Quantcast
Viewing all articles
Browse latest Browse all 1811
↧

Normatic Ethics

-လူထုနဲ့ပတ်သက်တဲ့ ပေါ်လစီတွေချမှတ်ရင် အပြောများတဲ့ အယူအဆတစ်ခုရှီတယ်။ အဲ့ဒါက Utalitarianism လို့ခေါ်တဲ့ အယူအဆပေါ့။ အလွယ်ပြောရရင် ပေါ်လစီတစ်ခုချမှတ်လိုက်ရင်၊ အဲ့ဒီပေါ်လစီကို အကောင်အထည်ဖော်လိုက်ရင် လူတွေရဲ့ဘေးဒုက္ခလျော့ပါးသွား၇မယ်။ ပျော်ရွှင်မှုတိုးပွှားလာရမယ်ပေါ့။ ဒီလို ဟာကိုအကောင်အထည်ဖော်မယ်ပေါ့။

-အဲ့ဒီ အယူအဆက Nomative Ethics လို့ခေါ်တဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအယူအဆတစ်မျိုးပါပဲ။ အဲ့ဒီ အယူအဆကို ကြည့်ရင် နှစ်ပိုင်းတွေ့ရမယ်။ ရလာဒ်နဲ့ နည်းလမ်းပေါ့။ နည်းလမ်းမှန်၊ ရလာဒ်ကောင်း။ နည်းလမ်းမှား ရလာဒ်ကောင်း ကိုလက်ခံတယ်။ အဓိကက ရလာဒ်ကောင်းဖို့အဓိက လိုဖြစ်တယ်ပေါ့။ ဒါကြောင့်ဓီ Utilitarinism အယူအဆနဲ့ လူထုပေါ်လစီတွေချမှတ်တဲ့သဘောတရားဟာ Conseqensialism လို့ခေါ်တဲ့ ရလာဒ်ပဓာနဝါဒနဲ့သွားတာဖြစ်တယ်လို့ ထောက်ပြကြတယ်။ တိန့်ရှောင်ဖိန်ရဲ့ ကြောင်ဖြူတာ၊ကြောင်မည်းတာအဓိကမဟုတ် ကြွက်မိဖို့အဓိက ပေါ်လစီဟာ ဒီသဘောတရားပဲ။

-ဒါနဲ့ကွဲပြားနေတဲ့ အယူအဆက Dentological Theory လို့ခေါ်တဲ့အယူအဆဖြစ်တယ်။ အဲ့ဒီအယူအဆကို လူထုပေါ်လစီချမှတ်တဲ့နေရာတွေမှာ သုံးရင် သူက အရင်ပေတံတွေထုတ်တယ်။ သူ့ဆီမှာ နဂိုရှိနှင့်ပြီး စံတွေနဲ့အရင်ချိန်ကိုက်ပြီး အဲ့ဒီစံတွေအတိုင်းပဲလုပ်တယ်။ သူ့ရဲ့အဓိက အယူအဆက ပေါ်လစီချမှတ်လိုက်ပြီဆိုရင် ဒီပေါ်လစီဟာ သဘာဝယုတ္တကျရမယ်၊ လောထဓလေ့ထုံးတမ်းတွေနဲ့ညီရမယ်။ ဒါမှသာမှန်ကန်တယ်ဆိုတဲ့သဘော။ သူက ဒီလိုမှန်တယ်ဆိုရင် ရလာဒ်ဟာလဲ ကောင်းနေမယ်လို့ ကြည့်တဲ့သဘောနည်းနည်းဆန်တယ်။ သူအဓိက ကြည့်တဲ့နေရာက ရလာဒ်ထက် လုပ်ရပ်ကို ကြည့်ခြင်းဖြစ်တယ်လို့ ကောက်ယူကြတယ်။ ဥပမာ အချို့ကွန်မြူနစ်တိုင်းပြည်တွေဟာ တိုင်းပြည်အတွက်အရင်းရှင်နိုငငံနဲ့ ဆက်ဆံရင် အခြေအနေတိုးတက်နိုင်ပေမယ့် မဆက်ဆံဘဲ တင်းခံတတ်တဲ့ အယူအဆမျိုးတွေဖြစ်တယ်။ မူနဲ့ပတ်သက်ရင်တစ်ပြားသားမှ အလျှော့မခံနိုင်တဲ့ သဘောကိုဆောင်ပါတယ်။

