Quantcast
Viewing all articles
Browse latest Browse all 1811

မေ့ထားလို့ မဖြစ်တဲ့ လူငယ်များ

by Khin Maung Nyo (Notes) on Sunday, June 23, 2013 at 8:53pm
မေ့ထားလို့ မဖြစ်တဲ့ လူငယ်များ
ခင်မောင်ညို (ဘောဂဗေဒ)

(၁)
ဒီရက်ပိုင်းမှာ ခရီးသွားတာရယ်၊ ဆွေးနွေးပွဲ တက်တာတွေရယ်နဲ့ စာရေးတာ အတော်လေး ကျဲသွားတယ်။ ကျဲသွားတယ်ဆိုတာကလဲ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်သာ ပြောတာပါ။ တစ်ပတ် လေး၊ ငါးပုဒ်လောက် ရေးနေရာက နှစ်ပုဒ်၊ သုံးပုဒ်လောက် ဖြစ်သွားတာမျိုးပါ။ ကြားထဲမှာက ကိုယ်က ဟောရ၊ ပြောရ တာတွေကလဲ ရှိသေးတယ်။ ပြီးတော့ ခေါင်းစဉ်ကလဲ အသေ မဟုတ်၊ ပြင်ရ၊ ဆင်ရတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရေးနေတဲ့ စာတမ်းတစ်စောင်ဆို ထပ်ထပ်ဖြည့်နေရတာနဲ့ မပြီးနိုင်၊ မစီးနိုင် ဖြစ်နေတာကို ချူလာလောင်ကောင် တက္ကသိုလ်က ပါမောက္ခတွေက ခုထိ သည်းခံပြီး တောင်းနေကြတယ်။

