==========================
ရေးသားသူ= ပြည်သွေးနိုင်
၂၀၁၃ ခု ဇွန်လလယ်က နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် “မန္တလေးတွင်တရုတ်ဘာသာဖြ
င့် ကြော်ငြာလုပ်ငန်းသုံး ဆိုင်းဘုတ်များရေးသားတပ်ဆင်ချိတ်ဆွဲခွင့်မပြု” ဟူသောခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ မန္တလေးတွင် တရုတ်လူမျိုး များစုနေထိုင်သည့်အတွက် လုပ်ငန်းကြော်ငြာဆိုင်းဘုတ်များတွင် တရုတ်ဘာသာစကားအသုံးပြုပြီး ကြော်ငြာသည့်ဆိုင်းဘုတ်များ များပြားနေကြောင်း အဆိုပါဆိုင်းဘုတ်များကို ဖြုတ်ပေးရန် မြို့တော်စည်ပင်က မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားသည် ကိုတွေ့ရပါသည်။
မှန်ပါသည်။ မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို၊ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ် အမျိုးသားတို့လက်တွင်း သို့ကျရောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ရွာနေပြည်ထိုင် မန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ် ကွက်များသို့ လွင့်ပါးသွားခဲ့ကြရသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထိုအတွေ့အကြုံ အဖြစ်အပျက်များကို အခြေခံ၍ ရေးဖွဲ့တင်ပြခဲ့ကြသော ကဗျာ၊ ဆောင်းပါး၊ ၀တ်္ထုများကိုလည်း မဂ်္ဂဇင်းစာမျက်နှာအချို့တွင် ဖတ်ရှုပြီး မချိတင်ကဲခံစားခဲ့ရပါသည်။ တရုတ်အမျိုးသားတို့များ လာ၍ တရုတ်ယဉ်ကျေးမှုလွှမ်းလာသည်မှာ မဆန်းပါ။ ထို့အတူ တရုတ်လုပ်ငန်းရှင်တို့ ကြီးစိုးလာ၍ တရုတ်ဘာသာစကားဖြင့် ဖော်ပြသော ဆိုင်းဘုတ်များ များလာသည်မှာလည်း အဆန်းမဟုတ်ပါ။ ဆန်းသည်က အဆိုပါ တရုတ်အမျိုးသားတို့သည် မန္တလေးကို ဘယ်လိုဘယ်ပုံ ရောက်ခဲ့ကြသနည်း။ ဘယ်လိုပုံစံဖြင့်ဝင်ရောက် လာကြသနည်းဆိုသည်က ဆန်းနေခြင်းဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် လူဦးရေ အဆမတန်များပြားသော လူဦးရေ အင်းအားကြီးမားသည့် နိုင်ငံများကြားတွင် တည်ရှိနေပါသည်။ အရှေ့မြောက်အရပ်တွင် လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ။ အနောက်ဘက်တွင်ကား လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန်္ဒိယနိုင်ငံနှင့် လူဦးရေသန်း (၂၀၀) နီးပါးရှိသည့် ဘင်္ဂလားဒေ့နိုင်ငံတို့ရှိနေသည်။ ထိုလူဦးရေ လွန်နိုင်ငံများကြားတွင် မြေဆီသြဇာကောင်းသော၊ သဘာဝသံယံဇာတကြွယ်ဝသော မြန်မာနိုင်ငံကြားညှပ်နေသည်။ ပထ၀ီအနေ အထားအရ တည်ရှိနေခြင်းဖြစ်သည့်အတွက် ဘာမျှမတတ်နိုင်။ ဘ၀ပေးကုသိုလ်ဟုသာဆိုရပေတော့မည်။
