Quantcast
Viewing all articles
Browse latest Browse all 1811

မြန်မာနိုင်ငံသားတွေ သမာသမတ်ကျတာ ကမ္ဘာကိုသိပါစေ


ယဉ်ကျေးမှု
ကျွန်တော်တို့မြန်မာနိုင်ငံဟာရှေးယခင်ကထဲကယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့တဲ့နိုင်ငံတ နိုင်ငံဖြစ်ပါတယ်။ ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။ ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယဉ်ကျေးကြပြီး မြန်မာအမျိုးသမီးတို့မှာ လည်း မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယောက်ျားများနှင့် တန်းတူ အကျိုးခံစားခွင့် ရင်ဘောင်တန်းနှိုင်ခွင့် ကမ္ဘာ့အမျိုးသမီးများအားလုံးထဲ တွင် အလွပ်လပ်ဆုံးသော အခွင့်အရေးများ ရရှိကြပါ တယ်။
မြန်မာအမျိုးသမီးတို့မှာ ကမ္ဘာတွင် လွပ်လပ်ခွင့်အရရှိဆုံး သူတို့ဖြစ်ကြပါတယ်။ယောက်ျားတို့ကို ချစ်ခင်ရိုသေ ကြပြီး ယောက်ျားတို့နှင့် တန်းတူအခွင့်အရေးတို့ကို ရရှိကြပါတယ်။ အသားအရေ ဝင်းဝါစိုပြေပြီး သိမ်မွေ့သော ရုပ်ရည်ရှိကြပါတယ်။ မွှေးကြိုင် လှသော သနပ်ခါးကို မျက်နှာနှင့် တစ်ကိုယ်လုံးကို လိမ်း၍ မျက်နှာပေါ်တွင် စိတ်ရသလောက် လှပစွာချယ်သကြပါတယ်။ 
 
ရှည်လျှားသောထမိန်အနားပါတဲ့ ရွှေခြည်ငွေခြည်တို့ဖြင့် လှပစွာချုပ်လုပ်ပြီး ဝတ်စား ဆင်ယင်မှုနှင့် ကိုယ်ပိုင် ယဉ်ကျေးမှုကို အခြားနိုင်ငံများကပင် အတုယူကြရလောက်အောင် ထွန်းကားခဲ့ကြပါတယ်။
ထို့အပြင် ဘာသာရေးအနှောင်အဖွဲ့ ဇတ်အနိမ့်အမြင့်တို့၏ အတားအဆီးတို့မှ ကင်းလွတ်ကြပြီး မယုံမကြည် သံသယပွားများတတ်ခြင်းမရှိ ဟန်ကြီးပန်ကြီးပြုလုပ်လေ့မရှိ အခြားဘာသာဓလေ့ထုံးစံတို့ကိုလည်း ရှုံ့ချရွံမုန်း လေ့မရှိ အလွန်ဖေါ်ရွေပြီး လူမှန်သမျှအားလုံးတို့ကို ရိုသေကိုင်းရှိုင်းစွာ လေးလေးစားစား ဆက်ဆံတတ်ကြ ပါ တယ်။ လွပ်လပ်စွာနေထိုင်ပြောဆိုမှု ရက်ရောစွာပေးကမ်းတတ်ကြပြီး ဆင်းရဲသော သူများပင် ရိုးသားမွန်ရည်ကြ ပါတယ်။ ကြင်နာခင်မင်တတ်ကြတယ် ကျွေးချင်မွေးချင်ကြတယ် ရွှင်ရွှင်ပြပြနေထိုင်တတ်ကြပြီး ရောင့်ရဲတင်း တိမ်မှုရှိကြခြင်းမှာ မြင်ရသူတိုင်းပင် အလွန်အံ့သြကြရပါတယ်။
 
