CHECK!!!!! ပွဲပြီးပြီလား…………….
ဘုရင်မကို ချုပ်ထားပြီ၊ ဘုရင်မကို ခဏလွှတ်ပေးဖို့လုပ်လိုက်တယ်။ ဘုရင်မက နေရာမရွှေ့။
အနောက်အုပ်စုဟာ ကိုယ့်ဖက်ပါလာဖို့ ခပ်ကြမ်းကြမ်းလေး SANCTION နဲ့ ဆွဲတယ်။
ဒါပေမဲ့ တရုတ်ဖက်ကို တွန်းပို့ သလိုဖြစ်သွားတယ်။
ဒါဟာ တရုတ်အတွက် အခွင့်ကောင်း။
စစ်အစိုးရကို တရုတ်ချစ်တယ်လို့ ထင်ကြတယ်။ စစ်ခေါင်းဆောင်တွေက သူတို့ ရဲဘော်ရဲဘက်တွေကျဆုံးခဲ့တာ၊ တိုင်းပြည် စစ်ပွဲကြာရှည်ခဲ့တာ တရုတ်ကွန်မြူနစ်တွေနဲ့ အများကြီးဆိုင်တယ်ဆိုတာ အသက်နဲ့ရင်းပြီး သိထားခဲ့တယ်။
ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာမရှိဘူး။ ဒါကြောင့်ဘဲ အမြဲတမ်းမိတ်ဆွေ/အမြဲတမ်းရန်သူဆိုတာ မရှိဘူးလို့ နှလုံးသွင်းပြီး သတိကြီးကြီးနဲ့ ဆက်ဆံလာခဲ့တယ်။ တရုတ်အပေါ် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ အကြာကြီးမှီခိုလာပြီးနောက်ပိုင်း တရုတ်ရဲ့ ခေတ်သစ်ကိုလိုနီ စနစ်ဒဏ်ကို ကောင်းကောင်းကြီးခံနေရပြီးဆိုတာသိလာခဲ့တယ်။
ဒါကြောင့်ဘဲ မိမိကိုယ်ကို အားကိုးရေး၊ စစ်လက်နက်၊ လူသုံးကုန်၊ စက်ကိရိယာတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အစဉ်နည်းလမ်းတွေရှာခဲ့ရာမှာ အနောက်အုပ်စုနဲ့ကင်းလွတ်တဲ့ ရုရှားကို ချဉ်းကပ်ခဲ့တယ်။ ရုရှားကို ပညာတော်သင်တွေ စေလွှတ်ခဲ့တယ်။ မိမိနိုင်ငံအတွင်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။
တရုတ်အပေါ်အားကိုးလွန်းသော ပေါ်လစီကို လျော့ချဖို့ နိုင်ငံပေါင်းစုံ ချဉ်းကပ်ရာမှာ ယူဂို၊ ရုရှား၊ အရှေ့အလယ်ပိုင်း သာမက မြောက်ကိုရီးယားနဲ့ပါ အဆက်အသွယ် ပြုလုပ်ခဲ့တယ်။
စစ်လက်နက် ရရှိဖို့ ယူဂို၊ ရုရှားတို့ထံ ဆက်သွယ်ရပေမယ့် တန်ဖိုးမြင့်မားခြင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာမလုံလောက်မှု အကြပ်အတည်းနဲ့ တွေ့တယ်။
နိုင်ငံခြားငွေ အခက်အခဲ ဖြေရှင်းဖို့ FEC စနစ်ပြုလုပ်ခြင်း၊ အနောက်အုပ်စု ဒါဏ်ခက်ထားတဲ့ အီရတ်တို့နဲ့ ဆန်စပါးအရောင်းအဝယ်တွေလုပ်တယ်။ သူတို့မှာ ရွေးခြယ်စရာ များများစားစားမရှိ။
တတိယ ခြေလှမ်းတစ်ခုအနေနဲ့ စီးပွားရေးအရရော ကာကွယ်ရေးအရပါ အဆင်ပြေစေမဲ့ နိုင်ငံကိုရှာဖွေရာမှာ