ခက်နေသည်က ကျွန်တော်တို့ရွှေမြန်မာတွေ၏ တွေးပုံခေါ်ပုံဖြစ်နေသည်။ အရှေ့မြောက်တံခါးထက် အနောက်ဘက်တံခါး။ ကျိုးပျက် သည်ကို ပို၍စိုးရိမ်နေကြသည်။ အဖြူရောင်လှိုင်းထက် အမည်းရောင်လှိုင်းကိုပို၍ အာရုံစိုက်နေကြသည်။ အသား အရောင်နောက်ကိုလိုက်နေကြသည်။ ခက်သည်က မြန်မာတို့၏ ဓလေ့စရိုက်ဖြစ်သည်။ သားသမီးမွေးလာလျှင် ဖြူဖြူဖွေးဖွေး လေးဖြစ်ပါက ဟယ်...တရုတ်ကလေးကျနေတာပဲဟု လိုလားနှစ်သက်စွာ ချီးကျူးတတ်ကြသော်လည်း အသားညိုသည့် ကလေးဖြစ်ပါက ဟင်း...ကုလားလေးနှင့်တူလိုက်တာဟူ ၍ နှာခေါင်းရှုံ့တတ်ကြခြင်းဖြစ်သည်။ သို့ဖြင့်၍လည်း အနောက်တံခါး မှဝင်လာသူများအပေါ်တွင် ပို၍ အကဲဆတ်နေကြခြင်းဖြစ်တန်ရာသည်။ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေးကို အမှန် တကယ် ကုပ်ခွစီးထားသူကို မေ့လျော့နေကြသည်။ စီးပွားရေးနှင့်နိုင်ငံရေး အရ တဖြည်းဖြည်းချင်းလည်မျိုအထိ ၀ါးမျိုထားသူမှာ မည်သူနည်းဆိုသည်ကို အသေအချာလေ့လာဆန်းစစ်ရန်လိုပါသည်။ စိတ်ခံစားမှုအပေါ် အာရုံညွတ်ခြင်းထက် လက်တွေ့ကျကျ အမြင်ကျယ်ကျယ်တွေးခေါ်နိုင်ရန် အရေးကြီးသည်ဟု ဆိုချင်ပါသည်။ သို့မဟုတ်ပါက တံလျှပ်ကို ရေထင် ရွှေသမင်ရေလိုက်မှား ဖြစ်နိုင်သည်ကို သတိပြုရပါမည်။
မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရ အရေးပါသော အနေအထားသို့ ရောက်ရှိနေပြီဆိုသည့် အသံများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ခါးလယ်မှဖြတ်လျက် ရေနံပိုက်လိုင်းတစ်ခုက နေရာယူထားပြီး ဖြစ်နေသည်။ မကြာမီ ထိုရေနံပိုက်လိုက် နံဘေးမှ မီးရထားလမ်တစ်ခု ဖောက်လုပ်ဦးမည်။ ထိုရေနံပိုက်လိုင်းနှင့် မီးရထားလိုင်း တို့သည် မြန်မာနိုင်ငံကို နှစ်ပိုင်း ပိုင်းထားသည့်နှယ် ဖြစ်နေတော့သည်။ မြန်မာနိုင်ငံအထက်ပိုင်းသည် အရှေ့မြောက်တံခါးမှ ၀င်လာသူတို့အတွက်လော။ စစ်အုပ်ချုပ်ရေး ၏အကျိုးဆက် အသွင်ကူးပြောင်းရေးခရီးတွင် ပဋိပက္ခများကြောင့် မငြိမ်သက်မှုများ ကရှိနေသည်။ ထိုမငြိမ်သက်မှုများကို အကြောင်းပြုလျက် ရေနံပိုက်လိုင်း လုံခြုံရေးအတွက် တိုင်းတစ်ပါးစစ်တပ်များ ၀င်ရောက်လာ ခဲ့သော် မည်သို့ရှိချေမည်နည်း။ မတွေးရဲစရာဖြစ်သည်။