ခရီးအတူသွားလာကြရာတွင်လည်း ကုန်ကျစရိတ်ကို သူ့ထက်ငါဦးအောင် အလုအယက်ပေးတတ်ကြပါတယ်။ မည်သို့ပင် ဆင်းရဲသောအိမ်ဖြစ်ပါစေ မိမိတို့အိမ်သို့ ဝင်ရောက်တည်းခိုလာ သောသူတို့ကို အမျိုးအမည်မခွဲခြားဘဲ အဖိုးအခမယူ အဆင့်အတန်းအနိမ့်အမြင့် မခွဲခြားဘဲ အစားအစာ ကျွေး တယ် အိပ်စရာနေရာပေး တတ်ကြတယ်။ အိမ်သားများမစားခင် ဦးစွာကျွေးတတ်ကြခြင်း အိမ်သားများ အမြတ်တနိုးထားသော အိမ်ဦးခန်းတွင် အိပ်စရာနေရာပေးခြင်း ဧည့်သည်ဖြစ်သူ ပြန်မသွားမချင်း ကျွေးထားတတ်ကြခြင်း ထိုဧည့်သည်ကလည်း မိမိဤသို့ တည်းခိုနေရသည့်အတွက် အလုပ်လုပ်ပေးရန်လည်းမလို အဖိုးအခပေးရန် လည်းမလို စားပြီးအိပ်အိပ်ပြီးစားလျှက် ငြိမ်းချမ်းစွာမပူမပင် နေနှိုင်ပြီး အိမ်ရှင်တို့မှာ ကိုဧည့်သည်အား အိမ်ဦး တွင်ပင် သခင်တဆူသဖွယ် လုပ်ကြွေးပြုစုနေကြပေလိမ့်မည်။အဲဒါ အခြားနိုင်ငံ အသီးသီးက အလွန်အံ့သြ ကြရတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးမှုပင်ဖြစ်ပါတယ်။
 
အိမ်ထောင်ရေး စီးပွားရေး တွင်လည်း လင်နှင့်မယား တန်းတူခံစားခွင့်ရှိကြပါတယ်။ ယောက်ျားဖြစ်သူက မိန်းမကို မိမိရဲ့စီးပွားဘက်အဖြစ် သတ်မှတ်ကြပါတယ်။ ယောက်ျားမှ မိမိရှာဖွေရသော ပစ္စည်းဥစ္စာတို့ကို မိန်းမဖြစ်သူကို အပ်နှံကြရတယ်။ မိမိမယားမှတစ်ပါး အခြားမိန်မများကို မပြစ်မှားကြပါ။ ဝတ်စားတန်ဆာဆင် မြတ်နိုး ချစ်ခင်ကြပါတယ်။
မိန်းမဖြစ်သူတို့ကလည်း လင်ယောက်ျားမှ ရှာဖွေရလာသော ပစ္စည်းဥစ္စာတို့ကို စနစ်တကျထိမ်းသိမ်း ကြပြီး မိမိလင်ယောက်ျားမှတပါး အခြားသောယောက်ျားများနှင့် မဖောက်ပြန်ဘဲ ပျင်းရိခြင်းမရှိစွာဖြင့် အိမ်မှုကိစ္စ အဝဝတို့ကို လုပ်ကိုင်ကြရပြီး မိမိတို့စီးပွားဥစ္စာကို သင့်လျှော်စွာ သုံးစွဲကြပါတယ်။
ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယဉ်ကျေးကြပြီး အမျိုးသမီးတို့မှာ လည်း မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယောက်ျားများနှင့် တန်းတူ အကျိုးခံစားခွင့် ရင်ဘောင်တန်းနှိုင်ခွင့် ကမ္ဘာ့အမျိုးသမီးများအားလုံးထဲ တွင် အလွပ်လပ်ဆုံးသော အခွင့်အရေးများ ရရှိကြပါတယ်။ အဲဒီလိုမျိုး ရှေးအစဉ်အဆက် ယဉ်ကျေးမှုတွေအစဉ်အလာ ရှိခဲ့တဲ့ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဖြစ်နေတယ် တဦးနှင့်တစ်ဦး ဖိနှိပ်ချုပ်ချယ်မှူ တွေနဲ့ တိုင်းပြည်အတွင်းမငြိမ်မသက် ဖြစ်နေတာတွေတွေ့ရတယ် ဘာ့ကြောင်များပါလဲ? အာဏာရှင်စနစ်ဆိုးကြီးက ဖန်ဆင်းလိုက်တဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ တပ်မတော်အကြား ချောက်ကမ်းပါးတစ်ခုလို ခြားစေခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
 