အနောက်အုပ်စုတွေ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ထားတဲ့ မြောက်ကိုရီးယာကို ဆက်သွယ်ဖြစ်ခဲ့တယ်။ စွန့်စားမှု အကြီးဆုံးပေမဲ့ ရွေးခြယ်စရာမရှိဘူး။ ပိတ်ဆို့ခံထားရပြီး နိုင်ငံတကာဆက်ဆံရေး ပိုမိုထိခိုက်သွားနိုင်တယ် ဆိုပေမဲ့ ဒါဟာ စစ်အစိုးရရဲ့ ထွက်ပေါက်ဖြစ်သလို ယနေ့ခေတ် အပြောင်းအလဲတွေရဲ့ လမ်းစလည်းဖြစ်တယ်။ အစာရေစာ ရှားပါးနေတဲ့ မြောက်တွေနဲ့ ကိုယ်စားရမဲ့ထဲက ဆန်စပါး/စားသောက်ကုန်တွေနဲ့ စစ်လက်နက်၊ ကုန်ထုတ်လုပ်မှု ယန္တယားတွေကို လဲလှယ်ယူဖို့ ကြိုးပမ်းခဲ့တယ်။ ဖြစ်လာနိုင်ခြေနည်းပေမဲ့ ရုရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်တို့နဲ့ အဆက်အသွယ်ရှိတဲ့ မြန်မာအစိုးရရဲ့ နူကလီးယာဒဏ္ဍာရီက အနောက်အုပ်စုကို လှန့်နိုးလိုက်ပါတော့တယ်။
တိုင်းပြည်ရဲ့ စစ်အင်အားတည်ဆောက်မှုတစ်ခုတည်းသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သဘောပေါက်တယ်။ လမ်းပန်းဆက်သွယ်ရေး၊ စက်ရုံအလုပ်ရုံ၊ ဆည်မြောင်းတာတမံတွေ၊ မြို့ပြတည်ဆောက်မှုတွေ မလုပ်မဖြစ်လုပ်ရမယ်။ ဒါမှ တိုင်းပြည်ရေရှည်တည်ငြိမ်မယ်။ ဒီအတွက် နိုင်ငံခြားငွေအမြောက်အမြားလိုတာကို အစိုးရကိုယ်တိုင် ပြည်သူထဲမှာရှိတဲ့ နိုင်ငံခြားငွေကို နည်းပေါင်းစုံနဲ့ ဝယ်ခဲ့တယ်။ ဒါကြောင့် ငွေကြေးဈေးကွက်ပျက်သွားပြီး ကုန်ဈေးနှုန်းတွေ အဆမတန် တက်ခဲ့တယ်။
အစိုးရဟာ နောက်ထပ်နည်းလမ်း အမှားတစ်ကို ဆက်လက် ကျူးလွန်ခဲ့တယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ရာမှာ ငွေကြေးအစား ပါပစ်ချပေးခြင်း၊ လုပ်ကိုင်ခွင့်ပေါင်းစုံ ချပေခြင်းနဲ့ ဖြေရှင်းတယ်။ လုပ်ငန်းရှင်တွေဟာ အစိုးရကို လိုအပ်တာတွေ တည်ဆောက်ပေးဖို့၊ ပြည်ပက ကုန်ပစ္စည်းတွေတင်သွင်းဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကို နည်းပေါင်းစုံနဲ့ ရှာပါတယ်။ အမြတ်ရအောင်နည်းပေါင်းစုံနဲ့ ကြံစည်ကြတဲ့အခါ ပြည်တွင်းကုန်ဈေးနှုန်းတွေ အဆမတန် တက်လာပါတော့တယ်။ ဒီလိုနဲ့ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် အဆက်အသွယ်ပြုရာကနေ ခရိုနီစနစ် ပိုမိုကြီးထွားလာခြင်း၊ အဂတိလိုက်စားမှု ပိုမိုအားကောင်းလာခြင်း၊ ပြည်သူများ ပိုမို ဆင်းရဲ ကြပ်တည်းခြင်းတွေ ဖြစ်စေပါတော့တယ်။ တဖြည်းဖြည်းနဲ့ မြန်မာပြည်ကြီးဟာ သစ်တောတွေပြုန်း၊ ချိုင့်ဝမ်းတွေဖြစ်၊ မြစ်တွေကော ဖုံးဆိုးမြေသာသာဖြစ်သွားပြီး ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေ ခါးသီးကြပ်တည်းကုန်ပါတော့တယ်။
နောက်ထပ်အကြပ်အတည်း ဖြေရှင်းရေးလမ်းစဉ်အဖြစ် အိမ်နီးချင်းနိုင်ငံများထံ ငွေချေးခြင်းလုပ်ငန်းစဉ်များကိုစတင်ခဲ့ပါတယ်။ စစ်အစိုးရအုပ်ချုပ်နေခြင်း၊ နိုင်ငံရေးတည်ငြိမ်မှု အာမခံချက် ကောင်းကောင်းမပေးနိုင်ခြင်း၊ စီးပွားရေးချွတ်ခြုံကျနေခြင်းကြောင့် အတိုးနှုန်းကြီးမြင့်ခြင်းသာမက ချေးငွေကို ငွေသားအစား အသုံးမဝင်၊ ခေတ်မမီတော့သည့် ကုန်ထုတ်လုပ်မှုစက်ယန္တယားများဖြင့် ရယူခဲ့ရပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ခေတ်နောက်ကျသော မီးရထားများ၊ ထုတ်လုပ်မှုစွမ်းရည်နိမ့်သော စက်ရုံများနှင့် စိတ်ဓာတ်ကျဆင်းနေသော ဝန်ထမ်းများသာ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ အလုပ်အကိုင်အသစ်များဖန်တီးနိုင်ရေး၊ ပြည်ပသွင်းကုန်မှီခိုမှုလျော့ချရေး ရည်ရွယ်တည်ထောင်ခဲ့သော စက်ရုံအလုပ်ရုံများဟာ မူလတည်းက အရည်အသွေး ညံ့ဖျင်းသော ကုန်ထုတ်ယန္တယားမျာနှင့်အတူ စီမံခန့်ခွဲညံ့ဖျင်းခြင်း၊ ဝန်ထမ်းများစိတ်ဓာတ်ကျဆင်းခြင်းတို့ကြောင့် ဈေးကွက်မဝင် ရောင်းမကုန်သည့် ကုန်ချောများ၊ ထပ်မံမထုတ်လုပ်သင့်၍ ရပ်ဆိုင်းထားသည့် ကုန်ကြမ်းများ တောင်ပုံရာပုံဖြင့် ကြွေးထူပြီး အရူးမီးဝိုင်း ဖြစ်သွားပါတော့သည်။
စစ်အစိုးရ သက်တမ်းရှည်စေပြီး တိုင်းပြည်နစ်နာစေခဲ့သော သယံဇာတတွင်းထွက်များ၊ ကမ်းလွန်/ကုန်းတွင်း ရေနံတွင်းများ အကြောင်းအရှည်မရေးလိုပြီ။
အနောက်အုပ်စုသည် ဘုရင်မကို ချကြွေးပြီး SANCTION များဖြင့် အကြိမ်ကြိမ် CHECK လုပ်သည်။
