Quantcast
Viewing all articles
Browse latest Browse all 1811

ကရင်ပြည်နယ်တိုက်ပွဲများမှ အကြီးမားဆုံးဟုသတ်မှတ်နိုင်သော တိုက်ပွဲကြီးနှစ်ရပ်

ကရင်ပြည်နယ်တိုက်ပွဲများမှ အကြီးမားဆုံးဟုသတ်မှတ်နိုင်သော တိုက်ပွဲကြီးနှစ်ရပ်။

မဲသဝေါ၏ ပထမဆုံးတန်ပြန်အောင်ပွဲ (H-575241) ၁၉၈၈ ခုနှစ်

မဲသဝေါဒေသအရေးအခင်းဟာမြန်မာ့တပ်မတော်ရဲ့စစ်သမိုင်းမှာအပြင်းထန်ဆုံး၊ တစ်နေရာတည်းမှာရန်သူအမျိုးအစား အစုံလင်ဆုံး၊ နှစ်ဖက် အကျအဆုံးအများဆုံးသောတိုက်ပွဲကြီးတစ်ခုပါ… ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းနဲ့ ဆက်စပ်ပြီး မြို့ပေါ်မှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတာကိုသောင်းကျန်းသူတွေအနေနဲ့ အခွင့် ကောင်းယူ၊ တပ်ပေါင်းစုဖွဲ့ပြီးစင်ပြိုင် အစိုးရထူထောင်ဖို့အထိအစီအစဉ် ရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးရောထွေးနေတဲ့ စစ်ပွဲကြီးတစ်ပွဲဆိုရင်လည်းမမှားပါဘူး…
ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရာမှ တပ်မတော်ဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့ပါတယ်… ဒီလို နိုင်ငံတော် အာဏာကိုထိန်းသိမ်းပြီးနောက်ရှစ်ရက်အကြာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ KNU ခေါင်းဆောင်တဲ့ မဒတ(မြန်မာ့ ဒီမိုကရေစီတပ်ပေါင်းစု) သောင်းကျန်းသူ တပ်ပေါင်းစုဟာ မဲသဝေါဒေသရဲ့ ရှေ့ကာစခန်းဖြစ်တဲ့ အံ့ကျော်ကုန်းစခန်းကိုသာလွန်အင်အားသုံးကာတိုက်ခိုက် သိမ်းပိုက် လိုက်ရာမှ အစပြုပြီး မဲသဝေါတိုက်ပွဲကြီး အစပြုခဲ့ပါတယ်တိုက်ပွဲမဖြစ်မီမှာ မဲသဝေါဒေသရဲ့ တပ်အခင်းအကျင်းကတော့ ဒီလိုပါ ရှေ့တန်းခလရ (၇၆) ဟာစစ်ကြောင်းဌာနချုပ် နှစ်ခုနှင့် တပ်ခွဲလေးခွဲကို မဲသဝေါဒေသမှာဖြန့်ခွဲထားပြီး ကျန်တပ်ခွဲ ကို ရှမ်းရွာသစ်စခန်းမှာရှေ့တန်းခလရ (၇၇) ရဲ့ ကွပ်ကဲမှုအောက်မှာတပ်ဖြန့်ထားပါတယ်… မဲသဝေါဒေသမှာ ခလရ (၇၆) ရဲ့ တပ်ဖြန့်ထားပုံကတော့
၁ ။ စစ်ကြောင်း (၁) စစ်ကြောင်းရုံးနှင့် တပ်စုတစ်စုမောရလီစခန်း
၂ ။ စစ်ကြောင်း (၂) စစ်ကြောင်းရုံးနှင့် တပ်စိတ် နှစ်စိတ် ကဆာနလီစခန်း
၃ ။ တပ်ခွဲတစ်ခွဲ မဲသဝေါ ပင်မစခန်း
၎ ။ တပ်ခွဲရုံးနှင့် တပ်စိတ် လေးစိတ် ပွိုင့် (၉၆၂) စခန်း
၅ ။ တပ်ခွဲရုံးနှင့် တပ်စုတစ်စု ပွိုင့် (၈၆၅) စခန်း
၆ ။ တပ်စုတစ်စုအံ့ကျော်ကုန်းစခန်း
၇ ။ တပ်ခွဲရုံးနှင့် တပ်စုလေးစု လှုပ်ရှားအရန် အဖြစ်ထားရှိပြီး
ပွိုင့် (၁၇၇၈) တ၀ိုက်မှာ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု၊ ပွိုင့် (၉၆၂) တ၀ိုက်မှာ တပ်စုတစ်စု၊ ပွိုင့် (၈၆၅) တ၀ိုက်မှာ တပ်စုတစ်စု လှုပ်ရှားစိုးမိုးထားပါတယ်…
