Quantcast
Viewing all articles
Browse latest Browse all 1811

ရွှေတံခါးတွေ ခိုင်ခိုင်မြဲ၍ လုံခြုံပါစေသော်…

…………..

“ ဗျို့ ကိုရဲဇော်ထူး..ကိုရဲဇော်ထူး ”
“ ဗျာ ဗျ. ရှိပါတယ်ဗျ ဘာလို့ ဇွတ်အော်နေတာတုန်း ”
သူက အခန်းထဲမှထွက်လာရင်း ပြောသည်။
“ သိပါဘူးဗျာ ကုတင်အောက်များ ၀င်ပုန်းနေသလားလို့ ”
“ ဘာလို့ပုန်းရမှာလဲဗျ၊ ဒီမှာ ဂိမ်းဆော့ကောင်းတုန်း ”
သူက ဖုန်းကို ပုဆိုးနဲ့ကောက်ပွတ်ရင်း ပြောသည်။ သူ့အခန်းထဲ ၀င်လိုက်ပြီး ကုတင်ပေါ်၌ ထိုင်လိုက်ကြ သည်။
“ ကျွန်တော်တို့ တစ်အိမ်ကျော်က ဆယ်တန်းတက်နေတဲ့ ကောင်မလေးဗျာ။ အဲဒါ ယောကျာ်းနောက် လိုက်သွားလို့ ”
“ အဲဒါနဲ့ ကျွန်တော်က ကုတင်အောက်ပုန်းစရာလားဗျ ”
“ အော်…ဟိုတုန်းက ခင်ဗျားလိုပဲ ဂေါ်မစွံတဲ့ သူတစ်ယောက်ရှိတယ် ”
သူက ကျွန်တော်ကို တွန်းလိုက်ရင်း
“ ပြောစရာရှိတာပြောပါ။ ဘာလို့စွဲစွဲထည့်တာလဲ ”
“ တိုက်ဆိုင်လို့ပါ။ တစ်နေ့ရွာမှာ သူကြီးသမီးပျောက်သွားလို့ ဆိုတော့ သူက ပုတ်ထဲ ၀င်ပုန်းနေလေရဲ့ လေ။ ရွာကလူတွေက လိုက်ရှာတော့ သူ့သွားတွေ့တာပေါ့။ ဒါနဲ့ ဘာလို့ ပုတ်ထဲဝင်ပုန်းနေတာလဲမေးတော့ သူကြီးသမီးပျောက်သွားတော့ ကျွန်တော်လည်းပျောက်တယ်ထင်ရအောင်ပါ။ အဲဒါမှ အထင်လွှဲခံရနည်းလား ”တဲ့။
“ ခင်ဗျားလည်း အထင်ခံရနည်းလား ဆိုပြီး ပုန်းနေတယ်မှတ်တာ ”
“ မင်းကတော့ကွာ ”
ကျွန်တော်က သူ့ကုတင်ပေါ်ရှိရာ စာအုပ်တွေကိုမွှေသည်။ သူကတော့ ဖုန်းတစ်လုံးနဲ့ အလုပ်ဆက်ရှုပ် နေပြန်သည်။ ကျွန်တော်မွှေရင်း စာအုပ်တစ်အုပ် တွေ့မိလို့ ကောက်ဖတ်နေလိုက်သည်။
စာအုပ်က ဦးအေးချို(မဟာဝိဇ္ဇာ)ရေးသားသည် “ အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည် ”
…………
“ ကဲ … ကိုရဲ ဒီစာအုပ် ခဏငှားလိုက်ဦး၊ အိမ်ရောက်မှ အေးအေးဆေးဆေးဖတ်မလို့ ”
“ ယူသွားလေ ငါ့ဆီမှာက ဖုန်တက်တာ အဖတ်တင်တယ်။ ဖုန်းရကတည်းက စာကိုမဖတ်ဖြစ်ပါဘူး ”
“ မဆီမဆိုင်ပြောရဦးမယ် ၀ါကတော့ ၀င်သွားပြန်ပြီ။ ၀ါကျွတ်လည်း ခင်ဗျားတော့ ထူးမယ်မထင်ဘူး ”
“ မင်းကဘာပြောပြော ဒီဘူတာဆိုက်လာပြန်ပြီ ”
