Quantcast
Viewing all articles
Browse latest Browse all 1811

မျက်နှာဖြူ ကုလားတွေကို အထင်ကြီးတဲ့ ကျွန်တော်

နယ်ချဲ့အင်္ဂလိပ်များ၏ စိတ်ဓာတ်ကို အလွန်သဘောကျသည်။ အထင်ကြီးသည်။
အထင်မကြီးစေချင်သော ရှေးရှေးလူကြီးများကြောင့် အထင်မကြီးဖြစ်ခဲ့။

အောက်မြန်မာပြည် သိမ်းပြီး အထက်မြန်မာပြည် မကျခင် သာသနာပြု ဘုန်းကြီးများ ပူတာအို၊ ဂျိမ်းဖောနယ်ထိ ရောက်ပြီး တောတောင်၊ ရာသီဥတု၊ ဘာသာ၊ ဓလေ့ထုံးတမ်း တို့ကို သိရှိပြီးဖြစ်သည်။ အင်္ဂလန် ဘုရင်မထံ အစီအရင်ခံစာတွေလည်း တက်နိုင်ခဲ့သည်။ ဗမာများ ရောက်ပါလေစ။ ဗမာဘုရင် တိုင်းရင်းသား လူမျိုးများအကြောင်း သိပါလေစ။

ဂိမ်းထဲကလို ဘိရှော့လေးတွေ လွှတ်ထားပြီး နယ်မြေတွေကို မြင်အောင်လုပ်ထား၊ သိမ်းလိုက သိမ်းနိုင်ပြီ။ အားပါး….သူတို့ နှစ်ပေါင်းများစွာထဲက ဒီစနစ်တွေ ကျင့်သုံးလာတာပါလား။ ရိုးရာကိုးကွယ်ယုံကြည်သူ ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင် စတဲ့ တိုင်းရင်းသားတွေအားလုံး ခရစ်ယန် သာသနာဝင်တွေ ဖြစ်သွားခဲ့ရသည်။ ကရင်လူမျိုး တော်တော်များများဆို ဂျေယုစလင် အဆက်အနွယ် လူမျိုးစု တစ်စုမှ ရေကြည်ရာ မျက်နုရာ သွားလာ/လှုပ်ရှားရင်း ဒီဒေသကို ရောက်လာသည်၊ ဥရောပ အနွယ်ဝင်လူမျိုးလို့ ယုံကြည်ကြသည်။ မြန်မာ့ သမိုင်းမှာ ရှာတော့ သူတို့လူမျိုး ရာဇဝင်ဟာ ဖျော့တော့နေသည်။ ကရင် မြို့ပြ၊ ဘုရင်၊ သူရဲကောင်းတွေ မတွေ့။

မွန်၊ ဗမာ၊ ရခိုင်၊ ထားဝယ် စတဲ့ လူမျိုးတွေမှာ ဗုဒ္ဓဘာသာ အခိုင်အမာ အမြစ်တွယ်လို့ မြို့ပြနိုင်ငံ၊ ဘုရင်၊ ရာဇဝင်၊ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတွေ ကြွယ်ဝနေပြီ။ တော်ယုံအားဖြင့် နှဲ့လို့မရ။ ရှေးရှေး ရန်စ/စစ်ပွဲများက မနည်း။ နှစ်ပေါင်းများစွာ စစ်ခင်းလို့ ဘတစ်ပြန်/ကျားတစ်ပြန်။ ဗမာတွေက နည်းနည်း ပိုရက်စက်ပုံရသည်။ ရာဇဝင်မှာ သူ့ဘက်က ချေမှုန်းခဲ့တာများသည်။

ကျန်တောင်ပေါ်တိုင်းရင်းသားအများစုက ကိုယ့်စော်ဘွားနဲ့၊ ဒူးဝါးနဲ့၊ ဟောနန်း/အစေအပါးတွေနဲ့ နေကြသည်။ စိုက်ပျိုးထွက်ကုန်၊ ကျောက်မြတ်ရတနာ တွင်းထွက်တွေ မြေပြန့် မှာရောင်းချ၊ ဘုရင်တွေထံဆက်သ၊ သူ့ဇိမ်နဲ့ သူ အေးရာအေးကြောင်း။ နယ်မြေဒေသ တောတောင် ထူထပ်ခြင်း၊ လူဦးရေကျဲပါးစွာနေထိုင်ခြင်း တွေကြောင့် မြို့ပြနိုင်ငံတွေ မထူထောင်ခဲ့တာဖြစ်မည်။ သမိုင်းဆရာ မဟုတ်တော့ အကုန်မသိ။