KNU နဲ့ မဒတအင်အားစုတွေဟာအံ့ကျော်ကုန်းကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာသာလွန် အင်အားသုံး တိုက်ခိုက်ပြီးနောက်မှာအဆင့်မြင့် ဒုံးကျည်တွေဖြစ်တဲ့ ၂.၇၅ လက်မဒုံးကျည်တွေ၊ ၈၄ မမ၊ ၇၅ မမ နှင့် ၅၇ မမ နောက်ပွင့် ရိုင်ဖယ်တွေ၊ ၈၂ မမ နှင့် ၆၀ မမစိန်ပြောင်းတွေ၊ RPG ဒုံးကျည်တွေ၊ ၃.၅ လက်မလောင်ချာတွေ၊ .၅၀ လက်မ စက်သေနတ် ကြီး တွေနဲ့ အခြားလက်နက်ငယ်မျိုးစုံကိုအသုံးပြုပြီးကျန်ရှိနေသေးတဲ့ တပ်မတော်စခန်းတွေကိုထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြပါတယ်…
တပ်မတော် စစ်ကြောင်းတွေရဲ့ အခြေအနေကတော့ ရန်သူကသာလွန်အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် လည်းကောင်း၊ ကျည်ဆန်ကုန်လာတာတွေကြောင့်လည်းကောင်း၊ KNU နဲ့ မဒတတို့အနေနဲ့ လိုအပ်တဲ့ ခဲယမ်းနဲ့ ရိက္ခာတွေကို သောင်းရင်း မြစ်တလျှောက် ပဲ့ချိတ်စက်လှေတွေ အသုံးပြုပြီးပို့ဆောင်ဖြည့်တင်းနိုင်မှုတွေကြောင့် လည်းကောင်း၊ တပ်မတော်ဟာ ဆက်လက် မခုခံနိုင်တော့ပဲ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာကဆာနလီစခန်း၊ ပွိုင့် (၉၆၂) စခန်းနဲ့ မဲသဝေါပင်မစခန်း တွေကနေဆုတ်ခွာပေးလိုက်ရပြီးမောရလီတောင်ကြားမှာစုစည်းပြီးခုခံခဲ့ရပါတော့တယ်…ဒါတွေကြောင့် အထက်ဌာနချုပ် ကလည်း မဲသဝေါစစ်မျက်နှာအတွက် စစ်ကူတပ်များစေလွှတ်ခဲ့ပါတယ်… ခမရ (၃)၊ ခမရ (၄)၊ ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၅)၊ ခလရ (၇၈)၊ ခလရ (၈၀)၊ ခလရ (၈၁) နှင့် ခလရ (၈၂) တို့ကို မဲသဝေါဒေသဆီ စစ်ကူစေလွှတ်ခဲ့ပါတယ်… ခလရ (၇၇) ကတော့ ရှမ်းရွာသစ်စခန်းကနေလိုအပ်တဲ့ ကုန်းကြောင်း၊ လေကြောင်းထောက်ပံ့မှုတွေကိုဆောင်ရွက်ပေးခဲ့ရပါတယ်… ဒါပေမယ့်လည်းရန်သူဟာရှမ်းရွာသစ်စခန်းနဲ့ ပွိုင့် (၈၆၅) ကြားကနေအခိုင်အမာ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကူတပ်တွေဟာ မဲသဝေါဒေသကို အချိန်မီလွယ်လွယ်ကူကူမရောက်ရှိနိုင်ခဲ့ပါဘူး…ဒါ့အပြင် ဆက်သွယ်ရေးလမ်း ကြောင်း ရှည်လျားခြင်း၊ ရေကြီးတဲ့ချောင်းတွေ ရှိနေခြင်းကြောင့် စစ်ကူချီလာတဲ့ တပ်တွေကို နှောင့်နှေးစေခဲ့ပါတယ်…
စစ်ကူတပ်များအဆက်မပြတ် ရောက်ရှိလာချိန်မှာတော့ တပ်မတော်စခန်းတော်တော်များများဟာစွန့်လွှတ်ပြီးချိန်ဖြစ်နေပါပြီ… ဒါ့အပြင် ရန်သူဟာလည်း မဲသဝေါဒေသ တစ်ခုလုံးကို ၀ိုင်းပတ်ချေမှုန်းဖို့ ထိုးစစ်ဆင်နေချိန်ပါ… ဒီ့အတွက် စစ်ကူရောက် လာတဲ့တပ်တွေဟာရန်သူကိုတန်ပြန်ထိုးစစ်ဆင်ဖို့ထက် ၀ိုင်းပတ်လာတဲ့ ရန်သူတွေကိုထိတွေ့ရင်ဆိုင် ဟန့်တားနေရ တာ ကြောင့် အရန်တပ်မရှိသလောက် ဖြစ်သွားပါတော့တယ်… အရန်တပ် မရှိတာကြောင့် စစ်ကူရောက်လာတဲ့ တပ်တွေအတွက် ရိက္ခာထောက်ပံ့ရေးအခက်အခဲရှိလာခဲ့ပါတယ်… မဲသဝေါပင်မစခန်းကို စွန့်လွှတ်ခဲ့ရချိန်မှာ စုပုံရိက္ခာတွေကို မီးရှို့ဖျက်ဆီး ခဲ့ရ တာကြောင့် မဲသဝေါဒေသမှာရှိနေတဲ့ တပ်ရင်း (၁၀) ရင်းအတွက် ရိက္ခာအခက်အခဲကရှိနေပါတယ်… အနီးဆုံးစုပုံရိက္ခာ ရှိနေတဲ့ စခန်းဟာရှမ်းရွာသစ် စခန်းပါ… ကျန်တပ်တွေနဲ့ (၁၆) မိုင်လောက်ဝေးပါတယ်… ဒီရိက္ခာတွေကိုလူအားနဲ့ သယ်ယူ နေရတာကြောင့် ရိက္ခာဖူလုံအောင်ဝေငှဖို့ အခက်အခဲရှိနေပါတယ် ရိက္ခာတစ်ကြိမ်သယ်ယူဝေငှပြီးနောက်တစ်ခေါက် ရိက္ခာ သွား သယ်နေစဉ်မှာတပ်ရင်းတွေဟာရိက္ခာကိုအမြဲတမ်းဆန့်စားနေရတဲ့အဖြစ်ပါ မဲသဝေါတိုက်ပွဲရဲ့ ပထမပိုင်းဟာ တပ်မတော် စစ်ကြောင်းတွေ ရိက္ခာပြတ်တောက်မှုပြဿနာအထူးကြုံတွေ့နေရပြီးရန်သူရဲ့ခေတ်မီလက်နက် မျိုးစုံနဲ့ စုပြုံ ပစ်ခတ် မှုဒဏ်ကိုအလူးအလဲခံစားရတဲ့ကာလ၊ အထိအခိုက် အကျအဆုံးအများဆုံးကာလပဲ ဖြစ်ပါ တယ်၊ ပွိုင့် (၈၆၅) စခန်း ဟာကနဦးကရှေ့တန်းအမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ပြီး၊ နောက်ပိုင်းမှာရှေ့တန်းအမှတ် (၆၆) ခြေမြန်တပ်မ ဌာနချုပ် အခြေစိုက်ထားပါတယ်…ရန်သူဟာ မဲသဝေါ ပင်မစခန်းကိုသိမ်းပိုက်ရရှိပြီးနောက်မှာကွပ်ကဲမှုတည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မဲပေါချောင်းဝဖက် တောင်ကြောမှတဆင့် အဆင့်ဆင့် ခြေကုပ်ယူပြီးရန်သူဟာမြေပုံညွှန်း (H-575241) နဲ့ (H-580242) တောင်ကြောများ ကို သိမ်းပိုက်ခဲ့ပါတယ်… မောရလီစခန်းကိုလည်းလက်ပစ်ဗုံး၊ မီးလောင်ဗုံးများအသုံးပြုပြီးအနီးကပ် ပြင်းပြင်းထန်ထန် တိုက်ခိုက် ခဲ့ကြတာပါ… ကွပ်ကဲမှုဌာနချုပ် တည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်… ဒါကြောင့် ခမရ (၄) ကို ၄င်း တောင်ကြောမှာရှိနေတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ထားလိုက်ရပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ၂၈ ရက်နေ့မှာ ပွိုင့် (၉၆၂) စခန်းကိုခမရ (၆) ကနေသိမ်းပိုက်ခြေကုပ်ယူပြီး ပွိုင့် (၁၇၇၈) တောင်ကုန်း၊ အံ့ကျော်ကုန်းနှင့် ကဆာနလီရှိ ရန်သူ တွေ ကိုခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၈)၊ ခလရ (၈၁) တို့ကနေရင်ဆိုင်ထားလိုက်ကြပါတယ်… ပွိုင့် ( ၁၆၀၁) မှာရှိနေ တဲ့ ရန်သူကိုတော့ ခလရ (၈၀)၊ ခလရ (၈၂) တို့ကရင်ဆိုင်ထားပါတယ်ခလရ (၇၅)၊ ခလရ (၇၆) နှင့် ခမရ (၃) က စစ်ကြောင်း (၂) နဲ့ တပ်ခွဲ နှစ်ခွဲတို့ဟာလည်းမောရလီတောင်ကြောမှာရန်သူ့ထိုးစစ်ကိုခုခံနေခဲ့ရပါတယ် ဒီလိုနဲ့ပဲ KNUခေါင်းဆောင် ဘိုမြဟာ မဒတ အဖွဲ့အစည်းအပေါ် ခေါင်းဆောင်မှုရယူဖို့ မီးကုန်ယမ်းကုန်သုံးတဲ့ မဲသဝေါတိုက်ပွဲကြီးမှာ ရန်သူအင်အား ၂၀၀၀ ကျော်ကိုတပ်မတော်တပ်ရင်း ၁၀ ရင်းကအနီးကပ် ရင်ဆိုင် ထိန်းချုပ်နေရတာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခြင်း မရှိပဲအရန်တပ်တွေအားလုံးဒေသန္တရ ရင်ဆိုင်တိုက်ပွဲမှာ ပါဝင်နေကြရတဲ့အဖြစ်နဲ့ ကြုံကြရပါတော့တယ် အုပ်ချုပ်မှု အလျဉ်မီ အောင် မဆောင်ရွက်နိုင်တာကြောင့်လည်းတပ်တွေဟာရိက္ခာပြတ်တောက်မှု ကြုံတွေ့ရပြီးငှက်ပျောအူနဲ့ ပုတတ်ဥတွေတူးစား ကြရတဲ့ အဖြစ်ကို ကြုံကြရပါတော့တယ်…
ဒီလိုအခြေအနေတွေမှာပဲ မဲသဝေါဒေသရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှူးဟာရှမ်းရွာသစ်မှတဆင့် မဲသဝေါဒေသ ပွိုင့် (၈၆၅) စခန်းကို ၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာရောက်ရှိလာပြီးတော့ စစ်ဆင်ရေးကိုအနီးကပ် ကွပ်ကဲပါတော့တယ်… မဲသဝေါ ဒေသကို ကားလမ်း၊ လှည်းလမ်းတွေ အမြန် ဖောက်လုပ် စေပြီးအုပ်ချုပ် ထောက်ပံ့မှု ကို ဦးစားပေး ဖြည့်တင်း ဆောင်ရွက် ပေးခဲ့ပါတယ်… လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကိုအဆက်မပြတ် ပို့ဆောင် ဖြည့်တင်းပြီးနောက်မှာတော့ ထိုးစစ်ကို စတင်ခဲ့ ပါတော့တယ်မြေပုံညွှန်း H – 575241 မှာရှိနေတဲ့ ရန်သူကိုမူလက ခမရ (၄) က ရင်ဆိုင်ခဲ့တာပါ ဒါပေမယ့် စစ်ဆင်ရေး အဆင့် (၁) ကိုစတင်ချိန်မှာခမရ (၄) အနေနဲ့ ထိခိုက်ဒဏ်ရာရသူများပြားလွန်းနေပါတယ်တပ်ရင်းတစ်ရင်းလုံးမှာအင်အား ၁၆၀ လောက်ပဲကျန်တော့တဲ့အတွက် ခမရ (၄) ကိုအနားပေးပြီးခမရ (၃) ကိုထိုးစစ်အဆင့် (၁) အတွက် တာဝန်ပေးခဲ့ပါတယ်မြေပုံညွှန်း H – 575241 ရှိရန်သူကိုတိုက်ခိုက်ဖို့ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး က သတိပေးအမိန့် ထုတ်ပြန်ထားတာကြောင့် ခမရ (၃) တပ်ရင်းမှူးဟာ ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့ တို့မှာ ခမရ (၄) စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) နေရာတွေကနေရန်သူ့နေရာကို မြင်ကွင်းမျိုးစုံမှ အသေးစိတ် လေ့လာ ထောက်လှမ်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်… ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ခမရ (၄) နဲ့ ခမရ (၃) တို့ တာဝန်လဲလှယ် ကြပြီးချိန်မှာတော့ ခမရ (၃) တပ်ရင်းမှူးဟာရန်သူ့တောင်ကုန်း H – 575241 ကိုစစ်ကြောင်း (၁) ရှိရာနေရာကနေတိုက်ခိုက် ဖို့ ဆုံးဖြတ်လိုက်ပါပြီ ရန်သူ့စခန်းဟာလက်ရှိရင်ဆိုင်ထားရာနေရာကနေကြည့်ရင် ကိုက် ၂၀၀ လောက်သာဝေးတာပါ… ကြားမှာမြေနိမ့်တောင်ကြောတစ်ခုရှိပြီး ၀ါးပိုးဝါးပင်တွေကလည်း ပေါက်ရောက်နေပါတယ်စစ်ကြောင်းနေရာဟာ ရန်သူ့စခန်း