“ ခင်ဗျားက ဆိုက်အောင်နေတာကို ”
“ ဘာဖြစ်လဲကွာ ငါ့ဟာငါ အပူမရှာချင်လို့ တစ်ယောက်တည်းနေတာ ”
သူနှင့် ကျွန်တော်က ပြောမနာဆိုမနာ မိတ်ဆွေတွေပါ။ သူအသက်က ၃၆ ကျော်တော့မယ်။ ခုထိစွံဖို့ နေနေသာသာ ရည်စားတောင်မရှိတော့ အဖွဲ့ထဲမှာ သူ့ပဲနောက်နေကျ။
“ ကျွန်တော်ကတော့ ဆရာတော် ဦးဝီရသူတို့စီလျှောက်တင်ပြီး ခင်ဗျားတို့လိုလူတွေကို အရေးယူပြစ် ချင်တယ် ”
“ ဟကောင် မင်းဟာက အမှုကြီးလာပြီ ”
“ ဟုတ်တယ်လေ။ ခုဟာက အမျိုးကိုစောင့်ယုံတင်မကဘူး အမျိုးပါတိုးအောင်လုပ်ရမယ့်အချိန်။ သူများတွေက မယားတွေအများကြီးယူ။ ကလေးတွေအများကြီး မွေးပြီးလူဦးရေနဲ့ ချိန်းခြောက်လာမှာ။ ခင်ဗျားတို့ လို လူတွေရှိနေလို့ လူမျိုးနည်းပြီး လူမျိုးပျောက်မှာ။ ခင်ဗျားတို့ကို အရေးယူရမယ် ”
“ သွား…သွား…ပြန်တော့။ ကြာလာရင် ငါ့ကို တစ်ခါတည်း ရဲစခန်းပို့မယ်ပုံပဲ ”
“ ဟီး…ပြောချင်ရာပြောပြီးပြီ ဆိုတော့ ပြန်တော့မယ်ဗျာ ”
ကျွန်တော်လည်း သူ့စာအုပ်ကို ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်ပြီး အိမ်ပြန်ခဲ့လိုက်တော့သည်။
…………..
ကျွန်တော်အဖြစ်အပျက်တစ်ခုကြားဖူးသည်။ တစ်ခါတုန်းက သန်လျင်တံတားကြီးမှာ ရဲတွေက နေ့ရော ညရောစောင့်ရသည်တဲ့။ ဘာလို့ဆိုရင် ကောင်လေး၊ ကောင်မလေးတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး တံ တားပေါ်က ခုန်ခုန်ချလို့တဲ့။ အဲဒီအချိန်က သဘောမတူတာတွေ၊ လူငယ်တွေထဲမှာ အချစ်ဆိုတာကို ကိုးကွယ်ပြီး မိဘသဘောမတူတာနဲ့ ဥာဏ်မဲ့လုပ်ကြတာတဲ့။
အဲဒီလိုသေကြောင်းကြံမှာဆိုးလို့ စောင့်ပေးနေရတာတဲ့။
ကြည့် သူ့ဘာသာသူ သေချင်တာကို မသေအောင်စောင့်နေပေးရတာ။ ဒီလိုပဲ မျိုးစောင့်ဥပဒေဆိုတာက သူ့ဟာသူ လင်ယူမှား၊ ဒုက္ခရောက်မှာကို စောင့်ရှောက်ပေးနေရတာ။
မျိုးစောင့်ဥပဒေကို ကျွန်တော်ဂဃနဏ မသိပါဘူး။ ဒါပေမယ့် အချိန်ကာလအရ လိုအပ်တယ်လို့ထင်ပါ တယ်။ ကိုယ်လူမျိုးတွေကို ဆင်မစီးနိုင်တောင် ဆင်နင်းမခံရဖို့ စောင့်ပေးရတယ်။ ထိန်းပေးနေရတယ်။
