Quantcast
Viewing all articles
Browse latest Browse all 1811

" တပ်မတော် .....ဘာလဲ...ဘယ်လဲ ...အပိုင်း ( ၂၁/က )

---------------------------------------------------------
အပိုင်း (က)

၂၀၀၉ သြဂုတ်လ၂၇ ရက်နေ့  နံနက်ပိုင်းဟာ….
ရှမ်းပြည်မြောက်ပိုင်း ….
လောက်ကိုင် အထူးဒေသ (၁) မှာ တာဝန်ကျနေတဲ့ ……
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ အတွက်တော့ …..
ကံဆိုးမိုးမှောင်ကျတဲ့ နေ့ တစ်နေ့ လို့ ဆိုနိုင်ပါတယ်…။

အဲဒါကတော့ ….
မကြာမီ နာရီပိုင်းအတွင်းမှာ …..
MNDAA ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့ က ……
ဖုန်ကြားရှင် ရဲ့ သစ္စာခံတပ်ဖွဲ့ ဝင် ၃၀၀ လောက်ဟာ …..
ဖမ်းဆီးခံထားရတဲ့  လောက်ကိုင်မြို့ နယ် ရဲတပ်ဖွဲ့ ဝင်တွေကို ......
ပြန်လွှတ်ပေးဖို့ လာရောက် စေ့စပ်ညှိနိုင်းတဲ့ ....
ခရိုင်ရဲတပ်ဖွဲ့ ဝင် အင်အား ၄၀ လောက်ကို ……
ထပ်မံ ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်…..။

ဒါဟာ သြဂုတ်လ ၈ ရက်နေ့ က အစပြုခဲ့တဲ့ …..
ဖုန်ကြားရှင် နေအိမ်အနီးမှာ တွေ့ ရှိခဲ့ တဲ့  လက်နက်စက်ရုံနဲ့  …..
သူ့ ရဲ့ သား ဖုန်တာလီ့ နေအိမ် အတွင်းက ….
စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ အလုပ်ရုံကို …..
မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ၀ါးရမ်းနဲ့ တကွ …..
ဝင်ရောက်ရှာဖွေဖို့ ကြိုးစား ခဲ့ရာက နေ ….
အစပြုခဲ့တဲ့ တင်းမာမှုလို့ ဆိုနိုင်သလို ……
MNDAA ရဲ့ အခြား လက်နက်ကိုင် အဖွဲ့ များကို ပါ….
လက်နက်ရောင်းချဖို့ ကြိုးစားခဲ့ တဲ့ အကျိုးရဲ့ …….
တစ်စိတ်တစ်ဒေသ လို့ ဆိုရင်လဲ မှားမယ် မဟုတ်ပါဘူး….။

အဲဒီဖြစ်ရပ်ဟာ ၁၉၉၆ ခုနှစ် နောက်ပိုင်း ……
အထိုက်အလျောက်ငြိမ်းချမ်းလာခဲ့တဲ့  လောက်ကိုင်ဒေသရဲ့  .....
တိတ်ဆိတ်အေးချမ်းမှုကို နိဂုံးချုပ်လိုက်သလို ……
မျိုးဆက် နှစ်ဆက်လောက် …..
အပြင်းအထန် အငြင်းပွား ပြိုင်ဆိုင်လာကြတဲ့ ……
ဖုန်-ရန် အရေးအခင်းက ဖုန် မျိုးနွယ်စုတွေရဲ့ ……
ဇာတ်သိမ်းခန်းလို့ လဲ ဆိုနိုင်ပါတယ်…….။

တကယ်တော့လဲ ……
မြန်မာနိုင်ငံရဲ့ ပြည်နယ် အများအပြားထဲကမှ ....
ရှမ်းပြည်နယ်ဟာ …….
အင်မတန်မှ ရှုပ်ထွေးပွေလီပြီး …..
အမြဲတန်း မငြိမ်းချမ်းခဲ့တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်….
အင်္ဂလိပ်တို့  မြန်မာပြည်ကို သိမ်းပိုက်ပြီးတဲ့ နောက် ……
တောင်တန်း မြေပြန့် ခွဲခြားအုပ်ချုပ်ရေး စနစ်အရ ……
မြေပြန့် ဒေသများက ဗမာလူမျိုး တွေဟာ …….
ဘုရင်စနစ် ဖျက်သိမ်းခံရပြီး …..
အင်္ဂလိပ်တို့ ရဲ့ အပြင်းအထန် .....
ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံခဲ့ရပေမယ့်လည်း …….
တောင်တန်းဒေသ တွေမှာတော့ …..
အင်္ဂလိပ်တို့ ဝင်ရောက်လာတာသည် …….
ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတယ်လို့ မဆိုနိုင်ပါဘူး …….။

