Quantcast
Viewing all articles
Browse latest Browse all 1811

ရဟန်းအလုပ် ရဟန်းလုပ်စေဖို့.

Voice of James Mint's photo.
ရဟန်းအလုပ် ရဟန်းလုပ်စေဖို့....

သံဃာတော်များက ဦးစီးဦးဆောင် ပြုလုပ်၍ တင်ပြလာသော မျိုးစောင့်ဥပဒေ (မူကြမ်း) ဟော အခု ကိုးကွယ်ရာဘာသာနှင့် ပါတ်သက်သော ဥပဒေ (မူကြမ်း)တွေ့လာရသောအခါ စဉ်းစားစရာ ဖြစ်လာပါတယ်..... နဂိုကတည်းက ဗုဒ္ဓဘာသာကို ဖိုးပြောချင်လို ဖဲ့ဖို့ ကြိုးစားနေတဲ့ သူတွေအတွက်တော့ ဂွင်ကောင်းကောင်း ရလိုက်သလို ကလော်တုတ်တော့တာပါပဲ....... ဘာကြောင့် သံဃာတော်တွေ ဒီလို ဥပဒေမူကြမ်းတွေ ထုတ်ဖို့ ပြင်လာသလဲ မစဉ်းစားကြပါဘူး.... တနည်းအားဖြင့် ပြဿနာရင်းမြစ်ကို မစဉ်းစားကြပါဘူး.......

အဆိုပါ ဥပဒေမူကြမ်းတွေကို ဖတ်ကြည့်ပီး မိမိအနေနဲ့ ရရှိလာတဲ့ ခံစားချက်ကတော့ ဒီမူကြမ်းတွေထုတ်ဖို့ ဖြစ်လာတဲ့ သံဃာတော်တွေရဲ့ စိုးရိမ်မှုတွေကို မြင်တွေ့လာတာပါပဲ...... သံဃာတော်တွေဟာ ဘာကြောင့် လူတွေရဲ့ ကိစ္စအပေါ် လိုက်လံ စိုးရိမ်ပူပန်နေသလဲ မေးစရာရှိပါတယ်...... လူတွေဟာ သူတို့ရဲ့ ဒကာ၊ ဒကာမတွေ ဖြစ်နေလို့ပါပဲ...... သံဃာအတွက် ကျောင်း၊ ဆေး၊ ကွမ်း၊ ဆွမ်း ဤလေးပါးဟား ဒကာ၊ ဒကာမတွေနဲ့ မှီခိုနေတဲ့အတွက် ဒကာ၊ ဒကာမတွေရဲ့ ဆင်းရဲချမ်းသာ ကိစ္စ အဝဝဟာ သံဃာတွေအနေနဲ့ ရှောင်လွဲလို့မရပဲ ပါတ်သက်နေရပါတယ်...... သံဃာတိုင်းဟာ သောတပန်အဆင့် အနိမ့်ဆုံး ဖြစ်နေတာ မဟုတ်တဲ့အတွက် ဒီကိစ္စဟာ ဥပက္ခာပြု ရှောင်လွဲမရခြင်းလည်း ဖြစ်ပါတယ်......

ဒကာ၊ ဒကာမတွေရဲ့ အကြပ်အတည်းကြောင့် ရဟန်းသံဃာတို့ မနေနိုင်ဖြစ်ရပြီး ပခုက္ကူကနေ ဆန္ဒပြခဲ့ရာကနေ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်လာတာကို မေ့လို့မရပါဘူး...... လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်မှုကြောင့် ကြပ်တည်းမှု ဖြစ်ပေါ်လာခဲ့ရတဲ့ ဒကာ၊ ဒကာမတွေအတွက် မနေနိုင်ပဲ ဆွမ်း၊ ကွမ်း ဒကာအတွက် ရဟန်းမှာလည်း ရတက်မအေးခဲ့ရလို့ ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲကြီးလည်း ဖြစ်ပါတယ်..... ထိုအချိန်က ရဟန်း၊ သံဃာတွေကို လူကိစ္စဝင်ပါတယ်လို့ မဝေဖန်ခဲ့ကြပဲ ဆွမ်း၊ ကွမ်း ဒကာအတွက် သံဃာတော်တွေရဲ့ အနစ်နာခံမှုလို့တောင် သုံးနှုံးခဲ့ကြပါတယ်......