ထက် အနည်းငယ်မြင့်မားတယ် ထင်ရပေမယ့် တကယ်တမ်းရန်သူ့စခန်းကိုသွားမယ်ဆိုရင် ပထမမှာအဆင်းဆင်းပြီး ပြန်မော့တက်ရမှာပါ… ရန်သူနဲ့ ရင်ဆိုင်ထားတဲ့ အကွာအဝေးကလည်း ကိုက် ၂၀၀ လောက်သာရှိတာကြောင့် ရန်သူဟာ နေ့ရောညပါ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ကြိုကြားပစ်ခတ်နေပါတယ်… အထူးသဖြင့် မနက်ခင်းအိပ်ယာထချိန်၊ စားသောက်ချိန်နဲ့ ညနေစောင်းချိန်တွေမှာပိုမိုပစ်ခတ်တာကိုခံရပါတယ် ဒါကြောင့် ရန်သူကို ပြန်လည်ပစ်ခတ်နေရသလို ကတုတ် ကျင်းတွေကိုလည်းပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်ရန်သူအင်အား ၁၅၀ ခန့် မှာ ရင်ဆိုင် ထား တဲ့ ရန်သူအင်အားဟာ ၃၀ လောက်သာရှိတယ်ဆိုပေမယ့် ကျန်အင်အား ၁၂၀ လောက်က မဲပေါချောင်းဝကနေ တောင် ကြော တစ်လျှောက်လုံးကိုအထောက်အကူ ပြုပေးထားတာပါ… အနီးကပ် ရင်ဆိုင်ထားတဲ့ အင်အား ၃၀ ကို ၃ရက်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းနဲ့ လူတွေကိုအနားပေးထားပါတယ်… ဒါ့အပြင် စားသောက်ရေးအတွက် ထမင်းထုပ်တွေနှင့် ၀ါးဆစ် ရေဘူး တွေကိုလည်းမပြတ်လပ်အောင် ပို့ပေးနေတာကိုတွေ့ရသလို ၄င်းတို့ရဲ့ ခေါင်ကတုတ်တွေနဲ့ ဆက်သွယ်ရေး မြောင်း တွေကိုပိုမိုကောင်းမွန်အောင် နေ့ညမပြတ် တူးဖော်နေကြတာကိုလည်းထောက်လှမ်းသိရှိနေရပါတယ်ဆက်သွယ်ရေးမြောင်း တွေဟာတပ်မတော် စစ်ကြောင်းတွေ ရှိရာကိုဦးတည်ဖောက်လုပ်နေကြတာပါ တောင်ကြောရဲ့မြေသားဟာကျောက်စရစ်မြေ ဖြစ်နေပေမယ့် ပစ်ခတ်မှုတွေကြားထဲကနေပဲရန်သူဟာဆက်သွယ်ရေးမြောင်းတွေကိုလူတစ်ရပ်ကျော်နက်အောင် တူးနိုင်ခဲ့တာကိုတိုက်ပွဲပြီးချိန်မှာတွေ့ခဲ့ရပါတယ်…
http://tyrinonote.wordpress.com/(မှကူးယူဖော်ပြပါသည်)Posted: April 26, 2011 by tyrino
Posted by ရွှေလီသား
Ttk.ots73

မာနယ်ပလောတိုက်ပွဲ၁၉၉၅ ခုနှစ်

၁၉၉၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့  မှာ ပွိုင့် ၄၀၄၄ ခွေးအိပ်တောင် စခန်းက အမှတ် ၆ အမြောက်တပ်ရင်း တပ်ရင်းမှူးဟာ
စ ပစ်…..ဆိုတဲ့ အမိန့် သံ တစ်ခုကို ……ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်…..။
ဒီ အမိန့် ပေးသံ ဟာ မာနယ်ပလော ဒေသ တိုက်ပွဲစဉ်တွေရဲ့ အစ ဖြစ်သလို ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့ မှာ တပ်မတော်က တစ်ဖက်သတ်ရပ်စဲပေးခဲ့ တဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ အဆုံးသတ် လည်းဖြစ်ပါတယ်တိုင်းရင်းသားအဖွဲ့  ၁၃ ဖွဲ့ နဲ့ အပစ် အခတ် ရပ်စဲရေးအောင်မြင်သွားတဲ တပ်မတော် အစိုးရဟာဒီ ထိုးစစ်မဆင်မီ ကာလအတွင်းတော့နိုင်ငံတကာ သံခင်း တမန်ခင်း ဆောင်ရွက်ချက် တွေမှာ သိပ်အဆင်ပြေ လှတယ် မဟုတ်ပါဘူး….