“ အချစ်မှာမျက်စိမရှိတာ ” တို့ “ လူ့အခွင့်အရေး ” တို့ “ ဒီမိုကရေစီ ” ဆိုတာတွေကို အကြောင်းပြပြီး လူငယ်ပဲ ချစ်လို့ကြိုက်လို့ ယူမှာပဲ ဆိုလို့ကတော့ လက်ရှိဘ၀သာမက သံသရာပါသွားပြီမှတ်တော့။
နှစ်ပေါင်း ငါးဆယ်ကျော်လောက်က ရုပ်ရှင်နှင့်ပြဇာတ်မင်းသား ခင်မောင်မြင့်ရဲ့ လောကနိဗ္ဗာန် သီချင်းတွင်
“ သူ့ထက်ပိုကဲ၊ လူမျိုးကွဲကို ယူပြန်ရင်လည်း တကယ်….ဘာသာကို စွန့်လွှတ်ရမယ်..ပစ်ပယ်ရမယ်.. အမှန်သေချာပဲကွယ် …” တဲ့။
နောက်ဆုံး အမျိုးကိုပစ်တယ်ထား ဘာသာပါပစ်လိုက်ရင် သံသရာတစ်လျှောက်လုံးသွားပြီ။ ထို့အတူ ဖိုးပညော(သပိတ်ကျင်း)၏ “ အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ ” ဆိုသော စာအုပ်တွင်
“ မြန်မာမိန်းကလေးတွေ လူမျိုးခြားဘာသာတွေနဲ့ အိမ်ထောင်ပြုနေကြတာကိုလည်း ပေါ့ပေါ့ဆဆ မနေ လိုက်ကြပါနဲ့၊ ကြာလာလျှင် လူမျိုးရော ဘာသာပါ ပျောက်သွားနိုင်ပါတယ် ” လို့ သတိပေးရေးခဲ့ပါတယ်။
သြော်…အမျိုးကိုစောင့်ဖို့ ဒီလောက်.. တိုက်တွန်း..ဥပဒေထုတ်နေရတာဟာ အားမနာတမ်းပြောရရင် ရှက်ဖို့ ကောင်းပြီး သိက္ခာကျလိုက်တာ။
…………..
ဆရာရွှေတိုင်ညွန့်က “ တို့ဆွေမျိုး ” သီချင်းကို ရေးခဲ့ပါတယ်။
“ ဂျပန်၊ ဂျာမန်၊ လန်ဒန်နေပြည်၊ အီတလီ၊ အိန္ဒိယစုံညီ…အီဂျစ်၊ ပြင်သစ်နဲ့လည်း..ဆွေးမျိုးစစ်စစ် ဧကန် သာဖြစ်သည်။.. သြော်…ဗမာ၊ ကရင်၊ ကချင်၊ ပလောင် တောင်သူမျိုးလည်း ပါသည်။..ကျမ်းအချုပ်မှီ…ရှမ်းတရုတ် ပါအစုံညီ….သင့်သင့်မြတ်မြတ်နေမည်..တစ်ယောက်နဲ့ တစ်ယောက်ကို အမှန်ချစ်ပါစေ၊ ရန်မဖြစ်ကြပါနှင့်…ဆလိမ် ၀ဆွဲသဝေထိုးလို့ ဆွေမျိုးလည်း ..တော်ပါသည် ”
တကယ်တော့ ဘယ်လူသားမဆို ဖြူဖြူမည်းမည်း ဆွေမျိုးတွေပါ။
၂၁ ရာစုရောက်တော့ ဂလိုဘယ်လိုက်ဇေးရှင်း၊ ကမ္ဘာ့ရွာတွေဖြစ်လာတော့ လူမျိုးတွေက ဆွေမျိုးတွေ ပိုဖြစ်လာကြတယ်။
အဲဒီလိုဖြစ်လာတော့ ပိုပြီး လူမျိုးတစ်မျိုးကနေ တစ်မျိုးကို ၀ါးမျိုဘို့လွယ်လာတယ်။ နည်းမျိုးစုံနဲ့ ၀ါးမျို လာကြတယ်။ ကမ္ဘာ့ရွာကြီးမှာ ကိုယ့်ရပ်ကွက်ကို လုံခြုံအောင်လုပ်ဖို့တော့ လိုနေပြီ။
 
Image may be NSFW.
Clik here to view.
Photo
…………..
