Quantcast
Viewing all articles
Browse latest Browse all 1811

အိမ်ပြန်လမ်းအတွေး -၂

by Thida Khin (Notes) on Saturday, June 22, 2013 at 11:19pm

အိမ်ပြန်လမ်းမှာ တွေးမိတာလေးက ဆရာတော်ဘုရားကြီးဦဥာဏိဿရ ၏ သြ၀ါဒ ...... ငါးကျမ်းပြန်ထားဝယ်ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဦးဓမ္မပီယ ၏ ဒေါက်တာဘွဲ့ ရ ဂုဏ်ပြုပွဲတွင်.... ဒီလူတွေသူများ ဘာပြောပြော ဟုတ်ကဲ့ သဘောတူပါတယ် တူပါတယ် ..ထောက်ခံပါတယ် ထောက်ခံပါတယ်ပဲ ...... ဆိုတာလေးသတိရမိတယ်။
နာမည်ကြီးတစ်ဦး တစ်ယောက်ကများပြောလိုက် ရင် အဟုတ်ချည်းထင်ကြတယ်။ မိမိတို့ တွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်များရှိကြပြီးသား...... pros & con ကောင်းကျိုး ဆိုးကျိုး ၊ နောက်ဆက်တွဲ အကျိုးဆက် စတာတွေကို တစ်ဘက်သတ်မကြည့်ပဲ ရှုထောင့်စုံမှ တွေးသူရှားလေ၏။ သူများဆန္ဒပြ ဘုမသိဘမသိချော်လဲရောထိုင် ၊ ထောင်ချောက်ဆင်သူ ဆွဲဆောင်ရာ မှာ မိကြလေ၏။ နောင်ကျဉ်လားဆိုလည်း မကျဉ် ၊ လမ်းမပေါ်ငုတ်တုတ်ထိုင်သူထိုင် ၊ မြင်မကောင်းရှုမကောင်း နှိမ်နင်းခံရ ၊ ကမ္ဘာ့အလယ်မှာ မြန်မာတို့ အရှက်ရပေါင်းများလှပြီ။

ဤမျှရပ်တန့် ပြီး စိတ်တည်ငြိမ်စွာ ခေါင်းအေးအေးနှင့်စဉ်းစားစေလိုသည်။ တိုင်ပင်နှီးနှောစေလိုသည်။ မိမိတို့ ၏လုပ်ရပ်ကို ကမ္ဘာက စောင့်ကြည်နေသည် ။ မိမိတို့ ထက်ဥာဏ် အမျှော်မြင်ကြီးသူများ ပြုံးတော်မှု၏။ ယခုခေတ်အပြောများနေသော မျက်ကန်းမျိုးချစ်များ မဖြစ်စေလို ။ သူများနောက် ကောက်ကောက်ပါအောင်လိုက်နေတာထက်..... ကိုယ်သာဆို ဘာလုပ်သင့်လဲ၊ ဘာလုပ်ဖို့ လိုအပ်သလဲ၊ ဘာလုပ်မလဲ .... စသည် ဖြင့် ကိုယ်ပိုင်အတွေးများကို အသုံးချလေ့ကျင့်သင့်သည်။ ထိုမှတဆင့် သက်ဆိုင်ရာကို အကြံဥာဏ်ပေး၊
ခက်တော့ခက်သား ထိုသူများကရော ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းမလဲ Problem Solving Technique တွေကို Creative Thinking နဲ့ ပြဿနာတစ်ခုပေါ် ခြုံငုံသုံးသပ်ပြီး ဖြေရှင်းဖူးအုံးမှ။ အဲလိုမှ မဟုတ်ရင်ဖြင့် အပြတ်ပြတ် နှင့် နှာခေါင်းသွေးထွက်ဆိုသည့်စကားအတိုင်း ဖြစ်ချေအုံးမည်။ Terrorism Attack တွေကို နိုင်ငံတကာမှာ Strategic Plan တွေကို သုံးပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားသလဲ။

၎င်းတို့ ၏ Strength & Weakness တွေကို ဘယ်လိုသင်ခန်းစာယူမလဲ ..... ထိုနည်းလမ်းများကို အကြမ်းဖက်နိုမ်နှင်းသူများ၊အာဏာပိုင်များ နှင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အစည်းများမှ အဖွဲ့ ဝင်တိုင်းတတ်မြောက်ထားသင့်သည်ဟု ယူဆသည်။ သို့ သော် မိမိတို့ နိုင်ငံ၏ အခြေအနေ သဘာသဘာဝနှင့် လိုက်လျောညီစွာ ဆောင်ရွက်သင့်သည်။  ခေတ်စနစ်နှင့် ကိုက်ညီမှုရှိမရှိ သုံးသပ်ဖို့ တော့လိုသည်။ ထုတ်ပြန်ထားသည့် နည်းဥပဒေများ ကိုလိုက်နာသင့်သည်။ မြန်မာပြည်သူ/ သားတို့  မြန်မာဟု ဂုဏ်ယူဝံ့ကြွားဖို့ တော့ အရှိန်ပြန်ယူရပေလိမ့်အုံးမည်။
(မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိပါ။ အမှားများရှိပါက အပြုသဘောဖြင့်တည့်မတ်ပေးစေလိုပါသည်။)


သီတာခင်
၂၂၊ ၆၊ ၂၀၁၃

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>