Image may be NSFW.
Clik here to view.
တခါတလေ အဆာပြေစားရန် ယူဆောင်လာသော ပေါင်မုန့် လက်ကျန်လေးများကို ထိုရှဉ်ကလေးများကို ချကျွှေးမိသည်။ ပထမဆုံးအချိန်တွင် မ၀ံ့မရဲ လာရောက်ကာ စားသောက်ကြသည်။ နေ့စဉ်နဲ့အမျှ ကျွေးမွေးကြည့်လာသော အခါ ကျနော်လာသည်ကို မြင်သည်နဲ့ ထိုရှဉ့်ကလေးများ သစ်ပင်ပေါ်က ဆင်းကာ ကျနော်ထိုင်နေသော ခုံတန်းလျားဘက်ကို ခုံပေါက်ခုံပေါက် ပြေးလွားကာ လာကြပြန်သည်။
ကျနော်ကမ္ဘာသစ်သို့ စရောက်ကတည်းက လူသားတဦး၏ အထီးကျန်မှုကို ကြုံတွေ့ရလာသည်။
လူသားတဦး၏ ဘ၀တန်ဘိုးကို ထိုသစ်ပင်အောက်တွင် စဉ်းစားနေခဲ့သည်မှာ နှစ်လနီးပါးရှိခဲ့လေပြီ။ တဦးတည်း စိတ်၏ခြေဦးတည့်ရာကို ရွက်လွင့်နေမိခဲ့သည်။ လူဖြစ်ရခြင်းနှင့် လူသားတဦး၏ ဘ၀ စံသတ် မှတ်ချက်အကြောင်းအရာ တို့သည် ကျနော်၏ စိတ်ကိုလွမ်းမိုးနေစမြဲ။
အချိန်ကာလ တခုက နေထိုင်ခဲ့ဖူးသော တောင်ပေါ်သားတို့၏ ဘ၀ယဉ်ကျေးမှု အထွေထွေကို ပြန်လည်စဉ်းစားမိသည်။ လူယဉ်ကျေးနှင့် ယဉ်ကျေးမှုမရှိသော လူသားတို့၏ ခြားနားခြင်းကို ပြန်လည် စဉ်းစားနေမိသည်။ ယဉ်ကျေးမှု အားနည်းသော တောင်ပေါ်သားတို့အဖို့ လူသားစံ သတ်မှတ်ချက်သည် ရိုးရှင်းလေစွ။ လူသားတဦး၏ နေ့စဉ်ဓူဝ လုပ်ရပ်များသည်ပင် ရိုးရှင်းလှပေသည်။ မနက်မိုးလင်းသည်နဲ့ နေအိမ်က ထွက်ခွာကာ အလေ့ကျပေါက်ရောက်နေသော သစ်သီးဝလံများ၊ သစ်ဥ သစ်မြစ်များကို ရှာဖွေ စုဆောင်းပြီး အိမ်သို့ ပြန်လာကာ သားသမီးများနဲ့ ပျော်ပါးစွာ စားသောက်ကြပေလိမ့်မည်။ ရာသီပေါ် သစ်ဥ၊ သစ်မြစ်များ ရရှိခဲ့ပါက မိခင် ဖခင်တို့၏ မျက်နှာသည် ပျော်မဆုံးတပြုံးပြုံး။ သစ်သီးရှာရာမှ အိမ်ပြန်လာသော ဖခင်ကို မြင်သောအခါ ကလေးတို့၏ ပျော်ရွင်မြူးတူးသော အော်သံတို့သည် ထိုဖခင် ဖြစ်သူ၏ စိတ်ကို မည်မျှအထိ ကြည်နူးစေမည်နည်း။
ထိုရွာကလေးသို့ ယဉ်ကျေးမှုတို့၏ အမြင့်ဆုံးဟု ပြောဆိုနေကြသော အရာ မရောက်မီကာလအထိ မည်သူမျှ ကြောသားရင်သား မခွဲစတမ်း နေခဲ့ကြသည်။ ထိုရွာကလေးသို့ လူ့ယဉ်ကျေးမှု၏ အမြင့်ဆုံး အရာ စရောက်လာသောအခါ ကြောသားရင်သား ခွဲခြားလာခဲ့ကြသည်။ သူ့အုပ်စု ငါအုပ်စု ခွဲခြားတတ်လာကြသည်။
