မွေးနေ့
ဘ၀ဆိုတာ အမှတ်တရလေးတွေ ပေါင်းစုထားတဲ့ အရာတစ်ခုပါပဲ။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေ၊ ပြိုင်ဘက်တွေ၊ ရန်သူတွေ၊ ရောက်ဖူးသွားဖူးတဲ့နေရာတွေ၊ ပိုင်ဆိုင်ခဲ့ဖူးတာတွေ၊ ဆုံးရှုံးလိုက်ရတာတွေ၊ အောင်မြင်မှုတွေ၊ သင်ခန်းစာတွေ၊ ဒါတွေအားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေ ဖြစ်လာရပါတယ်။
အဲဒီအမှတ်တရလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတော့ တူပါမယ်။ ဒါပေမဲ့ တော်တော်များများမှာ ရှိနေတတ်တဲ့ အမှတ်တရတစ်ခုကတော့ ကိုယ် လူ့လောကကြီးထဲကို စပြီး ၀င်ရောက်လာတဲ့နေ့၊ မွေးနေ့ပေါ့။ လူတိုင်းမှာ မွေးနေ့ဆိုတာ ရှိတယ်၊ တချို့ကိုယ့်မွေးနေ့တောင် ကိုယ်မသိပါဘူး ဆိုတဲ့သူတွေ ရှိပေမဲ့ အများစုမှာတော့ ဒီအမှတ်တရလေး ရှိတယ်၊ ရင်အခုန်ဆုံး အထူးခြားဆုံး အမှတ်တရနေ့လေးလည်း ဖြစ်တယ်။ အဲဒီနေ့လေးကို ရောက်တဲ့ခါ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ တခုခုလုပ်တတ်ကြတယ်။ တချို့က အလှူလုပ်တယ်၊ ကောင်းမှုကုသိုလ်ပြုတယ်၊ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့မွေးနေ့မှာ Birthday show လုပ်ပြီး သူ့ပရိသတ်တွေနဲ့ ဆုံတယ်၊ အများစုကတော့ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးတယ်၊ ချစ်တဲ့ခင်တဲ့သူတွေက မွေးနေ့ရှင်ကို အမှတ်တရလက်ဆောင်လေးတွေ ပေးကြတယ်။ ဒါတွေက မွေးနေ့ရဲ့ ထုံးစံတွေပေါ့။
တကယ်တော့ မွေးနေ့မှာ အင်မတန် အရေးကြီးတဲ့ အနှစ်သာရတွေ အဓိပ္ပါယ်တွေ ရည်ရွယ်ချက်တွေ ရှိတယ်၊ အဲ့ဒါတွေ မသိဘဲ မလုပ်လိုက်ရဘဲနဲ့တော့ မွေးနေ့တစ်ခုဟာ ဘယ်လိုမှ မပြီးပြည့်စုံနိုင်ပါဘူး။ မလွတ်လပ်တဲ့ အချုပ်အနှောင်တွေထဲမှာ ကျင်းပနေရတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားဟာ အဓိပ္ပါယ်မရှိသလို၊ ဗိုလ်ချုပ်အောင်ဆန်းနာမည် မပါတဲ့ အာဇာနည်နေ့ဟာလည်း တန်ဖိုးမရှိဘူးပေါ့။ ဒါဆို မွေးနေ့တစ်ခုရဲ့ အနှစ်သာရဟာ ဘာတွေများလဲ။
ပထမဆုံးကတော့ ကျွန်တော်တို့တွေကို လူ့လောကထဲ ရောက်လာအောင် အပင်ပန်းခံ ဒုက္ခဆင်းရဲခံ အသက်နဲ့ရင်းပြီး ခေါ်ဆောင်လာပေးတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို သတိရကြ တုံ့ပြန်ကြဖို့ လိုပါတယ်။
