ရင်မှားခဲ့တယ်ဝန်ခံ... တဖြေးဖြေးနဲ့ ကျနော်တို့ အဖွဲ့အစည်းလည်း ပွင့်လင်း လူ့အဖွဲ့အစည်းဖြစ်လာတယ်လို့ခံစားရပါတယ်... အဲဒါကြောင့် ကျနော်တို့တစ်တွေ လည်း ကိုယ့်ကိုဝေဖန်ရင်... ကိုယ့်အသိုင်းဝိုင်းကိုဖေ၀န်ရင်... ကိုယ်လေးစားတဲ့သူတွေကိုဝေဖန်ရင်... အဝေဖန်ခံနိုင်တဲ့... အချင်းချင်း အပြန်အလှန်လေးစားတတ်တဲ့ စိတ်ကလေးတွေမွေးမြူကြရင်း... Win-Win ဖြစ်အောင်လုပ်ကြပါစို့....