Quantcast
Viewing all articles
Browse latest Browse all 1811

ခပ်ရင့်ရင့်ပဲ မေးချင်တယ် (ဘယ်သူက အထက်မှာနေတာလဲ)

 Image may be NSFW.
Clik here to view.

by Ko Thu (Notes) on Monday, June 17, 2013 at 3:33am
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတော်တော်များများ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ လုံးချာလည် လိုက်နေကြတယ်။ ၀င်မပြောဖို့ ဆုံးဖြတ်ထားပေမယ့် မပြောမဖြစ်တဲ့ အကြောင်းအရာတွေ ပေါ်လာတယ်။
အဲဒါကတော့ ကျွန်တော်တို့နိုင်ငံရဲ့ သယံဇာတထက်မက တန်ဖိုးရှိတဲ့ ရတနာတစ်ပါး ပျောက်ဆုံးသွားမှာ စိုးရိမ်တယ်။
ဒီတော့ ခပ်ရင့်ရင့်ပဲ ပြောချင်တယ်။


ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ပဋိပက္ခအပေါ်မှာ အခြားသော နိုင်ငံရပ်ခြားနိုင်ငံများမှ လူ့အခွင့်အရေး ဆိုတဲ့ တင်းပုတ်ကြီးနဲ့ ထုထုနေလေတော့ မြန်မာနိုင်ငံသားတွေလည်း ဘာမှန်းမသိတဲ့ တင်းပုတ်ကြီးနဲ့ အထုခံလာရတာ နာလာပြီလို့ ထင်ပါတယ်။
မှန်ပါတယ် လူဆိုတာ လူသားဂုဏ်ရည်ရှိရပါ့မယ်။ ဒါပေမယ့် လူသားတို့ရဲ့ ခံယူချက်၊ အစွဲ၊ အယူအဆသည် အခြားလူသားများအပေါ် ထိခိုက်လာမည်ဆိုပါကလည်း ကာကွယ်ပိုင်ခွင့်ဆိုတာရှိသင့်တယ်။ ထိုသို့ ကာကွယ်ခွင့်သည်လည်း အကြမ်းမဖက် သဘောဆန္ဒဖြင့် လွတ်လပ်စွာ ကာကွယ်ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအား မျက်စိတစ်ဆုံးမကြည့်မမြင်နိုင်သော နိုင်ငံများသည်
လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် အကြမ်းဖက် အဖွဲ့အစည်းများရှိသော နိုင်ငံဟု ထင်သာမြင်သာ ဖြစ်စေရန် ဖော်ညွှန်းနေသည် ဆိုသည်မှာ ထင်ရှားသိသာလှပေသည်။ အနီးစပ်ဆုံး ပြရမည်ဆိုလျှင် လက်ရှိဖြစ်ပေါ်ခဲ့သော မလေးရှားတွင် မြန်မာလုပ်သားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် မလေးအစိုးရ၏ ဖြေရှင်းပုံမှာ သိသာထင်ရှားလှပေသည်။ နိုင်ငံသားကာကွယ်ခွင့် နည်းပါးခဲ့သော ကျွန်တော်တို့ မြန်မာနိုင်ငံသားများအဖို့ မိအေးနှစ်ခါနာအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရသည်ဆိုသည်မှာ ငြင်းဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော အကြမ်းဖက်ခံရသော မြန်မာနိုင်ငံသားများသည် အကြမ်းဖက် သံသယရှိမှုဖြင့် မလေးအစိုးရမှ ဖမ်းဆီးခြင်းများ ပြုလုပ်သည်ဆိုခြင်းမှာ မြန်မာလူမျိုးများသည် အကြမ်းဖက်ဝါဒသများ ဖြစ်သယောင် ကမ္ဘာကို မီးမောင်းထိုးပြ နေခြင်းလောဟု မေးခွန်းထုတ်စရာရှိပေသည်။ အကြမ်းဖက်ခံရမှုကို တာဝန်ယူဖြေရှင်းပေးရမည့်အချိန်တွင် မလေးအစိုးရသည် မြန်မာနိုင်ငံသားများအား တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ဖမ်းဆီးစစ်ဆေးခြင်း ဆိုသည်မှာ မြန်မာနိုင်ငံသားများကြောင့် မလေးရှားနိုင်ငံသည် အကြမ်းဖက်နိုင်ငံ အဖြစ်မခံနိုင်ပါဟု လှစ်ပြနေသယောင်ဖြစ်နေပါသည်။

ယခုလိုအချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအားလုံး သိရှိထားရမည်မှာ ကျွန်တော်တို့သည် ကို့ကိုယ်ကို ကာကွယ်ပိုင်ခွင့် လူ့အခွင့်အရေး ဥပဒေတစ်ခု ရှိသင့်ပြီလို့ ယူဆမိသည်။ အဘယ်ကြောင့် ဒီလိုဆိုရသလဲဆိုရင်  လူ့အခွင့်အရေး UN လို့ ခေါ်တဲ့ အဖွဲ့တွင် ပါဝင်တဲ့နိုင်ငံများ၏ ဥပဒေနှင့် လူ့အခွင့်အရေးကို ချိန်ထိုးလေ့လာသင့်ပေသည်။ အဆိုပါနိုင်ငံများတွင် ဥပမာ ဂျပန် (Japan - Dec 18, 1956) သည် လူ့အခွင့်အရေးအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံသားကာကွယ်မှုအနေဖြင့် ဘာသာခြားများအပေါ် အခွင့်အရေး တန်းတူ မပေးခဲ့ပေ။ အစ္စလာမ် နိုင်ငံများဖြစ်နှင့်လည်း သံခင်းတမန်ခင်း ဆက်ဆံမှုအနည်းဆုံးနိုင်ငံအဖြစ် ထင်ရှားသည်။ ဗလီ အဆောက်အအုံများကို ဥပဒေအရ မဆောက်စေရန် ဟန့်တားထားသည်။ ထိုနိုင်ငံသည် လူ့အခွင့်အရေးအဖွဲ့ တွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ ထိုသို့ဆိုလျှင် ထိုနိုင်ငံသည် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်နေခြင်းဖြစ်သလော။

နောက် United Kingdom - Oct 24, 1945 (original UN member) အမေရိကန်နိုင်ငံသည်လည်း လူ့အခွင့်အရေးအတွက် ရှေ့တန်းမှ လှမ်းလျှောက်ပြနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။ သို့သော် ၄င်းတို့နိုင်ငံတွင် ပင်လယ်ကူး ကုန်သွယ်သဘောင်္များ ကမ်းကပ်ပါက အစ္စလာမ်နိုင်ငံသားများသည် အလည်အပတ်အဖြစ်တောင် ကုန်းမြေပေါ်သို့ ခြေချခွင့်မရှိပေ။
လူ့အခွင့်အရေး ဦးစားပေးသည်ဟုဆိုသော်လည်း နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ ထိုသို့ ဆိုလျှင် လူသားဂုဏ်ရည်ကို မလေးစားပဲ လူလူခြင်း အဆင့်အတန်းခွဲကာ လူ့အခွင့်အရေးချိုးဖောက်နေခြင်းလော။

Israel - May 11, 1949 အစ္စရေးနိုင်ငံသည်လည်း လူ့အခွင့်အရေးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါသော်လည်း အခြားအာရပ်နိုင်ငံများနှင့် ဆက်ဆံရေးတွင် ၄င်းနိုင်ငံသားတစ်ဦး သေဆုံးပါက ဆယ်ဦးအား ပြန်လည်ပေးလျှော်ရမည်ဟူသော ကမ္ဘာကျော်သည့် နည်းပဒေတစ်ခုကို လက်ဆွဲထား နိုင်ငံကိုကာကွယ်နေလေသည်။ ထိုသည်မှာလည်း လူ့အခွင့်အရေး ဥပဒေနှင့် ညီရဲ့လောဟု မေးခွန်းထုတ်စရာပင်။