စစ်အစိုးရက အပိုင်ချုပ်ထားသည်။ တရုတ်များကို အမာခံထား၍ အနောက်အုပ်စု လွတ်သည့်နိုင်ငံများနှင့် အဆက်အသွယ် ပြုလုပ်သည်။ အာဆီယံနှင့် လှမ်းထောက်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို နည်းပေါင်းစုံဖြင့် တည်ဆောက်ထားသည်။ အတိုက်အခံပါတီကို အပိုင်ချုပ်ထားပြီး ရသလောက်ရုန်းဖို့ ကြိုးစားသည်။ တဖြည်းဖြည်း ကိုယ်လဲ နစ်မှန်းမသိ နစ်လာကြောင်း သူတို့ကောင်းကောင်းကြီးသိသည်။ နောက်ပြန်လှဲ့လို့မရတော့။ အချို့အရာတွေက အမှားကြီးမှားခဲ့ပြီ။ သူတို့မှာ ဒီ့ထက်ရွေးခြယ်စရာများများ မရှိတော့ပြီ။
အခက်အခဲပေါင်းစုံကြားက ရုန်းကန်နေရသည်မို့ ပြည်သူ့ အခွန်ဘဏ္ဍာအပေါ်က တိုက်ရိုက်မမှီခိုနိုင်၊ ပြည်သူများမှာလည်း အတော်ကြပ်တည်းနေပြီ၊ အခွန်ထပ်ဆင့်လိုက်က ပေါက်ကွဲတော့မည်။ ကြာတော့ စကားလုံးအမှားများကို ထပ်မံကျူးလွန်သည်။ လမ်းဖောက်/တံတားဆောက်မှုမှ အစ ဝန်ထမ်းခွင့်ရက်ရှည် ပိတ်ပေးသည်ကိုပင် "နိုင်ငံတော်၏ စေတနာ" ဟုသုံးစွဲခေါ်ဝေါ်ခဲ့သည်။ (စကားချပ်။ ။ မလုပ်ပေးလဲရတယ် ဟူသည့်သဘော)
နိုင်ငံရေးပေါက်ကွဲမှု မဖြစ်အောင် နည်းပေါင်းစုံဖြင့် ထိန်းသိမ်းရာမှာ ရာထူးအဆင့်အလိုက် အခွင့်အရေးလေးများ ပေးထားသည်။ ကားပါမစ်၊ ဖုန်းပါမစ်၊ စားအုန်းဆီ ပါမစ်အဆုံး၊ အောက်ဆုံး ဝန်ထမ်းများအတွက် ကြံရာမရ သင်္ကြန် ဆယ်ရက်ပိတ်ခါ နိုင်ငံတော်၏ စေတနာကို ပြသလိုက်ပါတော့သည်။
တကယ်တော့ အတိုက်အခံများသည် စစ်အစိုးရကိုလျော့တွက်လွန်းသည်။အမြင်မရှိကြ၍လား မသိ။ ဒဲ့တိုက်ဖို့ ကြံသည်။ တပ်မတော်ဖြိုခွဲနိုင်လျင် အောင်ပြီဟုလည်း ထင်ကြသည်။ အရာရှိ/စစ်သည်အားလုံးအား စိတ်ဓာတ်စစ်ဆင်ရေး နည်းဖြင့် ပြိုကွဲအောင်လုပ်နိုင်မည်။ အနာကို ဆွလျင် ရသည်ဟုထင်သည်။ နစ်နစ်နာနာ ခေါ်ဝေါသမုတ်လျင် ကျဆုံးမည်ထင်သည်။ စစ်သားအားလုံး ဦးနှောက်မရှိလေသယောင် အပြစ်တင်သည်။
တပ်မတော်သား တော်တော်များများသည် ခေတ်စနစ်ဆိုးဒဏ်ကို ပြည်သူတွေနှင့်အတူ ခံကြရသည်။ သူတို့သည် ပြည်သူထဲက ပေါက်ဖွားလာသူများဖြစ်ပြီး လူသားဆန်သော အတွေးများရှိကြသည်။ စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ဆောင်ချက်အချို့ကို မနှစ်မြို့သော်လည်း သူတို့မှာ ရွေးချယ်ပိုင်ခွင့်မရှိ။ အကြောက်တရားလည်းရှိသည်။ သူတို့အများစု သစ္စာခံသည်က အထက်လူကြီးမဟုတ်။ တိုင်းပြည်မပြိုကွဲရေးပင်။ သူတို့ တစ်ဖက်ယိမ်းသွားလျင် သူတို့ယနေ့ခံစားနေရသည့် ဒုက္ခထက် ပိုမိုဆိုးဝါးမည့် တိုင်းပြည်ဖြစ်မည်ဟု