ယခု ဥပဒေ (မူကြမ်း) တွေဟာလည်း ဒကာ၊ ဒကာမတွေရဲ့ ဆင်းရဲကြပ်တည်းစေမှု၊ ပြဿနာများကနေ အစပြုလာလို့ ဖြစ်ပေါ်လာတယ်ဆိုလည်း မမှားပါဘူး.... အထူးသဖြင့် ဘာသာကြီးတစ်ခုနဲ့ ပါတ်သက်မိတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးများ ဒုက္ခရောက်ရခြင်း၊ အခက်အခဲများစွာ တွေ့ရခြင်းများကို ကယ်တင်ရန် သံဃာများရဲ့ တစ်ဖက်တစ်လမ်းမှ ကြိုးစားမှုလည်း ဖြစ်ပါတယ်.....

အဘယ့်ကြောင့်လည်းဆိုတော့ အကြောင်းကြောင်းကြောင့် ဘာသာကြီးတစ်ခုနဲ့ ပါတ်သက်ခဲ့ပီး မှားယွင်းမှန်းသိလို့ မူလ ဘာသာကို ပြန်လာချိန်မှာ (သို့) အဆိုပါ ဘာသာခြားနဲ့ ပါတ်သက်ခဲ့ပြီး မိမိ ကိုးကွယ်ရာ ဘာသာကို ဆက်လယ်ကိုးကွယ်ခွင့်မရစေရန် အမျိုးမျိုးသော ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရား ပြုကျင့်ခြင်းများကြောင့်၎င်း၊ အတင်းအဓမ္မ လက်ထပ်ခြင်း၊ ဘာသာအပြောင်းခံရခြင်းများကြောင့်၎င်း ခိုကိုးရာမဲ့၍ အားကိုးရာ ကိုးကွယ်ရာ သံဃာများထံ ချဉ်းကပ်ရာမှ လူ့အပူ သံဃာ့ကို ကူးဆိုသလို ဖြစ်တာတွေ များတဲ့အတွက် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ထိမ်းချုပ်ရန် ကြိုးစားခြင်းလည်း ဖြစ်ပါတယ်......

အဆိုပါ ဘာသာကြီးနဲ့ ပါတ်သက်လို့လည်း ၎င်းတို့ ဘာသာဝင်မှ အခြားဘာသာကို ပြောင်းလဲကိုးကွယ်ရင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း၊ အဆုံးစွန် ခြိမ်းခြောက်ခြင်းများ ရှိခဲ့တာ၊ ကျင့်ကြံနေတာလည်း လက်တွေ့မှာ များစွာပင် ရှိနေတဲ့အတွက်လည်း ဖြစ်ပါတယ်.... ဥပမာအားဖြင့် မိမိနေတဲ့ မြို့ရှိ အစ္စလာမ်ဘာသာဝင် မိသားစုလိုက် ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောလိုပါတယ်..... ဧရာဝတီတိုင်းမှာ တာကျိုးပြီး ရေလွှမ်းမိုးမှု ဖြစ်ခဲ့စဉ် ဆင်းရဲသည့် မွတ်စလင် မိသားစုဝင်တွေ အများစု နေအိမ်တွေ ရေထဲမြောပါပြီး နေစရာမရှိ၍ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပါတယ်...... ဗုဒ္ဓဘာသာ မြန်မာပြည်ဖြစ်တဲ့အတွက် လူသားတွေ အခက်အခဲတွေ့တိုင်း လူမျိုးမရွေး ဘာသာမရွေး ကူညီ၊ ကယ်တင် စောင့်လျှောက်တာကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများပဲ ဖြစ်ပါတယ်.......