တကယ်တော့ ပြန်ပြောရ၊ ရေးရအောင် ဆွေးနွေးပွဲတွေ တက်တာ ဖြစ်ပေမယ့် တက်တဲ့ ဆွေးနွေးပွဲတွေ စိတ်လာတဲ့အခါ မရေးနိုင်တော့ပဲ ကြာလာတဲ့အခါ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာလဲ ရှိပါတယ်။ ကြားထဲမှာ တောင်းဆိုကြတာတွေကို မဖြည့်ဆည်းနိုင်တာလဲ ရှိရဲ့။ ကိုယ်ခွဲထားလို့ ရတဲ့ ကိစ္စတွေမှ မဟုတ်တာ။
တောင်ငူခရီးစဉ်မှာ ပါလာတဲ့ သမီးငယ်တွေက ဆရာ စာမသင်ဘူးလား၊ သူတို့ကို စာသင်ပေးပါလားလို့ ပြောတော့ ဘယ်မှာမှ စာမသင်တော့တဲ့အကြောင်း၊ သင်တန်းတချို့ကို မနည်း သင်နေရတဲ့ အကြောင်း ပြောရပါတယ်။ ပညာရေး ကွန်ယက်၊ ပညာရေး ညီလာခံမှာ ဆုံတဲ့ သမဂ္ဂကျောင်းသားတွေက စာသင်ပေးပါ၊ ဟောပြောပွဲ လုပ်ပေးပါ ဆိုတော့ ဟောပြောပွဲတော့ အလျဉ်းသင့်တဲ့အခါ လုပ်ပေးပါ့မယ်၊ စာသင်တာတော့ ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ပဲ သင်၊ ပြီးတော့ စာအုပ်ဝယ်ဖတ်လို့ ပြောလိုက်ရတယ်။
ဒီနေ့ CDEC ဆိုတဲ့ အရပ်ဘက် အဖွဲ့အစည်းလေး တစ်ခုက ၂၀၁၅ အာဆီယံ စီးပွားရေး အ၀န်းအ၀ိုင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အကြောင်း ဟောပေးပါ ဆိုတော့ ဘယ်နှယ့် ၂၀၁၅ အထိ စောင့်နေကြတာလဲ၊ အခုကို တွေ့နေရ၊ ရင်ဆိုင်နေရပြီ ဆိုပြီး ပြောဖြစ်ပါတယ်။ ဟောပြောပွဲအပြီး ဆွေးနွေးမိတဲ့ အချက် တစ်ချက်၊ နှစ်ချက်က အတော်လေး လန့်စရာ ဖြစ်သွားပါတယ်။ ဘယ်နှယ့် နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ ခေတ်ကျမှ ဒီလို ဖြစ်ရတာပါလိမ့်လို့ စဉ်းစားစရာ ဖြစ်သွားတယ်။
ပထမဆွေးနွေးတာက အခုလူငယ်တွေနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ အတော်နည်းသွားတယ် ဆိုတာနဲ့ နည်းနည်း လန့်သွားတယ်။
ဒုတိယ ဆွေးနွေးချက်က ဟောပြောပွဲသာ နည်းသွားတာ မဟုတ်၊ လူငယ်တွေ ဖတ်စရာ စာအုပ်လဲ သိပ်မရှိဘူးဆိုတော့ ပိုဆိုးသွားရော။
နီးနီးနားနား ကုန်တိုက်ကြီးတွေ ရှိပေမယ့် စာအုပ်ဆိုင် ကောင်းကောင်း မရှိတော့ ကိုယ် ကျင်လည် ကျက်စားနေကျ လှည်းတန်းက စာအုပ်ဆိုင်တွေကို သွားဖြစ်ပါတယ်။ ဆိုင်က ကလေးတစ်ယောက် ပြောပုံကို ကြည့်ပါဦး။ "အစ်မ- ဟို ဒေါက်တာ ဘယ်သူဆိုလား၊ မျက်မှန်နဲ့ နဖူးပြောင်ပြောင်နဲ့ပုံလေ- အဲဒီ စာအုပ်က ဈေးနှုန်း ဘယ်လောက်လဲ?" တဲ့။
ဒါနဲ့ ကိုယ်က မနေနိုင်တာနဲ့ ၀င်ပြောရတယ်။ "အေး ညည်းတို့ခေတ် မဟုတ်တော့ မသိတော့ဘူးပေါ့အေ၊ အဲဒါ မြန်မာနိုင်ငံမှာ သမ္မတလုပ်သွားတဲ့ ဒေါက်တာမောင်မောင် ရေးတဲ့ စာအုပ်ပါ" လို့။
စာအုပ်ဆိုင်မှာ အများဆုံး လွှမ်းမိုးနေတာက နိုင်ငံရေး စာအုပ်တွေ ဖြစ်မယ် ထင်ပါတယ်။ နိုင်ငံရေး ပွင့်လင်းလာတဲ့ ခေတ်မို့ နိုင်ငံရေး အကြောင်း ရေးကြ၊ သားကြ၊ လေ့လာကြ၊ ဟောပြောကြ၊ ဖတ်ရှုကြတာတွေလဲ များလာတာ အမှန်ပဲ။ ဒါပေမယ့် စောစောက ပြောသလို တခြား ဖတ်စရာ ဘာသာရပ်တွေ၊ အကြောင်းအရာတွေ ရွေးချယ်စရာ နည်းသွားတာတော့ အမှန်ပဲ။
အဲသလိုပဲ ဟောပြောပွဲတွေ ရှိပေမယ့် လူငယ်တွေ (ကျောင်းကြော်ငြာတာ မဟုတ်တဲ့) ပညာရေး အခွင့်အလမ်းတွေ၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ပြင်ဆင်မှုတွေ၊ စိတ်နေစိတ်ထားတွေ၊ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကိုလဲ ပြောဟောပေးဖို့ ကျွန်တော်တို့ တာဝန်ပေါ့လျော့သွားလေသလား? နိုင်ငံရဲ့ အနာဂတ်ကို အပ်ထားခဲ့ရမယ့် လူငယ်တွေ အရေး အလေး မပေးမိပဲ မေ့လျော့ပေါ့တန်နေမိသလားလို့ ဒီကနေ့ ဟောပြောပွဲက အပြန်မှာ စဉ်းစားနေမိပါတယ်။ ဟောပြောပွဲမှာ မေးမြန်းတာတွေ ကြည့်ရတာကိုက အင်တာနက်ခေတ်၊ တစ်ထောင့်ငါးရားတန် တယ်လီဖုန်းခေတ်မှာ၊ အကြားအမြင် ဗဟုသုတတွေ လုံ့လ၀ီရိယတွေ အများကြီး လိုနေသေးတယ်ဆိုတာ ဆင်ခြင်မိတဲ့ အကြောင်းပါ


(၂၂.၀၆.၂၀၁၃)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>