Quantcast
Viewing all articles
Browse latest Browse all 1811

ခေတ်သစ်ယုန်နဲ့ လိပ်ပုံပြင်

Image may be NSFW.
Clik here to view.
ခေတ်သစ်ယုန်နဲ့ လိပ်ပုံပြင် ………….    “ အဘိုး ”  “ ဘာတုန်း မြေးရဲ့ ”  “ အဘိုးတုန်းက ဒီလောက်နှေးကွေးတဲ့ လိပ်ကို အပြေးပြိုင်တာ ဘာလို့ရှုံးတာလဲဟင် ”  အဘိုးဖြစ်တဲ့ ယုန်အိုကြီးက သူလိပ်နဲ့ ပြိုင်ခဲ့စဉ်က အကြောင်းကို မြေးဖြစ်သူ ယုန်လေးကို ပြောပြ နေပါတော့တယ်။  “ အေးကွဲ့ မြေးရဲ့။ အဘိုးရှုံးတယ်ဆိုတာ အဘိုးက အပျင်းထူပြီး အိပ်နေလိုက်လို့။ ပြီးတော့ တစ်ဖက်သူကို အထင်သေးလိုက်တာကြောင့်လည်း ပါတာပေါ့ကွယ် ”  “ အဲဒါဆို သားပြိုင်ရင်တော့ နိုင်မှာပေါ့ ”  “ အေးပေါ့မြေးရဲ့။ သားက တစ်ဘက်လူကိုလျော့မတွက်ပဲ ယှဉ်ပြိုင်လိုက်ရင် နိုင်မှာပေါ့။ လိပ်ဆိုတာ နှေးကွေးတဲ့ ကောင်လေကွာ ”  ဒီလိုနဲ့  ယုန်လေးက လိပ်ကလေးတွေရှိရာ သွားပြီး အပြေးပြိုင်ဖို့ စိန်ခေါ်ပါတော့တယ်။  လိပ်ထဲက လိပ်မျိုးဆက်တွေကလည်း သူတို့အဘိုးက နိုင်ခဲ့တော့ သိက္ခာကို ထိန်းသိမ်းဖို့ ပြိုင်ပွဲကို လက်ခံလိုက်ပါတယ်။  ပြိုင်ပွဲနေ့ကို နှစ်ဖက်သတ်မှတ်ကြ၊ လမ်းကြောင်းတွေ ရွေးချယ်အတည်ပြုကြပါတယ်။  ပြိုင်ပွဲနေ့မှာ ယုန်ဘက်ကရော လိပ်ဘက်ကရော ပြည့်လို့နေသတဲ့။  ဒီလိုနဲ့ စပြီး တာလွှတ်ပါတယ်။  လိပ်ရော ယုန်ပါ အားသွန်ခွန်စိုက် ပြေးပါတော့တယ်။  ဒီတစ်ခါတော့ ယုန်က မအိပ်မနေပဲ ပြေးတော့တယ်။ ကြည့်တဲ့ ပရိသတ်တွေကလည်း ထိပ်ရောက် နေတဲ့ ယုန်ကို အာရုံတွေ ရောက်သွားပါတော့တယ်။  ပန်းတိုင်ကို ရောက်ကာနီးအလိုမှာ ယုန်ကရပ်လိုက်တယ်။  “ ဘယ်ရမလဲ ဒီတစ်ခါတော့ နိုင်ပြီကွ။ တို့ယုန်သမိုင်းကို ပြန်ရေးနိုင်ပြီကွ ”  သူက ပန်းတိုင်ကိုကြည့်လိုက်တော့ ပန်းတိုင်မှာ တအိအိနဲ့ ပန်းဝင်နေတဲ့ လိပ်ကို တွေ့လိုက်ရပါတယ်။ သူ ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်။  လိပ်က ပန်းဝင်နေပြီလေ။  သူ ဘယ်လိုမှ စဉ်းစားမရတော့ပါဘူး။  သူမနားပဲ ပြေးခဲ့တာ လိပ်က ဘယ်အချိန်ကျော်သွားတာလဲ။ သူစိတ်ပျက်ပြီး ပြန်သွားရရှာပါတော့တယ်။  ဒီတစ်ပွဲမှာလည်း လိပ်က အနိုင်ရသွားပါတော့တယ်။  လိပ်တွေကတော့ ပျော်ပျော်တပြုံးပြုံးနဲ့ ရှိနေကြပါတယ်။  သူတို့အထဲမှာ တော့ တီးတိုးအသံတွေကို ကြားနေရတော့တယ်။  “ တော်သေးတာပေါ့ကွာ ပုံစံတူ နှစ်ကောင်ကို ရွေးလိုက်နိုင်လို့။  ဒီအတိုင်းပြိုင်လို့ကတော့ တို့မျိုးဆက် ကြမှာ အရှုံးပေးလိုက်ရတော့မှာ ”  “ ဟိုကောင်ကလည်း ရုပ်တည်ကြီးနဲ့ ပန်းတိုင်ကို ၀င်နေတာဗျာ ” …………..  လိပ်ကို ညစ်ပတ်သည်ဟုပြောကြမည်လား။  ဥာဏ်ကောင်းသည်ဟု ပြောကြမည်လား။  လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လောကမှာ အတိတ်ရဲ့ သင်ခန်းစာကြောင့် ဇွဲနဲ့ ပြေးလိုက်ကြတဲ့ ယုန်တွေ။  လမ်းကြောင်းမှန်ဆိုတဲ့ အရာတစ်ခုကို ကိုင်ဆွဲပြီး လုံ့လပြုခဲ့သော်လည်း….  နောက်ဆုံးတော့ နှေးကွေးလေးလံလှတဲ့ လိပ်ကပဲ ပန်းဝင်သွားပါတော့တယ် ခင်ဗျာ။  ၈-၈-၂၀၁၃။
ခေတ်သစ်ယုန်နဲ့ လိပ်ပုံပြင်
………….

“ အဘိုး ”
“ ဘာတုန်း မြေးရဲ့ ”
“ အဘိုးတုန်းက ဒီလောက်နှေးကွေးတဲ့ လိပ်ကို အပြေးပြိုင်တာ ဘာလို့ရှုံးတာလဲဟင် ”
အဘိုးဖြစ်တဲ့ ယုန်အိုကြီးက သူလိပ်နဲ့ ပြိုင်ခဲ့စဉ်က အကြောင်းကို မြေးဖြစ်သူ ယုန်လေးကို ပြောပြ နေပါတော့တယ်။
“ အေးကွဲ့ မြေးရဲ့။ အဘိုးရှုံးတယ်ဆိုတာ အဘိုးက အပျင်းထူပြီး အိပ်နေလိုက်လို့။ ပြီးတော့ တစ်ဖက်သူကို အထင်သေးလိုက်တာကြောင့်လည်း ပါတာပေါ့ကွယ် ”
“ အဲဒါဆို သားပြိုင်ရင်တော့ နိုင်မှာပေါ့ ”
“ အေးပေါ့မြေးရဲ့။ သားက တစ်ဘက်လူကိုလျော့မတွက်ပဲ ယှဉ်ပြိုင်လိုက်ရင် နိုင်မှာပေါ့။ လိပ်ဆိုတာ နှေးကွေးတဲ့ ကောင်လေကွာ ”
ဒီလိုနဲ့ ယုန်လေးက လိပ်ကလေးတွေရှိရာ သွားပြီး အပြေးပြိုင်ဖို့ စိန်ခေါ်ပါတော့တယ်။
လိပ်ထဲက လိပ်မျိုးဆက်တွေကလည်း သူတို့အဘိုးက နိုင်ခဲ့တော့ သိက္ခာကို ထိန်းသိမ်းဖို့ ပြိုင်ပွဲကို လက်ခံလိုက်ပါတယ်။ ပြိုင်ပွဲနေ့ကို နှစ်ဖက်သတ်မှတ်ကြ၊ လမ်းကြောင်းတွေ ရွေးချယ်အတည်ပြုကြပါတယ်။
