Image may be NSFW.
Clik here to view.
Clik here to view.

August 1, 2013 at 4:24am
ဗမာပြည်မှာ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့အသံ တွေ ကျယ်ကျယ် လောင်လောင် ကြားနေရချိန်မှာ နယ်ပယ်အသီးသီးက ပညာရှင်တွေကြား ဟိုဟာပြင်ရမယ်ဒီဟာပြင်ရမယ် လို့ပြောဆိုနေကြတဲ့ကြားမှာ ကျွန်တော် လေ့လာမိသလောက်ကတော့ အဓိကကပညာရေးပါပဲ ပညာရေးဆိုတဲ့ နေရာမှာလဲ သာမန်ဘွဲ့ရသူ တယောက်အနေနဲ့ အဆင့်မြင့်ပညာတွေကို မစဉ်းစားရဲ သီအိုရီတွေ ပညာရေးပရိုဂရမ်တွေ သင်ကြားနည်းစနစ်တွေ ကိုမသိပဲ ကျွန်တော့်ဘ၀တလျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး မူလတန်းပညာရေး အကြောင်း သိသလောက် တင်ပြပေးချင်တာပါပဲ
ဗမာပြည်မှာ ယခင်က မူလတန်းပညာရေးမှာ ဘ၀အတွေ့အကြုံ၊ အထွေထွေဗဟုသုတ၊ ကိုယ်ကျင့်သိက္ခာ ခိုင်မာတဲ့ သမ္ဘာရင့်ဝါရင် ဆရာ /ဆရာမကြီးတွေကပဲ ဦးစီးသင်ကြားပေးခဲ့ပြီး နုနုနယ်နယ် ကလေးတွေရဲ့ စာရိတ္တပိုင်း၊ ၀ံသာနုရက္ခိတစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုးစိတ်၊ တည်ထွင်ဆန်းသစ်လိုစိတ် တွေရင့်သန်လာအောင် ပါးပါးနပ်နပ် ကိုင်တွယ်ပြီး အောင်အောင်မြင်မြင် သင်ကြားနိုင်ခဲ့ပါတယ် ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက စလို့ ကျောင်းတွေမှာ အဲဒီလို သင်ကြားမှုတွေကို စောင့်ကြည့် အရေးယူတာတွေရှိလာပြီး ဖိအားတွေလဲရှိလာတဲ့အတွက် ဆရာကြီး ဆရာမကြီးတွေဟာ သူတို့ချစ်တဲ့ စာသင်ခန်းတွေကို ကျောခိုင်းလို့ ပင်စင်ယူသူယူ အလုပ်ထွက်သူထွက် ဖြစ်ခဲ့တဲ့နောက်ပိုင်း ............
မူလတန်းသင်ကြားဖို့အတွက် ပညာရေးကောလိပ်ဆင်း ဆရာဆရာမ အသစ်ကလေးတွေနဲ့ (အစိုးရအပြော) သွေးသစ်လောင်းခဲ့ပါတော့တယ်
အဲဒီဆရာ ဆရာမလေးတွေဟာ တော်ပါတယ် သင်ရိုးညွန်းတမ်းကို အလွတ်နီးပါး ဒိုးဒိုးဒေါက်ဒါက် ရအောင် သင်နိုင်သူတွေလဲရှိပါတယ် ဒါပေမဲ့ သူတို့သေချာမသိ သူတို့ မသင်နိုင်ခဲ့တာကတော့ သဘောတရားရေးရာပါပဲ
