Quantcast
Viewing all articles
Browse latest Browse all 1811

ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရှင်

ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရှင် ကျွန်မဒီနေ့မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ်
ပြည်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့်ပတ်သက်ပီး မေးမြန်းလိုခြင်းဖြစ်ပါတယ်
ပြည့်တန်ဆာဆိုတာ ဗုဒ္စခေတ်ကတည်းက ရှိခဲ့တာပါ။
ကျမ်းဂန်တွေအရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှပိုင်ဆိုင်တဲ့အလှမယ်ဆိုတဲ့အဓိပါယ်ရပါတယ်။
နိုင်ငံပိုင်ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်းလိုက်ချင်းပါ။ ဆိုဘီနီခေါ်ပြည့်တန်ဆာဘွဲ့အပ်နှင်းခြင်းကို ဝဇီ(Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရသိရပါတယ်။
 
ရှေ့ဟောင်း ဗုဒ္စဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင်သဘောထားတွေနဲ့ ဖော်ပြထားတာမရှိပါဘူး။
ဗုဒ္စကိုယ်တိုင် ဒီလိုမျိုးအမျိုးသမီးတွေကို ဇာတ်နိမ့်ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗာန်ကို လျှောက်လှမ်းခွင့်ပေးခဲ့ပါတယ်။
ဝေသာလီပြည်က အမပါလီဆိုတဲ့ ပြည့်တန်ဆာဟာ
ကသဖဘုရားရှင်လက်ထက်မှာ ဘီက္ခူနီဖြစ်ခဲ့ပြီး တာဝတီံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံးဘဝအဖြစ် ဂေါတမ ဘုရားရှင်လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္စရဲ့တရားတော်တွေကြောင့် ရဟန်းနာဘဝကို ရောက်ခဲ့ပါတယ်။
သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့မယ်တော်ပါ။ ဆိုလိုခြင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္စလက်ထက်ကတည်းကရှိခဲ့ပြီး ကျွတ်တန်းဝင်သွားခဲ့တယ်ဆိုတာပါ။

လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်....

ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေရှိနေပါတယ်။ ဘာသာရေးအထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်။ ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ဥပဒေတွေကိုလည်းကမ္ဘာနိုင်ငံ့အများစုမှာ ပြထန်းထားပါတယ်။ အာရှဒေသက ဂျပန်၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက်အဖြစ်ကိုသက်မှတ်ပေးထားတာပါ။ ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့လူတန်းစားတွေအတွက် သီးခြားသက်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။
ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့အများရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင်ရှိခဲ့ပီ ယနေ့အချိန်ထိလျော့နည်းပပြောက်သွားခြင်းမရှိသေးပါဘူး

လေးစားအပ်ပါသေား ဥက္ကဌကြီး .ရှင့်....

၁၉၄၉ခုနှစ် အေပြီ ၂၁ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေးဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြားကျင့်သုံးတဲ့ တာဝန်ရှိသူအချို့ကြောင့် ပြည့်တန်ဆာတွေအနေနဲ့ ပိုမိုနှစ်နာရပါတယ်။ ဘယ်သူမဆို ဒီဘဝကို ဝတ်ရှိလို့သာရောက်ခဲ့ရတာပါ။ ငွေကိုလွယ်လွယ်ရလိုမှု ၊ လုပ်စရာ အလုပ်အကိုင်မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ်ခင်းကြတဲ့သူတွေလည်းအများကြီးပါ။ ရုန်းထွက်ခြင်ပေမဲ့ ကောင်းရာကောင်းကြောင်းလုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊၅ ရက်လောက်နဲ့ တစ်သိန်းရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ။ သူတို့အတွက် မထူးတော့တဲ့အခြေအနေမို့ ဆက်လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်။
ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာတွေရင်ဆိုင်နေကြရပါတယ်။ စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ်မြူဆွယ်လုပ်ကိုင်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ ပြည့်တန်ဆာတွေအနေနဲ့လည်း
သူတို့ရဲ့ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ။
 
ရဲတချို့ကတော့လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲခေါ်သွားကြတယ်လို့လည်း ပြည့်တန်ဆာလောက ကနေသိနေရပါတယ်။
ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်ထိန်းသိန်းမလည်းဆိုတာကျွန်မတို့စဉ်စားရတော့မယ်
၁။.....ဒီအလုပ် လုပ်တဲ့သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသာဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။
၂။ပြည့်တန်ဆာဆိုပေမယ့် နိုင်ငံသားတစ်ဦးဖြစ်လို့ နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့အခွင်းအရေးတွေကိုလည်း ပြည့်တန်ဆာတွေရရှိနိုင်မှာဖြစ်ပါတယ်။

၃။မနေနိုင်တဲ့အမျိုးသားတွေအနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့်ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေအပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာတစ်ခုထိ လျှော့ပါစေမှာဖြစ်ပြီး မဒိန်းမှုအန္တရာယ်ကိုလည်း အတိုင်းအတာတစ်ရပ်အထိလျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်။


လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်..

ကျမ...မေးချင်တဲ့....မေးခွန်ူးတွေကတော့. ......ပြည်ထောင်စုသမ္မတ အစိုးရလက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေးအတွက် ဘယ်လောက်ရှိပါသလည်း အဆိုပါမှုခင်းများဖြစ်ပွာ်းရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှုပြသနာနဲ့ အလုပ်အကိုင်ရှားပါမှုပြသနာတို့ကြောင့်ပြည့်တန်ဆာမှုခင်းအများအပျားဖြစ်လာပြီးဖမ်းစည်းပြစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေများပျားလာခြင်းကို ဟန့်တားနိုင်မှာလား ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ အရေးယူခံရတဲ့အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ်ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊ကျမ်းမာရေး လူမှုရေးရှုထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့အခါမှာ ဘယ်ကဲ့သို့ကူညီထားပါသလည်း အကျဉ်းထောင်မှပြန်လည်လွှတ်မြောက်လာတဲ့အခါမှာ မူလပြည့်တန်ဆာလုပ်ငန်းကိုပြန်လည် မရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှမည်ကဲ့သို့ထားစီမံရှိပါသလည်း ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခောတ်ကာလနှင့်လိုက်လျောညီထွေးမှုမရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိပါသလားဆိုတဲ့မေးခွန်းကိုမေးမြန်းချင်ပါတယ်ရှင်အားလုံးကိုကြေးဇူးတင်ပါတယ်ရှင်---------

မူရင်း NLD

9.7.2013
ပြန်လည်မျှဝေပါတယ်။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...