Quantcast
Viewing all articles
Browse latest Browse all 1811

စွဲလမ်းခြင်းမြစ်ဖျား*

***စွဲလမ်းခြင်းမြစ်ဖျား***

" စွဲလမ်းခြင်းဆိုတာ မြစ်ဖျားခံရာကို

သိရှိဖို့ ခက်ခဲတဲ့ သိမ်မွေ့ ညင်သာ

သော မြစ်တစ်စင်း " ဆိုတဲ့ စကား

လေးရှိပါတယ်။လူတိုင်းကိုယ်စီမှာ

ကိုယ်သန်ရာသန်ရာ ကိုယ့်စွဲလမ်း

ရူးသွပ်မှုလေးတွေရှိကြပါတယ်။

ကိုယ်စွဲလမ်းမှုဟာကိုယ့်ဘဝအ

တွက်သင့်တော်တဲ့စွဲလမ်းမှုဆိုရင်

အဆင်ပြေပေမယ့်ဘဝကိုထိခိုက

်စေမယ့်အရာဆိုရင် ဖျောက်ဖျက်ဖို့

ကြိုးစားရတာ အလွန်ခက်ခဲ

နာကျင်စေမယ်ဆိုတာအမှန်ပါပဲ။

ကောင်းသောအရာ မှမဟုတ်ပါဘူး

ကိုယ့်အတွက်မကောင်းတဲ့အရာ

တစ်ခုဆိုရင်တောင်အကျင့်တစ်ခု

အနေနဲ့ရင်းနှီးစွဲလမ်းသွားတတ်ကြ

ပါတယ်။ဥရောပဇာတ်လမ်းလေး

တစ်ခုကြားဖူးလိုက်တုန်းကပြုံးမိဖူး

ပါတယ်။လူဆိုတာကိုယ်သဘောမ

ကျတဲ့အရာလေးတောင်ဘယ်

်လောက်မုန်းမုန်း မရှိတော့တဲ့

အခါမှာ အကျင့်ဖြစ်အသားကျသွား

ပြီးစွဲလမ်း တမ်းတတ်တဲ့အကြောင်း

လေးပါ။ . . .