မျိုးချစ်စိတ်၊ အမှန်တရားမြတ်နိုးစိတ်၊ တည်ထွင်ဆန်းသစ်လိုစိတ် စတာတွေဟာ သူတို့ရင်ထဲမှာ ရှိချင်ရှိနေနိုင်ပေမဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ အောက်မှာအကြောက်တရားဆိုတဲ့ ဖိအားကြီးအောက်မှာ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ကြရတယ် ဆိုတာတော့ အားလုံးငြင်းနိုင်မယ် မထင်ပါဘူး...နောက်တခုကတော့ အဲဒီလူငယ်ဆရာ ဆရာမလေးတွေရဲ့ ဘ၀ဖြတ်သန်းမှုအတွေ့အကြုံ၊ အထွေထွေဗဟုသုတ ဆိုတာတွေကတော့ အရင်ဆရာကြီး ဆရာမကြီးတွေနဲ့ မိုးနဲ့မြေ ကွာချင်တိုင်းကွာခဲ့မှာလဲ အထူးပြောစရာလိုမယ် မထင်တော့ပါဘူး
အဲဒီဆရာ ဆရာမတွေဟာ လုပ်သက်ကလေးနည်းနည်းရလာလို့ ကလေးတွေရဲ့ သဘောသဘာဝကို သိပြီး သေသေချာချာ သင်နိုင်တော့မဲ့ အခြေအနေဖြစ်လာတဲ့အခါ ဗမာပြည်က တန်းစီတိုးစနစ်ကြီးအရ ရာထူးတိုးသွားပြီး ပညာရေးကောလိပ်တွေက နှစ်စဉ်မွေးထုတ်ပေးနေတဲ့ ဆရာအသစ် ဆရာမအသစ်ကလေးတွေ မူလတန်းပညာရေးထဲ ထပ်မံရောက်ရှိလာပြီး
"" မူလတန်းပညာရေးဟာ ဆရာ ဆရာမ အသစ်ကလေးတွေရဲ့ လေ့ကျင့်ကွင်းကြီးသဖွယ် စဉ်ဆက်မပြတ် ဖြစ်ခဲ့ပါတော့တယ် """
အဲဒီအခြေအနေကို ဘူးလေးရာဖရုံဆင့်လိုက်တဲ့ ဖြစ်စဉ်ကတော့ မအောင်မနေရပညာရေး စနစ်ကြီးကို စတင်ကျင့်သုံးလိုက်တာပါပဲ အဲဒီ စနစ်ကြီးကနေ တနှစ်တတန်း မှန်မှန်အောင်ပြီး ဘာမှ မသိတဲ့ ကျောင်းသားတွေကို အောင်အောင်မြင်မြင် မွေးထုတ်နိုင်ခဲ့တဲ့အထိကို ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်
အခုအချိန်မှာ အဲဒီစနစ်ကြီးက စတင်မွေးထုတ်လိုက်တဲ့ ကျောင်းသားတွေဟာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း တစ်ပတ်လည်ပြီး ဆရာတွေ ဖြစ်လာချိန်မှာတော့ သတင်းစာကောင်းကောင်း မဖတ်တဲ့အလယ်တန်းကျောင်းသား အီကွေးရှင်း ဒီဘက်ကအပေါင်း ဟိုဘက်ရောက်ရင် အပေါင်းဖြစ်တယ်ဆိုတာ မသိတဲ့ အထက်တန်းကျောင်းသား တွေကို ကျွန်တော်တို့လှိုင်လှိုင်ကြီးတွေ့လာပါပြီ
ဒါပေမဲ့ အခုအချိန်ထိအဲဒီ စနစ်ကြီးကိုဆက်လက်ကျင့်သုံးနေတာ ကိုတော့ အံသြနေမိပါတယ် အခုအချိန်မှာ ဆရာမပြတဲ့ တွက်နည်းအတိုင်း မတွက်တဲ့ကျောင်းသား အမှတ်မပေးတာ ဆရာမသင်ထားတဲ့ ရေသတ္တ၀ါအမည်မဟုတ်ပဲ အခြားရေသတ္တ၀ါအမည် ရေးမိလို့ အမှတ်မရတဲ့ ကျောင်းသားတွေပါ တွေ့လာရပါတော့တယ်
အဲဒီကျောင်းသားတွေပါ နောက်ထပ်တပတ်လည်ပြီး ဆရာတွေ ပြန်ဖြစ်လာခဲ့ရင် ............ကျွန်တော်တို့ ဆက်တွေးကြည့်ကြရအောင်ဗျာ
ဟန်မိုး(မအူပင်)