လူ့သဘာဝတစ်ခု ရှိပါတယ်၊ ဆယ်ကြိမ်ဆယ်ခါ ကျေးဇူးပြုခဲ့ဖူးပေမဲ့ တစ်ခါလေး ပျက်ကွက်လိုက်ရုံနဲ့တင် အပြစ်တင်လို့ မဆုံး အငြိုးထားလို့မဆုံး ဖြစ်တတ်ကြပါတယ်။ ဒီစာလေးကို ဖတ်နေတဲ့သူကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါလိမ့်မယ်၊ အဲ့ဒီကြုံရတဲ့အခါမှာလည်း စိတ်ပျက်ဖူးပါလိမ့်မယ်၊ ဒီလိုမျိုး ကိုယ်ကိုယ်တိုင်လက်မခံနိုင်ပါဘူး ဆိုတဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ဟာ ထပ်ခါထပ်ခါ လုပ်မိနေကြပါတယ်။ ဘယ်မှာလဲဆိုတော့ မိဘတွေနဲ့ ပတ်သက်လာရင်ပေါ့။
မွေးကျေးဇူးတစ်ခုတည်းနဲ့တင် ဆပ်လို့မကုန်ပါဘူးဆိုတဲ့ မိဘကျေးဇူးတွေကို တခုခု မှားသွားရုံ၊ အယူအဆချင်း အမြင်ချင်း သဘောထားချင်း မတိုက်ဆိုင်ရုံနဲ့ မေ့ပစ်လိုက်ကြတာ၊ အမေက ငါ့အပေါ် မကောင်းဘူး အဖေက ငါ့ကို မချစ်ဘူးဆိုပြီး စွပ်စွဲပစ်တတ်ကြတာဟာ ကျွန်တော်တို့သားသမီးတွေပါပဲ။ ဒါပေမဲ့ မိဘတွေကတော့ ကျွန်တော်တို့အပေါ် ဘယ်တော့မှ စိတ်ပျက်မသွားပါဘူး။ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင်လို့ လူတွေနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ် မွေးနိုင်ဖို့တောင် ကြိုးစားကြရသေးရင် မိဘတွေနဲ့ပတ်သက်ပြီး ပိုလို့တောင် ကြိုးစားသင့်သေးတာပေါ့။ ဘာလို့ဆိုတော့ ကျွန်တော်တို့မွေးနေ့လေးတွေရဲ့ ဖန်ဆင်းရှင်ဟာ သူတို့နှစ်ဦး ဖြစ်နေလို့ပါပဲ။
နောက်ထပ်တစ်ခုကတော့ ဘာသာရေးယုံကြည်မှုပေါ့။
ကျွန်တော်တို့တွေဟာ ကိုယ့်ဘ၀ကိုယ် မကျေနပ်ကြဘူး။ ကိုယ့်ဒုက္ခကမှ ကြီးတယ်ထင်တယ်။ ကိုယ့်မှာ ဘာတွေရှိလဲ မမြင်ဘူး၊ သူများမှာ ရှိနေတာကိုမှ လိုချင်ကြတယ်။ စိတ်ဆင်းရဲစရာ ကြုံရတဲ့အခါ ဘာလို့ ငါ့ကျမှ ဒါတွေ လာဖြစ်ရတာလဲ ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်အခါခါ မေးမိတတ်ကြတယ်။ ဟုတ်တယ်၊ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘ၀တွေ မတူကြဘူး၊ ဘာလို့လဲ။
ဆရာတော် ဦးဇောတိကရဲ့ ဘ၀ဆိုတဲ့ ကျောင်း စာအုပ်လေးထဲမှာတော့ ဘ၀ဆိုတာကို ကျောင်းနဲ့ ခိုင်းနှိုင်းထားတယ်။ အဲဒီကျောင်းမှာ သွားပြီး သင်ခန်းစာတွေ သွားယူဖို့ပေါ့။ ကျောင်းသွားခါနီး ကလေးတစ်ယောက်ကို လူကြီးက မှာနေ ကြားနေတဲ့ပုံမျိုးလေး ရေးထားတယ်။ အရင်ဆုံး ဘာမှာလဲဆိုတော့ မင်း အဲ့ဒီကျောင်းကို ရောက်တဲ့အခါ ခန္ဓာတစ်ခု ဘ၀တစ်ခု ပိုင်ဆိုင်လိမ့်မယ်၊ အဲဒီခန္ဓာ အဲ့ဒီဘ၀ဟာ မင်းရွေးချယ်လို့ ရလာတဲ့အရာတော့ မဟုတ်ဘူးတဲ့။