ပဒေသရာဇ် စနစ်ကို မြေပြန့် မှာဖျက်သိမ်းခဲ့ ပေမယ့်လည်း …….
တောင်တန်းဒေသတစ်ချို့ မှာ ဆက်လက်ထားရှိခဲ့တာကြောင့် ……
ရှမ်းစော်ဘွား အများအပြားဟာ …….
အင်္ဂလိပ်ကို သိပ်ဆန့် ကျင်လှတယ်လည်း မဟုတ်ပဲ ……
နဂိုအတိုင်း ခပ်အေးအေးပဲ ……
ဆက်လက်တည်ရှိနေခဲ့ပါတယ်…….
လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ ပြည့်လွန် နှစ်တွေမှာတော့ ……
ရှမ်းစော်ဘွားအများအပြားနဲ့ သူတို့ ရဲ့ မျိုးဆက်တွေဟာ ……
အင်္ဂလိပ် သာသနာပြုကျောင်းဆင်းတွေပဲဖြစ်နေလေ့ရှိပြီး …….
၁၉၄၉ ခုနှစ် နှောင်းပိုင်း……
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကို စစ်ရှုံးလာတဲ့  …….
တရုတ်ဖြူ အမှတ် ၉၃ တပ်မ ဟာ ……
ရှမ်းပြည်ထဲကို ၀င်ရောက်လာတဲ့ အခါမှာတော့ …….
ရှမ်းစော်ဘွားအချို့ နဲ့ အတော့်ကိုအလွမ်းသင့်ခဲ့ကြပါတယ်…..။

ဒါဟာ တရုတ်ဖြူတပ်တွေကို ……
အဆမတန် အင်အားကြီးထွားလာစေတဲ့ ……
အကြောင်းအရင်းတစ်ချက်လဲဖြစ်သလို ……
၁၉၅၂က စပြီး မြန်မာ့တပ်မတော်က အဲဒီဒေသတွေကို ……
စစ်ဆင်ရေးကြီးများ ပြုလုပ် တိုက်ထုတ်တော့မယ့် …..
အကြောင်းချင်းရာတစ်ချက်လဲ ဖြစ်စေခဲ့ပါတယ်…..
ဒီလိုတိုက်ထုတ်နေတဲ့ ကာလအတွင်းမှာ ……
အဲဒီဒေသများဟာ …..
စစ်အုပ်ချုပ်ရေးသဖွယ် အုပ်ချုပ်ခံရတော့မှာဖြစ်ပြီး ……
ဒါဟာ နယ်ခံစော်ဘွားတို့ ရဲ့ မကျေနပ်မှုကို အကြီးအကျယ် …….
ဖြစ်ပေါ်စေခဲ့ တဲ့ အကြောင်း တစ်ချက်လဲ ဖြစ်ပါတယ်…… ။

တစ်ဆက်တည်းမှာပဲ ……
ရှမ်းစော်ဘွားအချို့ ရင်ဆိုင်လာ ရတာကတော့ …..
တိုးတက်တဲ့ အမြင်ရှိလာတဲ့ ရှမ်းလူငယ်အချို့ ရဲ့ ……
အာဏာစွန့် ဖို့ တောင်းဆိုမှုတွေပါပဲ…….
ဒီတောင်းဆိုမှု တွေဟာ …..
ရှမ်းပြည်နယ်ရဲ့ ဒေသ အလိုက် …..
ဘုရင်သဖွယ် ဖြစ်နေတဲ့ စော်ဘွားတွေ အတွက်တော့ ……
မခံချိမခံသာ ကိစ္စတွေဖြစ်ပြီး ……
ပြည်ထောင်စုအစိုးရကို အတော် မျက်မုန်းကျိုးစေခဲ့ တဲ့  …..
အကြောင်းအချက် တစ်ခုလည်းဖြစ်ပါတယ်…….။
၁၉၅၇ ခုနှစ် ပြည်ထောင်စု လွှတ်တော်မှာ ….
စပ်ခွန်ချို ဦးစီးတဲ့ (ရတစညဖ)အဖွဲ့ ဟာ …..
ပြည်ထောင်စုက ခွဲထွက်ဖို့ တောင်းဆိုခဲ့ ပြီး ……
ဦးထွန်းအေးခေါင်းဆောင်တဲ့ (ရပလ) အဖွဲ့ ဟာ …..
ခွဲထွက်ရေးကို ကန့် ကွက်ခဲ့ ပါတယ်……..။

