ည အိပ်မပျော်လို့ အဆိုတော်လင်းလင်း ရဲ့ သံမဏိ လိပ်ပြာ စီးရီးကို နားထောင်နေတာ ~~
အိပ်မက်ထဲ က စစ်သားကြီး ... ဆိုတဲ့ သီချင်းကို နားထောင်မိတယ် ။
လူကို လူလူချင်းသတ်တဲ့ စစ်သားကြီး ဖြစ်ချင်တယ်
လူကို လူလူချင်းသတ်တယ် ဘယ်ဘာသာမှ အားမပေးပါကွယ်
လူကို လူလူချင်းသတ်တဲ့ ပညာတွေကိုသင်ကြားသလားမေးစရာပါ ~~
ဆိုတဲ့ စာသားလေးတွေကိုနားထောင်ပြီး အတော် လေး အံ့သြမိသလို ၊ သဘောလည်းကျမိတယ် ။
" သီချင်းဆိုတာ တူရိယာ နဲ့ စာတွေရွတ်တာ "
" စာပေ ဆိုတာ အက္ခရာတွေ အများကြီး ရေးထားတဲ့ ဟာ "
" ပန်းချီဆိုတာ အရုပ်ရေးတာ "
ဆိုတဲ့ စကားတွေလိုပဲ ။ မှား သလား ။ မမှားပါဘူး ။ ဒါပေမဲ့ မပြည့်စုံဘူး ။
လူဆိုတာ ခံစားတတ်တဲ့ သတ္တဝါတွေ ။
ကိုယ်နားမလည်တဲ့ ဘာသာစကား နဲ့ ဆိုထားတယ်ဆိုဦးတောင် ..တူရိယာသံတွေ ၊ ခံစားမှု နဲ့သီဆိုနေတဲ့ လူရဲ့ အသံအနေထားတွေ ... မှာ ခံစားမှုအားတွေပါတယ် ။ သီချင်းသီဆိုသူရဲ့ ခံစားမှုကိုနားဆင်သူတွေဆီကူးစက်စေတယ် ။ ဝမ်းနည်းမှုအကြောင်းသီဆိုတဲ့ခါ ဝမ်းနည်းမှုကို ခံစားရစေတယ် ။ တက်ကြွ နိုးကြွ မှု အကြောင်း သီဆိုတဲ့ခါ စိတ်အားထက်သန်မှုတွေကိုဖြစ်ပေါ်စေတယ် ။
စာပေ ဆိုတာလည်း ထိုနည်း၎င်းပဲ ။ စာပေကို အက္ခရာတွေ နဲ့ ဖန်တီးကြတယ် ။ ဒါပေမဲ့ အဲဒီ အက္ခရာတွေရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ သမိုင်းကြောင်းတွေရှိတယ် ၊ အားပြင်းတဲ့ခံစားမှုတွေရှိတယ် ။ ဆန်းသစ်တဲ့ အတွေးခေါ် ပညာရပ်တွေပါဝင်တယ် ။
စာဖတ်ပြီး ပညာမယူတတ်သူ ၊ မခံစားတတ်သူဟာ " ပညာမှာ အက္ခရာကွယ်သူ" ပဲ။
ပန်းချီ ..တောတောင်ရေမြေတွေ ပုံတွေ ၊ လူပုံတွေ ၊ သက်ဝင်လှုပ်ရှားနေတဲ့ အရာဝထ္ထုတွေ ၊ မျက်စိနဲ့မမြင်နိုင်တဲ့ စိတ်ခံစားမှုပုံတွေ ..ဆွဲကြတာပါပဲ ။ ဒါပေမဲ့
အဲဒီ ပုံတွေ ၊ ကားချပ်တွေရဲ့ နောက်မှာ ကြီးမြတ်တဲ့ အနုပညာတွေရှိတယ် ၊ လျှို့ဝှက်တဲ့ခံစားမှုတွေရှိတယ်။ ပန်းချီ ကို ရုပ်ပုံတစ်ခု အနေနဲ့သာ သိမယ်ဆိုရင်
လူဆိုတာ စက်ရုပ်နဲ့ ဘာမှကွာခြား မှာမဟုတ်တော့ဘူး ။
Image may be NSFW.
Clik here to view.
