Quantcast
Viewing all articles
Browse latest Browse all 1811

ရှစ်လေးလုံးကာလ မုံရွာက ပုံရိပ်တခု

၈လပိုင်း ၁၉၈၈ ခုနှစ် …..
မုံရွာမြို့ တွင် ဆန္ဒပြ အဖွဲ့  ၂ဖွဲ့ ရှိသည်….
တစ်ခုက ပြည်သူ့ သမဂ္ဂ……
တစ်ခုက ပြည်သူ့ သံဃာ……..
နှစ်ခုပေါင်း အင်အားကအတော်များသည်….။

ပြည်သူ့ သမဂ္ဂ က .....
ဘုန်းတော်ကြီး ဦးသုမနက ခေါင်းဆောင်သည်……..
ဆုတောင်းပြည့် ဘုရားကြီးဝင်းအတွင်း ....
သပိတ်စခန်းဖွင့်ထားသည်….
ပြည့်သူသံဃာ က ....
အုန်းခြံရပ် အလက (၂) မှာ အခြေပြုသည်…..
ခေါင်းဆောင်များက…..ကိုသိန်းတန် နဲ့  ကိုဝင်းမြင့် ……
အဖွဲ့ နှစ်ခုက ....
ပထမတော့ အဆင်ပြေကြသည်…..
နောက်ပိုင်းတော့ မတည့်…..။

မတည့်ရသည့် အကြောင်းက ….
လှူဒါန်းသည့် ဆန် ၊ ဆီ ၊ဆား …
ရိက္ခာများ ခွဲဝေရာတွင် အဆင်မပြေ…..
နောက် အလှူငွေများ ဝေခြမ်းရေး ကိစ္စ……
............................
အစည်းအဝေး တစ်ခုတွင် …..
ထိုးကြိတ်သတ်ပုတ် လုံးထွေးကြပြီးနောက်……
ရန်သူများဖြစ်သွားကာ လမ်းတွေ့ ရင် …
တစ်ဖွဲ့ နဲ့ တစ်ဖွဲ့  လေးခွ ၊ ဂျင်ဂလိ များဖြင့် …..
ပစ်ခတ်သည့် အဆင့်သို့ ရောက်ရှိသွားတော့သည်….။

ပြသနာက …..
ပြည်သူ့ သမဂ္ဂ မှ ကျောင်းသား ၃ ဦး …..
တစ်ဖက်စခန်းသို့ ရုပ်ဖျက်သွားရောက်……
ချောင်းမြောင်း ထောက်လှမ်းစဉ် …..
ဖမ်းမိသည်ကစသည်…..
သူလျို ဟု စွပ်စွဲသည်……
အမျိုးမျိုး နှိပ်စက်ကြသည်…..
နောက်ဆုံး လွှစက်တွင် တင်ကာ ....
ခေါင်းဖြတ် သတ်မည်ဆိုပြီး ……
မြို့ မိ မြို့ ဖ များကို ....
လာရောက်ကြည့်ရန် ဖိတ်ခေါ်လိုက်သည်….
မြို့ မိ မြို့ ဖ ခြောက်ဦးလောက်က …..
မသတ်ရန် ဇွတ်တောင်းပန်သဖြင့် ….
အသက် ချမ်းသာရာရသွားသည်…..။

ထိုအဖြစ်ကို .....
ပြည်သူ့ သမဂ္ဂ အဖွဲ့ က လုံးဝမကျေနပ်……..
ဂလဲ့ စား ချေ မှရမည်…..
ထိုကြောင့် ကြိုတင်ပြင်ဆင်ကာ …..
အလက ၂ ရှိ ပြည်သူ့ သံဃာ သပိတ်စခန်းကို ……
သာလွန်အင်အားဖြင့် အလစ်အငိုက်တွင်…..
ဝင်ရောက် စီးနင်း တိုက်ခိုက်တော့သည်……။

ရဲစခန်းများမှ သိမ်းထားသော သေနတ်များဖြင့် …..
အပြန်အလှန် ပစ်ကြသည်….
ဓားများဖြင့် ၀င်ခုတ်သည်….
ဂျင်ဂလိ များဖြင့် ပစ်သည်…..
လူမသေသော်လည်း ....
နှစ်ဖက် ဒဏ်ရာများ အတော်ရသွားပြီး
အငိုက်မိသွားသော .....
ပြည်သူ့ သံဃာ အဖွဲ့  ထွက်ပြေးရတော့သည်……
ကိုသိန်းတန် ၊ ကိုဝင်းမြင့် နှင့် အဖွဲ့ သားတစ်ဦး ….
ကံဆိုးစွာဖြင့် ဖမ်းဆီးခံလိုက်ရသည်……။

ဒီမှာတင်……
ဆုတောင်းပြည့် ဘုရားဝင်းထဲက ….
လောကငရဲ စ တော့သည်……
သံချွန်များဖြင့် ထိုးဆွသည်….
အစာမကျွေး…..ရေမတိုက်…..
အသားကို ပါးပါးလှီးသည်….
လူမဆန်သောနည်းများဖြင့် အမျိုးစုံ နှိပ်စက်ကာ…..
နောက်ဆုံး ခေါင်းဖြတ် သတ်လိုက်ကြသည်….

အောင်ပွဲအဖြစ်…..
သွေးဆူနေသော လူအုပ်က….
ဦးခေါင်း သုံးလုံးကို လှံထိပ်တွင်စိုက်ကာ…
မုံရွာမြို့ တွင်း တစ်လမ်းဝင် တစ်လမ်းထွက်……
လှည့်လည် ပြသကြ လေတော့သည်…..။

( ၈၈ ရဲ့ သမိုင်းဖြစ်ရပ်တွေကို စုံ စေချင်တဲ့  ရဲမိုး )
  feeling sick.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>