Photo: စစ်ရေယာဉ်-၅၅၆
Photo: စစ်ရေယာဉ်-၅၅၆
မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်- ၅၅၄ သည် လုံခြုံရေးဆောင်ရွက်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း နေရာယူထားသည်ဟု နိရဉ္စရာ သတင်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။ သတင်းမှန်ကန်မှု ရှိ/မရှိ မသိသော်လည်း အများပြည်သူနှင့် တိုင်းပြည်အတွက် လိုအပ်သောအခြေအနေအရ လုံခြုံရေးဆောင်ရွက်ခြင်းဖြစ်၍ ဒေသခံပြည်သူများမှ စိုးရိမ်မှုတိုးပွားနေသည်ဟု သတင်းတွင်ဖော်ပြထားချက်မှာ ဖြစ်နိုင်ဖွယ်မရှိဟု ယူဆပါသည်။သိရှိနိုင်ရန် ထပ်ဆင့်မျှဝေပါသည်။
မြန်မာရေတပ် သင်္ဘော အမှတ် ၅၅၄ နတ်မြစ်အတွင်း ၀င်ရောက်နေရာယူ
(နိရဉ္စရာ- ၂၆ ဇူလိုင် ၂၀၁၃)
မြန်မာရေတပ် သင်္ဘောတစ်စင်းသည် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်ကို ပိုင်းခြားထားသော နတ်မြစ်အတွင်း ၀င်ရောက်နေရာယူထားကြောင်း သတင်း ရရှိသည်။
ဝင်ရောက် နေရာယူထားသော ရေတပ်သင်္ဘောမှာ အမှတ် ၅၅၄ ဖြစ်ပြီး မောင်းတောအနီးတွင် ဆိပ်ကပ်ထားသည်ဟု သိရသည်။
အဆိုပါ သင်္ဘောသည် နစကတပ်ဖွဲ့အား ဖျက်သိမ်းပြီးနောက်ပိုင်းတွင် နတ်မြစ်အတွင်း ၀င်ရောက် နေရာယူလာခြင်းဖြစ်ကြောင်း သတင်းများက ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ တက်ကနက်မြို့တွင် အခြေစိုက်သော အမှတ် ၄၂ ဘီဂျီဘီမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကြားတွင် တစ်စုံတစ်ရာ ပြဿနာမရှိကြောင်း၊ မြန်မာရေတပ်သင်္ဘော ၀င်ရောက် နေရာယူလာခြင်းမှာ နစကအား ဖျက်သိမ်းလိုက်သည့်အတွက် ကြားကာလတွင် လုံခြုံရေးဆောင်ရွက်ရန် ၀င်ရောက်နေရာယူလို၍ ဖြစ်ပုံရကြောင်း ပြောကြားသည်။
သို့သော်လည်း မြန်မာရေတပ် သင်္ဘောတစ်စီး နတ်မြစ်အတွင်းဝင်ရောက် နေရာယူလာသဖြင့် ဒေသခံ ပြည်သူများအကြားတွင် အမျိုးမျိုး ပြောဆိုဝေဖန်မူများနှင့်အတူ စိုးရိမ်မူများလည်း တိုးပွားနေကြောင်း သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နှစ်နိုင်ငံနယ်စပ် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် မွတ်ဆလင် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းအဖွဲ့များ သင်တန်းတက်နေကြောင်း သတင်းများထွက်ပေါ်နေချိန်နှင့် ယခု မြန်မာရေတပ်သင်္ဘော ၀င်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကမူ မြန်မာဘက်က လက်နက်ကိုင် အကြမ်းဖက် မွတ်ဆလင်အဖွဲ့များ ဘင်္ဂလာဒေခ်ျ့မြေပေါ်တွင် တစ်စုံတစ်ရာ သင်တန်းတက်၍ မရှိကြောင်း ငြင်းဆိုထားသည်။
Source: http://www.narinjara.com/burmese/?p=6510

Source: http://www.narinjara.com/