နောက်ဆက်တွဲ ဂယက်တွေ အဖြစ်…….
၁၉၅၇ ဧပြီ ၂၀ရက်နေ့  မိုင်းရယ်မြို့ မှာ ပြုလုပ်တဲ့  …..
သီပေါစော်ဘွားနဲ့ မိုင်းရယ်စော်ဘွားတို့ ဦးစီးတဲ့  ရပညဖ ညီလာခံက ……
စော်ဘွားတွေ အာဏာစွန့် ဖို့ အချိန်မကျသေးလို့ မစွန့် ရေး ……..
သီးခြားရှမ်းပြည်နယ် တည်ဆောက်ရေး နှင့် …….
ပင်လုံစာချုပ်အရ ၁၀ နှစ်ပြည့် လျှင် .....
ပြည်ထောင်စုမှခွဲထွက်ရေးတို့ ကို ဆုံးဖြတ်ခဲ့ ပြီး …….
တစ်ဆက်တည်းမှာပဲ …….
သီပေါစော်ဘွား ၊ မိုင်းရယ်စော်ဘွား ၊ မိုင်းရူးစော်ဘွား…..
တောင်ပိုင်စော်ဘွား ၊ ကျေးသီးမန်စံ စော်ဘွား ၊ မိုင်းလင်းစော်ဘွား …..
ညောင်ရွှေစော်ဘွားရဲ့ မဟာဒေ၀ီ စ၀်နန်းဟိန်းခန်း …….
သိန္နီစော်ဘွားရဲ့ ကိုယ်စားလှယ် မဟာဝှမ်း ……
အခြား ရပညဖ အမှုဆောင် ၁၅ ဦးတို့ ပါဝင်တဲ့  အဖွဲ့ ဟာ …….
လက်နက်ကိုင်တော်လှန်ရေးကို ......
အထောက်အပံ့ ပေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်…….။

ဒီဆုံးဖြတ်ချက်အရ …….
ကျိုင်းတုံစော်ဘွားရဲ့ ဦးလေးတော်စပ်သူ .....
စ၀်ခွန်ဆိပ်နဲ့ စိုင်းနွဲ့ တို့ ဦးစီးပြီး ……
လူ လက်နက်စုဆောင်းခြင်းများ စတင်ပြုလုပ်လာတဲ့ အတွက် ……
ပြည်ထဲရေးဝန်ကြီးဌာနဟာ ပုဒ်မ ၅ အရ ဖမ်းဆီးခဲ့ရာမှာ….…….
စ၀်ခွန်ဆိပ်ကို ဖမ်းဆီးရမိခဲ့ ပြီး …….
စိုင်းနွဲ့ ကတော့ …..
ထိုင်းမြန်မာနယ်စပ် ကိုထွက်ပြေးတိမ်းရှောင်ကာ …….
၁၉၅၈ မေ ၂၁ ရက်နေ့ ဟွေပုဟော (မပည -LT ၀၅၅၆ ) မှာ …….
နွံစစ်ဟန် (NSH - ရဲရင့်သော ရှမ်းလူငယ်များအဖွဲ့ ) ကို ……..
အင်အား ၄၀၀ ခန့် နဲ့ စတင်ဖွဲ့ စည်းခဲ့ ပြီး…….
ပြည်ထောင်စုအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်….
ဒါဟာ ရှမ်း လက်နက်ကိုင် အဖွဲ့ တွေထဲမှာ ……..
ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့  လက်နက်ကိုင်အဖွဲ့ ဖြစ်သလို့  …….
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ပဲ……
နွံစစ်ဟန် အဖွဲ့ ဟာ …..
တပ်မတော် ရဲ့ ပုံပါကျင်စခန်းကို ၀င်ရောက်တိုက်ခိုက်ခြင်းနဲ့  …….
စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပါပြီ……..
အဲဒီနှစ် မတ်လ ၂ရက် နေ့ မှာပဲ ပြည်ထောင်စု အစိုးရက ……..
ရှမ်းစော်ဘွားတွေကို အာဏာစွန့် စေခဲ့တဲ့ အတွက် …….
ရှမ်းလူငယ်အများအပြားဟာ ……..
နွံစစ်ဟန် အဖွဲ့ ကို သွားရောက်ပူးပေါင်းခဲ့ပါတယ်……။

၁၉၆၄ ခုနှစ် အကုန်မှာတော့ ……
မူလ နွံစစ်ဟန် အဖွဲ့ ကြီးအပြင် ……
အဲဒီအဖွဲ့ ကခွဲထွက်ကြတဲ့ …..
လွတ်ကျောက်ဆောက် (ရှမ်းပြည်လွတ်မြောက်ရေးတပ်)(SSIA) …..
စ၀်ဟန်စ၀်တိုင်း (ရှမ်းတပ်မတော်အဖွဲ့ ) (SNA) ……
မိုးဟိန်းအဖွဲ့  (SURA) ဆိုပြီး အဖွဲ့ ကြီးလေးဖွဲ့ အဖြစ် တည်ရှိလာပါတယ်…။
၁၉၆၄ ဧပြီလ မှာတော့ …..
မဟာဒေ၀ီ စ၀်နန်းဟိန်းခန်း ကို နာယကတင်ကာ ……..
မိုးဟိန်းအဖွဲ့ နဲ့ SSIA တို့ ပူးပေါင်းပြီး ……
ရှမ်းပြည်တပ်မတော် (SSA –Shan State Army ) ကို ……
စတင်ဖွဲ့ စည်းခဲ့ပါတယ်….
မကြာမီကာလ အတွင်းမှာ ပဲ SSA ဟာ ……
တပ်ရင်း ၁၂ ရင်းပါဝင်တဲ့ တပ်မဟာ လေးခု အဖြစ်ဖွဲ့ စည်းခဲ့ ပြီး ……
အင်အား ၁၆၀၀ ခန့် အထိ များပြားလာခဲ့တဲ့ အတွက် …….
နောင် အနှစ် ၃၀ ကျော် လုံးလုံး ….…
ယမ်းငွေ့ တလူလူ ဖုံးလွှမ်းတော့မယ့်….…
ရှမ်းပြည်နယ်ကြီးရဲ့ သမိုင်းအစ စာမျက်နှာတွေဆိုလဲ ……
မှားမယ်မဟုတ်ပါဘူး………။