မျက်နှာဖြူ အင်္ဂလိပ်တွေဟာ မြန်မာပြည် မသိမ်းခင်၊ မအုပ်ချုပ်ခင် မြန်မာနိုင်ငံအနှံ့ လူမျိုး အသီးသီးရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ နောက်ခံသမိုင်း၊ မြေပြင်/ရေပြင်ဆိုင်ရာ အချက်အလက် တော်တော်များများ ရရှိပြီးဖြစ်သလို တိုင်းရင်းသား တော်တော်များများနှင့် ပုလဲနားပန်သင့်နေပြီဖြစ်သည်။ သူတို့တွေဟာ ကျဉ်ဆံတွေ မယူလာခင် မေတ္တာတရားတွေ၊ ကျမ်းစာအုပ်တွေ၊ ဖောင်တိန်တွေ၊ ဂစ်တာတွေနဲ့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ကျမ်းပြုစုတော့ သူ့ဆရာ ပါမောက္ခတွေက သန်းထွန်း ဘယ်ကျောက်စာ ကိုလေ့လာ၊ ဘယ်ကျောက်စာနဲ့ ဘယ်ကျောက်စာ အစပ်အဆက်ရှိတယ် အဲ့သလို လမ်းညွှန်သတဲ့။ အဲ့ဒီပါမောက္ခကြီးတွေက မျက်နှာဖြူ အင်္ဂလိပ်ကြီးတွေဆိုတော့ အတော်လေး အံ့သြသွားရသဗျ။ ကျွန်တော်တို့တွေက ဘုရားရွှေတွေ၊ ကြေးခေါင်းလောင်းတွေ၊ ပတ္တမြားငမောက်တွေလောက် လွမ်းနေတာ ဟိုက လိုတာလေးယူ၊ ကူးသင့်တာကူး၊ ချန်သင့်တာချန်ပြီး ရှိသမျှ ပေ၊ ပုရပိုက်၊ ကျောက်စာတွေ တတ်နိုင်သမျှ ဖျက်ဆီးသွားပါလေရော။

အင်္ဂလိပ်လူမျိုးတွေဟာ ပထမ အင်္ဂလိပ်-မြန်မာစစ် မဖြစ်ခင်ကနေ ယနေ့အထိ မြန်မာပြည်အဝင်/အထွက် လုပ်ခဲ့တယ်။ သူ့ရှေ့မှာတော့ ပေါ်တူဂီ၊ ပြင်သစ်လူမျိုးတွေရောက်လာတယ်။ အားလုံးဥရောပတိုက်ကဘဲ။ အင်္ဂလိပ်တွေ သူ့ဘုရင်မက လောက်ငှတဲ့ လစာ၊ အဆောင်အယောင်၊ ခံစားခွင့်၊ အခွင့်အရေး ဘယ်လိုပေးခဲ့သလဲ အသေအခြာတော့မသိဘူး။ အင်္ဂလန်လိုတိုင်းပြည်ကနေ တောကျိုအုံကြား၊ ခြင်ကိုက်၊ ဗွက်ထူ၊ လမ်းမရှိ၊ လျှပ်စစ်မီးမလာတဲ့ ဒေသကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာကြတယ်။ အဲ့ဒေသမှာ သူတို့ သာသနာပြုခဲ့တယ်။ လမ်းတွေဖောက်ခဲ့တယ်။ ဖရောင်းတိုင်၊ ရေနံဆီမီးအိမ်အောက်မှာ ကျမ်းတွေရေးခဲ့တယ်။ စစ်ဆင်ရေးစီမံချက်တွေရေးခဲ့တယ်။ မြန်မာပြည် ဂုတ်သွေးစုပ်ရေး စီးပွားရေးစီမံချက်တွေရေးခဲ့တယ်။ တာဝန်အရလား၊ လစာလောက်လို့လား၊ အင်္ဂလန်ပြည်ကောင်းစားဖို့ အနစ်နာခံမယ်ဆိုတဲ့ စိတ်နဲ့လား၊ ကိုလိုနီစနစ်ကြောင့်လား။ သေခြာတာက သူတို့ မြန်မာပြည်ကို အကြာကြီးအုပ်ချုပ်သွားနိုင်ခဲ့တယ်။ အင်္ဂလန်ပြည်ကို အကျိုးပြုခဲ့တယ်။ လွတ်လပ်ရေးကို သူတို့လက်နဲ့ ပေးခဲ့တယ်။ မြန်မာအစိုးရ အဆက်ဆက် စာပေ/ရုပ်ရှင်/သမိုင်းစာအုပ်တွေနဲ့ ကိုလိုနီစနစ်မွေဆိုးကို ပုံဖော်ပေမယ့် ယနေ့ မြန်မာပြည်သူတွေဟာ အင်္ဂလိပ်ထက် မြန်မာစစ်တပ်ကို ပိုမုန်းနေတယ်။ မျက်နှာဖြူတွေ သိပ်တော်တယ်။

