Quantcast
Viewing all articles
Browse latest Browse all 1811

ထိန်းသိမ်းခြင်းနှင့် အမျိုးသားရေး

by Thida Khin (Notes) on Friday, June 21, 2013 at 10:37pm

ကျွန်မ၏အခန်းထဲတွင် ကျွန်မငယ်စဉ်ကတည်းက လေးစားအားကျရသော သူနာပြုမိခင်ကြီးဖလောရင့်စ် နိုက်တင်ဂေး၏ ရုပ်ပုံနှင့် သစ္စာဓိဌာန်ကို ကပ်ထားပြီး နေ့ စဉ်မဟုတ်သော်ငြား ရံဖန်ရံခါ ဖတ်ဖြစ်သည်။ အလွတ်ရအောင်လည်းကျတ်မှတ်ရ၏ ။ ဓိဌာန်ဆိုသည်မှာကားမိမိကို အနီးကပ် ဆုံးမပေးနေသည့် ထိန်းသိမ်းစောင့်ရှောက်ရန် တရား သို့ မဟုတ် ကျင့်ဝတ်ဟု ယုံကြည်၏။
ထိုတရားတို့ ကင်းလွတ်သွားလျှင်ကား မိမိသည် စည်းဘောင်မှကင်းလွတ်သွားပြီး အမှားများကို ကျူးလွန်မိပေလိမ့်မည်။ မိမိယုံကြည်လေးစားအပ်သည့် မိခင်ကြီး ဖလောရင့်စ်နိုက်တင်ဂေးကို အားကျနေရုံမျှ နှင့် မပြီး ။ သူမ၏အဆုံးအမများကိုလည်းလိုက်နာကျင့်သုံးမှသာ သူနာပြုကောင်းများပေါ်ထွန်းလာမည်မဟုတ်ပါလား။ မိမိကဲ့သို့ ပင် သူနာပြုများ ၊ဆရာဝန်များ နှင့် အခြားဆေးပညာသည်များသည်လည်း ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးကြရလေသည်။ကျွန်မသည် သူနာပြုတစ်ဦးဖြစ်သည့်အားလျော်စွာ သူနာပြုများစောင့်ထိန်းအပ်သည့် သစ္စာဓိဌာန် များမှ .... ကျွန်ုပ်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ဂီလာန ပုဂ္ဂိုလ်များအား လူမျိုးဘာသာအဆင့်အတန်းမခွဲခြားပဲပြုစုပါအံ့ ....ဟူသည့်အချက်အပါအ၀င် အချက်ရှစ်ချက်ကို လိုက်နာကျင့်သုံးရန်ကြိုးစားပါသည်။ အမှန်တကယ်လည်း လိုက်နာကျင့်သုံးပါသည်။ ကျွန်မနည်းတူ အခြားကျန်းမာရေးဝန်ထမ်းများလည်း ထိုကျင့်ဝတ်များကို အသီးသီးစောင့်ထိန်းရင်း လူသားတို့ ၏ ကိုယ်ကျန်းမာရေး ၊စိတ်ကျန်းမာရေး ကို ပြုစုကုသစောင့်ရှောက်ပေးနေကြသည်။ ကျွန်မတို့ ၏လုပ်ငန်းခွင်တွင်ကား လူမျိုးစုံ ဘာသာစုံတို့ ပါဝင်ကြသည်။

ကျွန်မ၏ဆရာသမားများဖြစ်သော မေ့ဆေးဆရာဝန်ကြီးငယ်များ၊ ခွဲစိတ်ဆရာဝန်ကြီးငယ်များ၊ သူနာပြုဆရာမကြီးငယ်များ၊ အခြားကျန်းမာရေးဝန်ထမ်းများ နှင့် မိမိတို့ လက်အောက်ရှိ ဆေးရုံလုပ်သားများ ထဲတွင် အစ္စလာမ်ဘာသာဝင်များပါဝင်သည်။ ခရစ်ယာန်ဘာသာဝင်များလည်းပါဝင်သည်။ လူမျိုးရေး ပြဿနာများမဖြစ်ပွားခင်နှင့် ယခုကဲ့သို့ ဖြစ်ပွားနေသည့်တိုင် ကျွန်မတို့ အတူတကွ စိတ်ဝမ်းမကွဲပဲ ကျန်းမာရေးဌာန ဟူသော တစ်မိုးအောက်ထဲတွင် အေးအတူပူအမျှ တာဝန်များကို ထမ်းရွက်နေကြသည်။ မြန်မာပြည်သူပြည်သားများ ဟူသော အသိနှင့်ပင် လူမျိုး ဘာသာမရွေး လူနာများအားပြုစုကုသမှုပေးနေကြသည်မှာ ငြင်းဖွယ်ရာမရှိ။ ထမင်းအတူတူစားကြ ၊ လုပ်ငန်းခွင်မှ စိတ်ဖိစီးမှုများကို ရယ်မောဖွယ်ရာများနှင့် အပန်းဖြေကြ၊ အခက်အခဲများရှိလျှင်လည်း ၀ိုင်းဝန်းဖြေရှင်းကြနှင့်။ အငြိမ်းစားယူသွားပြီဖြစ်သော ကျွန်မ၏ဆရာသမားဖြစ်သူ မေ့ဆေးဆရာဝန်မကြီးကားလူနာများအပေါ် အလွန်စေတနာထား ဂရုစိုက်သူတစ်ဦးဖြစ်ပြီး ရဟန်းသံဃာများအားလည်း ......အရှင်ဘုရား အရှင်ဘုရား ....ဟု လက်အုပ်လေးချီကာအရိုအသေပေးတတ်သလို နှလုံးခွဲစိတ်ဆရာဝန်ကြီးသည်လည်း ထိုနည်းတူ..... ငွေကြေးအခက်အခဲဖြစ်သူ ရဟန်းသံဃာများနှင့် သီလရှင် ဆရာကြီး ဆရာလေးများကိုလည်း ရောဂါကုသရုံတင်မက ငွေကြေးထောက်ပံ့မှုများလည်း ပေးနေသူဖြစ်သည်။ 