ရှမ်းပြည်မြောက်ပိုင်း တစ်ကြော….
ဖူးသစ်စ သူပုန်တပ်များနဲ့ မဝေစည်ခင် ကာလအထိမှာတော့ ……
တရုတ်ယူနန်နယ်စပ်က ကိုးကန့် ဒေသဟာ ……
၁၇ရာစုလောက်ကတည်းက …..
အဲဒီဒေသကို ၀င်ရောက်အခြေချခဲ့ တဲ့ …..
တရုတ်နွယ်ဖွား ယန်းမိသားစုရဲ့ လက်အောက်မှာ…
တိတ်ဆိတ်အေးချမ်းစွာရှိနေပါတယ်…..
စစ်ဖက်မျိုးရိုးဖြစ်ပြီး ကျေးရွာအများစုကို …
သူခိုးဓားပြတို့ ရန်က ကာကွယ်ပေးနိုင်ခဲ့တဲ့ ယန်း မိသားစုဟာ…..
ယခင်က သိန္နီစော်ဘွားရဲ့ လက်အောက်ခံ ဖြစ်ခဲ့ ပေမယ့်…..
ဒုတိယကမ္ဘာစစ်အတွင်း……
မဟာမိတ်တို့ ဘက်က ၀င်ရောက်တိုက်ခိုက်ပေးခဲ့ တဲ့ ဆုလာဘ်အဖြစ်….
မြန်မာပြည်လွတ်လပ်ရေး မကြေငြာမီ တစ်ရက်အလိုမှာ….
ကိုးကန့် ဒေသကို …သီးခြားစော်ဘွားနယ်မြေတစ်ခုအဖြစ်…..
သတ်မှတ်ပေးလိုက်ပါတော့တယ်…….
ကိုးကန့် စော်ဘွား အက်ဒွပ်ယန်း နဲ့ …..
သူ့ ရဲ့ နာမည်ကျော် ညီ နဲ့  ညီမ ….
ဂျင်မီယန်းနဲ့ အော်လစ်ယန်းတို့ ဟာ …..
၁၉၆၀ ပြည့်လွန် နှစ်တွေ မှာတော့ …..
ဝေေ၀ဆာဆာ ပွင့်ဖူးလာတဲ့  ……
ရှမ်း လက်နက်ကိုင် အဖွဲ့ တွေနဲ့ ပူးပေါင်းပြီး……
ပြည်ထောင်စု က အစိုးရ အသစ်ကို တော်လှန်ဖို့ ….
စတင်ပြင်ဆင်နေပြီလဲ ဖြစ်ပါတယ်……။

ဝါဒရေးရာပြင်းထန်လွန်းပြီး …..
စည်းရုံးရေးအားကောင်းလွန်းတဲ့  .....
ဗမာပြည်ကွန်မြူနစ်ပါတီကို…….
နိုင်ငံရဲ့  နေရာအနှံအပြားမှာ ရင်ဆိုင်နေရတဲ့  တပ်မတော်ဟာ…..
တကယ်တော့လဲ ……
ဝန် နဲ့  အား က ……..
မျှတလှတယ်လို့ မဆိုနိုင်တော့ပါဘူး……
တိုက်ပွဲတွေ မရပ်မနား တစ်ဂျိမ်းဂျိမ်း တိုက်နေရတဲ့ အပြင်…..
နိုင်ငံရေးအကွဲအပြဲတွေကိုလဲ …..
တတ်နိုင်သလောက် ကြားဝင်စေ့စပ်ပေးနေရတဲ့ ကြားထဲ …
ဒီတိုင်းရင်းသား လက်နက်ကိုင်တွေ အရေးဟာလဲ …..
တပ်မတော်အဖို့ တော့ ဗူးလေးရာ ဖရုံဆင့် ဆိုသလိုပါပဲ …..
နောက်ဆုံးမှာတော့ တပ်မတော်ဟာ….
ဗကပနဲ့ ရင်ဆိုင်ထားတဲ့  သူရဲ့ စစ်အင်အား အများစုထဲက …….
တပ်တစ်ချို့ ကို မရမက ထုတ်နူတ်ပြီး ……
ဒေသခံများပူးပေါင်းပါဝင်တဲ့  ပြည်သူ့ စစ်မဟာဗျူဟာနဲ့ …….
ရှမ်းပြည်နယ် လက်နက်ကိုင်များ အရေးကို …….
ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်……
အဲဒီအကျိုးဆက်ရဲ့ နောက်ဆက်တွဲ အဖြစ် …….
ဒေသခံပြည်သူ့ စစ်အဖွဲ့ များ အများအပြား .....
အင်အား ကြီးထွားလာပြီး ……
လော်စစ်ဟန် ၊ခွန်ဆာ၊ ဖုန်ကြားရှင် တို့ လို ……
ဌာနေ ပြည်သူ့ စစ်ခေါင်းဆောင်များဟာ ……
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ …….
အရေးပါတဲ့  အခန်းက ပါဝင်လာ ရပါတော့တယ်…..…..။