နေအိမ် အကျယ်ချုပ်နဲ့ အတိုက်အခံပါတီခေါင်းဆောင်ကိုနိုဘယ်ဆု ချီးမြှင့်လိုက်ပြီးတဲ့ နောက်မှာပြည်ပနိုင်ငံ အတော်များများ မှာ သွားရောက်စုစည်းမိကြတဲ့ အတိုက် အခံ အင်အားစုတွေဟာ တစ်နေ့ တစ်ခြားတိုးပွားလို့ လာနေပါတယ်…..။
သူတို့ ထဲမှာ မဆလပါတီ လက်ထက်ကတည်းကရောက်ရှိ အခြေကျနေတဲ့ သူတစ်ချို့ ပါဝင်ပေမယ့် အများစုကတော့ ၈၈ အရေးအခင်းရဲ့ မျိုးဆက်တွေဖြစ်ပြီး နည်းလမ်း အမျိုးမျိုးနဲ့  ပြည်ပကိုရောက်ရှိ စုစည်းမိလာလို့ အသင်းအဖွဲ့ များအနေနဲ့ ရပ်တည်လာကာနိုင်ငံခြားသားအချို့ ပါ ပါဝင်လာခဲ့ ပါတယ်သူတို့ ရဲ့ တူညီတဲ့ ရည်မှန်းချက် ကတော့အပြည်ပြည် ဆိုင်ရာ အသိုင်းအ၀ိုင်းများကတပ်မတော် အစိုးရအပေါ် ဖိအားပေး ပိတ်ဆို့ မူ တွေ ပြုလုပ်ပြီးအစိုးရ ပြုတ်ကျသွားစေဖို့ ပါပဲ…….။
၁၉၉၂ သြဂုတ် ၄ ရက်နေ့ မှာ ကေအန်ယူအဖွဲ့ က ဦးစီး ဖွဲ့ စည်းပေးခဲ့ တဲ့  NCUB ဟာ အရင် ရှိနှင့်ပြီးသား DAB , NDF , NLD ( LA ) , NCGUB တို့ ကိုစုစည်းပြီး ပြန်လည် တည်ထောင်ခဲ့ တာဖြစ်ပေမယ့် သူ့ ရဲ့ နိုင်ငံရေး အံတုမူ ကော်မတီ က ထိုးနှက်ချက်တွေဟာ တပ်မတော် အစိုးရ အဖို့ တော့အတော့်ကို စိတ်အနှာင့်အယှက် ဖြစ်ဖွယ် ကောင်းခဲ့ ပါတယ်…..။
၁၉၉၄ မတ်လ ၂၃ ရက်နေ့ ကနေဇွန်လ ၁၅ ရက်နေ့  အတွင်းမှာတော့ ကေအန်ယူက ဗိုလ်ချုပ်မြ ကိုယ်တိုင် အမေရိကန်ကို သွားရောက်ခဲ့ပြီး Carter Center မှာ အချက် ၇ ချက်ပါတဲ့  စာတမ်းတစ်စောင်ကို တင်သွင်းခဲ့ ပါတယ်….
ဒီ စာတမ်းရဲ့ တောင်းဆိုချက်ကတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ အရေးယူ့မှု တွေ ပြင်းပြင်း ထန်ထန် ဆောင်ရွက်ပေးဖို့ ပါပဲဒါဟာ…မြန်မာနိုင်ငံအပေါ်မကြာခင် ပြင်းပြင်းထန်ထန် ပိတ်ဆို့ ခံရတော့မယ့် …..