ကျွန်တော်တို့မြန်မာလူမျိုးများက အရှက်အကြောက်ကြီးသည်။ (ခုမိန်းကလေးတွေ ၀တ်စားဆင်ယင်မှု ရိုင်းလာကြတာက အရှက်အကြောက်တရားနည်းလာလို့။ ဒါကြောင့်လည်း အမျိုးပျက်လာတာ။ ဒါတွေကို ကာကွယ်ဖို့က အမျိုးသားတွေပါ တာဝန်ရှိတယ်။ ကိုယ့်အချင်းချင်း ဇာတ်တူသားစား၊ ကိုယ့်မြန်မာ့အမျိုးသမီးကို နှမခြင်းမစာမနာ ရောင်းစားနေရင်၊ ပိုဆိုးသွားမယ်)။ အားနာတတ်၊ သည်းခံတတ်တဲ့အမျိုးဖြစ်တယ်။
ဘယ်သူနဲ့ယူယူ မိန်းကလေးဆိုရင် ယောကျာ်းကိုဦးစားပေးတာများတယ်။ ယောကျာ်းဆိုးသော်ငြားလည်း တစ်လင်တစ်မယားဆိုတဲ့ အသိရှိတဲ့မိန်းကလေးတွေဖြစ်တော့ တစ်ခါတစ်ခါ ခေါင်းငုံ့ခံနေကြရတယ်။ အမှန်တရား၊ မတရားမှုတွေကို ပြန်ပြီး မဖော်ရဲ၊ မလုပ်ရဲ့ကြတော့ဘူး။
ဒါကြောင့် တပါးသားတွေက မြန်မာမိန်းကလေးတွေကို ယူဖို့က လက်မနှေးကြတော့ဘူး။ ပြီးတော့ မြန်မာ မိန်းကလေး ဘက်ကရပ်တည်ပေးတဲ့ ဥပဒေကလည်း မခိုင်မာလေတော့ ပိုပြီးကန်းတက်လာကြတယ်။ ဥပဒေဆိုရာ ထက် ဥပဒေကို ထိန်းကွပ်ရတဲ့သူတွေ၊ ဆုံးဖြတ်ရသူတွေရဲ့ ဘက်လိုက်မှုတွေကြောင့် “ ကိုယ်လေးဝင်ပါရေစေ၊ ခေါင်းလေးဝင်ပါရစေ ” နဲ့ ခုတော့ တစ်ကိုယ်လုံး အ၀င်ခံရတော့မယ့် အခြေအနေဖြစ်နေပါပြီ။
ဧည့်ဝတ်ကျေပွန်လှတဲ့ ရွှေမြန်တွေကြောင့် တပါးသားများက ၀င်လာမစဲ တသဲသဲပဲ။
……………
လက်ရှိမြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေကြောင့် ရဟန်းနှင့် တချို့သော ပါတီဝင်တွေ အဖွဲ့အစည်းတွေ ကွဲရမလိုဖြစ်နေသည်။ ဆရာတော်ဦးဝီရသူကိုလည်း အမျိုးမျိုးပုတ်ခတ်ခဲ့ကြသည်။ ထို့အတူ သံဃာများကိုတောင် တဖြည်းဖြည်း အတင့်ရဲစွာ ပြောဆိုလာကြတဲ့အထိ ဖြစ်လာကြသည်။
တကယ်တော့ မြန်မာအမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဆောင်ရွက်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
၁၉၁၇ ခုနှစ် ပျဉ်းမနားမြို့တွင် ကျင်းပသော ၀ိုင်အမ်ဘီအေအသင်းကြီး၏ ပြည်လုံးကျွတ်အစည်းအဝေး ကြီးမှာ မုံရွာမြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကိုယ်စားလှယ်က မြန်မာမိန်းကလေးများအား ဘာသာခြား လူမျိုးတို့လက်သို့ မရောက်စေရန် နည်းလမ်းများ ရှာဖွေသင့်ကြောင်း ပြောဆိုအကြံပေးခဲ့ပါတယ်။
ထိုအစည်းအဝေးမှာ ဘာသာခြားတွေနဲ့ မြန်မာမိန်းကလေးတွေ အိုးအိမ်ထူထောင်ခြင်းကို မနှစ်သက်နိုင် ကြောင်း အမှတ်အသားပြုပြီး သဘောတူပြဋ္ဌာန်းအတည်ပြုခဲ့ကြပါတယ်။
၁၉၁၉ ခုနှစ် နိုင်ဝင်ဘာလ ၁၆ ရက်နေ့မှာ “ မြန်မာအမျိုးသမီး ကုမ္မာရီအသင်း ” ပေါ်ပေါက်ခဲ့ပါတယ်။
အသင်း၏ ဆောင်ရွက်ချက်များမှာ ဗုဒ္ဓဘာသာဝင်အချင်းချင်း လက်ထပ်ဖို့ ဟောပြောခဲ့ကြပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာဓမ္မသတ်အရ အမွေဆက်ခံခွင့်ရရေးတို့ကိုလည်း ဆောင်ရွက်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။
၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်မှ ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၉၁ ဌာနအုပ်ချုပ်ရေးဖြင့် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီခေတ်ကာလမှာ နိုင်ငံခြားသားများနှင့် လက်ထပ်ခဲ့သော ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် ဥပဒေကြမ်းများ တင်သွင်းခဲ့ကြပါတယ်။
၁၉၃၇ ခုနှစ် သြဂုတ်လအစည်းအဝေးမှာ အိန္ဒိယအမျိုးသားအမတ် ကေ၊စီ၊ ဘို့စ်က ဗုဒ္ဓဘာသာထိမ်းမြား ရေးဥပဒေကြမ်းကို တင်သွင်းပါတယ်။ ထိုဥပဒေနဲ့ဆင်တူသော အဆိုမျိုးကို အမတ်ဦးသာဝင်းက တင်သွင်းခဲ့ပါ တယ်။
ဦးဘအုန်းတင်သွင်းသော ဥပဒေကြမ်းက “ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ခြင်းနှင့် အမွေ ဆက်ခံခြင်း ဥပဒေ” ပဲဖြစ်ပါတယ်။
၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၂၄ “ ဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပေဒ ” ကိုပြဋ္ဌာန်းနိုင်ခဲ့ကြပါတယ်။ ၁၉၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်ပြီးအာဏာ တည်ပါတယ်။
လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်မှာ ၁၉၃၉ ဥပဒေကို ပြန်လည်ရုတ်သိမ်းပြီး “ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပေဒ ” ကိုပြဋ္ဌာန်းခဲ့ပါတယ်။ ထိုဥပဒေမှာ မြန်မာအမျိုးသမီးတွေ အတွက် များစွာအကာကွယ်ပေးထားခဲ့ပါတယ်။ သို့သော် နစ်နာမှုအတွက် မတိုင်ကြားနိုင်အောင်၊ မတိုင်ကြားရဲ အောင် တပါးသားများက ပြုလုပ်ထားပါတယ်။ နှိပ်ကွပ်ထားခဲပါတယ်။
တိုင်ကြားမှုရှိလာရင်လည်း စီရင်မှုအားနည်းခြင်းကြောင့် ပိုပြီးနစ်နစ်ခဲ့ကြရတယ်။
ကျွန်တော်တို့ ရှေးဘိုးဘေးတွေက အမျှော်အမြင်တွေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီစည်းတွေကို ကျွန်တော်တို့ လက်ထဲရောက်မှ အညံ့ခံတော့မှာလား။ အကျော်ခံတော့မှာလား။ အကျိုးခံကြတော့မှာလား။
…………..
ဆရာမောင်ထင်၏ “ ဗမာ့နိုင်ငံရေး သုခမိန် ” တွင် ကိုယ်တွေ့ဖြစ်ရပ်အား ဂျပန်ခေတ် ဧည့်ခံပွဲတစ်ခုတွင် မြန်မာမိန်းကလေးများကို စားပွဲထိုးလုပ်ခိုင်းပုံ၊ ထိုဧည့်ခံပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်လာပုံနှင့် ပြောပုံကို အောက်ပါအတိုင်းရေးသားခဲ့သည်။
“ ဧည့်ခံပွဲမစမီ ဗိုလ်ချုပ်စောစောရောက်သည်။ ကျွန်တော်တို့က ဗိုလ်ချုပ်ကို နေရာထိုင်ခင်းပေးသည်။ သို့သော် ဗိုလ်ချုပ်သည် ပေးသောနေရာ၌မထိုင်ဘဲ ခါးတွင် ချိတ်ထားသော ဓားလွတ်ကို မကာ၊ မကာ၊ ကောင်မလေးများစုရုံးနေသော နေရာကို တစ်လှမ်း နှစ်လှမ်းတိုး၍ စိုက်ကြည့်နေသည်။
“ ဟဲ..ဟဲ…ဟဲ ” ဟု ဗိုလ်ချုပ်က ဟဲလိုက်သည်။
ကျွန်တောက အနားသို့ တိုးသွားသည်။
“ ခင်ဗျားတို့ဆီမှာလည်း “ ဂျပန်စာ ” တွေရှိပါကလား ”
ဗိုလ်ချုပ်ကဤသို့ပြောပြီး အများကြားလောက်အောင် “ ဟား…ဟား…ဟား “ ဟုရယ်ပါသည်။ ထို့နောက် ဗိုလ်ချုပ်သည် ကျွန်တော့်အား လက်ကုတ်၍
“ သတိထားဗျာ၊ ခွေးမသားတွေကြောင့် ကျုပ်တို့ တစ်မျိုးလုံး “ ဂျပန်စာ ” ဖြစ်တော့မယ် ” ဟုဆိုလေ သည်။
ဗိုလ်ချုပ်သာ ရှိနေခဲ့သေးရင် “ သတိထားဟေ့ ကျုပ်တို့တစ်မျိုးလုံး…. “ အစုံသုတ်စာ ” ဖြစ်တော့မယ် လို့ များပြောလေမလား မသိပါ။
…………..
