$ 0 0 အမှောင်နှင့်အတူ မိုးများလည်းသည်းထန်စွာရွာသွန်းနေသည်။အမှောင်နှင့်မိုးကြောင့် ပစ်ကွင်း မကောင်းသဖြင့် မျက်စိကို အပြူးအပြဲထားကာ မိမိပစ်ပိုင်ကို မျက်ခြေအပတ်မခံပဲ ဂရုတစ်စိုက် ကြည့်နေရသည်။ယမန်နေ့နှင့် တစ်ညလုံး မိမိမိုင်းကွင်းကို မော်တာများမိုးသီးမိုးပေါက်များပမာ ပစ်ခတ်ခံရပြီး ကတည်းက ယနေ့တွင် ရန်သူ ၀င်လုံးတော့မည်ဟု ခန့်မှန်းထားမိသည်။ မိမိ MG42 များကို ဘန်ကာများထဲတွင် စနစ်တစ်ကျနေရာချ ပုံသေပစ်ကြောင်းဆင်ထားသည်။ ထို့ပြင် မိမိ၏ တိုက်ကင်းအဖွဲ့များနှင့် မကြာခနထိတွေ့မှုဖြစ်ကတည်းက မိမိ၏လက်နက်ကြီးတပ်ဖွဲ့ အများစုကို မိမိအခိုင်အမာခံစစ်ဆင်ထားသော ကုန်းသို့ပြောင်းရွှေ့စုဖွဲ့ထားစေခဲ့သည်။ ထို့ပြင် မော်တာပြန်လည်ပစ်ခတ်ရန် လည်း ဆက်သွယ်ရေးမြောင် များအတွင်းမှာတင် မော်တာပစ်ရန် နေရာများကို အများအပြား တူးထားစေသည်။မူလ လက်နက်ကြီးကုန်းတွင် ယောင်ပြအနေနှင့်သာ ထားရှိခဲ့ပြီး ရန်သူစတိုက်လျှင် မိုင်းထောင်ခဲ့ပြီး မှဆုတ်ခဲ့ရန်မှာကြားထားခဲ့သည်။ထို့ပြင် ရန်သူ့မော်တာများနှင့် စက်သေနတ်ကြီးများ ပစ်ခတ်နေသောနေရာအား တိတ်တဆိတ် ရန်သူ၏နောက်ဘက်ကျောသို့ တပ်စိတ် တစ်စိတ်အား LRP ခရီးရှည်ထိုးဖောက်ချီတက် ခိုင်းထားသည်။..စခန်းအောက်ခြေမှ အုံးဂျိမ်း ဆိုပြီး မိုင်းပေါက်ကွဲသံနှင့်အတူ မိမိစခန်းပေါ်သို့ ရန်သူ့မော်တာကြည်များ မိုးသီးမိုးပေါက်များနှင့် အပြိုင် ကျရောက်လာလေသည်။ထိုစဉ် အဝေးတစ်နေရာမှ မော်တာပစ်သံလို ဖလွတ် ဖလွတ် မဟုတ်ပဲ ဒုန်း ခနဲကျယ်လောင်စွာကြားလိုက်ရသည် သိပ်မကြာပါ မိမိခံကတုတ် တစ်ခုရှေ့ ကိုက် ၅၀လောက်အကွာတွင် ၀ုန်းဂျိမ်း နှင့် ကျယ်လောင်စွာမြည်ဟီးပြီး မြေကြီးများဖွာထွက်သွားပြီး မိုးပေါ်ပျံနေသည်။ရန်သူမှ ၁၀၅ မမ အမြောက်ကြီးများ သုံပါချေပြီ။တစ်ဆက်တည်းမှာပင် နောက်ထပ် လေးငါးချက် ဆက်တိုက် ပစ်ခတ်လာပါသည်။ မိမိမှ ပထမတစ်လုံးကျပြီးတည်းက မိမိတပ်စိတ်များအား ခံကတုတ်များအတွင်းဝင်နေကြရန် မှာကြားထားပြီးဖြစ်ပါသည်။အမြောက်များပစ်ခတ်ပြီး ဆက်တိုက်ဆိုသလို ရန်သူမှ စက်သေနတ်ကြီးများကို ပစ်ခတ်ခါ ချေမှုန်းရေးတပ်များမှလည်း တဖြည်းဖြည်းချင်းချည်းကပ်လာပါသည်။ထိုအချိန်ထိမိမိသည် မိမိ၏မော်တာလက်နက်ကြီး များကို ပြန်လည်ပစ်ခတ်ခိုင်းခြင်းမရှိသေးပါ။ရန်သူ့မော်တာကျည်ဆံများမှာလည်း စခန်းပေါ်သို့မိုးသီးမိုးပေါက်များပမာ ဆက်လက်ကျဆင်းလျှက်ပင်ရှိနေဆဲဖြစ်ပါသည်။ရန်သူသည် ပစ်အားအဆမတန်သုံးပြီး မိမိခံစစ်အား ရိုက်ချိုးပါတော့မည်။ထိုအချိန်တွင် မိမိLRP ချီတက်ခိုင်းထား သော တပ်စိတ်မှ ရန်သူ့လက်နက်ကြီးအဖွဲ့နောက်ကျောအား ရောက်ရှိနေပြီဖြစ်ကြောင်းသတင်းပို့လာ ပါသည်။မိမိမှာ အတော်ပင်အသက်ရှူချောင်သွားပြီး လက်ပစ်ဗုံးတစ်ကမ်းအကွာထိချည်းကပ်စေပြီး အလစ်အငိုက်ယူ၍ လက်ပစ်ဗုံးသုံး အတင်းဝင်ရောက် ခြေမှုန်းခိုင်းပါသည်။ ထို့နောက်လက်နက် များအားသယ်နိုင်သလောက်သယ်ခဲ့ရန်နှင့် မသယ်နိုင်က ဖျက်ဆီးခဲ့ရန် ပါမှာကြားလိုက်ပါသည်။ ထိုနောက် စခန်းကုန်းအား ခြံစည်းရိုးအတားအဆီးများကို ဖြတ်ကျော်ရန်ကြိုးစားနေသော ရန်သူအား မိမိ MG42 များဖြင့် ဘန်ကာများထဲမှနေပြီး စတင်ပစ်ခတ်စေပါသည်။ ထိုအခိုက် ၁၀၅ မမ သံနှစ်ချက်မျှထွက်ပေါ်လာပြီး ရန်သူ့မော်တာပစ်ခတ်သံများမှာလဲ လုံးဝ တိတ်ဆိတ်သွားပါချေပြီ ။ထို့ပြင် ရန်သူ့ စက်သေနတ်ကြီးများမှာလဲ တိတ်ဆိတ်သွားပြီး မိမိတို့ စခန်းသို့ချည်းကပ်လာနေသော ရန်သူမှာလဲ နောက်ကြောင်းပြန်ဆုတ် သွားနေပြီဖြစ်ပါသည်။မိမိ ၏ LRP ချီတက်တိုက်ခိုက်ထားသော ကွန်မင်ဒို တပ်စိတ်မှ ရန်သူ့ ၁၀၅ မမ အမြောက်အား ဖျက်ဆီးခဲ့ပြီး မော်တာနှစ်လက် စက်သေနတ်ကြီး တစ်လက် အပါအ၀င် ရန်သူ့ လက်နက်ငယ် များပါ သိမ်းဆည်းပြီးပြန်လာနေကြပါပြီ။နေရာင်ချည်သည် အရှေ့အရပ်ကပေါ်ထွက်ခဲ့ပါချေပြီ။မိမိ တပ်စိတ်တစ်စိတ်အား ရန်သူဆုတ်ခွာရာလမ်းတစ်လျှောက်ထပ်ချပ် လိုက်ခြေမှုန်းရန်နှင့်ရန်သူ့ ခံစစ်နှင့် တွေ့ပါက နေရာတွင်ပင် ခံစစ်ပြင်ရင်ဆိုင်ထားရန်မှာကြားပြီး နောက်ထပ်တပ်စိတ်တစ်စိတ်အား စစ်ကူအလို့ငှာ လိုက်သွားစေ လိုက်ပါသည်။ ထို့နောက် ရန်သူအား ချေမှုန်းရေးအတွက် ထိုးစစ်ဆင်ရန် ပြင်ဆင်ရပါတော့မည်။(နောက်နေ့မှ တိုက်စစ်ဆင်တဲ့အကြောင်းရေးပြမယ်)မောင်ဆန်းသစ်