ဘာသာတရား
ဗုဒ္ဓဘာသာသည်ခွင့်လွှတ်ခြင်း၊မေတ္တာရှေ့ထားသောဘာသာဖြစ်ပါလျှက်၊အဘယ်ကြောင့်ဘာသာရေးပဋိပက္ခ တွေဖြစ်နေပါသလဲ၊ ဘာအတွက် သေကြေ ပျက်စီး မှုတွေဖြစ်နေကြပါသလဲ။ ဗုဒ္ဓဘာသာသည် သံသရာမှလွတ်မြောက်ရန် မိမိကိုယ်တိုင်ကျင့်ကြံရသော မိမိကိုယ်ကိုသာမိမိ အားကိုးရသော ဘာသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ သစ္စာ (၄)ပါး တည်းဟူသော သစ္စာတရား ပင်ဖြစ်ပါတယ်။ ဤသစ္စာတရားကိုပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်မှသံသရာက လွတ်မြောက်နှိုင်မှာပင်ဖြစ်ပါတယ်။ ဘုရားသာသနာ ထွန်းကားသည့်အချိန်များမှာ လူဖြစ်ရသောသူများသည် ဘုရားဟောကြားခဲ့သည့် (တရား) ကို လိုက်နာ ကျင့်ကြံ သူများအဖို့ ၊သစ္စာ(၄)ပါးတည်းဟူသောတရားကိုတွေမြင်ကြရ၍..သဘာဝတရားမှ လွပ်ငြိမ်းသော နိဗ္ဗန်ကို ရောက်ကြရမှာပါ။အချိန် ကာလများ ရွေ့ရှားလာသည်နှင့်အမျှ သာသနာပျောက်ကွယ် သွား တော့မည့် အချိန်ကာလများတွင် သဘာဝတရားအရ ကြင်လည်နေရသော သူတို့မှာသံသရာမှ လွပ်မြောက်နိုင်ကြတော့ မည်မဟုတ်တော့ပေ။
 
နောက်ဘုရားပွင့်မှ နောက်ဘုရားက…ဤသဘာဝတရားများကိုပင်သိမြင်လာကာ….ဤ သစ္စာ တရား(၄) ပါးတည်း ဟူသော တရား ကို ဟောကြားမှ သာဗုဒ္ဓဘာသာတည်းဟူသော သစ္စာ (၄) ပါးတရားတော်သည် တဖန် ပြန်လည် အသက်ရှင် လာရမှာပင် ဖြစ်ပါ တော့တယ်။ ထို့ကြောင့်ဗုဒ္ဓဘာသာတွင်သစ္စာ(၄)ပါး တည်းဟူသော တရားသည် သံသရာမှ လွပ်မြောက်ရာ လွပ်မြောက်ကြောင်းတွင် အဓိကကျပါတယ်။ ဗုဒ္ဓဘာသာ ဝင်တို့မှာ ဗုဒ္ဓဘာသာတွင် အမှန်တကယ်သာ သက်ဝင်ယုံကြည်မှု ရှိလာလျှင် ထိုတရားသည် အလွန်သိမ်မွေ့နူးညံ့သော တရားပင် ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် တိုင်းလိုလိုသည် မွေးဖွားရာ မှ စ၍ကြီးပြင်းလာရသည့် ကာလတလျှောက်လုံး သူတပါးအသက်ကိုသတ်ခြင်း မှရှောင်ကျဉ်ရန်ပါဏါတိပါတါကံ ထိုက်စေသော သူတပါးအသက်ကို သတ်ခြင်းမှရှောင်ကျဉ်ရန် (အသိ)ငယ်ငယ်လေးကတည်းက(ရှိ)ခဲ့ကြပါတယ်။သို့သော်(အသိ)သာရှိခဲ့ကြသည်။(သတိ)မရှိခဲ့ကြပါ။ဗုဒ္ဓဘာသာ၏ အနှစ်သာရ တစ်ခုဖြစ် သော (အဘိဓမ္မာ) တရားတော်သည်စိတ်ပိုင်း ဆိုင်ရာ အကြောင်းကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်မှုပြုထားသော အလွန်တန်ဖိုးရှိသော (တရားတော်) ပင်ဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ (စိတ်)ကိုထိန်းချုပ်နိုင်၍ (သမာဓိ) အားကောင်းလာသောအခါမှ သာ (အကုသိုလ်) (ကံ) ကိုဖန်ထီးသော (အကုသိုလ်) (အလုပ်) ကို မလုပ် ဆောင်တော့ပါ။ နောက်ဆုံး သစ္စာ (၄) ပါးအားလုံးကို သိမြင်သွားသည့် အခါ နောင်ဘ၀ကိုတွန်းပို့နေသော (တဏှာ) (ပြတ်) သွားသည့် အခါ မှသာနောက်ဘ၀ဆက်ရန် မရှိတော့သည့် အခြေအနေ သို့ရောက်သွားသည့် အခါမှသာလျှင် (နိဗ္ဗန်)သို့ရောက်ရှိရမှာပါ။ သစ္စာ (၄) ပါးတည်းဟူသော (တရား) တော်ကို မြင်ရှု၍ (ငါ) ကင်းသော အေးချမ်းသည့် (နိဗ္ဗန်) ကိုရရှိကာ သံသရာဝဋ်မှ ကျွတ်နိုင်မည်ပင်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာသည် တဦးချင်း အပေါ် မူတည်သောဘာသာဖြစ်ပါတယ်၊ထို့ကြောင့် ဗုဒ္ဓဘာသာသည် ကိုယ်ချင်းစာနာစိတ် ကိုအမှူးပြုသော ကြင်နာမှုကိုအခြေခံသော ကုသိုလ် တရားကို (အားထား) သော ဘာသာတရားပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတွင် တုတ်-တုတ် ချင်း..လှံ-လှံ ချင်းဟူသော အတွေးအခေါ် ကိုဦးစားမပေး (အကြမ်းဖက်မှု)ကိုအရေးပေးသောဘာသာ မဟုတ်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါတယ်။
 