သူတို့ အခိုင်အမာယုံကြည်ထားသည်။ စစ်အုပ်ချုပ်မှုကို မကြိုက်သော်လည်း အတိုက်အခံအင်အားစုများကို အလုံးစုံ မယုံကြည်နိုင်သည်က တစ်ကြောင်း၊ အားကိုးလောက်သည်ဟု မထင်မြင်သည်က တစ်ကြောင်း၊ အတိုက်အခံအချင်းချင်း မစည်းလုံးသည်က တစ်ကြောင်း၊ အားနည်းချက်များအထူးမဖော်ထုတ်လိုပြီ။ ကိုယ့်အကြောင်း ကိုယ် သိကြပါကုန်။ သူတို့လည်း အကြပ်အတည်းကြားရောက်နေသည်။ ဆူပူမှုတွေဖြစ်လာသည့်အခါ၊ တိုင်းပြည်မငြိမ်မသက်ရိပ်တွေပြလာသည့်အခါ လက်ထဲ တင်းတင်းဆုပ်ကိုင်ထားသော သေနတ်ပြောင်းများသည် မည်သူ့ထံ လှည့်ရပါမည်နည်း။ သူတို့လည်း သူများရိုက်ရ၍၊ သတ်ရ၍ ပျော်ရွှင်နေသည့် သတ္တဝါများမဟုတ်။
ယခု ကစားကွက်တွေ ရွေ့နေပြီိဖြစ်သည်။ ဒါကိုပင် အပြောင်းအလဲဟုဆိုကြသည်။ စစ်အစိုးရက ဘုရင်မကို လွှတ်ပေးလိုက်သည်။ အနောက်အုပ်စုက CHECK MAKE လုပ်နေသေးသည်ဟု ယူဆသည်။ ကျွန်တော်တို့ မမြင်သေး။ ဘာသာရေးသဏ္ဍန် အထိကရုန်းများက တစ်မြို့ပြီးတစ်မြို့ ပြန့်နှံ့နေရာ မလေးရှားနိုင်ငံထိပါ ဖြန့်ကျက်နေရာယူနေသည်။ တရုပ်လည်း သူ့နည်းသူ့ဟန် CHECK MAKE လုပ်ဖို့ ပြင်ဆင်နေပါလိမ့်မည်။ ဘုရင်မနိုင်ရုံဖြင့် ပွဲသိမ်းမည်မထင်။ ဘုရင်မကျသွားရင် တစ်ဖက်ဖက်က ပွန်းတွေတက်လာပြီး ပါဝါကြီးသည့် အကောင်တစ်ကောင်ဖြစ်အောင် လုပ်ပေလိမ့်မည်။ ပွန်းလေးတွေ တရွေ့ရွေ့ ချီတက်ကြလေသည်။ ဘိရှော့များဖြင့်လည်း ပလေးနေသည်။ မြင်းများလည်း ခုန်နေပြီ။ အက်ကွက်တော့ မနင်းရသေး။ ကျွန်တော့်တို့ "မအ" ဖို့တော့ လိုပါသည်။
မှတ်ချက်။ ။
ဖြတ်သန်းလာသော ဘဝတစ်လျောက် တွေ့/မြင်သမျှအခြေခံသည့် မိမိ အယူအဆများကို တင်ပြခြင်းဖြစ်ပါသည်။ အနောက်အုပ်စု၏ အလုံးစုံ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာသည်ကို ကြိုဆိုပါသည်။ မတည်ငြိမ်သည့်နေရာမှာ သူတို့ မြှုပ်နှံမည် မဟုတ်ဟု ယူဆပါသည်။ ဂုတ်သွေး အစုပ်မခံရဖို့ ကျွန်တော်တို့၏ ကာယ/ဥာဏအားကိုသာ အရင်းတည်ရပါတော့မည်။
ဘုရင်မကို ချုပ်ထားပြီ၊ ဘုရင်မကို ခဏလွှတ်ပေးဖို့လုပ်လိုက်တယ်။ ဘုရင်မက နေရာမရွှေ့။
အနောက်အုပ်စုဟာ ကိုယ့်ဖက်ပါလာဖို့ ခပ်ကြမ်းကြမ်းလေး SANCTION နဲ့ ဆွဲတယ်။