လုပ်ငန်းတွင်အလွန်စေ့စပ်သေချာသူ လူနာများအပေါ်ဂရုဏာသံလေးနှင့် ပြုစုပေးစွမ်းသူအစ္စလာမ် သူနာပြု လေးမှာ ကျွန်မ မလေးစားပဲမနေနိုင်သူတစ်ဦး ဖြစ်ပြီး အခြားသူများကိုလည်း လုပ်ငန်းခွင်တွင်သူမ၏အပြုအမူများကိုအတုယူရန် ကျွန်မတိုက်တွန်းလေ့ရှိသည်။ ယနေ့ ခေတ်အခါတွင် မီဒီယာများမှာ ကျွန်မလစ်လျူ၍မရအောင်ပင် လူမျိုးရေးမုန်းတီးမှုများပြင်းထန်နေသည်ကို စိတ်မကောင်းစွာတွေ့ ရသည်။ မည်သည့်ဘာသာဝင်ဖြစ်စေကာမှု ပင်ကိုယ်စိတ်သဘောမနောမွန်မြတ်ဖြူစင်သူသည် သူတစ်ပါးအား ဒုက္ခမပေး။ သူတစ်ပါးအကျိုးယုတ်မည့်အမှုကို မပြု။ အချို့ ဘာသာမဲ့များလည်း ထိုနည်းတူ။ ၎င်းတို့ ၏ ဂုဏ်သိက္ခာကိုလည်း အသီးသီးစောင့်ထိန်းကြလေသည်။ ပင်ကိုယ် အကျင့်စာရိတ္တ ချွတ်ယွင်းသူတို့ ကား မည်သည့်ဘာသာဝင်ပင်ဖြစ်လင့်ကစား မိမိအပါအ၀င် အများအကျိုးယုတ်အောင် စည်းဖေါက်ဖို့ ဝန်မလေး။ ထိုအကျင့်စာရိတ္တဖေါက်ပြားမှုမှ သည် နိုင်ငံရေးအဓိကရုဏ်များဖြစ်ပွားသည်အထိ ကြုံကြရပြီမဟုတ်ပါလား။ 

ထို့ အပြင် အစွန်းတရားတို့ သို့ ဦးတည်မှုမှ သည် ထိုအစွန်းတရားနှစ်ဖက်တို့ ဆုံတွေ့ လျှင် အရာရာဆုတ်ယုတ်ပေလိမ့်မည်။ မည်သို့ ပင်ဖြစ်စေ ကျွန်မတို့ သည်ကားအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတူဖြစ်ပြီး အမျိုးသားရေးကိုလည်း ကျင့်ဝတ်များနှင့်အညီ အသီးသီးစောင့်ထိန်းပြီး မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့ ၏အကျိုးကို အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူတကွ ဆက်လက်ထမ်းဆောင်နေအုံးမည်မှာ မလွဲပေ။  မြန်မာနိုင်ငံတွင်း အခြားသော နေရာဒေသများ ၊ မြို့ ရွာများတွင်သာမက ကမ္ဘာပေါ်ရှိ နေရာအသီးသီးတွင် လည်း အစွန်းတရားနှစ်ပါးနှင့်ကင်းဝေးပြီး လောဘ၊ ဒေါသ၊ မောဟ မာန်မာနတရားများလျော့ပါးလာအောင် ဘာသာတရားအသီးသီးမှ သာသာဝင်များကိုယ်စီကိုယ်ငှ တာဝန်ယူ ပြီးဖြေရှင်းကြမည်ဆိုလျှင် ......ငြိမ်းချမ်းရေးသည်လက်တစ်ကမ်းပင် ဟု မျှော်လင့်လျှက်......


သီတာခင်
၂၁၊ ၆၊၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>