မှန်ပါတယ်၊ ကျွန်တော်တို့အားလုံးမှာ ဘ၀ကိုယ်စီ ရှိတယ်၊ ကျွန်တော့်ဘ၀မှာလည်း ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိတယ်။ တခြားသူတွေရဲ့ ဘ၀မှာလည်း ကောင်းတာ ရှိမယ်၊ ဆိုးတာလည်း ရှိပါမယ်။ ကိုယ်အခုပိုင်ဆိုင်ထားတဲ့ ဘ၀ကို ရဖို့ တစ်စုံတစ်ယောက်ကို လာဘ်ထိုးခဲ့ရတာမျိုး မရှိသလို၊ တစ်ယောက်ယောက်က အပြစ်ပေးလွှတ်လိုက်တာလည်း မဟုတ်ပါဘူး။ အဲ့လိုပဲ မဲနှိုက်လို့ ရလာတာလည်း မဟုတ်ပြန်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ရှေးရှေးဘ၀တွေက လုပ်ခဲ့တဲ့ ကောင်းကံ ဆိုးကံတွေပေါ် မူတည်ပြီးတော့ပဲ ဒီဘ၀ ဒီခန္ဓာ ရလာတာပါ။ ဒါကို သဘောပေါက်ဖို့ လိုပါတယ်၊ အရှိကို အရှိအတိုင်း လက်ခံတတ်ရပါမယ်။ ဖြစ်ခဲ့ပြီး လုပ်ခဲ့ပြီးတာတွေအတွက် နောင်တရနေ စိတ်ပျက်နေမဲ့အစား လက်ရှိအချိန်ကသာ အကောင်းဆုံးဆိုတာကို နားလည်ထားရပါမယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓ၀ါဒက ကံယုံတဲ့ဝါဒပါ၊ ကံယုံတယ်ဆိုတာ ကံစီမံရာအတိုင်းပဲ ဆိုပြီး အရာရာခေါင်းငုံ့ငြိမ်ခံနေတဲ့ ၀ါဒမဟုတ်သလို၊ ကိုယ်တိုင်ကတော့ ဘာမှမကြိုးစားဘဲနဲ့ ပြင်ပက အားကိုးရာတွေ တန်ခိုးရှင်တွေကိုပဲ လိုက်ရှာနေတတ်တဲ့ ယုံကြည်မှုလည်း မဟုတ်ပါဘူး။
ကံယုံတယ်ဆိုတာ အလုပ်ကို ယုံတာပါ။ အလုပ်သာ ကောင်းကောင်းလုပ်ရင် စေတနာကောင်းကောင်းထားရင် ကိုယ့်ဆီကိုလည်း ကောင်းတဲ့အရာတွေ မလွဲမသွေ ပြန်ရောက်လာမယ်ဆိုတာကို ယုံတာပါ။ ကိုယ့်ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ယုံတာပါ။
ဘ၀ကို ကျေကျေနပ်နပ် နေတတ်ဖို့ လိုပါတယ်။ မကျေနပ်လို့လည်း မရပါဘူး၊ ဒါတွေဟာ ကိုယ့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေပဲကိုး။ တစ်ခုပဲရှိပါတယ်၊ ကျေနပ်နေရုံနဲ့ မပြီးဘဲ ဒီထက်ပိုကောင်းတဲ့ ပိုအဆင့်မြင့်တဲ့ ဘ၀ကို လိုချင်ရင်တော့ ကောင်းကံလေးတွေ မွေးကြရပါမယ်၊ ကုသိုလ်တရား များများပြုကြရပါမယ်၊ အလုပ်တွေကို များများနဲ့ကောင်းကောင်း လုပ်ကြရပါမယ်။
နောက်ဆုံးတစ်ခုကတော့ ကိုယ် လူ့လောကထဲကို ရောက်လာရတဲ့ အဓိကရည်ရွယ်ချက်ကို ပြန်စဉ်းစားကြည့်ဖို့ပေါ့။ တချို့ကတော့ ဘ၀ကို အေးအေးချမ်းချမ်း သက်သက်သာသာပဲ ဖြတ်သန်းချင်တယ်။ တချို့ကတော့ စည်းစိမ်ချမ်းသာတွေ ခံစားသွားချင်တယ်၊ တချို့ကျပြန်တော့ တုနှိုင်းမမီတဲ့ အောင်မြင်မှုတွေ ရသွားချင်တယ်၊ တချို့က တိုင်းပြည်နဲ့လူမျိုးအကျိုး၊ တချို့က လူသားတွေအကျိုး ဆောင်ရွက်သွားချင်တယ်၊ ပါရမီရင့်သန်တဲ့ ဗုဒ္ဓဘာသာဝင်များအတွက်ဆိုရင်တော့နိဗ္ဗာန်ပေါ့။ အမျိုးမျိုး ရှိနိုင်ပါတယ်၊ ကိုယ်နဲ့မတူလို့ ပြက်ရယ်ပြုစရာ မလိုပါဘူး။
