by Maung Maung Than (Notes) on Friday, June 21, 2013 at 2:44pm
၁၉၆၀ခုနှစ် ရွေးကောက်ပွဲအပေါ် ဒေါက်တာဗမော်၏ သုံးသပ်ချက် အဆင့် (၅)ဆင့်
ပြည်သူအများ၌ နိုင်ငံရေး အသိအမြင် နည်းပါးသေးခြင်းသည် ပထမအဆင့် ဖြစ်သည်။
×
×
တတိယအဆင့်တွင် ဘာသာရေးဝင်လာသည်။ ဘာသာသာသနာ အစစ်အမှန်ထက် လူထုအား လှုံ့ ဆော်လှုပ်ရှားသော ဘာသာရေးမျိုးဖြစ်သည်။ သံဃာတော်များက နိုင်ငံတော် ဘာသာ ပြဌာန်းပေးမည်ဟု ကတိပြုသော ပုဂ္ဂိုလ်ကို တခဲနက် ထောက်ခံကြသည်။
×
×
သမိုင်းအခြေအနေအရ မြန်မာပြည်သူတို့ သည် အုပ်ချူပ်သူမင်းကို ရန်သူမျိုးငါးပါးတွင် တစ်ပါး အဖြစ် သတ်မှတ်ကြသည်။ မင်းသည် ဘုရားတည်၊ ကျောင်းဆောက်၊ အခွန်ကောက် ထင်ရာသုံး၊ ရာဇ၀တ်မှု ကျူးလွန်သူကို အပြစ်ပေးလျှင် တာဝန်ကျေသည်။ အခြား ဘာမျှလုပ်ရန်မလို၊ ပြည်သူတို့  ဖြစ်ချင်သလိုဖြစ်၊ နေချင်သလို နေစေရမည်ဟု မှတ်ယူကြသည်။ အုပ်ချူပ်သောမင်းက ပြည်ရေးရာမှုအတွက် အခြားလုပ်စရာ ရှိတာလုပ်လျှင် တရားမဲ့သည်ဟု မင်းကိုပင် အပြစ်တင်ကြသည်။ သို့ ရာတွင် တိုးတက်လိုလျှင် အလုပ်လုပ်ရသည်။ ဥပဒေတွေ ပြဌာန်းရသည်။ အမိန့် တွေ ထုတ်ရသည်။ ဤသည်တို့ သည် ထင်သလိုနေ ဒီမိုကရေစီ အခွင့်အရေးကို ချုပ်ချယ်သည်။ ယခုအခေါ်အဝေါ်နှင့်ဆိုလျှင် ဖက်ဆစ်ဆန်သည်ဟု ပြောကြပြန်သည်။
နိုင်ငံရေးကို အတွေ့ အကြုံနည်းသေးသော ပြည်သူတို့ သည် အနည်းငယ် နစ်နာဆုံးရှုံးခြင်း၊ အဆင်မပြေခြင်းကို အကျယ်ချဲ့ ၍ တွေးတောတတ်သည်။ အရှည်ကောင်းသမျှ ကိစ္စများကိုမူ မသိမမြင်တတ်ဘဲ ရှိတတ်သည်။ တပ်မတော်ကလည်း အများကောင်းဖို့  လုပ်လျှင် ပြီးစတမ်း၊ နည်းလမ်းက အရေးမဟုတ်ဟု တွေးတောပုံရသည်။ ဤသည်တွင် တပ်မတော်နှင့် ပြည်သူကြား တီးတိုး ၀ါဒဖြန့်  ဖို့  အကွက်ကောင်း ပေါ်တော့သည်။
×
×
နောက်ဆုံးအဆင့်တွင် နိုင်ခြေရှိသူကို ၀ိုင်း၍အားပေး ထောက်ခံလေ့ရှိသော လူထု၏ အကျင့်ဝင်လာသည်။ အများဝါ၍ ၀ါကြသည်။ နောင်လာမည့် အစိုးရ တို့ အစိုးရဟု တွေးခေါ်ကြသည်။ တောခိုသောင်းကျန်းသူတို့ ကလည်း အ၀ါရောင် ပါတီကို အားပေးရန် ဆော်သြကြသည်။ ယင်းပါတီနှင့် အရေးဆိုရတာ ပိုမိုလွယ်ကူ လိမ့်မည်ဟု သူတို့ ယုံကြည်ကြလေသည်။
ရွေးကောက်ပွဲ ပြီးကာစ မြန်မာနိုင်ငံရေး အခြေအနေ အဓိက ပုံကြမ်းကို ဤသို့ မြင်နိုင်ပေသတည်း
ဒေါက်တာ ဗမော်