အမျိုးသားအကျိုးစီးပွားတစ်ခုလုံးသည် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဟု ကြွေးကြော်ရုံသက်သက်ဖြင့်တော့ တစ်စုံတစ်ရာ အကျိုးထူးလာလိမ့်မည် မဟုတ်ပါ။ အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်ကာကွယ်ပေးသော မူဝါဒများ လက်တွေ့ ချမှတ်ဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်နေသည်ကို အုပ်ချုပ်ရေးပိုင်းမှပုဂ်္ဂိုလ်များ အထူးသဘောပေါက်ရန် လိုအပ်လှပါသည်။ အမျိုးသားအကျိုးစီးပွားများအတွက် အနောက်ဘက်တံခါးရော အရှေ့မြောက်တံခါးပါ လုံခြုံရန်အရေးကြီးပါသည်။ မည်သည့်တံခါး မှ မကျိုးပျက်စေလိုပါ။ သို့သော် ကျိုးပျက်ခဲ့ပါပြီ။ ဘူးသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီက လူဦးရေ၏ ၉၆ ရာခိုင်နှုန်း၊ ဌာနေတိုင်းရင်းသားက ၄ ရာခိုင်နှုန်း။ မန်္တလေးမြို့ကြီးတွင် တရားဝင်စာရင်းအရ တရုတ်အမျိုးသား အိမ်ထောင်စု ငါးသောင်းကျော်ရှိ နေသည်ဟုသိရသည်။ ထိုကိန်းဂဏန်းတို့သည် အနှစ် ၂၀ ကျော်ကြာ စစ်အုပ်ချုပ်ရေး၏ စည်းစနစ်မဲ့မူ၊ လွဲမှားသောစီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှုတို့၏ အကျိုးဆက်ဆိုသည်ကို ကောင်းစွာသဘောပေါက်နားလည်ကြရပါမည်။ အခုတစ်လော ခေတ်စား နေသောစကားဖြင့်ဆိုရသော် တရားဥပဒေစိုးမိုးရေး ကင်းမဲ့ခဲ့သောကြောင့် ဖြစ်ပါသည်။ မြန်မာတစ်ဦး၊ တိုင်းရင်းသားပြည်သူတစ်ဦး အမျိုးသားမှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံး၍ အသစ်ပြန်လည်ပြုလုပ်သည်ပင်လျှင် မည်မျှခက်ခဲကြောင်း ကြုံဖူးကြမည် ထင်ပါသည်။ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများဖြင့် လ.၀.က ရုံးသို့ အခေါက်ခေါက်အခါခါသွားပြီးမှ ကိစ်္စပြီး မြောက်ပါသည်။ အနောက်တံခါးမှ ၀င်လာကြသော ၉၆ ရာခိုင်နှုန်းသောသူများ၊ မန်္တလေးမြို့ပေါ်သို့ အရှေ့မြောက်တံခါးမှ ၀င်ရောက်လာသူများမှာ လွယ်လွယ်ကူကူ မှတ်ပုံတင်ရကြ၊ နိုင်ငံသားဖြစ်ခဲ့ကြရသည်မှာ ထူးဆန်းအံ့သြဖွယ် ကိစ်္စဟုပင်ဆိုရ ပါတော့မည်။
မည်သို့ပင်ဖြစ်စေ အနှစ် ၂၀ ကာလလုံးလုံး နယ်စပ်ဒေသများတွင် တံခါးမရှိ၊ ဓားမရှိဖြစ်ခဲ့ခြင်းသည် လတ်တလော ကြုံတွေ့နေကြသော ပဋိပက်္ခများ၏ အခြေခံအကြောင်းရင်းများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အနောက်ဘက်တံခါးသည် လူမျိုးရေး၊ ဘာသာရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု မြန်မာအများစုက ယူဆလျက်ရှိကြသည်။ သို့ဆိုလျှင် အရှေ့မြောက် တံခါးသည်ပို၍အရေးပါသော နိုင်ငံရေးနှင့် စီးပွားရေးကို လွှမ်းမိုးထားသည့် အန်္တရာယ်ရှိနေသည်ဆိုသည့်အချက်ကိုလည်း မမေ့လျော့သင့်သော ကိစ်္စတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
7 DAY