နိုင်ငံရေး
လွန်ခဲ့သည့်အတိတ်နှစ်ပေါင်း များစွာကို ပြန်ကြည့် လျှင် ရှေးအခါကထဲက ကျွန်တော်တို့နိုင်ငံဟာ တောင်တန်းကြီးများနှင့် ပင်လယ်ပြင်ကြီးတို့က ပတ်လည်ဝိုင်းရံ ပြီး မုတ်သုန်သစ်တောကြီးများ သ၊ံ သွတ်၊ ခဲပုတ်၊ ငွေ၊ ကြေး၊ ကျောက်စိမ်း၊ ပယင်း၊ ကျောက်သံပတ္တမြား၊ တို့များစွာထွက်ရှိတဲ့ တောင်တန်းကြီးများနှင့် ရေနံထွက်မြေ များ သီးပင်စားပင်စိုက်ပျိုးရန် မြေသြဇာ အလွန်ကောင်းသော မြေပြန့်လွင်ပြင်များ မြောက်မှတောင်သို့ ပင်လယ် ပြင်အထိ စီးဆင်းသည့် မြစ်ကြီးများနှင့် ရွှေအလွန်ပေါသောနိုင်ငံ ရွှေနိုင်ငံ လို့ပင် တင်စားကြရလောက်အောင် သဘာဝသယံဇာတများ ပေါကြွယ်ဝလှတဲ့ နိုင်ငံအဖြစ် အလွန်ထင်ရှားခဲ့ပါတယ်။ တိုင်းပြည်ဟာ ချမ်းသာတယ် သယံဇာတပေါတယ် မည်သည့်နေရာမဆို စိုက်ပျိုးမြေ ဖြစ်ထွန်းတယ် ထိုမျှပေါများလှသောကြောင့်ပင် ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းသူပြည်သားတို့အပေါ် မကြောင့်မကျ အပူအပင်မရှိနေစေ နှိုင်ရန် သဘာဝ တရားကြီးက ဖန်ဆင်းပေး ထားခဲ့ပါတယ်။
 
ယဉ်ကျေးမှု အထွန်းကားဆုံးနိုင်ငံ ရှေးအခါက တိုင်ပြည်အုပ်ချုပ် မင်းလုပ်သော ဘုရင်တို့ဟာ တိုင်းခန်းလှည့် လည်ရင်တောင် ရွှေတို့ဖြင့်စီမံထားတဲ့ သလွန်ညောင်စောင်းပေါ်မှာ လဲလျှောင်းရင်း ရာပေါင်းများစွာသော အပျိုတော်တို့ ဝန်းရံလျှက် လှည့်လည်ခဲ့ကြပါတယ်။တိုင်းသူပြည်သားများမှာလည်း ကျွန်း ပျဉ်းကတိုး သစ်မာများ တို့ဖြင့်သာ အိမ်ဆောက်လုပ် ကြပါတယ်။ လူတိုင်လူတိုင်း နက္ခတ်ဗေဒင် ဟောခြင်း ယုံကြည်ကြ ခြင်းမှာလည်း ထူးခြားချက်တ ရပ်ပင် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် လူမျိုးများဖြစ်ကြပြီး ဘုန်းကြီးတို့ဟာ ဒကာဒကာမတို့အပေါ် သြဇာရှိပြီး ဆုံးမ ညွှန်ကြားကြပါတယ်။
 
