တစ်ရက်မှာ ကောင်မလေးက ကျောင်းကပေးတဲ့ အင်တာနက် အိမ်စာတွေအတွက် စာရှာထွက်ရင်းးး မနေနိုင်တာနဲ့ ဂျီမေလ်းအကောင့်ကို ဖွင့်စစ်တာပေါ့ကွယ်။ ကောင်လေးရဲ့ အီးလ်မေးလ်းတွေ မက်စေ့တွေဖတ်ပြီး ကောင်မလေးက စိတ်ဆိုးပြန်ပြေသွားပါ ရောတဲ့။ဒီလိုနဲ့ စနေ တနင်္ဂနွေဆို ကောင်မလေးက အင်တာနက်
ဆိုင်ရောက်နေပြီ....။ ကောင်လေးအလုပ်ပြီးခါနီး အချိန်ကို မှန်းသွားတာပေါ့ကွယ်။ကောင်လေးကဗွီဇက်အို ဖွင့်ထားရင်း စကားမပြောဘဲ အလုပ်လုပ်တယ်။ ကောင်မလေးက ထိုင်ကြည့်ပြီး ကျေနပ်နေခဲ့တာပေါ့ကွယ်။ကောင်လေးအလုပ်ပြီးချိန်မှာ စကားတွေပြောကြတယ်တဲ့။
သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ရယ်စရာ ဟာသတွေ ပြောတတ်ပြီး ပျော်ပျော်နေတတ်တဲ့ အကျင့်စရိုက်လေး တွေရှိကြတာပါတဲ့။ကြုံတွေ့ရသမျှ စိတ်ညစ်စရာတွေ ၊စိတ်မသက်သာစရာ အားလုံးကိုလည်း နှစ်ယောက်လုံးက မညည်းညူ တတ်ကြဘူးတဲ့။ဒီတော့ သူတို့ စကားပြောနေကြရင် တခြားအတွဲတွေလို အီစီကလီမရိုက်ဘဲ တခွီးခွီး တခစ်ခစ်နဲ့ ကြုံရသမျှ အတွေ့အကြုံတွေကို ဟာသအဖြစ် ပြောပြပြီး ရင်ဖွင့်ကြတော့ သူတို့နှစ်ယောက်အတွက် စက္ကန့်တိုင်းဟာ ပျှော်စရာအတိပေါ့ကွယ်။
"လာမယ့်သောကြာကို ဖယ်ပြီး ရှေ့တစ်ပါတ်ကျော် သောကြာမှာ လာတွေ့ပါပြောလို့သွားတွေ့တာလေ... အဲ့ဒါအခန်းထဲလည်းဝင်လိုက်ရော ချစ်ကိုလေ ဆရာမကြီးက အော်ထည့်လိုက်တာ လူကိုလိပ်ပြာလွင့်မတတ်ဘဲ။" "အာ...မောင့်ချစ်သူကို ဘာလို့ဒီလိုအော်ရတာလဲကွ မောင်ပြန်လာမှ ဒီဘွားတော်ကို သေချာဆုံးမရမယ်...ခိခိ" "သူဘာသာပြောခဲ့တဲ့စကားကို မေ့ပြီး ရှေ့လာမယ့်သောကြာကို မဖယ်ဘဲနဲ့ ပြီးခဲ့တဲ့ အပါတ်သောကြာနေ့က ချစ်ကိုထိုင်စောင့်နေခဲ့တာတဲ့လေ...ခိခိ။ရှင်းပြတာလည်း လက်မခံဘူးးး အဆိုင်းမန့်တင်တဲ့ စာရွက်တွေပါ ပစ်ပေါက်ပြီး ပြန်ပေးတယ်။ ချစ်ကိုလည်း ခုချက်ခြင်း အခန်းထဲကထွက်သွားဖို့ အော်ပြောတယ်လေ... ဘယ်ရမလဲ ဟွန်းးး ချစ်အကြောင်းသိအောင် တခါတည်း မြန်မြန်ထွက်ပြေးလိုက်တာ အခန်းပြင်ရောက်မှသိတယ် ရုံးခန်းထဲကဖိနပ်စင်မှာ ဖိနပ်မေ့ကျန်ခဲ့တာကိုလေ ဟီးဟီးးး"