အမှန်တကယ်တော့ ……
ကိုးကန့် ဒေသက လော်စစ်ဟန်…..ဖုန်ကြားရှင်တို့ ဟာ ….
ယခင်ကတော့ ယန်း မိသားစုရဲ့  …….
လက်အောက်ခံ တပ်မှူး ငယ်များသာ ဖြစ်ကြပေမယ့်….
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အင်အားကြီးထွားလာပြီး …..
ပြိုင်ဘက် အုပ်စုများ အသွင်ဖြစ်လာပါတယ်……..
တစ်ဖက်နဲ့ တစ်ဖက် ဟာ .....
နယ်မြေနဲ့ စီးပွားရေး ဈေးကွက်လုရာကနေ
မကြာခဏပြသနာများ ဖြစ်ပွားလေ့ရှိကြပြီး …….
အချင်းချင်းလဲ ….
သိပ်တည့်လှတယ်တော့ မဟုတ်လှပါဘူး …..
ဒါပေမယ့်လဲ ….ဒီအခြေအနေတွေကို …..
အားလုံး ကပြောင်းကပြန်ဖြစ်စေတော့မယ့် အရိပ်မည်းကြီးဟာ…..
မကြာခင်ပဲ ရှမ်းပြည်နယ်အပေါ်ကို ……
ချည်းနင်း ၀င်ရောက်လို့ လာနေပါပြီ…….။

၁၉၆၀ ပြည့်လွန် နှစ်တစ်ခုရဲ့ နွေဦးကာလမှာ …..
မြန်မာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုမှာ ……
ယဉ်ကျေးမှုတော်လှန်ရေး လို့  ကမ္ဘာက သမုတ်မယ့် ……
တော်လှန်ရေးကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်……
ဒီတော်လှန်ရေးကို …….
၀၀ဖိုင့်ဖိုင့်နဲ့ မျက်နှာခပ်ဝိုင်းဝိုင်းရှိတဲ့ 
ဥက္ကဌကြီး မော် ကဦးဆောင်ခဲ့ ပြီး …..
တော်လှန်ရေးကာလ အတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်ကြောင့် ……
လူထောင်ပေါင်းများစွာဟာ …..
အကျဉ်းစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့ ရပါတယ်…..
အဲဒီ တော်လှန်ရေး ရဲ့ အထွတ်အထိပ်ကာလ အတွင်းမှာတော့ …..
တရုတ်ပြည်ရဲ့ ပြောင်းလဲလာတဲ့  နိုင်ငံခြားရေးမူဝါဒဟာ…..
မြန်မာပြည်အတွက်တော့ …….
တိုက်ပွဲခေါ်သံဖြစ်လို့ လာတော့မှာလဲ ဖြစ်ပါတယ်………။

၁၉၆၇ ခုနှစ် ဇွန်လ ၁၆ရက်နေ့ နံနက်ပိုင်း မှာ ….
ရန်ကုန်မြို့ ရဲ့ တင်းမာနေတဲ့ အခြေအနေဟာ ….
ရုတ်တရက် ပေါက်ကွဲလို့ သွားပါတယ်……
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက…..
တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေးဂယက်အဖြစ်……
မော်စီတုံး ပုံ ရင်ထိုးလေးများကို တပ်ဆင်ပြီး …..
လက်တစ်ဝါးလောက်ရှိတဲ့ မော်စီတုံးမိန့် ခွန်းစာအုပ် အနီလေးတွေနဲ့ 
ကျောင်းတက်လေ့ရှိတဲ့ တရုတ်ကျောင်းသားများဟာ…..
ပညာရေး ၀န်ကြီးဌာနရဲ့  အသစ်ထုတ်ပြန်လိုက်တဲ့ …..
ပညာရေးနဲ့ မပတ်သက်တဲ့ …..
ဘယ်တံဆိပ်မှ ကျောင်းကိုတပ်မလာရဘူးဆိုတဲ့ အမိန့် ကို ….
သိပ်ပြီးကျေနပ်လှတယ်တော့ မဟုတ်ပါဘူး …..
ပေကပ်ကပ် နိုင်လှတဲ့  ကျောင်းသားအချို့ ရဲ့ ရင်ဘတ်က တံဆိပ်ကို ……
မြန်မာ ဆရာတွေက ဖြုတ်သိမ်းချိန်မှာတော့……
ဒီပြသနာဟာ ရုန်းရင်းဆန်ခတ် အဆင့်ကို စတင်ပြီး ကူးပြောင်းခဲ့ပါပြီ……။