အမှန်စင်စစ် မြန်မာနိုင်ငံသားတို့မှာ ကျန်းမာသန်စွမ်းဖြတ်လတ် ကြသူများဖြစ်ခဲ့ကြပြီး စားသောက်ရန် မပူမပင်ရှိ နေခဲ့ကြသောကြာင့် အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြလိုသူများ ဖြစ်ကြသည့်အတွက် အပျင်းထူ လာကြတယ် အပျင်းထူလာတာနှင့်အမျှ အပင်ပန်းမခံကြလို အချောင်လိုက်အချာင်ခို နေချင်လာကြပါတယ်။ နက္ခတ်ဗေဒင်ဟောခြင်း ယုံကြည်ကြသူများ ပီပီ အဆောင်လက်ဖွဲ့ အင်း အစရှိသည်တို့ ဆောင်ထားရုံဖြင့် အလိုလိုကိစ္စ ပြီးမြောက်နှိုင်သည် ဟုယုံကြည် လိုက်စားလိုလာကြတယ်။ မည်သည့်အချိန် မည်သို့ပြုလုပ်လျှင် အောင်မြင်မည်ဟူသော အခါတော်ပေး ယတြာ တို့ကို ယုံကြည်လိုက်နာ လာကြတယ်။ မိမိတို့နေရာတိုင်းပြည် ကာကွယ်ရန်တောင်မှ မင်္ဂလာအခါတော်တို့နှင့် အညီ နေရာရွေးချယ်မှု အစီအရင်တို့ဖြင့် တခန်းတနားစီစဉ်ပြီး လုပ်ဆောင်လာကြတယ်။
 
ရှေးယခင်ကထဲက ကမ္ဘာပေါ်တွင် ကြီးကျယ်ခန်းနားလှသော တိုင်းပြည်တပြည် ဖြစ်ခဲ့ကြပြီး ကြွယ်ဝချမ်းသာ လွန်းကြသဖြင့် ပြောပလောက်အောင် တိုးတက်မှုကို မလုပ်ဆောင်ကြတော့ဘဲ အဲဒီချမ်းသာကြွယ်ဝမှုကပင် တိုးတက်မှုကို ရပ်တန့်စေခဲ့ပါတယ်။ ထိုသို့ မပူမပင်လုံလောက်စွာ ရရှိနေကြသော ကြောင့်ပင် ကျွန်ုပ်တို့ လူမျိုးများမှာ ကုဋေကြွယ်သား သူဌေးသားများကဲ့သို့ မပူမပင် အေးအေးလူလူနေခဲ့ ကြသူများချည်းဖြစ်လာကြ ပါတယ်။ ထိုမှတဆင့် တဖြေးဖြေး အပျင်းထူလာကြပြီး အပင်ပန်းမခံလို အချောင်လိုက် အချောင်လိုခြင်ကြတော့ တာပါပဲ။
 
မြန်မာလူမျိုးတို့ဟာ တိုးတက်မှုကိုမရှာကြ ကြောင်းကျိုးမျှော်မြင်မည့်ပုဂ္ဂိုလ်တို့ မရှိကြတော့ဘဲ အုပ်ချုပ်သူတို့ ဘေးတွင် အလိုကျအသုံးတော်ခံ နေသူတွေများပြားလာပြီး စည်းစိမ်ရစ်မူးကာ ကြောင်းကျိုးမျှော်မြင်မည့်ပုဂ္ဂိုလ် တို့မှာလည်း အဝေးသို့ လွင့်ပါသွားကုန်ကြပါတယ်။ အုပ်ချုပ်သူတို့၏ ဘေးတွင် ဘာမဆိုခေါင်းငြိတ်မည့် သူတို့ များပြားလာပြီး သြဇာပေးနှိုင်သူတို့က အာဏာရသူ ကတော်တို့နှင့်နီးစပ်သူ အသိုင်းအဝန်းတို့သာ ဖြစ်လာ ကြပါတယ်။ တိုင်သူပြည်သားတို့မှာလည်း တပင်တပန်း အလုပ်မလုပ်ကြဘဲလှုပ်ခါရွေ့ခါမျှဖြင့် မပူမပင် ကောင်းကောင်းစား ကောင်းကောင်းဝတ် ကောင်းကောင်းဖြုံး ကောင်းကောင်းပျော် ရသမျှနှင့်သာ ပျော်မွေ့ကြပြီး နိုင်ငံ၏ ရှေ့အနာဂတ် အတွက် ဖြစ်ပ်ါလာမည့် အကျိုးဆက် ခံစားရသည့် ရင်မှလှုပ်ခတ်မှု တို့ကို ပြောပြတတ် သူ မရှိအောင်ရှားပါးလာပါတော့တယ်။
 