တကယ်တော့ ဘ၀မှာ အောင်မြင်မှုအတွက် တိုင်းတာတဲ့ ပေတံရယ်လို့ မရှိပါဘူး၊ လူတစ်ယောက်အတွက် ဘာမှမဟုတ်ဘူး ထင်ရတဲ့အရာလေးက နောက်တစ်ယောက်အတွက်တော့ သိပ်ကိုတန်ဖိုးထားချင်စရာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ လူတစ်ယောက်အတွက် ပီတိဖြစ်စရာဘ၀လေးက နောက်တစ်ယောက်အတွက်တော့ စိတ်ညစ်စရာ ကောင်းချင်ကောင်းနေမှာပေါ့။ တကယ်တော့ ကိုယ်ဘာဖြစ်ချင်တာလဲ သိဖို့နဲ့ ကိုယ်တကယ်လိုချင် ဖြစ်ချင်တဲ့အရာကို ရအောင် ဖြစ်အောင် လုပ်သွားနိုင်ဖို့ပဲ လိုတာပါ။
လောကမှာ လူ၎မျိုးရှိပါတယ်။
လူသေပေမဲ့ နာမည်မသေတဲ့သူ၊ လူလည်း မသေ၊ နာမည်လည်း မသေတဲ့သူ၊ လူလည်းသေ နာမည်လည်း သေတဲ့သူ၊ လူမသေသေးပေမဲ့ နာမည်သေသွားနှင့်တဲ့သူ တဲ့။
နောက်ဆုံးနှစ်ခုကတော့ အထွေအထူး ပြောစရာ မရှိပါဘူး၊ ဘ၀ကို သက်သက်သာသာပဲ ဖြတ်သန်းကုန်ဆုံးသွားတဲ့သူတွေပေါ့။
ပြောစရာ ရှိလာတာက နာမည်မသေတဲ့သူတွေ။
ဂဠုန်ဦးစော၊ နာမည်မသေဘူးလို့ ပြောလို့ရတယ်၊ အာဇာနည်နေ့ ရောက်တိုင်း မြန်မာ့သမိုင်းကိုသင်တိုင်း သူ့နာမည်ပါလာတယ်၊ ဒါပေမဲ့ သူ့နာမည်နဲ့ တွဲပါလာတွေက လေးစားကြည်ညိုမှုတွေ မဟုတ်ဘူး၊ စိတ်ပျက်မှု မုန်းတီးမှုတွေ ပါလာတာ၊ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံခဲ့သူအဖြစ်၊ မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့သူအဖြစ် သူ့နာမည်က ရှင်သန်နေတာ။
ကျွန်တော့အဘိုး၊ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းပြန်လည်ပြုပြင်ရေးမှာ အတော်လေး ပါဝင်ဆောင်ရွက်ခဲ့ဖူးတယ်၊ သူဆုံးသွားတာ ဆယ်နှစ်ကျော်ပြီ၊ ခုထိ ကျောင်းတိုက်က ဘုန်းကြီးတွေ တသသနဲ့ ပြောနေကြတုန်း။ သူ့နာမည်က သူ့ရပ်ကွက်ထဲမှာတော့ မသေဘူးပေါ့။
အေဗရာဟမ် လင်ကွန်း၊ ငွေဝယ်ကျွန်စနစ်အကြောင်း ပြောပြီဆိုတာနဲ့ သူ့နာမည်က ထိပ်ဆုံးက ပေါ်လာတယ်။ ဒီစနစ်ဆိုးကြီးကို ဖျက်သိမ်းခဲ့သူအဖြစ်နဲ့ပေါ့။
ဒါဆို ကျွန်တော်တို့ရဲ့ နာမည်သေမယ် မသေဘူးဆိုတာ၊ လူသေပြီးတဲ့နောက် အဲ့ဒီနာမည် ဘယ်လိုဖြစ်ကျန်နေခဲ့မယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ လူဖြစ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲ့ဒီရည်ရွယ်ချက်ကို တကယ်ရော အောင်မြင်ပြီးမြောက်ခဲ့ရဲ့လားဆိုတဲ့အပေါ်မှာ မူတည်နေတာပေါ့။