ဒါပေမဲ့ တရုတ်ဖက်ကို တွန်းပို့ သလိုဖြစ်သွားတယ်။
ဒါဟာ တရုတ်အတွက် အခွင့်ကောင်း။
စစ်အစိုးရကို တရုတ်ချစ်တယ်လို့ ထင်ကြတယ်။ စစ်ခေါင်းဆောင်တွေက သူတို့ ရဲဘော်ရဲဘက်တွေကျဆုံးခဲ့တာ၊ တိုင်းပြည် စစ်ပွဲကြာရှည်ခဲ့တာ တရုတ်ကွန်မြူနစ်တွေနဲ့ အများကြီးဆိုင်တယ်ဆိုတာ အသက်နဲ့ရင်းပြီး သိထားခဲ့တယ်။
ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာမရှိဘူး။ ဒါကြောင့်ဘဲ အမြဲတမ်းမိတ်ဆွေ/
ဒါကြောင့်ဘဲ မိမိကိုယ်ကို အားကိုးရေး၊ စစ်လက်နက်၊ လူသုံးကုန်၊ စက်ကိရိယာတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အစဉ်နည်းလမ်းတွေရှာခဲ့ရာမှာ အနောက်အုပ်စုနဲ့ကင်းလွတ်တဲ့ ရုရှားကို ချဉ်းကပ်ခဲ့တယ်။ ရုရှားကို ပညာတော်သင်တွေ စေလွှတ်ခဲ့တယ်။ မိမိနိုင်ငံအတွင်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့တယ်။
တရုတ်အပေါ်အားကိုးလွန်းသော ပေါ်လစီကို လျော့ချဖို့ နိုင်ငံပေါင်းစုံ ချဉ်းကပ်ရာမှာ ယူဂို၊ ရုရှား၊ အရှေ့အလယ်ပိုင်း သာမက မြောက်ကိုရီးယားနဲ့ပါ အဆက်အသွယ် ပြုလုပ်ခဲ့တယ်။
စစ်လက်နက် ရရှိဖို့ ယူဂို၊ ရုရှားတို့ထံ ဆက်သွယ်ရပေမယ့် တန်ဖိုးမြင့်မားခြင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာမလုံလောက်မှု အကြပ်အတည်းနဲ့ တွေ့တယ်။
နိုင်ငံခြားငွေ အခက်အခဲ ဖြေရှင်းဖို့ FEC စနစ်ပြုလုပ်ခြင်း၊ အနောက်အုပ်စု ဒါဏ်ခက်ထားတဲ့ အီရတ်တို့နဲ့ ဆန်စပါးအရောင်းအဝယ်တွေလုပ်တယ်။ သူတို့မှာ ရွေးခြယ်စရာ များများစားစားမရှိ။
တတိယ ခြေလှမ်းတစ်ခုအနေနဲ့ စီးပွားရေးအရရော ကာကွယ်ရေးအရပါ အဆင်ပြေစေမဲ့ နိုင်ငံကိုရှာဖွေရာမှာ
အနောက်အုပ်စုတွေ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ထားတဲ့ မြောက်ကိုရီးယာကို ဆက်သွယ်ဖြစ်ခဲ့တယ်။ စွန့်စားမှု အကြီးဆုံးပေမဲ့ ရွေးခြယ်စရာမရှိဘူး။ ပိတ်ဆို့ခံထားရပြီး နိုင်ငံတကာဆက်ဆံရေး ပိုမိုထိခိုက်သွားနိုင်တယ် ဆိုပေမဲ့ ဒါဟာ စစ်အစိုးရရဲ့ ထွက်ပေါက်ဖြစ်သလို ယနေ့ခေတ် အပြောင်းအလဲတွေရဲ့ လမ်းစလည်းဖြစ်တယ်။ အစာရေစာ ရှားပါးနေတဲ့ မြောက်တွေနဲ့ ကိုယ်စားရမဲ့ထဲက ဆန်စပါး/စားသောက်ကုန်တွေနဲ့ စစ်လက်နက်၊ ကုန်ထုတ်လုပ်မှု ယန္တယားတွေကို လဲလှယ်ယူဖို့ ကြိုးပမ်းခဲ့တယ်။ ဖြစ်လာနိုင်ခြေနည်းပေမဲ့ ရုရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်တို့နဲ့ အဆက်အသွယ်ရှိတဲ့ မြန်မာအစိုးရရဲ့ နူကလီးယာဒဏ္ဍာရီက အနောက်အုပ်စုကို လှန့်နိုးလိုက်ပါတော့တယ်။