ဒီလိုနဲ့ စနေတနင်္ဂနွေဆို နေ့တစ်ဝက်လောက် အကြည်ဆိုက်ပြီး ညတိုင်းဖုန်းကနှစ်နာရီ သုံးနာရီလောက် ပြောကြတော့ ကောင်လေးတော့ မသိဘူးးး ကောင်မလေးက စာတွေမလိုက်နိုင် တော့ဘူးတဲ့ကွယ်။ အမှတ်တွေကျလာတဲ့ အပြင် ဆပ်ပလီ(C) တစ်ဘာသာ ထိရှာတယ်တဲ့ကွယ်။ အဲ့ဒါနဲ့ ကောင်မလေးလည်း အတော်လန့်ဖျတ်သွား ပြီးတော့ စနေတနင်္ဂနွေဆို ဗွီဇက်အို မပြောဘဲ ဖုန်းတစ်နာရီလောက်ပဲ ပြောဖို့၊ ညဘက်ဆိုလည်း နာရီဝက်လောက်ပဲ ဖုန်းပြောဖို့တွေကို ကောင်လေးနဲ့ ညှိနှိုင်း သဘောတူလိုက်ကြသတဲ့ကွယ်။
ဒီလိုနဲ့ တဖြေးဖြေး သူတို့နှစိယောက်ရဲ့ ဆက်သွယ်မှုတွေက ကျဲလာပေမယ့် နှလုံးသားတွေရဲ့ နွေးထွေးမှု ကတော့ လျော့မသွားပါဘူးတဲ့ကွယ်။ ကောင်မလေးက စာတွေပိုပိလာသလို အပြိုင်အဆိုင်တွေလည်းများလာတယ်တဲ့။ ဘဝမှာ ကံဇာတာညံ့တဲ့အချိန်တွေကို မလွှဲသာဘဲ ရင်ဆိုင်နေရချိန်တွေကို ရောက်လာပြီး စိတ်ရောလူရော ချုံးချုံးကျလာတာပေါ့ကွယ် ။
ဒီအချိန်မှာ ကောင်လေးက မြန်မာပြည်ကို ရောက်အောင် ခဏပြန်လာပြီး အလယ်ပိုင်းလွင်ပြင်က ပူပြင်းခြောက်သွေ့ ပက်ကြားအက်နေတဲ့ လယ်ကွင်းတွေရဲ့အလယ်၊ စိမ်းမြမြ ရှည်လျားလျားရှိတဲ့
ထန်းတောတွေရဲ့ဘေးက ကောင်မလေးရဲ့ တက္ကသိုလ်ရှိတဲ့အရပ်ကို အရောက်လာပြီး အားပေးခဲ့ရှာသတဲ့ကွယ်။ ကောင်လေးက သူ့မေမေနဲ့ပါ မိတ်ဆက်ပေးခဲ့ပြီး ကောင်မလေးကို သူ့ကိုယ်စား စောင့်ရှောက်ပေးဖို့ပါ အပ်ပေးခဲ့သတဲ့ကွယ်။ဒါ့ကြောင့်ကောင်မလေးလည်း ကောင်လေးရဲ့အားပေးမှုတွေနဲ့ အားတင်းပြီး ခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့တယ်တဲ့ကွယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျောင်းစာနဲ့ ပြဿနာတွေကို မနိုင်ဝန်ထမ်းပြီး ရင်ဆိုင်နေရချိန်မှာ ကောင်လေးကို စိတ်ထဲက သတိရပေမယ့် လက်တွေ့မှာ အချိန်ပေးနိုင်စွမ်းတွေ ပိုပိုပြီး လျော့လာခဲ့တယ်တဲ့။
ကောင်လေးကလည်း ကျောင်းအနေနဲ့လေ့လာရေး ပြည်ပခရီးစဉ် တစ်ခုရှိလို့ ထွက်သွားရတော့ အဆက်အသွယ်တွေက ပိုကျဲသွားခဲ့ တယ်တဲ့။ကျောင်းပြီးခါနီး စာတမ်းလုပ်ရင်း ပင်ပင်ပန်းပန်းအချိန်တွေကို အထီးကျန်စွာ ဖြတ်ကျော်နေရပေမယ့် ကောင်မလေး ကတော့ ကျိတ်ပျော်နေခဲ့တယ်တဲ့ကွယ်။ ဘာလို့လည်းဆိုတော့.....ဘယ်လိုပဲ ခက်ခဲတယ်ပြောပြော ပင်ပန်းတယ်ပြောပြော ဒီအခြေအနေနဲ့ အချိန်တွေဟာ အနှေးနဲ့အမြန် ကုန်ဆုံးတော့မှာလို့ သူမက အကောင်းဘက်ကနေ တွေးသတဲ့ကွယ်။