အဆိုပါ အစ္စလာမ်ဘာသာဝင် မိသားစုဟာလည်း ဘုန်းကြီးကျောင်းမှာ မှီခိုနေထိုင်ခဲ့တဲ့ မိသားစု များစွာထဲက တစ်စုလည်း ဖြစ်ပါတယ်..... ရေကျသွားချိန် အားလုံး ကိုယ့်ရပ် ကိုယ့်ဌာနကို ပြန်နေပြီး သိပ်မကြာခင်မှာ အဆိုပါ မိသားစု တစ်စုလုံးဟာ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ကူးပြောင်းလိုက်ပါတယ်..... ထို့အတူ ပထမဆုံး ရဟန်းခံ၊ ရှင်ပြုရန်လည်း ပြင်ဆင်ကြပါတယ်...... ထိုသတင်းဟာ မိမိတို့ ဒေသအတွင်းသာမက နေရာအများစုပါ ပြန့်နှံ့သွားပြီး အခြားသော အစ္စလာမ် ဘာသာဝင်တို့ တုန်လှုပ်သွားခဲ့ပုံ ရပါတယ်.....

ဒါကြောင့် ရဟန်းခံ၊ ရှင်ပြု မင်္ဂလာ မကျင်းပခင်စပ်ကြားမှာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့် အစရှိတဲ့ အဆင့်ဆင့်သော၊ မျိုးစုံသော အဖွဲ့များမှ ဗလီဆရာများဟာ အဆိုပါ မိသားစုထံ သွားရောက်တွေ့ဆုံပြီး ဘာသာပြောင်းရခြင်း အကြောင်းအရင်း၊ ဆင်းရဲ၍လော၊ ငွေကြေးမပြည့်စုံ၍လောဟု မေးမြန်း၍ ကူညီထောက်ပံ့ရန် ကမ်းလှမ်းခဲ့ကြပါတယ်..... အဆင့်ဆင့်သော ဗလီဆရာများမှ လာရောက်တွေ့ဆုံ၍ ညှိနှိုင်းမရချိန်၊ အဆိုပါ မိသားစုမှ ရှင်ပြုမည့်ရက် နီးကပ်လာချိန်မှာတော့ ညှိနှိုင်းမှုမှသည် ခြိမ်းခြောက်မှုအဆင့်ကို ရောက်ရှိသွားပါတယ်...... ထို့အတွက်ကြောင့်လည်း အဆိုပါ ရှင်ပြုပွဲဟာ ရဲ အစောင့်အလျှောက်နဲ့ ကျင်းပခဲ့ရပြီး တစ်မြို့လုံးကလည်း သတိမပြတ် စောင့်ကြပ် ကြည့်ရှုခဲ့သလို၊ မြို့ခံ ဗလီဆရာတွေကလည်း ပြဿနာမဖြစ်အောင် အခြင်းခြင်း ထိမ်းသိမ်းခဲ့တဲ့အတွက် အကြီးအကျယ် ပြဿနာ မတက်ခဲ့ရပါဘူး......

သို့ဖြစ်တဲ့အတွက် မိမိတို့ ဘာသာမှလွဲ၍ အခြားဘာသာ၊ ကိုးကွယ်ရာများနှင့် ပါတ်သက်လျင် စိုးစဉ်းမျှ သည်းမခံတတ်သော၊ လက်မခံသော ဘာသာကြီးကြောင့် မိမိတို့ ဒကာ၊ ဒကာမများ စိတ်နှလုံး ဒုက္ခရောက်ရခြင်းကို စိုးရိမ်ပူပန်နေသဖြင့် တားဆီးရန် ကြိုးပန်းလာသော ရဟန်းတို့၏ လုပ်ရပ် တနည်းအားဖြင့် ဤ ဥပဒေမူကြမ်းများ ထွက်ပေးလာရခြင်းကို သိရှိနိုင်ဖို့ လိုအပ်လှပါတယ်..... သို့မှသာ ရဟန်းတော်များ အုပ်ချုပ်မှုပိုင်းတွင် ဥပဒေပြဌာန်းရန် ကြိုးစားခြင်းကို မဖြစ်စေရန် လူများမှ ကူညီပြုမူပေးရမှာ ဖြစ်ပါတယ်.... တနည်းအားဖြင့် ရဟန်းတော်တို့၏ စိုးရိမ်ပူပန်မှု လျော့နည်း၍ ကောင်းမွန်စွာ တရားအားထုတ်နိုင်စေရန် လူများမှ မိမိတာဝန် မိမိကျေပွန်နေစေဖို့ လိုအပ်ပါတယ်.......