အဆိုပါအရပ်ရပ်ကို စဉ်းစားကြည့်ပါက နိုင်ငံတွင်းဥပဒေနှင့် လူ့အခွင့်အရေး အဘယ်အရာသည် အထက်မှာနေသည်ဟု စဉ်းစားမိသည်။ ကျွန်တော်စဉ်းစားမိသမျှ ပွင့်ပွင့်လင်းလင်းဆွေးနွေးရလျှင် အဆိုပါ လူ့အခွင့်အရေး နိုင်ငံကြီးများ၏ နည်းနာအတိုင်း နိုင်ငံတော်ဥပဒေ၏ အောက်တွင်  ဘိုးဘွားပိုင်နိုင်ငံနှင့် နေထိုင်သူ နိုင်ငံသားများကို အကာအကွယ်ပေးကာ
လူ့အခွင့်အရေးကို မိမိနိုင်ငံ၏ ပထ၀ီ၊ အနေအထား၊ သမိုင်းနှင့် ချင့်ချိန်ကာ ပေးသင့်သည်ဟု ယူဆမိပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံဥပဒေနှင့် လူ့အခွင့်အရေးတို့သည် နေရာလု ထိုင်ခုံလုနေရာတွင် အမျိုး၊ ဘာသာ၊ သာသနာနှင့် လူမျိုးကိုပါ ခုတုံးချမှုမျိုးများ မဖြစ်ပေါ်စေရန် အရေးတကြီးလိုအပ်ပေသည်။ ထို့အတွက် နိုင်ငံသားများအားလုံးသည် မိမိနိုင်ငံရေမြေနှင့် ကိုက်ညီမည့် အကြမ်းမဖက် ကာကွယ်မည့် နည်းသယျများကိုလည်း စဉ်းစားလေ့လာသင့်ပေသည်။ တတ်သိနားလည်သူများ၏ တင်ပြချက်၊ ဆွေးနွေးချက်များကို အသေအချာဖတ်ရှုလေ့လာသင့်ပေသည်။ အရာရာတွင် မျက်စိဖွင့် နားဖွင့်ဖို့ လိုအပ်ပေသည်။ အမျိုးဘာသာသာသနာကာကွယ်ရေးကို အရေခြုံလာမည့် နိုင်ငံရေးသမားများကိုလည်း မျက်စိအရှင်ထား စောင့်ကြည့်ဖို့ နှင့် နိုင်ငံသားချင်း ယိုင်းပင်းဖို့လိုအပ်ပေသည်။ လူ့အခွင့်အရေးဦးစားပေး ခေါင်းစဉ်ကြီးကို ချင့်ချိန်စဉ်းစား သုံးသပ်သင့်ပေသည်။ ဒါမှသာလျှင် မြန်မာနိုင်ငံ၏ အဖိုးတန် ရတနာတစ်ပါး ပျောက်ကွယ်မည့် ဘေးမှ ကာကွယ်နိုင်ပေလိမ့်မည်။ မြန်မာတွေ မျက်တောင်တစ်ဆုံး မကြည့်ပဲ မျက်စိတစ်ဆုံး ကြည့်ဖို့ရန် အရေးတကြီး လိုအပ်နေပြီ။

Space

မှတ်ချက်။ လူ့အခွင့်အရေးနိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အာရပ်စော်ဘွားနိုင်ငံများသည် နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်ပေသည်။ အဆိုပါ နိုင်ငံများတွင် လူ့အခွင့်အရေးအရ အမျိုးသမီးများလွတ်လပ်ခွင့်နှင့် လူသားချင်း တန်ဖိုးထားမှုများ ရှိပါသလော။ ၄င်းတို့၏ အမျိုးသားရေးအတွက် ၄င်းတို့၏ ဥပဒေအောက်တွင် လူ့အခွင့်အရေးကိုထားရှိသည်မှာ အဘယ်ကြောင့်နည်း။ အဆိုပါ နိုင်ငံများတွင် အခြားဘာသာခြားများ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလော။ ၄င်းတို့ ဘာသာအတွက် လူ့အခွင့်အရေးသည် လည်း ထပ်ဆုံးမှာ မရပ်တည်နေခြင်းများကို ထောက်ပြခြင်းမျှသာဖြစ်ပေသည်။

ကိုးကားချက် ။ လူ့အခွင့်အရေးအဖွဲ့နိုင်ငံများစာရင်း
http://geography.about.com/od/politicalgeography/a/unmembercountries.htm





Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>