Quantcast
Viewing all articles
Browse latest Browse all 1811

စိတ်ကူးယဉ်ခြင်းတရား ( ၉ )ပါး


" စိတ်ကူးယဉ်ခြင်းတရား ( ၉ )ပါး "
-------------------------------------------

၁။ ၂၀၁၅ ကျရင် ငါတို့ တတွေ အစိုးရဖြစ်ပြီး ......
မင်းတို့ တွေ နာပြီဟု စိတ်ကူးယဉ်ခြင်း ။

၂။ တပ်မတော်ကို အင်အားလျော့ ဘတ်ဂျက်လျော့ ဖွဲ့စည်းပုံပြင် ......
နိုင်ငံရေးမှာ လုံးဝပါလို့ မရအောင် ထိန်းချုပ်ရမည်ဟု စိတ်ကူးယဉ်ခြင်း။

၃။ အရပ်ဖက်ရောက်နေသော အပြင်ရောက်နေသော စစ်ဗိုလ်လူထွက်များ .....
ဖြုတ်ထုတ်သတ် ....တွေ့ကျသေးတာပေါ့ဟု စိတ်ကူးယဉ်ခြင်း။

၎။တပ်မတော်ပိုင် စီးပွားရေးများအားလုံး ဖျက်သိမ်းမည်ဟု စိတ်ကူးယဉ်ခြင်း ။

၅။ ယခု နှင့် ယခင် တပ်မတော်ခေါင်းဆောင်များအားလုံး .......
ပြည်သူ့ ခုံရုံးဟုစိတ်ကူးယဉ်ခြင်း ။

၆။ ငါးနှစ်လုံး ငါတို့  အစိုးရအဖွဲ့ ကြီးတစ်ခုလုံး ညီညီညွတ်ညွတ် ဖြင့်အုပ်ချုပ် ......
လူထုတစ်ရပ်လုံးကလည်း အရူးအမူးထောက်ခံကာ ......
ရွှေပြည်ကြီးသာပြီဟု စိတ်ကူးယဉ်ခြင်း။

၇။ ငါတို့ အုပ်ချုပ်လိုက်တာနဲ့ အကျင့်ပျက်ခြစားမူတွေမရှိတော့ပဲ ......
အထက်ကလည်းပြောင်း အောက်ခြေကလည်းပြောင်း .....
လူထုကလည်း စည်းကမ်းရှိလာ…..
ငါတို့ ပါတီဝင် ငါတို့ လူကြီးများဟာ ......
အရမ်းအရမ်း ဖြူစင်သန့် ရှင်းစွာ အုပ်ချုပ်ကျမည်ဟု စိတ်ကူးယဉ်ခြင်း။

၈။ တပ်မတော်မပါပဲ ငါတို့ ချည်း .....
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို ......
အဆင်ပြေပြေကိုင်တွယ် ညှိနိုင်း ထိန်းချုပ်နိုင်မည်ဟု စိတ်ကူးယဉ်ခြင်း။

၉။ တကယ်လို့  ငါတို့ လုပ်သလို မခံပဲ ကလန်ကဆန် လုပ်ရင် .....
ပြည်သူလူထု တစ်ရပ်လုံး လမ်းပေါ်ထွက် ဆန့် ကျင်ဆန္ဒပြ ….
နိုင်ငံတကာက တပ်တွေဝင်လာ ….
ကုလသမဂ္ဂ ငြိမ်းချမ်းမှုတပ်တွေရောက်လာ .....
စစ်တပ်ကြီးဖလက်ပြ ဟုစိတ်ကူးယဉ်ခြင်း။

( မှတ်ချက် ။ အပေါ်ကပြောတာတွေ ချက်ချင်းဇွတ်လုပ်ရင် ......
ခင်ဗျားတို့ အဘတွေက ထပ်တွယ်လိမ့်မယ်......
ဘယ်နိုင်ငံတကာမှမလာဘူး......
ဘယ်ကုလသမဂ္ဂ မှ မလာဘူး.......
ဒီကကောင်တွေကလည်း ကိုယ်မှာ ဗုံးချည်ပြီး .....
တပ်ထဲ အသေခံ ဝင်ခွဲ တိုက်ပွဲဝင်ရဲတဲ့ကောင် .....
တစ်ကောင်မှ မရှိဘူး ......
တပ်နဲ့ လက်တွဲပြီးပဲ .......
လိုချင်တဲ့ ပန်းတိုင်ရောက်အောင် .....
စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်းသွားရမှာ .....
စိတ်ကူးယဉ်မနေကျနဲ့.......
လက်တွေ့ကျကျစဉ်းစား .......
ကျုပ်က နောက်ကြောင်းပြန်သွားမှာ .....
ခင်ဗျားတို့ ထက်ကြောက်တယ်.......
ဒါပဲ.............။)

(ရှေ့ ပဲ ဆက်သွားချင်တဲ့ ရဲမိုး)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...