မကြာခင်ပဲ ဒီပြသနာဟာ မြို့ တွင်းကို ကူးစက်သွားပြီး …..
နံနက် ၁၁ နာရီ ၀န်းကျင်လောက်မှာတော့ ….
မောင်ခိုင်လမ်းထိပ်က တရုတ်နဲ့ မြန်မာ လူငယ် အဖွဲ့ တွေဟာ ….
တစ်ဘက်နဲ့ တစ်ဘက် စတင်ပြီး…….
အပြန်အလှန် ရိုက်နှက် တိုက်ခိုက် ကုန်ကြပါတယ်………
နောက်ရက်တွေမှာတော့……
ရန်ကုန်မြို့ ဆင်ခြေဖုံး အရပ်တွေ ဖြစ်တဲ့ …….
အင်းစိန် သာကေတ ဥက္ကလာပ စတဲ့ အရပ်တွေက ……
ဗမာ လူအုပ်စုကြီးတွေဟာ…..
မြို့ တွင်းကို ဒလဟော စီးဝင်လို့ လာခဲ့ပြီ ဖြစ်ပါတယ်……
တရုတ်လူမျိုးပိုင် ဆိုင်အများအပြား မီးရှို့ ဖျက်ဆီးခံရပြီး ……
တရုတ်သံရုံးကို ၀ိုင်းဝန်းဆန္ဒပြ ချိန်မှာတော့ …..
သံရုံးခေါင်မိုးပေါ်က တရုတ်အမျိုးသားတစ်ဦးဟာ…..
မြန်မာနိုင်ငံတော် အလံကို ခြေထောက်မှာ ပတ်ပြလိုက်တဲ့ အတွက် ……
တရုတ်သံရုံးဟာ ပျက်စီးလုနီးပါး ဖြစ်သည်အထိ …..
လူအုပ်ကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်……။

အဓိကရုဏ်းကို .....
ရဲတပ်ဖွဲ့ နဲ့ တပ်မတော်တို့ က နှိမ်နှင်းပြီးချိန်မှာတော့ ….
အသေအပျောက်ဟာ …..
ဆယ်ဂဏန်း အတော်များများရှိခဲ့ပါပြီ……
သေဆုံးသွားတဲ့ တရုတ် လူမျိုး ရုပ်အလောင်းတွေကို …
တရုတ်ပြည်က အထူးလေယာဉ်နဲ့ လာရောက်သယ်ယူခဲ့ ပြီး …
တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဇာနည် အဖြစ် ……
ဂုဏ်ပြု အခမ်းအနားနဲ့ ကြိုဆို င်္သဂြိုလ် ခဲ့ပါတယ်….
ဒါဟာ …တရုတ်ပြည်ရဲ့  ဒေါသတကြီး စွပ်စွဲချက်တွေ …..
အများအပြား ပေါ်ထွက်ခဲ့ စေခဲ့ပြီး…..
ဗမာပြည် ကွန်မြူနစ်ပါတီကို နဂိုကတည်းက …..
အကြီးအကျယ် ထောက်ပံ့ နေတဲ့  တရုတ်အဖို့ ကတော့ …..
သူတို့ ရဲ့ မဟာစီမံချက်ကြီးကို စတင်ဖို့ 
အချိန်ဆိုက်ရောက်လာခဲ့ပြီ လို့ လဲ ဆိုနိုင်ပါတယ်…….။

၁၉၆၇ခုနှစ် ဇူလိုင်လမှာ ….
တရုတ်ပြည်ဟာ သူ့ ရဲ့ ပထမဆုံး အနုမြူဗုံးကို …..
ကိုတာရင်မ် ချိုင့်ဝှမ်းရဲ့ စိမ့်တောများအတွင်းမှာ….
ကမ္ဘာကို စမ်းသပ်ဖောက်ခွဲပြလိုက်ပါတယ်…..
ရက်ပိုင်းအတွင်းမှာပဲ ပီကင်းရေဒီယိုကနေ …..
နေ၀င်း စန်းယု အစိုးရရဲ့ ……
စစ်ခွေးတပ်တွေကို တွန်းလှန်ဖို့ လှုံ့ ဆော်သံကို …….
မြန်မာဘာသာနဲ့ ….
စတင်ထုတ်လွှင့်လို့ နေနေပါပြီ……။