အတိတ်ကာလ ညနေဆည်းဆာအချိန်များတွင် လူကြီးသူမများသည် တောင်ပေါ်ကြောတလျောက် ဆောက်လုပ်ထားသည့် ၀ါးတဲအိမ်လေးများတွင် ဟိုတစု သည်တစု အုပ်စုဖွဲ့ကာ တောလိုက်သည့် အကြောင်းအရာများ၊ အတိတ်က ကြောက်လန့်ဖွယ်ရာများ၊ ရာသီဥတု ဆိုးရွားစဉ်က ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ဖေါက်သည်ချကာ ပြောဆိုနေတတ်ကြသည်။ ဆောင်းရာသီရောက်ပြီ ဆိုလျင် မိုးဖိုဘေးတွင် ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုနေတတ်ကြသည်။ လူမမယ် ကလေးများမှာ မီးလင်းဖိုဘေးတွင် ထိုင်ရင်း သဲထိပ်ရင်ဖို ဇာတ်လမ်းများကို နားထောင်ရင်း ကလေးဘ၀၏ အချိန်များကို ဖြတ်သန်းခဲ့ကြရသည်။
အနောက်အရပ်မှ တိုက်ခတ်လာသည့် လေပြင်ညှင်းသည် ညင်သာသလောက် တောင်ပေါ်သားတို့၏ လူနေမှု ဘ၀အဖုံဖုံကို ပြောင်းလဲစေခဲ့သည်။ ရှေးဟောင်း ဖြစ်ဟောင်းနှောင်းဖြစ် ပုံပြင်များနေရာတွင် သူတို့မရောက်ဖူးသေးသည့် အရပ်မှ သူရဲကောင်းများ၊ တောင်ပေါ်ဒေသတွင် တခါမှ မကြားဖူးသော အမည်များက ကလေးတို့ အသိစိတ်တွင် ကြီးစိုးလာခဲ့သည်။ လူကြီးသူမများသည်လည်း ယခင်ကကဲ့သို့ မီးလင်းဖိုဘေးတွင်ထိုင်ကာ အုပ်စုဖွဲ့ပြောဆိုနေမှုများ မရှိတော့။ အရာရာသည် ပြောင်းလဲစ ပြုခဲ့လေပြီ။ ဘာသာစကားတူသော်လည်း အယူမတူသူများကြားတွင် ခြားနားခြင်းက သိသာလှပေသည်။ ယခင်ကောက်သိမ်းပွဲ ပြုလုပ်သောအခါ ရွာရှိ လူကြီးသူမများ အားလုံးစုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ သို့သော် ယဉ်ကျေးမှုတို့ကို သယ်ဆောင်လာသူများကြားတွင် မတူညီသော အတွေးများဖြင့် ကောက်သိမ်းပွဲတော် ကျင်းပသော ပုံစံများသည်လည်း ခြားနားလာခဲ့သည်။
တစတစ ခြားနားခြင်းက ကြီးမားလာခဲ့သည်။ အယူတူအုပ်စုများဖြင့် တည်ဆောက်ထားသည့် ကျေးရွာများ ပေါ်ပေါက်လာခဲ့သည်။ လူသားတို့၏ ရှောင်လွဲမရသည့် အရာများတွင် အိမ်ထောင်မှုပြုခြင်းသည်ပင် အကန့်အသတ်များဖြင့် ပြည့်နှက်လာခဲ့သည်။ ယခင်က အိမ်ထောင်မှု ပြုပါက