ဟိုးးးးရှေ့က အနာဂတ်မှာ ကြည်လင်တောက်ပနေတဲ့ နေ့သစ်တွေရှိတယ်... အဲ့ဒီနေ့သစ်တွေမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ ကိုယ်ပိုင်နေ့စွဲတွေလည်း ရှိနေတယ်ဆိုတဲ့ မျှော်လင့်ချက်လေးက သူ့အတွက် အရာရာကို ရင်ဆိုင်ရဲစေခဲ့သတဲ့ကွယ်။ တကယ်လည်း ကောင်မလေး ထင်သလိုပဲ ခက်ခဲတဲ့အချိန်တွေဟာ ကျန်နေခဲ့ရပြီး ကောင်မလေးဟာ အောင်မြင်မှုတွေနဲ့အတူ အိပ်ရာလိပ်သိမ်းပြီး ကျောင်းတော်ကြီးကနေ အိမ်ပြန်ခဲ့ပါသတဲ့ကွယ်။ ကောင်မလေးက သူမအနှစ်သက်ဆုံး သဇင်ပန်းတွေကို ဝေဆာမွှေးပျံ့နေအောင် ပန်ဆင်ပြီး ဘွဲ့နှင်းသဘင်ကို ဖေဖေမေမေနဲ့ အတူတူ ချစ်သူကောင်လေးကိုပါခေါ်ပြီး တက်ရောက်မယ်ဆိုတဲ့ အတွေးတွေက သူမရင်ကို အခုန်မြန်စေပြီး ကြည်နူးမှုတွေပါ ဖြစ်နေစေခဲ့တယ်တဲ့ကွယ်။
ဒီလိုနဲ့ အဆက်အသွယ်ကျဲနေတဲ့ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်ပြီး ကောင်လေးအတွက် အချိန်တွေ ပုံပေးဖို့ ကောင်မလေးက ဆုံးဖြတ်လုပ်ဆောင်ခဲ့ ပါတယ်တဲ့။ဖြစ်ချင်တော့ ကောင်လေးရဲ့ ကျောင်းတက်ချိန်အနေအထားတွေကြောင့် ကောင်မလေးကို အချိန်ပြန်မပေးနိုင် တော့ဘူးတဲ့ကွယ်။ဒီတော့လည်း ကောင်မလေးက နားလည်ကျေနပ်ပေးခဲ့ တယ်တဲ့လေ။

ဒီလိုနဲ့ကောင်လေးက ကျောင်းပြီးလို့ အိမ်ပြန်လာချိန် ရောက်တော့လည်း ပြန်လာဖို့ အစီအစဉ် မရှိသေးဘူးတဲ့ကွယ်။ကောင်မလေးရဲ့ ဘွဲ့နှင်းသဘင်ကိုတက်ဖို့ အစီအစဉ်ကလည်း မသေချာပြန်ဘူး တဲ့လေ။
အဲ့ဒီမှာပဲ ကောင်မလေးလည်း စင်္ကာပူမှာရှိတဲ့ သူငယ်ချင်းကောင်း ယောက်မအပေါင်းကို တပ်လှန့်ပြီး ကောင်လေးအကြောင်းတွေ စုံစမ်းခိုင်းလိုက်တော့ နှစ်ဆယ့်လေးနာရီ မပြည့်ခင်မှာဘဲ အစီရင်ခံစာ အပြည့်အစုံ အမှန်အကန်တစ်ခု တက်လာခဲ့ပါ တယ်တဲ့ကွယ်။
အစီရင်ခံစာမှာတော့..... ကောင်လေးက နယူးဇီလန်ကို အတူတူသွားခဲ့တဲ့ ကျောင်းအဖွဲ့ထဲက မိန်းကလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်လာကြပြီး မကြာခင်မှာ လက်ထပ်တော့မှာမို့ ယခုချိန်မှာ တိုက်ခန်းတစ်ခုငှားပြီး အတူတူနေနေကြတယ် ဆိုတဲ့ သတင်းဆိုးလေးပါတဲ့။

နဂိုသံသယအခံတွေနဲ့အတူ စုံစမ်းခိုင်းပြီ ဆိုကတည်းက အဖြေဟာ အကောင်းရော အဆိုးပါ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားပေမယ့် တကယ်ကြုံလာရချိန်မှာတော့ ကောင်မလေးဟာ ခံနိုင်ရည် အတော်နည်းမှန်း သူ့ကိုယ်သူ သိသွားခဲ့ပါတယ်တဲ့ကွယ်။ ဒါနဲ့ကောင်မလေးလည်း ကောင်လေးကို ဖွင့်ပြီးမေးလိုက်တဲ့အခါမှာတော့ ကောင်လေးကမညာဘဲ ဝန်ခံလိုက်ပါသတဲ့။ ကောင်မလေးက အရာရာကို ခွင့်လွှတ်နားလည်ပေးပါ့မယ်... သူ့ဆီပြန်လာခဲ့ပါလို့ တောင်းပန်ခဲ့ပါသတဲ့။