၁၉၆၈ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့ မှာ ……
ထောင်နဲ့ ချီတဲ့ တရုတ်တပ်ဖွဲ့ ဝင်တွေဟာ ……
နယ်စပ်မျဉ်းကို ကျော်ဖြတ် ၀င်ရောက်လာပြီး….
မြူခိုးအတိ ဖုံးလွှမ်းနေတဲ့  မုံးကိုးရွာငယ်လေးက …..
တပ်မတော်စခန်းကို ၀င်ရောက်တိုက်ခိုက်လိုက်ပါတယ်…..
ဒီတိုက်ခိုက်မှုဟာ မကြာမီ ရက်ပိုင်းအတွင်း ……
ထပ်မံရောက်ရှိ လာတော့မယ့်  တပ်ဖွဲ့ များနဲ့ ပူးပေါင်းကာ ……
ဒေသတွင်း တပ်မတော်ရဲ့ ခံစစ်စခန်းများအားလုံးကို ချေမှုန်းလိုက်ပြီး
ကိုးကန့် ဒေသတစ်ခုလုံး နဲ့ .....
ဂျင်မီယန်းရဲ ကိုးကန့် ကာကွယ်ရေးတပ်ကိုပါ
ဗကပ အရှေ့ မြောက် စစ်ဒေသရဲ့  တပ်မဟာတွေ အဖြစ် …..
အသွင်ပြောင်းဖွဲ့ စည်းပေးလိုက်တာလဲ ဖြစ်ပါတယ်….
တိုက်ပွဲများဟာ ……
မုံးကိုး ဖောင်းဆိုင် လုံထန် ကုန်းကြမ်း ပန်ဝိုင် တာရွှေထန် စတဲ့ ……
နေရာအနှံ့ အပြား အကြီးအကျယ်ဖြစ်ပွားနေခဲ့ ပြီး …..
စစ်ကူလိုက်လာတဲ့ မြန်မာ့တပ်မတော် တပ်ရင်းများဟာ
အဆမတန် များပြားလှတဲ့ ရန်သူနဲ့ ……
အပြင်းအထန် ရင်ဆိုင် တိုက်ခိုက် ရပါတော့တယ်…..
တပ်မတော်ရဲ့ အကြီးကျယ်ဆုံး စိုးရိမ်ပူပန်မှု ကတော့ ….
ပဲခူးရိုးမက ရန်သူတွေ နဲ့ အရှေ့ မြောက် ဒေသက ရန်သူတွေ……
တစ်ဆက် တစ်စပ်တည်း ဆက်စပ် ပူးပေါင်း မိသွားကြမှာကိုပါပဲ ……..။

၁၉၇၀ ခုနှစ် နှစ်ကုန်ပိုင်း မှာတော့ …...
ရန်သူဟာ ၀ ကုန်းမြင့်ဒေသကိုပါ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး …….
ရှမ်းပြည်နယ်ရဲ့ မြို့ တော် လားရှိုးနဲ့ …..
၁၀ မိုင်အကွာမှာ ရှိတဲ့  ပန်ကျုံ မှာကို …..
တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတဲ့  အခြေအနေကို ….
ဆိုက်ရောက်လို့ နေ နေပါတယ်……
ဒါပေမယ့်လဲ ….
အခြေအနေဟာ တပ်မတော်ဘက်ကို…
စတင်ပြီး ယိမ်းယိုင်လာပါတော့မယ်….
ဗမာပြည်ကွန်မြူနစ်ပါတီ ကြိုတင်မျှော်လင့်မထားမိတဲ့  ……
စစ်နတ်ဆိုးတစ်ပါးဟာ…..
ပဲခူးရိုးမ တောနက်တွေထဲကနေ …..
မြန်မြန်ဆန်ဆန် ပြန်ထွက်လာပြီး
တီအီး အလဲဗင်း စစ်ကားကြီးတွေစီးလို့ ….
အရှေ့ မြောက်ဒေသကို အပြင်းချီတက်လို့ လာနေပါပြီ……
အဲဒါကတော့…..
မြန်မာ့တပ်မတော်မှာ ထိပ်ပြောင်ပြီး …..
နပိုလီယန် လို့ နာမည်ပြောင်ပေးခံရတဲ့ 
ရပခ လှုပ်ရှားစစ်ဗျူဟာ အမှတ် (၁) ဗျူဟာမှူး …..
ဗိုလ်မှူးကြီး ထွန်းရီ နဲ့ 
တပ်မတော်ရဲ့ နာမည်ကျော် …….
အမှတ်( ၇၇ ) ခြေမြန် တပ်မ တို့ ပဲ ဖြစ်ပါတယ်….။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့  ည ၈ နာရီ ခန့် မှာ
ပီအာစီ ၁၀ တပ်မတော် ဆက်သွယ်ရေးစက်က ပေါ်ထွက်လာတဲ့  ……..
" ကောင်းတုံ" …. " ကောင်းတုံ " …. " ကောင်းတုံ " …..
ကြားလား….…ဒါပဲ…..ဆိုတဲ့ စကားသံဟာ……
တိုက်ပွဲဝင် ရှေ့ တန်းတပ်တွေကို ……
ကွမ်းလုံမှာ အခြေပြုကွပ်ကဲနေတဲ့  ကွပ်ကဲမှုရုံးက …..
နည်းဗျူဟာမှူးနဲ့ အမြောက်တပ်ခွဲမှူး ရဲ့ မျက်နှာကို …..
ကွက်ကနဲ ပျက်သွားစေပါတယ်……..
ဒါဟာ ၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ……
ဖုန်ကြားရှင်ကိုယ်တိုင် တပ်မဟာမှူး အဖြစ်ပါဝင်တဲ့ …...
ဗကပ အရှေ့ မြောက်စစ်ဒေသဟာ….
အင်အား ၄၀၀၀ နီးပါးနဲ့ ချီတက်လာပြီး
ကွမ်းလုံမြို့ မြောက်ဘက် ၇မိုင်အကွာ …….
တာမြင်ရှန် တောင်ထိပ်မှာ တပ်စွဲထားတဲ့ ….
လော်စစ်ဟန် ရဲ့ အင်အား ၈၀ လောက်ရှိတဲ့ …
ကိုးကန့် ကာကွယ်ရေး ပြည်သူ့ စစ်စခန်းကို စတင်တိုက်ခိုက်ပြီး ….
ကွမ်းလုံဒေသ တိုက်ပွဲစဉ်များကို စတင်ခဲ့လိုက်တဲ့ ……
နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သလို
ဒီ ဆက်သွယ်ရေး စကားဝှက်ရဲ့ အဓိပ္ပာယ် ဟာ ……
ကွမ်းလုံမြို့ ရဲ့  နောက်ဆုံးခံစစ် ဟိုက်ကမ်းပါး စခန်းက….
အမှတ် ၁၀၅ ခြေမြန်တပ်ရင်း တပ်ခွဲမှူးရဲ့  …..
နောက်ဆုံးအဆင့် အနေနဲ့ …..
စခန်း အသက်ကယ် အမြောက်ပစ်ကူပေးဖို့  ……
စကားဝှက်နဲ့ တောင်းဆိုလိုက်တာပါ ……။

