Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

တွေးမိတဲ့အတွေးစများ

$
0
0
 

-အခု ၉၆၉ လမ်းစဉ်သမားများနဲ့ လစ်ဘရယ်ဒီမိုကရက်အင်အားစုတို့ ထိပ်တိုက်တွေ့ လာကြပါပြီ။

-၉၆၉ တွေဖက်က သံဃာတော်တွေပါ ပါဝင်လာပါတယ်။ သြဇာကြီးတဲ့သံဃာတော်တွေပါဝင်လာပြီး ဥပမာ ရွှေညဝါဆရာတော်လို နိုင်ငံရေးအင်အားစုတွေအပေါ် သြဇာလွှမ်းတဲ့ဆရာတော်တွေပါ ၉၆၉ ဖက်က ရပ်လာကြပါတယ်။

-ဒီလို ရပ်တည်လာချိန် မှာ သူရဦးရွှေမန်းက နိုင်ငံတကာအလယ်မှာ 969 ဟာ အကြမ်းဖက် လှုပ်ရှားမှု ဖြစ်တဲ့အသွင် ဖမ်းဆီးအေ၇းယူပစ်မယ်လို့ ပြောကြားခြင်းအားဖြင့် နိုင်ငံတကာအာရုံစိုက်မှု မီးမောင်းကို သူ့ဖက်ကို ရွှေ့ယူလိုက်ပါတယ်။

-ယခင်ထပ်ခါ ထပ်ခါသတိပေးဖူးတာကတော့ အတိုက်အခံအင်အားစုနဲ့ သံဃာတော်တွေ ထိပ်တိုက်တွေ့လို့မဖြစ်ဘူးဆိုတာကိုပါ။

-အတိုက်အခံအင်အားစုဟာ လက်ဝဲလစ်ဘရယ်ဆန်ပါတယ်။ သံဃာတော်အင်အားစုရဲ့အိုင်ဒီယိုလိုဂျီက လက်ယာယိမ်းပါတယ်။ ထိပ်တိုက်တွေ့တာနဲ့ ပြဿနာတက်မှာသေချာပါတယ်။ အခြေခံ အိုင်ဒီယိုလိုဂျီကကို ကွဲပြားနေတာကိုး။

-ဒီလို ထိပ်တိုက်တွေ့ခြင်းအားဖြင့် စုစည်းမှုမရှိတော့ဘဲ နိုင်ငံရေးအရစည်းရုံးမှု အားကောင်းတဲ့ အင်အားစုတွေ တစ်နေရာစီပြန့်ကျဲသွားစေပါတယ်။

-ကြားထဲမှာ ဘယ်ဖက်မှ မပါသလို ငြိမ်နေတဲ့ ကြံ့ခိုင်ရေးဖက်အင်အားတွေက အလိုလိုနေရင်းနဲ့ အင်အားပိုကြီးသလိုဖြစ်လာစေပါတယ်။ သူက အင်အားကြီးလာတာမဟုတ်ဘူး။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ ဖက်က အလိုလို ယိုင်ကျသွားတာ။

-ဒီနေ၇ာမှာ အရေးတကြီးလိုအပ်လာတာတစ်ခုက နိုင်ငံရေးခေါင်းဆောင်များရဲ့ စည်းရုံးေ၇းစွမ်းရည်ပဲဖြစ်ပါတယ်

-သံဃာတော်တွေရဲ့ ရင်ထဲက စိုးရိမ်သောက တွေ သူတို့ဖြစ်ချင်တာတွေအတွက် သံဃာတော်တွေနဲ့ သေချာ စေ့စပ်ဆွေးနွေးသင့်ပြီဖြစ်ပါတယ်။ သံဃာတော်တွေ စိုး၇ိမ်တဲ့ ဘာသာရေးနယ်ချဲ့မှု ပြဿနာတွေ၊ နောက် အမျိုးသမီးအခွင့်အရေးအတွက် ဘယ်လို တိုးမြှင့်ကာကွယ်ပေးနိုင်တယ်ဆိုတာတွေကို ရှင်းလင်း ဆွေးနွေးသင့်ပြီဖြစ်ပါတယ်။

-969ကို ဘာသာရေးအခြေခံတဲ့စီးပွားရေးလှုပ်ရှားမှုကနေ နိုင်ငံေ၇းလုပ်ကြံမှုတစ်ရပ်ဖြစ်အောင်နောက်ကွယ်က လက်မဲတွေ တွန်းပို့တာခံခဲ့ရပြီမို့ ဒီ969 ကို နိုင်ငံရေးအကျိုးအမြတ်အတွက် နင်းဖို့ကြိုးစားလာချိန်မှာ 969 ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဗုဒ္ဓဘာသာနဲ့ဆက်စပ်နေပြီး ကျန် သံဃာတော်တွေပါ ပါဝင်နေပြီဖြစ်နေတဲ့အတွက် ဗုဒ္ဓဘာသာ အနာတရ မဖြစ်ရလေအောင် သြဇာကြီးတဲ့ဆရာတော်တွေကိုယ်တိုင် ဒီ ၉၆၉ ဖက်က ရပ်တည်လာတဲ့ အရိပ်လက္ခဏာကိုတွေ့စပြုလာရပြီဖြစ်ပါတယ်။

-ဒီအဆင့်ဟာ အရေးကြီးတဲ့အဆင့်ရောက်လာပြီလို့ဒီနိုင်ငံရေးတင်းမာမှုကို ဖြေရှင်းဖို့ ဘာသာရေးအဓိကရုဏ်းတွေမှာ ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန်အေ၇းယူခြင်း၊ နိုင်ငံတကာမီဒီယာများသို့ တရားဝင် သတင်းထုတ်ပြန်ခြင်း စတာတွေလုပ်ဖို့ ဖိအားပေးဖို့ လိုပါတယ်။ ဒါမှ အဖတ်ဆည်နိုင်မှာဖြစ်ပါတယ်။

-အဓိက မက်ဆေ့ပေးချင်တာက သံဃာတွေနဲ့ နိုင်ငံရေးသမားတွေ အင်အားပြန့်ကျဲမသွားစေဖို့ဖြစ်ပါတယ်။ အခုတင် အွန်လိုင်းကတစ်ဆင့် သံဃာတော်တွေ ရဲ့ ထောက်ခံမှု ကျဆင်းနေတဲ့ အရိပ်လက္ခဏာတွေကို ထင်ထင်ရှားရှားမြင်တွေ့နေရပါပြီ

-ဒီတင်းမာမှုကို မဖြေရှင်းနိုင်ရင် ကြားဒိုင်စားတဲ့ ပြဿနာပဲတက်ပ်လိမ့်မယ်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>