ကျွန်တော်တို့မြန်မာလူမျိုးတွေ လွပ်လပ်ရေးနဲ့ ပင်မထိုက်တန် တိုင်းပြည်ပြန်လည် ထူထောင်ဘို့ကိုပင်မကြိုးစား အချင်းချင်းစည်းလုံးညီညွတ်မှု မရှိကြတော့ဘဲ နယ်ချဲ့တို့ရဲ့သွေးထိုးလှုံ့ဆော်မှုအောက်တွင် တိုင်းရင်းသား များ ပြန်လည်သွေး စည်းရေးအတွက် လုပ်ဆောင်ခဲ့ကြသော လွပ်လပ်ရေး ဖခင်ကြီးကိုပင် လုပ်ကြံ သတ်ဖြတ်ခဲ့ကြပြီး သူတလူငါတမင်းနှင့် ထင်တိုင်းကြဲ ခဲ့ကြပြန်ပါတယ်။ စစ်အာဏာရှင် အာဏာရူးတွေကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ အစစအရာရာ နောက်ကျခဲ့ရပါပြီ။နှစ်ပေါင်းများစွာလည်း နောက်ကျလို့နေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ သူ့ထက်သူ လူစွမ်းကောင်းတွေ ကြီးပဲပေါ်ခဲ့ပါတယ်။အာဏာရှင်စနစ်ရဲ့အောက်မှာ ကျိန်စာများသင့်နေ ရော့သလားပင်မသိတော့ပါ။ကျွန်တော်တို့ နိုင်ငံရဲ့ ကံကြမ္မာဟာ ဆိုးရွားလွန်းလှပါတယ် ဆင်းရဲသား ငမွဲ အောက်ခြေက လူတန်းစားတွေရဲ့ဘဝ ကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ ယခုအချိန်အထိပင် ကံဆိုးမိုးမှောင်ကျလျှက်ရှိနေဆဲပါ………။
 
လူသားတို့မည်သည် တဦးတစ်ယောက်ထဲ မနေနိုင်ကြပါ အစုအဝေး နှင့် နေထိုင်ကြရပါတယ် ဒါ့ကြောင့် (ငါ့) တိုင်းပြည် (ငါ့) ဘာသာ ဆိုသော (အစွဲ) ကို (မချွတ်) နိုင်ကြသေးပါ။ အဓိကအရေးအကြီးသော အချက်မှာ ယာဉ်ကျေးမှု ဘာသာရေး နှင့်နိုင်ငံရေး ကိုခွဲခြားထားနိုင်ရေးပင်ဖြစ်ပါတယ်။ဘာသာရေးကို နိုင်ငံရေးတွင် ဆွဲသွင်းလာ လျှင်ရှု့ပ်ထွေးနိုင်သော ကြောင့်ဖြစ်ပါတယ်။ မိမိတို့ ဘာသာကို မကာကွယ်၍လည်း မရနိုင်ပါ။အကြမ်းဖက်မှု ကိုတော့ လက်မခံ နှိုင်ပါဘူး၊ မိမိတို့ ယုံကြည်ရာကို လွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိသလို မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ် ကို မိမိတို့ဘာသာ စောင့်ရှောက် ကြခြင်းဖြင့် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင် များက လွန်ကျူးမှု မရှိအောင် မိမိတို့၏ ယာဉ်ကျေးမှု ဘာသာတရား နှင့် နိုင်ငံရေး တို့ကို ခွဲခြား ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံသားတွေ သမာသမတ်ကျတာ ကမ္ဘာကိုသိပါစေ……………..။
 
ဇော်ဝမ်းမောင်…


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...