ဒီစကားဝှက် ရဲ့ အဓိပ္ပာယ်အရ..……
ခမရ ၁၀၅ နဲ့  ကချင် ၃ က တိုက်ပွဲဝင် စစ်သည်တွေဟာ
ကတုတ်ကျင်းတွေရှေ့ မှာပဲ …..
ရန်သူနဲ့ လုံးထွေးသတ်ပုတ် နေကုန်ပြီဖြစ်ပြီး …..
တပ်ခွဲရဲ့ ခံစစ်စည်းဟာလဲ ……
လုံးဝ ကျိုးပေါက်သွားပြီလို့  အဓိပ္ပာယ်ရပါတယ်……
ဒီစခန်းကျဆုံးသွားရင်တော့ …
ကွမ်းလုံမြို့ ရဲ့ အနာဂတ်ဟာ …
အတော့်ကို ဆိုးဆိုးရွားရွားနဲ့  ရင်ဆိုင်ရပါတော့မယ်….
နောက်ဆုံးမှာတော့ …..တပ်ခွဲမှူးဟာ…
စကားဝှက် " ကောင်းတုံ " နဲ့ …..
ရန်သူနဲ့ လုံးထွေးနေတဲ့ သူ့ တပ်ခွဲ အပေါ်ကိုပဲ ……
၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက် လေးလက်ရဲ့ 
လေကွဲ အမြောက်ကျည်တွေနဲ့ ပစ်ခတ်ပေးဖို့ …..
ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါပြီ…….။

ကွမ်းလုံဒေသ တိုက်ပွဲစဉ်များဟာ…..
ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပြီး ….
တပ်မတော်နဲ့ တစ်ဖက်နိုင်ငံ ကျောထောက်နောက်ခံပြု
ဗမာပြည် ကွန်မြူနစ်ပါတီ တို့ 
အသေအကြေ တိုက်ခိုက်ကြတဲ့ ……
တိုက်ပွဲစဉ်များလည်းဖြစ်ပါတယ်……
နှစ်ဖက်စလုံးမှာ ....
စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက်ခိုက်ခဲ့ ကြပြီး …..
တပ်မတော်ဘက်ကတော့ …
လော်စစ်ဟန် ခေါင်းဆောင်တဲ့ …..
ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့  အင်အား ၈၀၀ ခန့် က
ပါဝင်တိုက်ခိုက်ပေးခဲ့ ပါတယ်….
ကွမ်းလုံ တံတားကြီးမှာပါ မိုင်းများတပ်ဆင်ထားခဲ့ ပြီး……
တန်ပြန်တိုက်စစ်ဆင်တဲ့ တပ်များဟာ ….
သတ်မှတ်ချိန်အတွင်း စခန်းများကို မသိမ်းနိုင်ခဲ့ ရင်…….
လားရှိုးမြို့ မကျရေးအတွက်….
တံတားကြီးကိုပါ ဖောက်ခွဲပြစ်ဖို့  …..
စီစဉ်ခဲ့ ရတဲ့ အနေအထားကို ဆိုက်ရောက်ခဲ့ပါတယ်…….
ကွမ်းလုံတိုက်ပွဲစဉ်များအပြီးမှာတော့…..
ဗကပ ထိုးစစ်ဟာ …
အတော်ကို ဦးကျိုးလို့ သွားခဲ့ ပါပြီ……။

( အပိုင်း (၂၁ -ခ ) ကို မနက်ဖြန်ဆက်တင်ပါမည်)
— with ရုပ် ဆိုး and 93 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>