မည်သည့် ကန့်သတ်ချက်မှ မလို။ ချစ်ကြိုက်သည့် မောင်မယ်နှစ်ဦး အဖို့မိဘစုံလင် ရှေ့တွင် အကြင်လင်မယား အဖြစ် အသိအမှတ်ပြုသည့် စားသောက်ပွဲ ကျင်းပပြီးပါက အကြင်လင်မယား မြောက်လှပေပြီ။ ယခုတော့ အယူအဆများ၏ အောက်တွင် အကြင်လင်မယား ဖြစ်ဖို့ ရွတ်ဆိုလိုက်ရသော စကားလုံးများက ခြားနားသကဲ့သို့ ၀တ်စားဆင်ယင်မှုကလည်း ခြားနားခဲ့လေပြီ။ ထိုတောင်ပေါ်သားတို့၏ အတိတ်က ချမ်းမြှေ့ဖွယ်ရာ လူမှုဘ၀ အဖုံဖုံတို့သည် ပျောက်ခြင်းမလှ ပျောက်ခဲ့လေပြီ။
ကျနော်သည်ပင် အတိတ်ကလာက တဦးအပေါ်တဦး ချစ်ခင်ကြင်နာမှု၊ ဖေးမယုယမှု အတိဖြင့် ပြည့်နေသော ဘ၀တခုကို ဖြတ်သန်းခဲ့ဖူးသည်။ ပျော်ရွင်ဖွယ်ရာ မိသားစုအသိုက်အမြုံတခုကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။ တဦးအပေါ်တဦး နားလည်မှုအပြည့်ဖြင့် ကူညီတတ်သော ပျော်ရွင်ဖွယ်ရာ မိတ်ဆွေအသိုင်းအ၀ိုင်း တခုကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုအတိတ်ကအရာတို့သည် ယ္ခုအချိန်တွင် မှုန်ဝါးဝါးအဖြစ် ကျန်ရစ်ခဲ့လေပြီ။ ထိုအရာအားလုံးသည် ခေတ်၊ စနစ်နဲ့၊ အယူဝါဒ၊ နေရာ များကြားတွင် တဖြည်းဖြည်း မှုန်ဝါးဝါး ပျောက်ခြင်းမလှ ပျောက်ကွယ်နေသည်ကို လက်ပိုက်ကြည့်နေရုံမှ တပါး ကျနော်မည်သို့ တတ်နိုင်ပေမည်နည်း။
လှရွှေ
Clik here to view.

လေလွင့်နေသူ
ရှဉ့်လေးများပင် ကျနော့်ကို မှတ်မိနေလေပြီ။ သစ်ပင်အောက် ထိုင်ခုံလေးတွင် နေ့စဉ်နဲ့အမျှ လာထိုင်နေသော ကျနော့်ကို တိရစ္ဆန် လေးများပင် မှတ်မိနေလေပြီ။ ပထမ ရက်တွင် ခပ်လှမ်းလှမ်းမှ ကိုယ်ကို မြှောက်လိုက် ကျနော့်ဖက်သို့ ကိုယ်ကို မတ်ကာ ကြည့်လိုက် လုပ်နေတတ်သည်။တခါတလေ အဆာပြေစားရန် ယူဆောင်လာသော ပေါင်မုန့် လက်ကျန်လေးများကို ထိုရှဉ်ကလေးများကို ချကျွှေးမိသည်။ ပထမဆုံးအချိန်တွင် မ၀ံ့မရဲ လာရောက်ကာ စားသောက်ကြသည်။ နေ့စဉ်နဲ့အမျှ ကျွေးမွေးကြည့်လာသော အခါ ကျနော်လာသည်ကို မြင်သည်နဲ့ ထိုရှဉ့်ကလေးများ သစ်ပင်ပေါ်က ဆင်းကာ ကျနော်ထိုင်နေသော ခုံတန်းလျားဘက်ကို ခုံပေါက်ခုံပေါက် ပြေးလွားကာ လာကြပြန်သည်။