တောထဲတောင်ထဲ စစ်ဆင်ရေးတွေ လုပ်ကြတဲ့အခါ မရောက်ဘူးတဲ့ ဒေသဆို မြေပုံကို အားကိုးရတယ်။ မြေမပိုင်ရင် စစ်မနိုင်ဘူးတဲ့။ ဥရောပတိုက်သားတွေဟာ ကမ္ဘာမြေမျက်နှာပြင် ဒေသအားလုံးနီးပါးကို မြေပုံရေးဆွဲခဲ့ကြတယ်။ မြန်မာဘုရင်တွေ လက်ထပ်မှာ ရှိကောင်းရှိမယ်။ တရုပ်သိုင်းကားတွေထဲက မြေပုံလိုမျိုး။ ဒါမှမဟုတ် စစ်ဆင်ရာမှာ လမ်းပြ၊ မုဆိုး၊ ဒေသခံ၊ သစ္စာဖောက်တွေ အသုံးချခဲ့တာလည်း ဖြစ်နိုင်တယ်။ စနစ်တကျ သေခြာတဲ့ အချက်အလက်စုံတဲ့ မြေပုံကိုတော့ ဥရောပတိုက်သားတွေက စတင်ပြုလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ စစ်ရေးလေ့ကျင့်ခန်းလုပ်တော့ တောင်ကဘရံနား ကပ်ပြီးချီတက်ကြတယ်။ ခြုံနွယ်ပိတ်ပေါင်းတွေရဲ့ တစ်ဖက်မှာ ချောက်ကြီး၊ နည်းနည်းမှားတိုးလိုက်ရင် ချောက်ထဲကျမယ်။ မြင်နေလို့တော့မဟုတ်ဘူး။ မြေပုံမှာတွေ့နေတာ။ ဆွဲထားတဲ့ခုနှစ်က ဒုတိယကမ္ဘာစစ်မဖြစ်သေးခင်က။ ဒါက ဘာကို ပြဆိုနေသလဲဆိုတော့ ခေတ်မှီတိုင်းတာရေး ကိရိယာတွေ/ GPS စနစ်တွေ မပေါ်ခင်တည်းက တိကျသေခြာတဲ့ မြေပြင်ဆိုင်ရာအချက်အလက်တွေကို သူတို့ကောက်ယူခဲ့ကြတယ်။ မှတ်တမ်းပြုစုခဲ့ကြတယ်။ ခက်ခက်ခဲခဲပေမယ့် ဘယ်လောက်အလေးအနက် လုပ်ဆောင်ခဲ့သလဲဆိုတာဘဲ။ ကျွန်တော်တို့ အဲ့အထိလုပ်ခဲ့ကြသလား။ လုပ်နေပြီလား။ လုပ်နိုင်ကြပြီလား။ လုပ်မှာလား။

ပင်လယ်ပြာ DEEP BLUE SEA ကမ်းစပ်နဲ့ အလွန်ဝေးကွာတဲ့ နေရာမှာ သင်္ဘောကို ရေထဲမျှောထားတုန်း ကုန်းပတ်ပေါ်ထွက် အောက်ကို အမှတ်မထင် ငုံ့ကြည့်မိတယ်။ ရေကြောင်းပြအရာရှိကတော့ သူ့တာဝန် တည်နေရာမှတ်ပုံတင်ခြင်း လုပ်နေပါလိမ့်မယ်။ ရေအောက်ကြမ်းပြင်ကို မြင်နေရတယ်။ ရေအောက်ဂမူဖြစ်မယ်ပေါ့။ ရေပုံကို တက်ကြည့်တော့ ဟုတ်တယ်။ ရေပုံမှာ ဒီနေရာလေးတစ်ကွက်ထဲ မြင့်ပြီး ရေအောက်ဂမူဖြစ်နေတာ။ စစ်ရေယာဉ်မှူးက ထုံးစံအတိုင်း စစ်ရေးအခြေအနေတွေအပြင်၊ ရေအနက်ကိုပါတိုင်းဖို့ညွှန်ကြား၊အောက်ခံမြေအမျိုးအစားတွေ စစ်၊ ကျောက်မြဲနိုင်/မနိုင်။ ရေပုံက လွတ်လပ်ရေးမရခင်က ဆွဲထားတာ။ ထပ်အံ့သြရပြန်ပြီ။ မျက်နှာဖြူတွေ ဒင်းတို့ ဒါလောက်ထိ လုပ်ခဲ့ကြလား။ ဆိုနာမရှိ၊ အက်ခိုဆောင်ဒါမရှိနဲ့။ ငါတို့ရော ဘာတွေ တိုင်းထွာခဲ့ပြီလဲ။ ဘာတွေဆက်လုပ်ကြမှာလဲ။