အဲ့ဒီလို အဓိပ္ပါယ်ပြည့်ဝတဲ့ မွေးနေ့ပေါင်းများစွာကို ဖြတ်သန်းလာပြီးတဲ့အခါမှာတော့ ကိုယ့်မွေးနေ့ဟာ ကိုယ်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့နေ့တစ်နေ့ မဟုတ်တော့ဘဲ အများနဲ့ဆိုင်တဲ့၊ အားလုံးက သတိရအောက်မေ့နေကြတဲ့ အများပိုင်နေ့လေးတစ်နေ့ ဖြစ်လာတော့တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကိုပဲ ကြည့်လေ၊ မကြာခင်ဆို နှစ်တစ်ရာတောင် ပြည့်တော့မယ်၊ ကျွန်တော်တို့တွေ မေ့နိုင်ကြသေးလို့လား။
ဘ၀ဆိုတာ အမှတ်တရလေးတွေ ပေါင်းစုထားတဲ့ အရာတစ်ခုပါပဲ။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေ၊ ပြိုင်ဘက်တွေ၊ ရန်သူတွေ၊ ရောက်ဖူးသွားဖူးတဲ့နေရာတွေ၊ ပိုင်ဆိုင်ခဲ့ဖူးတာတွေ၊ ဆုံးရှုံးလိုက်ရတာတွေ၊ အောင်မြင်မှုတွေ၊ သင်ခန်းစာတွေ၊ ဒါတွေအားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေ ဖြစ်လာရပါတယ်။
အဲဒီအမှတ်တရလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတော့ တူပါမယ်။ ဒါပေမဲ့ တော်တော်များများမှာ ရှိနေတတ်တဲ့ အမှတ်တရတစ်ခုကတော့ ကိုယ် လူ့လောကကြီးထဲကို စပြီး ၀င်ရောက်လာတဲ့နေ့၊ မွေးနေ့ပေါ့။ လူတိုင်းမှာ မွေးနေ့ဆိုတာ ရှိတယ်၊ တချို့ကိုယ့်မွေးနေ့တောင် ကိုယ်မသိပါဘူး ဆိုတဲ့သူတွေ ရှိပေမဲ့ အများစုမှာတော့ ဒီအမှတ်တရလေး ရှိတယ်၊ ရင်အခုန်ဆုံး အထူးခြားဆုံး အမှတ်တရနေ့လေးလည်း ဖြစ်တယ်။ အဲဒီနေ့လေးကို ရောက်တဲ့ခါ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ တခုခုလုပ်တတ်ကြတယ်။ တချို့က အလှူလုပ်တယ်၊ ကောင်းမှုကုသိုလ်ပြုတယ်၊ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့မွေးနေ့မှာ Birthday show လုပ်ပြီး သူ့ပရိသတ်တွေနဲ့ ဆုံတယ်၊ အများစုကတော့ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးတယ်၊ ချစ်တဲ့ခင်တဲ့သူတွေက မွေးနေ့ရှင်ကို အမှတ်တရလက်ဆောင်လေးတွေ ပေးကြတယ်။ ဒါတွေက မွေးနေ့ရဲ့ ထုံးစံတွေပေါ့။
တကယ်တော့ မွေးနေ့မှာ အင်မတန် အရေးကြီးတဲ့ အနှစ်သာရတွေ အဓိပ္ပါယ်တွေ ရည်ရွယ်ချက်တွေ ရှိတယ်၊ အဲ့ဒါတွေ မသိဘဲ မလုပ်လိုက်ရဘဲနဲ့တော့ မွေးနေ့တစ်ခုဟာ ဘယ်လိုမှ မပြီးပြည့်စုံနိုင်ပါဘူး။ မလွတ်လပ်တဲ့ အချုပ်အနှောင်တွေထဲမှာ ကျင်းပနေရတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားဟာ အဓိပ္ပါယ်မရှိသလို၊ ဗိုလ်ချုပ်အောင်ဆန်းနာမည် မပါတဲ့ အာဇာနည်နေ့ဟာလည်း တန်ဖိုးမရှိဘူးပေါ့။ ဒါဆို မွေးနေ့တစ်ခုရဲ့ အနှစ်သာရဟာ ဘာတွေများလဲ။