နိုင်ငံတကာက နိုင်ငံရေး စီးပွားရေး ပိတ်ဆို့ မှုတွေရဲ့ အကြောင်းခံ တစ်ခုလဲ ဖြစ်ပါတယ်….။
၁၉၉၅ ခု ဇန်န၀ါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၀န်းကျင်လောက်မှာရှေ့ တန်း အမှတ် ၆၆ ခြေမြန်တပ်မ ရဲ့ လက်အောက်ခံ တပ်ရင်းတွေဟာသံလွင်မြစ်ကို နေရာသုံးခု ကနေ တစ်ဟုန်ထိုး ဖြတ်ကျော် ၀င်ရောက်လျက် ရှိသလိုရှေ့ တန်း အမှတ် ၂၂ ခြေမြန်တပ်မက တပ်ရင်းတွေကတော့အရှေ့ တောင် အာရှရဲ့ နာမည်ကျော် နော်တ ခံစစ်ကြောင်း ကိုတလကြမ်း ၀င်ဆောင့်ဖို့ ချီတက်နေပါပြီ……။
ဒါဟာ သုံးနှစ်နီးပါး ကမ်းလှမ်းခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ငြင်းပယ်မှုရဲ့  ရလာဒ် ဖြစ်သလို ၁၉၉၄ ဒီဇင်ဘာ ၁ ရက်နေ့ မှာ ..
ကေအန်ယူက ခွဲထွက်လာတဲ့  ဒီကေဘီအေ အဖွဲ့ ကို ၀င်ရောက် အကာအကွယ် ပေးခြင်းလဲဖြစ်ပါတယ်……။
၂၃.၁၁.၉၄ ရက်နေ့ မှာ မြစ်ဆုံဒေသ သုမွဲထကျေးရွာမှာ တည်ထားတဲ့ ဖောင်တော်ဦး စေတီနဲ့  ပတ်သက်ပြီး ဗိုလ်ချုပ်မြရဲ့ ဖိအားပေးခြင်းကို ခံရတဲ့ မြိုင်ကြီးငူ ဆရာတော်ဟာ သာသနာပြု လုပ်ငန်းများ ရပ်ဆိုင်းပြီး မြိုင်ကြီးငူဒေသကို ပြန်ကြွသွားခဲ့  ပါတယ်…….
ဆရာတော်ကို ဖူးမျှော်ဖို့ ရောက်လာတဲ့ ကေအန်ယူ တပ်ရင်း ၂ မှ ဒုတပ်ရင်းမှူး ကျော်ဟဲ နဲ့  ရဲဘော်များဟာဒီအဖြစ် အပျက်ကြောင့် မြိုင်ကြီးငူဒေသထိ ချီတက်သွားပြီးမြိုင်ကြီးငူနဲ့ သော်လဲထ စခန်းကြား သံလွင်မြစ်ရိုးကိုကေအန်ယူတပ်ဖွဲ့  တွေကို ၀င်ခွင့်မပေးတော့ပဲ စတင်ပိတ်ဆို့ ထားလိုက်ပါတယ်…....။
မကြာခင်ပဲကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၆ နဲ့  တပ်မဟာ ၇ က အင်အားများပါ ပူးပေါင်းပါဝင်လာပြီး ၁၉၉၄ ဒီဇင်ဘာ ၁ ရက်နေ့ မှာDKBA အဖွဲ့ ကို စတင်ဖွဲ့ စည်းခဲ့ ပါတယ်၁၉၉၅ ဇန်န၀ါရီ ၅ ရက်နေ့ မှာတော့ ကေအန်ယူ တပ်ဖွဲ့ တွေဟာ အင်အား အလုံးအရင်းနဲ့ ဒီကေဘီအေ အဖွဲ့ ကို ထိုးစစ်ဆင် ချေမှုန်း နေပြီဖြစ်ပါတယ်။သံလွင်မြစ်ကို ဖြတ်ကူးလာတဲ့  အမှတ် ၆၆ ခြေမြန်တပ်မ ဟာမြောက်ဘက် စစ်မျက်နှာမှာ ပွိုင့် ၁၈၀၁ တောင်ဘက် စစ်မျက်နှာမှာ ဘော်နော် စခန်း နဲ့ အလယ် တည့် တည့်ကတော့ ဆင်ဖြူတောင် စခန်းများကို တစ်ပြိုင်တည်း ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး …..