ဒီနေရာမှာ အလျင်းသင့်လို့ ပြောလိုတာကတော့ တစ်ချိန်က ၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဖြစ်စဉ်တွင် ရဟန်း၊ သံဃာတို့ လူ့အရေးကို ဝင်ပါသည်ဟု မမြင်ပဲ အရေးအခင်းဖြစ်ရခြင်းဖြစ်သော စစ်အစိုးရမှ လောင်စာဆီ ဈေးနှုန်းမြှင့်တင်ခြင်းကို လူအများ သတိပြုမိ မြင်မိခဲ့ကြပေသည်...... ယခုကိစ္စတွင်မူ ရဟန်းတော်များ၏ စိုးရိမ်စိတ်အား အဓိက မမြင်ကြပဲ ရဟန်းတို့ လူပုဂ္ဂိုလ်အရေးကို ဝင်ပါသည်ဟု နင်ပဲငဆ ဝိုင်းဝန်းပြစ်တင်နေကြခြင်းပင်...... ထို ၂ ခုတို့သည် ရဟန်းတော်တို့မှ လူ့အရေးတွင် ပါဝင်ခဲ့ကြသော်လည်း အဆိုပါ အဖြစ်အပျက် ၂ ခုကိုပင် လူအများ၏ ရှုမြင်သုံးသပ်မှုမှာ ခဲလုံးလာရာကိုကြည့်ခြင်းနှင့် ခဲလုံးကို ကြည့်ခြင်း နှစ်မျိုး ကွဲပြားနေတာကိုလည်း တွေ့မြင်ရပါတယ်...... အထူးသဖြင့် လက်ရှိ ရဟန်းတော်များအား လူ့အရေး ဝင်ပါသည်ဟု နင်ပဲငဆ ပြောဆိုနေသူများသည် ပြဿနာဖြစ်ရသည့် ဘာသာကြီးနှင့်ပါတ်သက်လျင် စိုးစဉ်းမျှ အထိမခံခြင်း၊ မသိဟန် ဆောင်နေခြင်းများလည်း ထူးထူးခြားခြား တွေ့မြင်နေရပါတယ်.......

မူလ အစကိုပြန်ကောက်ရသော် ရဟန်းတော်များ လူ့အရေးတွင် ဝင်မပါပဲ ဖြောင့်တန်းစွာ တရားအားထုတ်နိုင်ရန်မှာ ၎င်းတို့၏ ဒကာ၊ ဒကာမများအပေါ် စိုးရိမ်စိတ်ကို ဖြေဖျောက်နိုင်ရန် လိုအပ်ပါတယ်...... ဆွမ်း၊ ကွမ်း ဒကာ၊ ဒကာမများအပေါ် ကျေးဇူးသိတတ်သော ရဟန်းတော်တို့၏ စိုးရိမ်စိတ်ကို မဖြစ်ရန် တား၍ကား မရစကောင်း..... သို့ဖြစ်သောကြောင့် ရဟန်းတော်တို့ စိုးရိမ်စိတ် ဖြစ်ရခြင်း အကြောင်းအရင်းကို မဖြစ်ပွားစေရန် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်များမှ တာဝန်ကြေပွန်ရန်လည်း လိုအပ်လှပါတယ်...... ထို့ကြောင့် ရဟန်းတော်တို့အား အကုသိုလ်ပွား ငရဲအများခံပြီး အပြစ်ပြောနေမည့်အစား ရဟန်းတို့ လူ့အရေးကို ဝင်မပါဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှ အမျိုးဘာသာ စောင့်ရှောက်ရန် ဥပဒေ ပြဌာန်းနိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်......

Photo Copied From Internet

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...