ပထမဆုံးကတော့ ကျွန်တော်တို့တွေကို လူ့လောကထဲ ရောက်လာအောင် အပင်ပန်းခံ ဒုက္ခဆင်းရဲခံ အသက်နဲ့ရင်းပြီး ခေါ်ဆောင်လာပေးတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို သတိရကြ တုံ့ပြန်ကြဖို့ လိုပါတယ်။
လူ့သဘာဝတစ်ခု ရှိပါတယ်၊ ဆယ်ကြိမ်ဆယ်ခါ ကျေးဇူးပြုခဲ့ဖူးပေမဲ့ တစ်ခါလေး ပျက်ကွက်လိုက်ရုံနဲ့တင် အပြစ်တင်လို့ မဆုံး အငြိုးထားလို့မဆုံး ဖြစ်တတ်ကြပါတယ်။ ဒီစာလေးကို ဖတ်နေတဲ့သူကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါလိမ့်မယ်၊ အဲ့ဒီကြုံရတဲ့အခါမှာလည်း စိတ်ပျက်ဖူးပါလိမ့်မယ်၊ ဒီလိုမျိုး ကိုယ်ကိုယ်တိုင်လက်မခံနိုင်ပါဘူ
မွေးကျေးဇူးတစ်ခုတည်းနဲ့တင် ဆပ်လို့မကုန်ပါဘူးဆိုတဲ့ မိဘကျေးဇူးတွေကို တခုခု မှားသွားရုံ၊ အယူအဆချင်း အမြင်ချင်း သဘောထားချင်း မတိုက်ဆိုင်ရုံနဲ့ မေ့ပစ်လိုက်ကြတာ၊ အမေက ငါ့အပေါ် မကောင်းဘူး အဖေက ငါ့ကို မချစ်ဘူးဆိုပြီး စွပ်စွဲပစ်တတ်ကြတာဟာ ကျွန်တော်တို့သားသမီးတွေပါပဲ။ ဒါပေမဲ့ မိဘတွေကတော့ ကျွန်တော်တို့အပေါ် ဘယ်တော့မှ စိတ်ပျက်မသွားပါဘူး။ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင်လို့ လူတွေနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ် မွေးနိုင်ဖို့တောင် ကြိုးစားကြရသေးရင် မိဘတွေနဲ့ပတ်သက်ပြီး ပိုလို့တောင် ကြိုးစားသင့်သေးတာပေါ့။ ဘာလို့ဆိုတော့ ကျွန်တော်တို့မွေးနေ့လေးတွေရဲ့ ဖန်ဆင်းရှင်ဟာ သူတို့နှစ်ဦး ဖြစ်နေလို့ပါပဲ။
နောက်ထပ်တစ်ခုကတော့ ဘာသာရေးယုံကြည်မှုပေါ့။
ကျွန်တော်တို့တွေဟာ ကိုယ့်ဘ၀ကိုယ် မကျေနပ်ကြဘူး။ ကိုယ့်ဒုက္ခကမှ ကြီးတယ်ထင်တယ်။ ကိုယ့်မှာ ဘာတွေရှိလဲ မမြင်ဘူး၊ သူများမှာ ရှိနေတာကိုမှ လိုချင်ကြတယ်။ စိတ်ဆင်းရဲစရာ ကြုံရတဲ့အခါ ဘာလို့ ငါ့ကျမှ ဒါတွေ လာဖြစ်ရတာလဲ ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်အခါခါ မေးမိတတ်ကြတယ်။ ဟုတ်တယ်၊ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘ၀တွေ မတူကြဘူး၊ ဘာလို့လဲ။
ဆရာတော် ဦးဇောတိကရဲ့ ဘ၀ဆိုတဲ့ ကျောင်း စာအုပ်လေးထဲမှာတော့ ဘ၀ဆိုတာကို ကျောင်းနဲ့ ခိုင်းနှိုင်းထားတယ်။ အဲဒီကျောင်းမှာ သွားပြီး သင်ခန်းစာတွေ သွားယူဖို့ပေါ့။ ကျောင်းသွားခါနီး ကလေးတစ်ယောက်ကို လူကြီးက မှာနေ ကြားနေတဲ့ပုံမျိုးလေး ရေးထားတယ်။ အရင်ဆုံး ဘာမှာလဲဆိုတော့ မင်း အဲ့ဒီကျောင်းကို ရောက်တဲ့အခါ ခန္ဓာတစ်ခု ဘ၀တစ်ခု ပိုင်ဆိုင်လိမ့်မယ်၊ အဲဒီခန္ဓာ အဲ့ဒီဘ၀ဟာ မင်းရွေးချယ်လို့ ရလာတဲ့အရာတော့ မဟုတ်ဘူးတဲ့။