ပြိုင်ပွဲနေ့မှာ ယုန်ဘက်ကရော လိပ်ဘက်ကရော ပြည့်လို့နေသတဲ့။
ဒီလိုနဲ့ စပြီး တာလွှတ်ပါတယ်။ လိပ်ရော ယုန်ပါ အားသွန်ခွန်စိုက် ပြေးပါတော့တယ်။
ဒီတစ်ခါတော့ ယုန်က မအိပ်မနေပဲ ပြေးတော့တယ်။ ကြည့်တဲ့ ပရိသတ်တွေကလည်း ထိပ်ရောက် နေတဲ့ ယုန်ကို အာရုံတွေ ရောက်သွားပါတော့တယ်။
ပန်းတိုင်ကို ရောက်ကာနီးအလိုမှာ ယုန်ကရပ်လိုက်တယ်။
“ ဘယ်ရမလဲ ဒီတစ်ခါတော့ နိုင်ပြီကွ။ တို့ယုန်သမိုင်းကို ပြန်ရေးနိုင်ပြီကွ ”
သူက ပန်းတိုင်ကိုကြည့်လိုက်တော့ ပန်းတိုင်မှာ တအိအိနဲ့ ပန်းဝင်နေတဲ့ လိပ်ကို တွေ့လိုက်ရပါတယ်။ သူ ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်။ လိပ်က ပန်းဝင်နေပြီလေ။
သူ ဘယ်လိုမှ စဉ်းစားမရတော့ပါဘူး။ သူမနားပဲ ပြေးခဲ့တာ လိပ်က ဘယ်အချိန်ကျော်သွားတာလဲ။ သူစိတ်ပျက်ပြီး ပြန်သွားရရှာပါတော့တယ်။
ဒီတစ်ပွဲမှာလည်း လိပ်က အနိုင်ရသွားပါတော့တယ်။
လိပ်တွေကတော့ ပျော်ပျော်တပြုံးပြုံးနဲ့ ရှိနေကြပါတယ်။ သူတို့အထဲမှာ တော့ တီးတိုးအသံတွေကို ကြားနေရတော့တယ်။
“ တော်သေးတာပေါ့ကွာ ပုံစံတူ နှစ်ကောင်ကို ရွေးလိုက်နိုင်လို့။ ဒီအတိုင်းပြိုင်လို့ကတော့ တို့မျိုးဆက် ကြမှာ အရှုံးပေးလိုက်ရတော့မှာ ”
“ ဟိုကောင်ကလည်း ရုပ်တည်ကြီးနဲ့ ပန်းတိုင်ကို ၀င်နေတာဗျာ ”
…………..
လိပ်ကို ညစ်ပတ်သည်ဟုပြောကြမည်လား။ ဥာဏ်ကောင်းသည်ဟု ပြောကြမည်လား။
လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လောကမှာ အတိတ်ရဲ့ သင်ခန်းစာကြောင့် ဇွဲနဲ့ ပြေးလိုက်ကြတဲ့ ယုန်တွေ။ လမ်းကြောင်းမှန်ဆိုတဲ့ အရာတစ်ခုကို ကိုင်ဆွဲပြီး လုံ့လပြုခဲ့သော်လည်း….
နောက်ဆုံးတော့ နှေးကွေးလေးလံလှတဲ့ လိပ်ကပဲ ပန်းဝင်သွားပါတော့တယ် ခင်ဗျာ။


မောင်ပိုင် 
၈-၈-၂၀၁၃။ — with Thanda Win and 21 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>