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရားလောင်း ဗြဟ္မမင်း မင်းပြုတော်မူပါတယ်။ အဲဒီမင်းကြီးမှာ အလွန်လှပပြီး အလွန်နူးညံ့တဲ့ အသားအရည်ပိုင်ဆိုင်တဲ့ မုဒုပါဏိဒေ၀လို့ခေါ်တဲ့ မင်းသမီးတစ်ပါးရှိတယ်။
မင်းကြီးက ထီးနန်းဆက်ခံဖို့ သားတော်မရှိတော့ တူတော် ရာဇာကုမာရကို နန်းတင်ပြီး သမီးတော်နဲ့ လက်ဆက်ဖို့ မှူးမတ်တွေကို တိုင်ပင်တယ်။ အစကတည်းက ချစ်ကျွမ်းဝင်ချင်တဲ့ မင်းသားနဲ့မင်းသမီးက သတင်း လည်းကြားရော ပျော်ရွှင်ပြီး ချစ်ကြိုးသွယ်မိကြတာပေါ့။
အဲဒါပေမယ့် အချိန်လေးကြာလာတော့ ဘုရင်က စဉ်းစားတယ်။ တိုင်းရေးပြည်ရာဆိုတာ မလွယ်ကူဘူး။ တစ်ဘက်နဲ့ တစ်ဘက်အမြဲတည့်မှာ မဟုတ်ဘူး။ စစ်ဖြစ်ကြရင် ပြည်သူပြည်သားတွေ ပျက်စီးရာရောက်မယ်။ ဒါကြောင့် တပါးသော နိုင်ငံနဲ့ ရွှေလမ်းငွေလမ်းဖောက်ဖို့ နိုင်ငံနားနီး ပြည်ကြီးများထဲက ဘုရင်တစ်ပါးနဲ့ သမီးတော်ကို လက်ဆက်ပေးဖို့ မှူးမတ်တွေကို ပြန်ပြီးတိုင်ပင်ပါသတဲ့။
ဒီတော့ ဘုရင်က တူတော်မောင်နဲ့ချစ်ကျွမ်းမ၀င်ရအောင် ပြန်လည်စီမံပါတော့တယ်။ တူတော်မောင်ကို နန်းမြို့ရိုးအပြင်မှာသာ နေထိုင်စေပါတယ်။
အဖေ ဖြစ်သူက သမီးတော်ရေချိုးတဲ့အခါ တံခါးအပြင်ဘက် လက်ကလေးတစ်ဘက်ကိုင်ပြီး စောင့်တဲ့ အထိ စောင့်ရှောက်ခဲ့တယ်။
တစ်ညမှာ သမီးတော်က သူ့ရည်းစားနဲ့ ခိုးရာလိုက်နာအောင် စီစဉ်တယ်။ သူလက်နဲ့ ထိတွေ့မှုတူတဲ့ အမျိုးသမီးတစ်ယောက်ကိုရှာခိုင်းတယ်။ ပြီးတော့ သူရေချိုးရာ နန်းမြင့်အထိ ဆင်ဝင်နိုင်အောင် ဆောင်ရွက်တယ်။ အဲဒီညမှာ အဖေက သမီးလက်တစ်ဘက်ကို အပြင်က ကိုင်ပြီးစောင့်တော်မူတယ်။
ဒီအချိန်မှာ အာလုံးစီမံထားတဲ့အတွက် ဆင်ပေါ်မှာ လူစားလဲမယ့် မိန်းကလေးကိုခေါ်ပြီး မင်းသားက ရောက်လာပါတယ်။
မင်းသမီးက သူ့အဖေကို လက်ကလေး ပြောင်းချိုးပါရစေလို့ ခွင့်ပန်ပြီး အဲဒီအချိန်မှာ လူစားလဲလိုက်တော့ တာပါပဲ။ ဒီလိုနဲ့ ချစ်သူနောက်ပါသွားပါလေတယ်။