ရှင်အရဟံနဲ့ အနော်ရထာမင်းကြီးတို့ကြောင့် ပုဂံခေတ်မှာ ဗုဒ္ဓသာသနာထွန်းကားခဲ့တယ်လို့ သမိုင်းစာအုပ်တွေကဆိုတယ်။ ခရစ်ယန်သာသနာကတော့ မြန်မာပြည်မှာ ဒုတိယအများဆုံးဖြစ်နိုင်ဖွယ်ရှိပြီး၊ ယဉ်ကျေးမှုအရမတူတဲ့၊ နယ်မြေဒေသဝေးကွာတဲ့ ပင်လယ်ခြား၊ သမုဒ္ဒရာခြား အရပ်ဒေသက အင်္ဂလိပ်လူမျိုးတွေ သာသနာပြုခဲ့လို့ဘဲ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မပြောတော့ဘူး။ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု ကိုထိခိုက်စေချင်လို့ ပြောတာမဟုတ်ပေမယ့် ဘာသာတရားရဲ့ သာသနာအဓွန့်ရှည်ခြင်း၊ သာသနာပြန့်ပွားခြင်းဆိုတာ ယုတ်တိတန်ခြင်း/မတန်ခြင်းတခုတည်းပေါ် မူမတည်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်။ မိမိတို့ရဲ့ လုပ်ဆောင်ချက် ကိုယ်မှု/စိတ်မှု/နှုတ်မှုတွေဟာ သာသနာကို အကျိုးများစေလား/ အကျိုးယုတ်စေလား သိဖို့လိုပါတယ်။

ဗုဒ္ဓဘုရားရှင်လက်ထပ်မှာ ရဟန်းတစ်ပါးဟာ တရားတော်တွေ သိလာတာနဲ့အမျှ ဟောချင်/ပြောချင်လာတယ်။ မစ္ဇျိမဒေသအရှေ့တောင်ဘက် လူဝါဒေသကလာတော့ မိမိဒေသကလူတွေကို ဗုဒ္ဓတရားတော်တွေ မျှဝေချင်တယ်။ ဘုရားရှင်ထံ အကြိမ်ကြိမ် ဦးတင်လျောက်ပေမယ့် ဘုရားရှင်က ခွင့်ပြုတော် မမူဘူး။ မြတ်စွာဘုရားဟာ ဘယ်တော့မှ အကျိုးမများရင် ခွင့်ပြုလေ့မရှိဘူး။ နောက်ဆုံးအဆင့် အရိယာသံဃာဖြစ်တဲ့အခါ ရဟန်းကလျောက်တော့ အမေး/အဖြေတွေလုပ်ပြီး အရှေ့တောင်ဘက် လူဝါတွေရှိရာ ဇာတိဒေသကို ကြွဖို့ခွင့်ပြုတော်မူလို့ သာသာနာပြုရာကနေ အဲ့ဒေသက အရိုင်းအစိုင်းတွေရဲ့ လုပ်ကြံမှုကြောင့် သက်တော်ကုန်ခဲ့တယ်။ ဘယ်နေရာ၊ ဘယ်လူမျိုးဖြစ်မလဲ ကိုယ့်ဖာသာလေ့လာကြဗျာ။

ခေတ်သစ်စိတ်ပညာအရ လူတွေကို ရိုက်နှက်မဆုံးမရဘူးဆိုတယ်။
ကိုယ့်ကို ကိုယ်ခပ်စပ်စပ်လေး ရိုက်လိုက်တယ်။
တဝက်တပျက်တော့ နိုးသွားတယ်ဗျ။

မှတ်ချက်။ ။
ဤစာကို ရေးခြင်းသည် မည်သည့် ဘာသာဝင်၊ လူမျိုးကိုမျှ မုန်းတီးခြင်း၊ နှိမ့်ချခြင်း၊ ပျက်ဆီးစေလိုခြင်း အလျင်းမရှိကြောင်း အတိအလင်း သစ္စာဆိုပါသည်။ ဤသစ္စာ မှန်ပါသောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးတို့သည် လွတ်လပ်ခြင်း၊ ကြွယ်ဝခြင်း၊ ဥာဏ်ပညာကြီး ဖြစ်ကုန်လျက် မိမိ လူမျိုး/ဘာသာ/သာသနာအကျိုး ကိုယ်စီပိုးလျက် အေးချမ်းသော အရပ်ဒေသ ဖြစ်ပါကုန်၏။ မကြာမီကျင်းပရန်ရှိသော " ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ" လည်း အောင်ပါစေ။ အောင်ပါစေ။

သက်ထွေးအောင်
(၈-၆-၂၀၁၃)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...