ဘီဘီစီ ။ ။ တပ်မတော်နေ့အခမ်းအနားလုပ်တု န်းက စစ်ဗိုလ်ချုပ်တွေနဲ့အတူ ထိုင်နေတဲ့ထဲမှာ ဒေါ်စုလည်း ပါခဲ့တယ်နော် ။ တိုင်းပြည်ရဲ့အနာဂတ်မှာ စစ်တပ်ရဲ့ ကဏ္ဍကို ဒေါ်စု ဘယ်လိုမြင်လဲ ။ သမ္မတက ပြောသွားဖူးနော် .... တိုင်းပြည်ရဲ့အနာဂတ်မှာ စစ်တပ်ဟာ ထူးထူးခြားခြားနေရာတစ်ခု ( special place ) ရနေလိမ့်ဦးမယ် ဆိုပြီးတော့လေ ။
ဒေါ်စု ။ ။ ကျမအနေနဲ့ စစ်တပ်ကို ပြည်သူလူထုရဲ့အသည်းနှလုံးထဲ မှာ ထူးထူးခြားခြား နေရာတစ်ခု ရစေချင်ပါတယ် ။ ဆိုလိုတာက စွမ်းရည်ပြည့်ဝကျွမ်းကျင်တဲ့  ၊ ဂုဏ်ရှိတဲ့ စစ်တပ်အနေနဲ့ တိုင်းပြည် နဲ့ ပြည်သူကို ကာကွယ်မယ့် နေရာက ရှိနေစေချင်ပါတယ် ။ ၁၉၄၈ အစောပိုင်းမှာ ကျမ ဖေဖေ တပ်မတော်ကို စတင်တည်ထောင်ခဲ့တုန်းက မျှော်လင့်ခဲ့တဲ့ ပုံစံမျိုးပါ ။
ဘီဘီစီ ။ ။ ဒါဆို အဲဒီလို အပြောင်းအလဲမျိုး ဖြစ်လာနိုင်တယ်ပေါ့ ။
ဒေါ်စု ။ ။ ဒါပေါ့ ။ ကျမတို့သာ လေးလေးနက်နက်လုပ်မယ် ၊ အမှန်တကယ် အလိုရှိမယ်ဆိုရင် အပြောင်းအလဲဆိုတာ အမြဲဖြစ်နိုင်ပါတယ် ။ တပ်မတော်သားတွေအများစုဟာ ကျမတို့အားလုံးလိုဘဲ တိုင်းပြည်ကို ချစ်ကြတယ်လို့ ကျမလုံးဝယုံကြည်ပါတယ် ။ မျိုးချစ်စိတ်ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းအတွက်သီးသန့်သတ်မှတ်ထားတာ မဟုတ်ပါဘူး ။ လူ့အဖွဲ့အစည်းရဲ့ ဘယ်အပိုင်းမှာမှ ရှိရမယ်လို့လည်း မသတ်မှတ်ထားပါဘူး ။ မျိုးချစ်စိတ်ဆိုတာ ကျမတို့အားလုံးနဲ့ ဆိုင်ပါတယ် ။ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ဘယ်အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍဟာ ဘာဆိုတာကို ကျမတို့အားလုံး သဘောတူညီထားဖို့လိုပါတယ် ။
ဘီဘီစီ ။ ။ ဒေါ်စုနဲ့အနီးကပ်နေသူတွေကြား ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာကိုရော ဒေါ်စုအနေနဲ့ ဘာများပြောချင်ပါသလဲ ။ NLD အကြီးပိုင်းတစ်ယောက်က ပြောတယ် '' ဒေါ်စုဟာ စစ်တပ်ကို စည်းရုံးနိုင်မယ် ၊ ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်မယ်လို့ ထင်နေတယ် '' တဲ့ ။
ဒေါ်စု ။ ။ စစ်ခေါင်းဆောင် အားလုံးကို စည်းရုံးနိုင်လိမ့်မယ်လို့ ကျမမထင်ပါဘူး ။ ကျမဘက်မှာရှိတယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်အားလုံးကိုတောင် စည်းရုံးနိုင်တာမှ မဟုတ်တာ ။ ဒီတော့ ကျမက စစ်ခေါင်းဆောင် အားလုံးကိုစည်းရုံးနိုင်လိမ့်မယ်ဆိုတာတော့ ကိုယ့်ဆန္ဒအတိုင်း အတင်းဖြစ်ရမယ်ဆိုပြီး ယုံကြည်ချက်လွန်ကဲနေတာမျိုး ( wishful thinking ) နဲ့ တူသွားမှာပေါ့။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကောင်းကျိုးအတွက် ကျမတို့အားလုံး ပူးပေါင်းလုပ်မှ ရမယ် ဆိုတာကိုတော့ စစ်ခေါင်းဆောင်တွေ နားလည်အောင် ကျမ ရယ်လို့မှ မဟုတ်ပါဘူး ၊ ပြည်သူအများစုက စည်းရုံးနိုင်လိမ့်မယ်လို့ ကျမထင်ပါတယ် ။ ဒီလိုဖြစ်ဖို့ဆိုတာ လေးစားထိုက်ပြီး အရည်အသွေးအသွေးပြည့်ဝတဲ့ တပ်မတော် ၊ ပြည်သူ့အသည်းနှလုံးထဲမှာ တကယ်နေရာရတဲ့ တပ်မတော် ဖြစ်ဖို့လိုပါတယ် ။
ဒေါ်စု ။ ။ ကျမအနေနဲ့ စစ်တပ်ကို ပြည်သူလူထုရဲ့အသည်းနှလုံးထဲ
ဘီဘီစီ ။ ။ ဒါဆို အဲဒီလို အပြောင်းအလဲမျိုး ဖြစ်လာနိုင်တယ်ပေါ့ ။
ဒေါ်စု ။ ။ ဒါပေါ့ ။ ကျမတို့သာ လေးလေးနက်နက်လုပ်မယ် ၊ အမှန်တကယ် အလိုရှိမယ်ဆိုရင် အပြောင်းအလဲဆိုတာ အမြဲဖြစ်နိုင်ပါတယ် ။ တပ်မတော်သားတွေအများစုဟာ ကျမတို့အားလုံးလိုဘဲ တိုင်းပြည်ကို ချစ်ကြတယ်လို့ ကျမလုံးဝယုံကြည်ပါတယ် ။ မျိုးချစ်စိတ်ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းအတွက်သီ
ဘီဘီစီ ။ ။ ဒေါ်စုနဲ့အနီးကပ်နေသူတွေကြား
ဒေါ်စု ။ ။ စစ်ခေါင်းဆောင် အားလုံးကို စည်းရုံးနိုင်လိမ့်မယ်လို့ ကျမမထင်ပါဘူး ။ ကျမဘက်မှာရှိတယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်အားလံ