တိုင်းပြည်ရဲ့ စစ်အင်အားတည်ဆောက်မှုတစ်ခုတည်းသာ
အစိုးရဟာ နောက်ထပ်နည်းလမ်း အမှားတစ်ကို ဆက်လက် ကျူးလွန်ခဲ့တယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ရာမှာ ငွေကြေးအစား ပါပစ်ချပေးခြင်း၊ လုပ်ကိုင်ခွင့်ပေါင်းစုံ ချပေခြင်းနဲ့ ဖြေရှင်းတယ်။ လုပ်ငန်းရှင်တွေဟာ အစိုးရကို လိုအပ်တာတွေ တည်ဆောက်ပေးဖို့၊ ပြည်ပက ကုန်ပစ္စည်းတွေတင်သွင်းဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကို နည်းပေါင်းစုံနဲ့ ရှာပါတယ်။ အမြတ်ရအောင်နည်းပေါင်းစုံနဲ့ ကြံစည်ကြတဲ့အခါ ပြည်တွင်းကုန်ဈေးနှုန်းတွေ အဆမတန် တက်လာပါတော့တယ်။ ဒီလိုနဲ့ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် အဆက်အသွယ်ပြုရာကနေ ခရိုနီစနစ် ပိုမိုကြီးထွားလာခြင်း၊ အဂတိလိုက်စားမှု ပိုမိုအားကောင်းလာခြင်း၊ ပြည်သူများ ပိုမို ဆင်းရဲ ကြပ်တည်းခြင်းတွေ ဖြစ်စေပါတော့တယ်။ တဖြည်းဖြည်းနဲ့ မြန်မာပြည်ကြီးဟာ သစ်တောတွေပြုန်း၊ ချိုင့်ဝမ်းတွေဖြစ်၊ မြစ်တွေကော ဖုံးဆိုးမြေသာသာဖြစ်သွားပြီး ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေ ခါးသီးကြပ်တည်းကုန်ပါတော့တယ်။
နောက်ထပ်အကြပ်အတည်း ဖြေရှင်းရေးလမ်းစဉ်အဖြစ် အိမ်နီးချင်းနိုင်ငံများထံ ငွေချေးခြင်းလုပ်ငန်းစဉ်များကို
စစ်အစိုးရ သက်တမ်းရှည်စေပြီး တိုင်းပြည်နစ်နာစေခဲ့သော သယံဇာတတွင်းထွက်များ၊ ကမ်းလွန်/ကုန်းတွင်း ရေနံတွင်းများ အကြောင်းအရှည်မရေးလိုပြီ။
အနောက်အုပ်စုသည် ဘုရင်မကို ချကြွေးပြီး SANCTION များဖြင့် အကြိမ်ကြိမ် CHECK လုပ်သည်။