American style နှစ်ထပ်သစ်သား

ကြမ်းခင်းအိမ်လေးမှာလူနှစ်

်ယောက်ငှားနေခဲ့ကြပါသတဲ့။

အောက်ထပ်ကတစ်ယောက်က

တော့ရုံးစာရေးတစ်ယောက်ဆို

ိုတော့စောစောအိပ်စောစောထ

တတ်တဲ့လူတစ်ယောက်ပါ။

အပေါ်ထပ်ကလူကတော့ Bar

တစ်ခုမှာ Guitar တီးသူပါ။

သူကတော့ ညအတော်လေးနက်မှ

ရီဝေဝေခြေလှမ်းလေးတွေနဲ့

Guitarလေးပိုက်ပြီးအိမ်ပြန်လာ

တတ်သူပါ။အိမ်ပေါ်ကိုရောက်ပြီဆို

သူ့ Country bootကြီးတစ်ဖက်ကို

အခန်းထောင့်ကို လွှဲကန်ရင်း

ချွတ်လိုက်တာနဲ့ " ဒုန်း " ဆိုတဲ့

အသံတစ်ချက်ကြောင့်အောက်ထပ်

ကလူဟာအိပ်ရာကနေလန့်နိုးသွား

ရစမြဲပါ။ ဒေါသလည်းထွက်ရတာ

အမြဲပါ။ ခဏနေမှ နောက်ကျန်တဲ့

ဖိနပ်တစ်ဖက်ကိုကန်ရင်းချွတ်တတ်

ပါတယ်။ ဒုတိယ " ဒုန်း " ဆိုပြီး

အသံနှစ်ချက်လုံး ကြားပြီးမှ

အောက်ထပ်ကလူဟာစိတ်ချလက်

ချအိပ်စမြဲပါ။ကြာလာတော့ဒဏ်မခံ

နိုင်တော့တဲ့စာရေးကြီးဟာတစ်ရက်

မအိပ်ဘဲGuitarဆရာပြန်အလာကို

စောင့်ရင်းလှေကားဝကနေစောင့်ပြီး
ပြောပြပါတယ်။ ဒီဖိနပ် နှစ်ဖက်

ချွတ်သံနှစ်ချက်မှာသူအိပ်ရာက

လန့်နိုးပြီး အိပ်ရေးပျက်နေရတဲ့

အကြောင်းပြောပြပါတယ်။ Guitar

သမားကလည်းအလွန်အားနာပြီး

နောက်နေ့တွေ မဖြစ်စေရဖို့

ကတိပေးခဲ့ပါတယ်။ နောက်နေ့ည

သူပြန်အလာမှာ အရင်လိုပဲ

ရီဝေဝေခြေလှမ်းတွေနဲ့အပေါ်ထပ်

ကိုလှမ်းတက်ခဲ့ပါတယ်။

မေ့ပြီးတော့ ဖိနပ်တစ်ဖက်ကို

အရင်လို ချွတ်လိုက်မိပါတယ်။

"ဒုန်း"ဆိုတဲ့အသံကျယ်ကြီးထွက်

လာတော့အောက်ထပ်ကလူနိုး

သွားသလိုအပေါ်ကဂစ်တာဆရာ

လည်းသူ့အမှားကိုသူသတိရလိုက်

မိပြီး နောက်တစ်ဖက်ကိုတော့

ဖြေးညှင်းစွာချွတ်ပြီးအသာချလိုက်

ပါတယ်။ခဏကြာတော့အောက်

ထပ်ကလူက လှမ်းအော်တာကို

သူကြားလိုက်ရပါတယ်. . .

"ဟိတ်လူ ကျေးဇူးပြုပြီး

ခင်ဗျားဖိနပ်နောက်တစ်ဖက်က

ိုလည်း အရင်လို ဒုန်း လို့

မြည်အောင်ချွတ်လိုက်ဗျာ။ ကျုပ်

နိုးလာပြီးအဲဒီ့အသံနောက်တစ်

ချက်မကြားရသေးရင် ပြန်အိပ်လို့

မပျော်တော့ဘူး " တဲ့ . . . .

မနှစ်မြို့သော မကြိုက်တတ်သော

အရာတွေတောင် အကျင့်ဖြစ်ပြီး

မရှိရင်တစ်ခုခုလစ်ဟာသွားသလိုခံ

စားရတဲ့ အကြောင်းလေးပါ။

ဘဝတစ်ကွေ့မှာလည်းမြစ်ဖျားခံရာ

ကို မသိလိုက်တဲ့ မြစ်တစ်စင်းဟာ

တစ်သွင်သွင်စီးဆင်းနေခဲ့ဖူးပါတယ်

ကံဆိုးမှု အဆင်မပြေမှုတွေနဲ့

ထိပ်တိုက်ရင်ဆိုင်ရပြီးအခန်းကျဉ်း

လေးထဲမှာ စီးကရက်တွေဖွာရင်း

ဘီယာဘူးခွံတွေပြန့်ကျဲလို့

ရင်ဘတ်ဟောက်ပက်နဲ့ဘဝညနက်

နက်တွေကို ဖြတ်သန်းနေရစဉ်မှာ

သူမလေးကဘဝထဲကိုတိုးဝင်လာခဲ့

တာပါ။ အားပေးနှစ်သိမ့်မှုတွေ

သူမပြောတဲ့ ဆိုရိုးစကားပုံတွေဟာ

ကိုယ့်စိတ်ဓာတ်ကိုတွင်းနက်နက်

ထဲက ဆွဲမတင်နိုင်ခဲ့ပါဘူး။

မထူးခြားပေမယ့် စိတ်မပျက်ဘဲ

အမြဲလိုမပျက်မကွက်ကြိုးစားပေး

လေ့ရှိတာကတော့ . . .

"အားလုံးအဆင်ပြေသွားမှာပါ

ကြိုးစားပြီးအိပ်အိပ်ပျော်အောင်

်အိပ်နော်" လို့ ပြောပြီး . . .

သီချင်းဆိုပြမယ်နော်အသံ

ံမကောင်းတော့ ပျင်းပြီးအိပ်သွား

မလားလို့ ဟု ပြောရင်း

မင်းသားစိုးသူ၏ ကြည်ဖြူပါ . . .

သီချင်းလေးကိုမပျက်မကွက်ဆိုပြ

မြဲ . . .

" ကိုယ့်ရဲ့ အလင်းရောင်မင်းလေးပဲ

လမ်းပြကူညီညွှန်ကြားပါကွယ်

ငွေစင်ကြယ်လည်းမင်းပါပဲ

နီယွန်မီးများထက်အလင်းပိုတယ် "

သူမလေး၏ အေးချမ်းသော အသံ

လေးသည် ညပေါင်းများစွာလွင့်ပျံ

ခဲ့ဖူးပြီး သီချင်းနားထောင်ရင်းကြိုး

စားအိပ်စက်ဖြစ်ခဲ့သောညပေါင်း

များစွာအလွန်မှာတော့အရာအား

လုံးအဆင်ပြေကာကိုယ်ပိုင်ပုံမှန်

ဘဝတစ်ခု၌ လည်ပတ်နိုင်ချိန်တွင်

သူမလေးသည်အနားမှတဖြည်း

ဖြည်းဆုတ်ခွာကာဖျောက်ကွယ်

်သွားခဲ့၏။ ပေါ့ပါးလတ်ဆတ်ကာ

သောကများကင်းဝေးသွားချိန်တွင်

သတိပြုမိတတ်လာသော "

