Quantcast
Viewing all articles
Browse latest Browse all 1811

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အသုံးပြုရေး



~~~~~ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်~~~~~

လေးနှစ်အတွင်း အပြီးတည်ဆောက်မည့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပုံစံငယ်ကို တွေ့ရစဉ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။
Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား မြန်မာနိုင်ငံ၏ အဓိကမြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို အခြေခံ ရေးဆွဲထားကာ မေခ-မလိခ မြစ်နှစ်သွယ် ပေါင်းစည်းလာပြီး ဧရာဝတီမြစ်ကြီး ဖြစ်တည်လာသည့် ပုံစံအား အမှီပြု၍ လေယာဉ်ကွင်း ပုံစံငယ်ကို ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးချိန်ဖြစ်သည့် ၂၀၁၃ ဒီဇင်ဘာလမှစ၍ ၂၀၁၇ ဒီဇင်ဘာလတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၀င်ထွက်နေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများကို ဟံသာဝတီ လေဆိပ်သစ်ကြီးသို့ ပြောင်းရွှေ့သွားမည် ဖြစ်သည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်...

''လက်ရှိ ပင်မ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ၀င်ထွက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးတဲ့အခါမှာ ပင်မ၀င်ပေါက်အဖြစ် ပြောင်းရွှေ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။
ဒုတိယအဆင့် အနေဖြင့် ခရီးသည် သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။ ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်လှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။
ကိုရီးယားနိုင်ငံမှ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ် အမျိုးအစားများတွင် အကြီးဆုံး ဖြစ်သည့် Airbus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ လေယာဉ်ဆိုက်ကပ် တံတား ၁၂ ခု၊ ခရီးသည်တင် လေယာဉ် ၃၇ စင်း၊ ကုန်တင်လေယာဉ် ရှစ်စင်းနှင့် ပြုပြင်ရေး လေယာဉ် ၁၅ စင်း စုစုပေါင်း လေယာဉ်စင်းရေ ၆၀ ရပ်နားနိုင်မည်ဟု သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးအတွက် နိုင်ငံအသီးသီး၊ ဒေသအသီးသီးသို့ ပြောင်းလဲစီးနင်းနိုင်မည့် လေဆိပ်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Credit - Eleven Media Group.

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>