မှန်ပါတယ်၊ ကျွန်တော်တို့အားလုံးမှာ ဘ၀ကိုယ်စီ ရှိတယ်၊ ကျွန်တော့်ဘ၀မှာလည်း ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိတယ်။ တခြားသူတွေရဲ့ ဘ၀မှာလည်း ကောင်းတာ ရှိမယ်၊ ဆိုးတာလည်း ရှိပါမယ်။ ကိုယ်အခုပိုင်ဆိုင်ထားတဲ့ ဘ၀ကို ရဖို့ တစ်စုံတစ်ယောက်ကို လာဘ်ထိုးခဲ့ရတာမျိုး မရှိသလို၊ တစ်ယောက်ယောက်က အပြစ်ပေးလွှတ်လိုက်တာလည်း မဟုတ်ပါဘူး။ အဲ့လိုပဲ မဲနှိုက်လို့ ရလာတာလည်း မဟုတ်ပြန်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ရှေးရှေးဘ၀တွေက လုပ်ခဲ့တဲ့ ကောင်းကံ ဆိုးကံတွေပေါ် မူတည်ပြီးတော့ပဲ ဒီဘ၀ ဒီခန္ဓာ ရလာတာပါ။ ဒါကို သဘောပေါက်ဖို့ လိုပါတယ်၊ အရှိကို အရှိအတိုင်း လက်ခံတတ်ရပါမယ်။ ဖြစ်ခဲ့ပြီး လုပ်ခဲ့ပြီးတာတွေအတွက် နောင်တရနေ စိတ်ပျက်နေမဲ့အစား လက်ရှိအချိန်ကသာ အကောင်းဆုံးဆိုတာကို နားလည်ထားရပါမယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓ၀ါဒက ကံယုံတဲ့ဝါဒပါ၊ ကံယုံတယ်ဆိုတာ ကံစီမံရာအတိုင်းပဲ ဆိုပြီး အရာရာခေါင်းငုံ့ငြိမ်ခံနေတဲ့ ၀ါဒမဟုတ်သလို၊ ကိုယ်တိုင်ကတော့ ဘာမှမကြိုးစားဘဲနဲ့ ပြင်ပက အားကိုးရာတွေ တန်ခိုးရှင်တွေကိုပဲ လိုက်ရှာနေတတ်တဲ့ ယုံကြည်မှုလည်း မဟုတ်ပါဘူး။
ကံယုံတယ်ဆိုတာ အလုပ်ကို ယုံတာပါ။ အလုပ်သာ ကောင်းကောင်းလုပ်ရင် စေတနာကောင်းကောင်းထားရင် ကိုယ့်ဆီကိုလည်း ကောင်းတဲ့အရာတွေ မလွဲမသွေ ပြန်ရောက်လာမယ်ဆိုတာကို ယုံတာပါ။ ကိုယ့်ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ယုံတာပါ။
ဘ၀ကို ကျေကျေနပ်နပ် နေတတ်ဖို့ လိုပါတယ်။ မကျေနပ်လို့လည်း မရပါဘူး၊ ဒါတွေဟာ ကိုယ့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေပဲကိုး။ တစ်ခုပဲရှိပါတယ်၊ ကျေနပ်နေရုံနဲ့ မပြီးဘဲ ဒီထက်ပိုကောင်းတဲ့ ပိုအဆင့်မြင့်တဲ့ ဘ၀ကို လိုချင်ရင်တော့ ကောင်းကံလေးတွေ မွေးကြရပါမယ်၊ ကုသိုလ်တရား များများပြုကြရပါမယ်၊ အလုပ်တွေကို များများနဲ့ကောင်းကောင်း လုပ်ကြရပါမယ်။