ကောင်လေးကတော့ ပြန်ပြီးရှင်းပြခဲ့ပါတယ်တဲ့...အဲ့ဒါကတော့ ကောင်မလေးနဲ့သူ့ရဲ့ပတ်သတ်မှုမှာ သူ့အနေနဲ့ တာဝန်ယူရမယ့်အနေအထား ဘာမှမရှိခဲ့သလို ကောင်မလေးကိုလည်း တစ်စုံတစ်ရာ နစ်နာအောင်ဘာမှ မလုပ်ခဲ့ဖူးပါဘူးတဲ့။လက်ရှိအနေအထား မှာတော့ ဒီမိန်းကလေးအပေါ် ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ယူပေးရမယ့် အနေအထားမှာ ဖြစ်နေတာမို့ သူ့ကိုခွင့်လွှတ်ပြီး မောင်နှမလိုပဲ ပြန်ချစ်ပေးပါလို့ ပြောခဲ့သတဲ့ကွယ်။ ကောင်မလေးလည်း ချုံးပွဲချငိုရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါဘူးတဲ့။

ကောင်မလေးလည်း "သူမသိပ်ချစ်မြတ်နိုးပြီး ယုံကြည်အားကိုး ခဲ့တဲ့ ချစ်သူရဲ့သစ္စာဖောက်ခံရမှုကြောင့် သူမဘက်က အရာရာမှာ နစ်နာဆုံးရှုံး ခဲ့ရပါတယ်...။ဒီလိုအဖြစ်မျိုးကို ကြုံတွေ့ရမယ်လို့ ယောင်လို့တောင် မတွေးခဲ့မိပါဘူးးး ။သူမအနေနဲ့ ပူလောင်မှုမျိုးစုံနဲ့အတူ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာတွေကို ခံစားနေရပေမယ့် ချစ်သူကို ခွင့်လွှတ်ပါတယ်။ ပျှော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ..."ဆိုတဲ့အီးမေလ်းလေး တစ်စောင်ကို ပို့ပေးခဲ့ပါသတဲ့။
အဲ့ဒီနောက်မှာတော့ ကောင်မလေးလည်း အီးမေလ်း အကောင့်တွေ ဖျက်သိမ်းပြီး အင်တာနက်ဆိုင်ဘက်ကို ခြေဦးမလှည့် တော့သလို ကောင်လေးဆီက ဖုန်းဝင်လာတိုင်းလည်း လုံးဝမကိုင်တော့ ပါဘူးတဲ့။တနေကုန် မိသားစုအလုပ်တွေကို ပျှော်ပျှော်ရွှင်ရွှင် ကူလုပ်ပေးနေပြီး ညနေဘက်မှာ သူငယ်ချင်းတွေနဲ့ လည်ပတ်တဲ့အခါလည်ပတ်နေပေမယ့် ညဆိုရင်တော့ အခန်းတံခါးပိတ်ပြီး ကောင်မလေးက ငိုနေလေ့ရှိပါသတဲ့ကွယ်။

တစ်ရက်မှာတော့ သူမရဲ့အမဝမ်းကွဲနဲ့ ခရီးတစ်ခုကို အတူတူ သွားကြရင်း အမဖြစ်သူက တစ်ရေးနိုး ချိန်မှာ ငိုနေတဲ့ကောင်မလေးကို တွေ့သွားတာပေါ့ကွယ်။အကျိုးအကြောင်း သိသွားတဲ့မမက ခရီးစဉ်က အပြန်မှာ ကိုယ့်စိတ်ကို အလိုမလိုက်ဘဲ ထိန်းချုပ်နိုင်အောင် ကြိုးစားပါ ဆိုပြီးးးး ကောင်မလေးကို မေမြို့မှာရှိတဲ့တရားစခန်း တစ်ခုကိုပို့လွှတ်လိုက်ပါတယ်တဲ့။
ဆက်လက်ဖော်ပြပါမည်။
နေထက်ထက်အောင်
— with Nanda Htun Htet and 64 others.ဆက်လက်ဖော်ပြပါမည်။
နေထက်ထက်အောင်