စစ်တိုက်တယ်ဆိုတာ ဘာလုပ်ရတာလဲ ။ လူသတ်ရတာပါ ။ လူအချင်းချင်း သတ်ဖြတ်ရတာဖြစ်ပါတယ် ။ သို့သော် လူသတ်တိုင်း စစ်တိုက်တာ မဟုတ်ပါဘူး ။ လူသတ်နိုင်တိုင်း စစ်သားမဖြစ်ပါဘူး ။ လူသတ်ရခြင်းရဲ့ နောက်မှာ စောင့်စည်းရတဲ့ ကျင့်ဝတ်တွေ ၊ အနစ်နာခံရမှုတွေ ၊ ပေးဆပ်ရခြင်းတွေ ၊ စွန့်လွှတ်စွန့်စားရခြင်းတွေ ရက်စက်ရခြင်းတွေ ၊ ဝမ်းနည်းကြွေကွဲရခြင်းတွေ ၊ စက်ဆုပ်ရခြင်းတွေ ပြည့်နှက်နေ တယ် ။
လူသတ်ခြင်းရဲ့ နောက်ကွယ်က အဲဒီအရာတွေကို မသိသမျှ .. အဲဒီလူဟာ ဘယ်သောအခါ မှ စစ်ကို ရင်ထဲကနေ နှစ်နှစ်ကာကာ ရွံရှာ မုန်းတီး နိုင်မှာမဟုတ်ပါဘူး ။
လူသားတွေ မှာ ခံစားမှုရှိနေသမျှ ဂီတ က စီဆင်းနေဦးမှာဖြစ်သလို ၊
လူသားတွေ မှာ အတ္တ ရှိနေသမျှ စစ်ပွဲ တွေကရှိနေကြဦးမှာပါ ။
မိုက်ခရိုဖုန်းကိုင်ရတာ က ရင် ၂ ခြမ်းဗြန်းဗြန်းကွဲအောင် ပင်ပန်းတဲ့ခေတ်ကြီးမှာ
အသက်လု စစ်ပွဲတွေ လက်ယားပြေ ဟဲနေ တယ်ထင် ကြတာ ဆန်းတော့ မဆန်းပါဘူးလေ ။
ကျန်းခန်းသာလို့ မာကြပါစေ ။

ကိုယ်နားမလည်တဲ့ ဘာသာစကား နဲ့ ဆိုထားတယ်ဆိုဦးတောင် ..တူရိယာသံတွေ ၊ ခံစားမှု နဲ့သီဆိုနေတဲ့ လူရဲ့ အသံအနေထားတွေ ... မှာ ခံစားမှုအားတွေပါတယ် ။ သီချင်းသီဆိုသူရဲ့ ခံစားမှုကိုနားဆင်သူတွေဆီကူးစက်
စာပေ ဆိုတာလည်း ထိုနည်း၎င်းပဲ ။ စာပေကို အက္ခရာတွေ နဲ့ ဖန်တီးကြတယ် ။ ဒါပေမဲ့ အဲဒီ အက္ခရာတွေရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ သမိုင်းကြောင်းတွေရှိတယ် ၊ အားပြင်းတဲ့ခံစားမှုတွေရှိတယ် ။ ဆန်းသစ်တဲ့ အတွေးခေါ် ပညာရပ်တွေပါဝင်တယ် ။
စာဖတ်ပြီး ပညာမယူတတ်သူ ၊ မခံစားတတ်သူဟာ " ပညာမှာ အက္ခရာကွယ်သူ" ပဲ။
ပန်းချီ ..တောတောင်ရေမြေတွေ ပုံတွေ ၊ လူပုံတွေ ၊ သက်ဝင်လှုပ်ရှားနေတဲ့ အရာဝထ္ထုတွေ ၊ မျက်စိနဲ့မမြင်နိုင်တဲ့ စိတ်ခံစားမှုပုံတွေ ..ဆွဲကြတာပါပဲ ။ ဒါပေမဲ့
အဲဒီ ပုံတွေ ၊ ကားချပ်တွေရဲ့ နောက်မှာ ကြီးမြတ်တဲ့ အနုပညာတွေရှိတယ် ၊ လျှို့ဝှက်တဲ့ခံစားမှုတွေရှိတယ်
လူဆိုတာ စက်ရုပ်နဲ့ ဘာမှကွာခြား မှာမဟုတ်တော့ဘူး ။
Image may be NSFW.
Clik here to view.
စစ်တိုက်တယ်ဆိုတာ ဘာလုပ်ရတာလဲ ။ လူသတ်ရတာပါ ။ လူအချင်းချင်း သတ်ဖြတ်ရတာဖြစ်ပါတယ် ။ သို့သော် လူသတ်တိုင်း စစ်တိုက်တာ မဟုတ်ပါဘူး ။ လူသတ်နိုင်တိုင်း စစ်သားမဖြစ်ပါဘူး ။ လူသတ်ရခြင်းရဲ့ နောက်မှာ စောင့်စည်းရတဲ့ ကျင့်ဝတ်တွေ ၊ အနစ်နာခံရမှုတွေ ၊ ပေးဆပ်ရခြင်းတွေ ၊ စွန့်လွှတ်စွန့်စားရခြင်းတွေ ရက်စက်ရခြင်းတွေ ၊ ဝမ်းနည်းကြွေကွဲရခြင်းတွေ ၊ စက်ဆုပ်ရခြင်းတွေ ပြည့်နှက်နေ တယ် ။ လူသတ်ခြင်းရဲ့ နောက်ကွယ်က အဲဒီအရာတွေကို မသိသမျှ .. အဲဒီလူဟာ ဘယ်သောအခါ မှ စစ်ကို ရင်ထဲကနေ နှစ်နှစ်ကာကာ ရွံရှာ မုန်းတီး နိုင်မှာမဟုတ်ပါဘူး ။