-နောက်တစ်မျိုးတော့ Virtue Theory လို့ခေါ်တဲ့ဟာပေါ့။ အဲ့ဒီဟာကဘာလဲဆိုရင် လူတစ်ဦးတစ်ယောက်၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျင့်တန်ဘိုးကိုအဓိကထားကြည့်တာပေါ့။ ပေါ်လစီချမှတ်ခြင်းထက် ပေါ်လစီချမှတ်သူရဲ့ စရိုက်ကိုကြည့်တာပေါ့။

-ဝီကီက ဥပမာကိုပေးရမယ်ဆို၇င်...

-Consequentilists တစ်ဦးဟာ အကျိုးရှိလို့လိမ်ရမယ်ဆိုရင် လိမ်မယ်။ မလိမ်ရင်အားလုံးအကျိုးယုတ်ကုန်မယ်။

-Dentologist တစ်ဦးကတော့ လိမ်တာဟာ ဘယ်လိုနည်းနဲ့မှအကောင်းမဖြစ်နိုင်ဘူး။ လိမ်ခြင်းသည် မှားကိုမှား၇မယ်။

-Virtue Ethicists တွေကတော့ လိမ်ခြင်း မလိမ်ခြင်းဟာ အကောင်းအဆိုးပြောဖို့ခက်တယ်လို့မြင်တယ်။ ဘယ်သူ့အတွက်လဲ။ ကိုယ်ကျိုးအတွက်လား၊ အများအကျိုးအတွက်လား စတဲ့အချက်တွေအပေါ်မူတည်ပြီး ဒီလူရဲ့ စေတနာ၊ မေတ္တာ၊ တန်ဘိုးတွေကိုကြည့်လို့ရတယ်။ လိမ်ခြင်းဟာ ကောင်းတယ်၊ မကောင်းဘူးလို့ ယေယုယျဆန်ဆန် ပြောတာထက် တစ်ဦးချင်းရဲ့သဘောကို အနီးကပ်ပိုကြည့်တယ်ပေါ့။

-နားလည်အောင် ဥပမာပေးရမယ်ဆိုရင် ယနေ့ Conseqentialists တွေက အခု ကလေးနှစ်ဦးပေါ်လစီမှာ ဒေါ်စု အနေနဲ့ဒီလို စကားမပြောသင့်ဘူးလို့ပြောတယ်။ ရလာဒ်က မကောင်းနိုင်လို့။

-Dentologists ဆန်သူတွေက လူ့အခွင့်အရေးအဓိကစံနဲ့တိုင်းလို့ မပြောလို့မရဘူးလို့ပြောတယ်။

-Virtue Ethicists တွေကတော့ ဒီကိစ္စကိုပြောခြင်းဟာ မတော်တစ်ဆလား၊ လူနည်းစုအတွက်ရည်ရွယ်ပြောတာလား၊ ရေရှည်အတွက်ပြောတာလား စသဖြင့်ကြည့်ပြီး ဒီစကားတန်ဘိုးကိုခွဲခြမ်းစိတ်ဖြာလိမ့်မယ်။

လူထုဆိုင်ရာစီမံကိန်းတွေကို ချတဲ့အခါမှာ ဒီလို အရေးကြီးတဲ့ ချဉ်းကပ်နည်းသုံးမျိုးနဲ့စဉ်းစားတတ်ကြတယ်။ ဒီလိုစဉ်းစားတဲ့အတွက်ဆုံးဖြတ်ချက်တွေဟာ ပြောင်းလဲသွားတတ်ကြတယ်။ တိုင်းပြည်ကံကြမ္မာပြောင်းလဲသွားတတ်ကြတယ်။ ဒီတော့ ပေါ်လစီမိတ်ကာတွေရဲ့ တွေးခေါ်ပုံတွေမှာ ဘယ်လို စဉ်းစားရတယ်ဆိုတာလေးကို အတွေးအခေါ်ပိုင်းက Normatic Ethics က ဟာလေးသုံးခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
↧

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...


ဂျူနီယာဝင်း -ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ်...


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဝေရှောက်ကမ်း ဘယ်ရောက်သွားပြီလဲ


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက်ပျိုးနည်း


၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး