Quantcast
Viewing all articles
Browse latest Browse all 1811

မခွပ်၊ မကိုက်၊ မဖိုက်ကြပါနှင့်


မြန်မာသံတော်ဆင့်ဂျာနယ် (အတွဲ ၂ အမှတ် ၂၂)၊
ဗဦးမော် ရေးသားတဲ့ သံတော်ဆင့်ဖတ်စာထဲက စာသားတွေကြိုက်လို့
ပြန်လည် ဝေငှပါရစေ။

ဗိုလ်ချုပ်နှင့် ဦးစော
ခွဲလို့ မရသလို
ခွပ်ဒေါင်းတို့၏ သမိုင်း
ဦးနေ၀င်း မပါမဖြစ်ပါတကား။
ရှစ်လေးလုံး နှစ်ပတ်လည်
သူ့ဓာတ်ပုံ သူ့စကားများ
ပလူပျံလို့ နေလေ၏။


သူ့ခမျာ
တစ်ဘ၀တည်း
အခါခါ သေရရှာသည် မဟုတ်ပါလား။
ကမ္ဘာတည်သရွေ့လည်း
ဘယ်သောအခါမှ ရှင်မည်ဟုတ်ပါ။
“ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
တည့်တည့် ပစ်တယ်”
အာဏာရူး၏ အဲဒီထိုစကား
တပ်နှင့်ပြည်သူ
သွေးကွဲစေခဲ့သည် မဟုတ်ပါလား။
အတိတ်ဆိုးမှ ကင်းရေး လွတ်ရေး
ခွပ်ဒေါင်းများလည်း ၀န်ထမ်းကြပါဦး။
သံတော်ဆင့်ဆိုလိုက်ရပါ၏။
“ ဒီမိုကရေစီ ” စကားလုံး
လွယ်လွယ်ပေါပေါ
လူတိုင်း သုံးနေကြသည်။
ခုန်ကူး သာကူး
ဗြောင်ကူး ခိုးကူးများဖြင့်
ညီအစ်ကို မသိတသိဖြစ်၍လည်း နေ၏။
“ ပြည်သူချစ်သော တပ်မတော် ”
ပြန်ဖြစ် ပြန်ချစ်ဖို့အရေး
ခွပ်ဒေါင်းများလည်း တာဝန်ရှိသည်။
တပ်မတော်ဆိုတာ
ခွပ်ဒေါင်းကပဲ မွေးဖွားလာတာ
မမေ့လိုက်ပါနဲ့။
ပြည်သူ ကျောင်းသား တပ်မတော်
တစ်သားတည်းပဲ ဖြစ်ရမှာပေါ့။
သွားလေသူ အာဏာရူး၏
သွေးခွဲစကား
အာဏာရှင်ခေတ်ထဲမှာပဲ
ထားရစ်ခဲ့ကြပါတော့။

ကျွန်တော်နှစ်သက်မိတဲ့ အပိုဒ်တွေပါ။
စစ်ခွေးလို့ ဟောင်သူတွေ၊ ဒီမိုခွေးလို့ဟောင်သူတွေ
အချင်းချင်းကိုက်မနေကြပါနဲ့တော့
အိမ်ကြက်ချင်းလည်း ခွပ်မနေကြပါနဲ့တော့
ကိုယ်ဆောက်တဲ့ ကြိုးဝိုင်းထဲမှာ
ကိုယ့် ညီအစ်ကိုတွေပဲ
ဘတစ်ပြန်ကျားတစ်ပြန်
ထိုးမနေကြပါနဲ့တော့။
တိုင်းပြည်ကြီးလည်း ကိုက်ရာတွေ
ခွပ်ရာတွေ၊ ထိုးကျိတ်အရာတွေနဲ့
ဖူးဖူးရောင်နေပါပြီ။
ညီညွတ်လက်တွဲပေါင်းစည်းဆေးတွေနဲ
ကုစားကြပါတော့လို့
ကျွန်တော်က ထပ်ဆင့် ဆိုလိုက်ချင်ပါတော့တယ်။— 

မျှဝေသူ  ...... မောင်ပိုင် 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>