စစ်အစိုးရက အပိုင်ချုပ်ထားသည်။ တရုတ်များကို အမာခံထား၍ အနောက်အုပ်စု လွတ်သည့်နိုင်ငံများနှင့် အဆက်အသွယ် ပြုလုပ်သည်။ အာဆီယံနှင့် လှမ်းထောက်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို နည်းပေါင်းစုံဖြင့် တည်ဆောက်ထားသည်။ အတိုက်အခံပါတီကို အပိုင်ချုပ်ထားပြီး ရသလောက်ရုန်းဖို့ ကြိုးစားသည်။ တဖြည်းဖြည်း ကိုယ်လဲ နစ်မှန်းမသိ နစ်လာကြောင်း သူတို့ကောင်းကောင်းကြီးသိသည်။ နောက်ပြန်လှဲ့လို့မရတော့။ အချို့အရာတွေက အမှားကြီးမှားခဲ့ပြီ။ သူတို့မှာ ဒီ့ထက်ရွေးခြယ်စရာများများ မရှိတော့ပြီ။
အခက်အခဲပေါင်းစုံကြားက ရုန်းကန်နေရသည်မို့ ပြည်သူ့ အခွန်ဘဏ္ဍာအပေါ်က တိုက်ရိုက်မမှီခိုနိုင်၊ ပြည်သူများမှာလည်း အတော်ကြပ်တည်းနေပြီ၊ အခွန်ထပ်ဆင့်လိုက်က ပေါက်ကွဲတော့မည်။ ကြာတော့ စကားလုံးအမှားများကို ထပ်မံကျူးလွန်သည်။ လမ်းဖောက်/တံတားဆောက်မှုမှ အစ ဝန်ထမ်းခွင့်ရက်ရှည် ပိတ်ပေးသည်ကိုပင် "နိုင်ငံတော်၏ စေတနာ" ဟုသုံးစွဲခေါ်ဝေါ်ခဲ့သည်။ (စကားချပ်။ ။ မလုပ်ပေးလဲရတယ် ဟူသည့်သဘော)
နိုင်ငံရေးပေါက်ကွဲမှု မဖြစ်အောင် နည်းပေါင်းစုံဖြင့် ထိန်းသိမ်းရာမှာ ရာထူးအဆင့်အလိုက် အခွင့်အရေးလေးများ ပေးထားသည်။ ကားပါမစ်၊ ဖုန်းပါမစ်၊ စားအုန်းဆီ ပါမစ်အဆုံး၊ အောက်ဆုံး ဝန်ထမ်းများအတွက် ကြံရာမရ သင်္ကြန် ဆယ်ရက်ပိတ်ခါ နိုင်ငံတော်၏ စေတနာကို ပြသလိုက်ပါတော့သည်။
တကယ်တော့ အတိုက်အခံများသည် စစ်အစိုးရကိုလျော့တွက်လွန်းသည်။
တပ်မတော်သား တော်တော်များများသည် ခေတ်စနစ်ဆိုးဒဏ်ကို ပြည်သူတွေနှင့်အတူ ခံကြရသည်။ သူတို့သည် ပြည်သူထဲက ပေါက်ဖွားလာသူများဖြစ်ပြီး လူသားဆန်သော အတွေးများရှိကြသည်။ စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ဆောင်ချက်အချို့ကို မနှစ်မြို့သော်လည်း သူတို့မှာ ရွေးချယ်ပိုင်ခွင့်မရှိ။ အကြောက်တရားလည်းရှိသည်။ သူတို့အများစု သစ္စာခံသည်က အထက်လူကြီးမဟုတ်။ တိုင်းပြည်မပြိုကွဲရေးပင်။ သူတို့ တစ်ဖက်ယိမ်းသွားလျင် သူတို့ယနေ့ခံစားနေရသည့် ဒုက္ခထက် ပိုမိုဆိုးဝါးမည့် တိုင်းပြည်ဖြစ်မည်ဟု သူတို့ အခိုင်အမာယုံကြည်ထားသည်။ စစ်အုပ်ချုပ်မှုကို မကြိုက်သော်လည်း အတိုက်အခံအင်အားစုများကို အလုံးစုံ မယုံကြည်နိုင်သည်က တစ်ကြောင်း၊ အားကိုးလောက်သည်ဟု မထင်မြင်သည်က တစ်ကြောင်း၊ အတိုက်အခံအချင်းချင်း မစည်းလုံးသည်က တစ်ကြောင်း၊ အားနည်းချက်များအထူးမဖော်ထုတ်လိ