နော်တခံစစ်ကြောင်းကို ထိုးဖောက်နေတဲ့ တပ်မ ၂၂ ရဲ့ တပ်ရင်းတွေ ကတော့ ၀ါးခသစ် စခန်းရဲ့ စစ်ဗျူဟာ အရေးကြီးမြေ
ကျောက်တောင်ကုန်းစခန်းကို စီးနင်းသိမ်းပိုက်လိုက်ပါတယ်ဒီစခန်းကျဆုံးသွားတဲ့ အတွက်နော်တခံစစ်ကြောင်းက ခံစစ်စခန်း အများအပြားဟာတပ်မ ၂၂ တိုက်ခိုက်ရေး တပ်ရင်းတွေရဲ့ ဝင်ရောက် လုံးထွေးမှုကို ခံကုန်ရပြီး၂၅ ရက်နေ့ မှာတော့ ၀ါးခသစ် စခန်းရဲ့  အဓိက ခံစစ် ကြယ်ပြောင်ကုန်း စခန်း ကျဆုံးသွားခဲ့ ပါတယ်…..။
ညနေ ၄ နာရီ ၃၀ ချိန်မှာတော့ ၀ါးခသစ် စခန်း နဲ့ ABSDF ရင်း ၂၀၇ ဌာနချုပ် အပါအ၀င်နော်တ ခံစစ်ကြောင်းကြီး တစ်ခု လုံးဟာအမှတ် ၂၂ ခြေမြန်တပ်မရဲ့  ချေမှုန်း သိမ်းပိုက်မှုကို ခံလိုက်ရပါပြီ။မာနယ် ပလော ဌာနချုပ်ကို ချီတက်နေတဲ့ တပ်မ ၆၆ ဟာ၂၅ ရက်နေ့ တစ်ရက်လုံးလုံး အပြင်းအထန်တိုက်ခိုက်နေရပြီး၂၆ ရက်နေ့ မှာတော့ပွိုင့် ၅၉၅ တောင်ကုန်း နဲ့ ချောင်း ဆုံ တောင်ကုန်း တို့ ထိ ၀င်ရောက်တိုက်ခိုက် နေရာယူ ထိန်းချုပ်လိုက် နိုင်ခဲ့ပါတယ်တစ်ဆက်တည်းမှာပဲ သောင်ရင်းမြစ် အနောက်ဘက် ပွိုင့် ၉၁၃ စခန်းနဲ့  ပွိုင့်  ၁၂၃၈ စခန်းဘက်က ချီတက်လာတဲ့ စစ်ကြောင်းများဟာ နေရာသုံးခုကနေ .....
တစ်ပြိုင်တည်း ထိုးဖောက် ၀င်ရောက်လာပြီး မာနယ်ပလောကို အပြင်းအထန်တိုက်ခိုက်ပါတော့တယ်၂၇.၁.၉၅ ရက်နေ့  ညနေ ၅ နာရီ ၂၅ မှာတော့ ကေအန်ယူတို့ ရဲ့  လွတ်မြောက်နယ်မြေ မာနယ်ပလော ဗဟိုဌာနချုပ်တစ်ခုလုံးဟာတပ်မ ၆၆ ရဲ့  သိမ်းပိုက်ချေမှုန်းခြင်း ခံလိုက်ရပါပြီ…..
ဒီကျဆုံးမှု ဟာ ကေအန်ယူ အဖွဲ့ အတွက်တော့မြန်မာပြည်တွင်းမှာရှိတဲ့ နောက်ဆုံး အခြေစိုက်စခန်းကိုလက်လွှတ်လိုက်ရ တာ ဖြစ်သလိုအနာဂတ်ကာလမှာဘယ်လို စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားကိုမှ ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိ တော့ မယ့် အခြေအနေလဲ ဖြစ်ပါတယ်ဒေါနမြေက သေနတ်သံတွေကတော့ အတော်အတန် စဲသွားခဲ့ပြီဖြစ်ပြီးတပ်မတော် အနေနဲ့ 
သမိုင်းမှာ ဘယ်တုန်းကမှ မရခဲ့ ဖူး ဘူးတဲ့ အသာစီးအနေအထားကို ရရှိသွားပြီလဲ ဖြစ်ပါတယ်…….…။
(ရဲမိုး)
Image may be NSFW.
Clik here to view.
feeling great with Ye Moe and 18 others.
Like·

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...