နောက်ဆုံးတစ်ခုကတော့ ကိုယ် လူ့လောကထဲကို ရောက်လာရတဲ့ အဓိကရည်ရွယ်ချက်ကို ပြန်စဉ်းစားကြည့်ဖို့ပေါ့။ တချို့ကတော့ ဘ၀ကို အေးအေးချမ်းချမ်း သက်သက်သာသာပဲ ဖြတ်သန်းချင်တယ်။ တချို့ကတော့ စည်းစိမ်ချမ်းသာတွေ ခံစားသွားချင်တယ်၊ တချို့ကျပြန်တော့ တုနှိုင်းမမီတဲ့ အောင်မြင်မှုတွေ ရသွားချင်တယ်၊ တချို့က တိုင်းပြည်နဲ့လူမျိုးအကျိုး၊ တချို့က လူသားတွေအကျိုး ဆောင်ရွက်သွားချင်တယ်၊ ပါရမီရင့်သန်တဲ့ ဗုဒ္ဓဘာသာဝင်များအတွက်ဆိုရင်တော့
တကယ်တော့ ဘ၀မှာ အောင်မြင်မှုအတွက် တိုင်းတာတဲ့ ပေတံရယ်လို့ မရှိပါဘူး၊ လူတစ်ယောက်အတွက် ဘာမှမဟုတ်ဘူး ထင်ရတဲ့အရာလေးက နောက်တစ်ယောက်အတွက်တော့ သိပ်ကိုတန်ဖိုးထားချင်စရာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ လူတစ်ယောက်အတွက် ပီတိဖြစ်စရာဘ၀လေးက နောက်တစ်ယောက်အတွက်တော့ စိတ်ညစ်စရာ ကောင်းချင်ကောင်းနေမှာပေါ့။ တကယ်တော့ ကိုယ်ဘာဖြစ်ချင်တာလဲ သိဖို့နဲ့ ကိုယ်တကယ်လိုချင် ဖြစ်ချင်တဲ့အရာကို ရအောင် ဖြစ်အောင် လုပ်သွားနိုင်ဖို့ပဲ လိုတာပါ။
လောကမှာ လူ၎မျိုးရှိပါတယ်။
လူသေပေမဲ့ နာမည်မသေတဲ့သူ၊ လူလည်း မသေ၊ နာမည်လည်း မသေတဲ့သူ၊ လူလည်းသေ နာမည်လည်း သေတဲ့သူ၊ လူမသေသေးပေမဲ့ နာမည်သေသွားနှင့်တဲ့သူ တဲ့။
နောက်ဆုံးနှစ်ခုကတော့ အထွေအထူး ပြောစရာ မရှိပါဘူး၊ ဘ၀ကို သက်သက်သာသာပဲ ဖြတ်သန်းကုန်ဆုံးသွားတဲ့သူတွေပေ
ပြောစရာ ရှိလာတာက နာမည်မသေတဲ့သူတွေ။
ဂဠုန်ဦးစော၊ နာမည်မသေဘူးလို့ ပြောလို့ရတယ်၊ အာဇာနည်နေ့ ရောက်တိုင်း မြန်မာ့သမိုင်းကိုသင်တိုင်း သူ့နာမည်ပါလာတယ်၊ ဒါပေမဲ့ သူ့နာမည်နဲ့ တွဲပါလာတွေက လေးစားကြည်ညိုမှုတွေ မဟုတ်ဘူး၊ စိတ်ပျက်မှု မုန်းတီးမှုတွေ ပါလာတာ၊ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံခဲ့သူအဖြစ်၊ မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့သူအဖြစ် သူ့နာမည်က ရှင်သန်နေတာ။
ကျွန်တော့အဘိုး၊ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းပြန်လည်ပြုပြင်
အေဗရာဟမ် လင်ကွန်း၊ ငွေဝယ်ကျွန်စနစ်အကြောင်း ပြောပြီဆိုတာနဲ့ သူ့နာမည်က ထိပ်ဆုံးက ပေါ်လာတယ်။ ဒီစနစ်ဆိုးကြီးကို ဖျက်သိမ်းခဲ့သူအဖြစ်နဲ့ပေါ့။
ဒါဆို ကျွန်တော်တို့ရဲ့ နာမည်သေမယ် မသေဘူးဆိုတာ၊ လူသေပြီးတဲ့နောက် အဲ့ဒီနာမည် ဘယ်လိုဖြစ်ကျန်နေခဲ့မယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ လူဖြစ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲ့ဒီရည်ရွယ်ချက်ကို တကယ်ရော အောင်မြင်ပြီးမြောက်ခဲ့ရဲ့လားဆိ