အဖေက လက်တစ်ဘက်ကိုင်ထားတာတောင် ပါအောင်လိုက်နိုင်တဲ့ မင်းသမီးကို ချီးကျူးရမည်လား။
ဒါလေးဖတ်မိတော့ မျိုးစောင့်ဥပဒေဆိုတာ လက်တစ်ဘက်ကိုင်ထားသလိုပဲလို့ တွေးမိပါတယ်။ ဒီကြား ထဲက လိုက်မယ်သူတွေ ရှိနေကြဦးမှာပါ။ ရှိလာရင်လည်း အကျိုးခံစားခွင့်တွေရရှိနိုင်ဖို့ စောင့်ရှောက်ပေးနေကြရ တာပါ။
…………..
“ ဒီနေ့တော့ ခင်ဗျားကို ကော်ဖီတိုက်မယ် ”
ကျွန်တော်က သူ့အခန်းထဲ ၀င်ဝင်ခြင်း ပြောလိုက်သည်။
“ ဟ မင်းက ဘာစိတ်ကူးပေါက်တာလဲ။ ”
“ ခင်ဗျားဒီစာအုပ်ပေးဖတ်လို့ပါ။ ”
သူက သူ့စာအုပ်ကိုလှမ်းယူပြီး ဟိုလှန်ဒီလှန်ကြည့်သည်။
“ ငါတော့ ဖတ်ပြီးတာကြာပြီကွ။ ကြိုက်လို့ ၀ယ်ထားတာ၊ ဒါပေမယ့် မေ့နေပြီကွ ”
“ ခင်ဗျားကဘာနဲ့တူသလဲသိလား ”
“ လာပြီ မင်းကငါ့ကို တွယ်တာမှာ မဟုတ်လား ”
“ ဟုတ်တယ်လေ..ခင်ဗျားက သော့ကိုင်ထားပြီး .. ကိုယ့်တံခါးကို ဘယ်လိုပိတ်ရမလဲ စဉ်းစားနေတဲ့လူ၊ ဒီလောက်အကျိုးရှိတဲ့ စာအုပ်ကို ဒီအတိုင်း ဖုန်တက်အောင်ထားပြီး ပစ်ထားတာ၊ ပြီးတော့ ခင်ဗျားလောက် မျိုးချစ်တာ ခင်ဗျားပဲ ရှိတယ်ပြောဦးမယ်၊ ဘယ်အမျိုးချစ်တာလဲ။ ဆွေမျိုးတွေကို ချစ်တာလား ”
ကျွန်တော်လည်း အားမနာတမ်းပြောလိုက်တော့ သူက ခေါင်းလေးညိတ်ပြီး နေသည်။
“ အေးပါကွာ အေးပါ။ ခုတော့ ကော်ဖီလိုက်တိုက်တော့ ”
ကျွန်တော်တို့ နှစ်ယောက် ကော်ဖီဆိုင်ကိုသွားဖို့အတွက် သူ့အခန်းတံခါးတွေကို လိုက်ပိတ်သည်။ ပြီးတော့ အပြင်ကိုထွက်လိုက်သည်။
“ ကဲ ခင်ဗျား လက်ထဲမှာ သော့ ..ခင်ဗျား ရွှေတံခါးကြီးကို သေသေချာချာ ပိတ်လိုက်တော့ ”

ကိုးကား- (ဦး)သုခ “ ချယ်ရီအလှ စာအလှ ”
ဦးအေးချို(မဟာဝိဇ္ဇာ) “ အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည် ”
ဖိုးပညော(သပိတ်ကျင်း) “ အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ ”
 
 မောင်ပိုင်
၃၁-၇-၂၀၁၃။
— with Thanda Win and 9 others.



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>