ပျင်းနေပြီလား " ဟုမေးရင်း

ဆက်လာတတ်သော ph call

လေးများ၊ညပေါင်းများစွာနှစ်သိမ့်

ပေးခဲ့သော သီချင်းသံများသည်

လရောင်ဖြာကျနေသောညများ

တိတ်ဆိတ်မှောင်မိုက်သောညများ

တွင်သတိရလွမ်းဆွတ်စိတ်ဖြင့်လူ

တစ်ယောက်ကို အိပ်မပျော်စေရန်

လုံလောက်စေခဲ့ပါသည်။

သူမလေး၏ဖုန်းနံပါတ်ကိုအကြိမ်

ကြိမ် ခေါ်ရင်းလွင့်ပျံခဲ့ဖူးသော

သီချင်းသံလေးများကသတိရစိတ်

၏ ဒီရေကို တိုးလာစေခဲ့ပါသည်။

ညနက်ပေါင်းများစွာကိုအိပ်စက်ရန်

နှမျောတတ်သောသူမလေးသည်

နှစ်သက်ရာရုပ်ရှင်ကားလေးများ

ကြည့်ရင်း! Candy crash

ဆော့ရင်း! သီချင်းဆိုရင်းဖြင့်

ညနက်များကိုဖြတ်သန်းနေလိမ့်ဟု

တွေးကြည့်မိသောအခါ ရင်ထဲတွင်

နာကျဉ်စိတ်ကမွန်းကျပ်လာစေခဲ့၏

"ဘာကိုမှမျှော်လင့်ပိုင်ခွင့်မရှိသော

လူတစ်ယောက်၏ညနက်များသည်

အလွန်ခြောက်သွေ့အထီးကျန်

ကြောင်း"သူမလေးအားလေးနက်

်စွာ ပြောပြခဲ့ဖူးပါသည်။

" တစ်စုံတစ်ခု အားပြင်းထန်စွာ

မျှော်လင့်စောင့်စားရင်းဆုံးရှုံးနေရ

သောလူတစ်ယောက်၏ညနက်များ

သည်ပိုမိုဝမ်းနည်းမွန်းကျပ်အေး

စက်နေကြောင်း " သူမလေးအား

မပြောပြဖြစ်ခဲ့ပါ။ အေးစက်သော

မိုးညများတွင် . . .သို့

ခြောက်သွေ့သောနေရောင်ခြည်

်အောက်တွင်လူတစ်ယောက်သည်

ပုံမှန်ဘဝတစ်ခုကိုရှင်သန်ဖြတ်

သန်းရင်း ခပ်တည်တည်

အသည်းကွဲလျက်ရှိကြောင်းကို

မသိစေချင်ပါ။ အထူးသဖြင့်

နှုတ်ခမ်းလေးကိုတွန့်၍

ပြုံးတတ်သော အေးချမ်းသော

Clinique happy ရေမွှေးနံ့

လေးသင်းနေတတ်သော

ကောင်မလေးအား

ပို၍မသိစေချင်ပါ။ လူ့လောက၏

ကန့်သတ်ချက်ဘောင်တို့ကြောင့်ခွဲ

ခွာနှုတ်ဆက်ရခြင်းသည်

အလွန်နာကျင်စေပါသည်။

" စွဲလမ်းခြင်းဆိုတာ မြစ်ဖျားခံရာကို

သိရှိဖို့ ခက်ခဲတဲ့ သိမ်မွေ့ ညင်သာ

သော မြစ်တစ်စင်း " ဆိုတဲ့ စကား

လေးရှိပါသည်။ ထို့ထက်ပို၍ . . .

" စွဲလမ်းခြင်း၏မြစ်ဖျားဆိုသည်မှာ

မြစ်ဖျားခံရာကိုသိရှိလိုကိသောအခါ

တွင်လွမ်းဆွတ်သတိရခြင်းများစွာ

ဖြင့်ဝေးကွာကျန်ရစ်ခဲ့ပြီ "

ဖြစ်ကြောင်းကိုဖြူစင်စွာချစ်မြတ်နိုး

တွယ်တာရသောကောင်မလေး

မသိစေလိုပါ . . . .

မျိုးအိမ်ဇန် ( Archangel AK )

13/7/2013 11:37 PM
— with Maung Paing and 13 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>