Quantcast
Viewing all articles
Browse latest Browse all 1811

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း

August 16, 2013 at 9:09pm
မြန်မာနိုင်ငံမှာ လှုပ်ရှားဆောင်ရွက်နေကြတဲ့ ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ စနစ်တစ်ကျ ပေါ်ပေါက်လှုပ်ရှား ဆောင်ရွက်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကို လွှတ်တော်ကနေ ပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ အကြောင်းလေးကို ခုတလောမှာ အတော်လေးကို စိတ်ဝင်စားနေမိပါတယ်။ ဒီဥပဒေ ပြဌာန်မယ့် ရည်ရွယ်ချက်ကတော့


အခန်း (၂) အပိုဒ် (၃) (ဃ)မှာ  ဖော်ပြထားတဲ့

အသင်းအဖွဲ့များသည် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်စေရန် 

ဖြစ်တာမို့ ဒီအသင်းအဖွဲ့တွေဟာ နိုင်ငံအတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီးကို စပ်ဆိုင်နေတယ်ဆိုတာကို ကောက်ချက်ချမိပါတယ်။ တကယ်လဲပဲ အများကြီး အထောက်အကူ ရနေတာပါ။

အခန်း (၃) ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အပိုဒ် (၅) (စ)မှာ ဖော်ပြထားတဲ့

ဖွဲ့စည်းခွင့် လက်မှတ်သို့မဟုတ် မှတ်ပုံတင် လက်မှတ်ရရှိသည့် အသင်းအဖွဲ့များသည် ယင်းတို့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တွင် ပါဝင်သည့် အများပြည်သူဆိုင်ရာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ရှိစေမည့် ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ မီသားစု ဝင်ငွေတိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သောက်သုံးရေ ရရှိရေး၊ အာဟာရ ဖွံ့ဖြိုးရေး၊ သက်ကြီးရွယ်အိုနှင့် ခိုကိုးရာမဲ့ ကလေးသူငယ်များအား စောင့်ရှောက်ရေး၊ စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိမ်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရယ် လျှော့ချရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသိပညာ ဗဟုသုတများ ပျံနှံရေး၊ လူနေမှုဘဝ တိုးတက်မြင့်မားစေရေး၊ နာရေးကူညီမှုများ ဆောင်ရွက်ပေးရေး၊ အခြားလူမှုရေးလုပ်ငန်း ဆောင်ရွက်မှုများ စသည်တို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လုပ်ငန်းများ လွယ်ကူချေမွေ့စေရန် လမ်းညွှန်ပေးခြင်း။ 

ဆိုတာမို့ ဒီဥပဒေဟာ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးတွေ၊ ပြည်တွင်းက Professional Society တွေဖြစ်ကြတဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ကြက်ခြေနီအသင်း စတာတွေ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းတို့လို့ ပြည်တွင်း အဖွဲ့အစည်းကြီးတွေတင် မကတော့ပဲနဲ့ နာဂစ်လို သဘာဝဘေးမှာ ဆန်စုလှူကြတဲံ အဖွဲ့လိုမျိုး၊ ဘိုဘွားတွေကို ကူညီလှူဒါန်းနေသူတွေ၊ ဝေလံခေါင်သီတဲ့ ဒေသတွေက ကလေးတွေအတွက် ကျောင်းဆောက်၊ စာအုပ်စာတမ်း လှူကြတဲ့သူတွေ၊ မိဘမဲ့ကလေးတွေ လှူကြတဲ့သူတွေ အကုန်လုံးသော အသင်းအဖွဲ့၊ အစုအဖွဲ့၊ လူငယ်အဖွဲ့လေးတွေ အကုန်လုံးကို အကျူံးဝင်တယ်လို့ ဆိုလိုထားပါတယ်။

အခန်း (၃) ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အပိုဒ် (၅) (ဆ)

ဤဥပဒေနှင့်အညီ ဖွဲ့စည်းခွင့် လက်မှတ်သို့မဟုတ် မှတ်ပုံတင် လက်မှတ်မရှိပဲ ရပ်တည်လှုပ်ရှား ဆောင်ရွက်သည့် အသင်းအဖွဲ့များအား ဥပဒေနှင့်အညီ အရေးယူခြင်း။ 

အခန်း (၈) တားမြစ်ချက် 

(၁၄) မည်သည့် အသင်းအဖွဲ့ တစ်ခုခု၏ ဥက္ကဌ၊ အတွင်းရေးမှုး သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ်မျှ ဖွဲ့စည်းခွင့် လတ်မှတ်မရှိပဲ အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းခြင်း သို့မဟုတ် အသင်းအဖွဲ့အဖြစ် ရပ်တည်လှုပ်ရှား ဆောင်ရွက်ခြင်း မပြုရ။

(၁၅) (၁၇) မည်သည့် ဖွဲ့စည်းခွင့် လတ်မှတ်မရှိသည့် / မှတ်ပုံတင် လတ်မှတ်မရှိသည့် အသင်းအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှား ဆောင်ရွက်ခြင်း မပြုရ။

အခန်း (၉) ပြစ်မှုနှင့် ပြစ်ဒဏ်

(၁၈) မည်သည့် အသင်းအဖွဲ့ တစ်ခုခု၏ ဥက္ကဌ၊ အတွင်းရေးမှုး သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ်မဆို ပုဒ်မ (၁၄) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံရမည်။

(၁၉) (၂၁)မည်သူမဆို ပုဒ်မ (၁၅) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံရမည်။

(၂၂) မည်သူမဆို ဤဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပြီးနောက် ထိုပြစ်မှုကို ဆက်လက်ကျူးလွန်လျှင် ထိုသူကို ကျူးလွန်သည့် နေ့ရက်အသီးသီးအတွက် ထိုပြစ်မှုတွင် ပြဌာန်းထားသော အများဆုံးချမှတ်နိုင်သည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ချမှတ်ရမည်။ 

တိကျတဲ့ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် လမ်းညွှန်ချက် ထုတ်ပြန်ထားမှု မရှိခြင်း၊ ခွင့်ပြုချက်အတွက် လုပ်ငန်းဆောင်ရွက်ချိန် တိတိကျကျ မထုတ်ပြန်ထားနိုင်ခြင်း

အခုလက်ရှိအချိန်အထိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ ပက်သက်ပြီးတော့ ဝေဖန်ကြတဲ့အထဲမှာ အသင်းအဖွဲ့တွေကို မှတ်ပုံတင်တဲ့နေရာမှာ သက်ဆိုင်ရာ မြို့တယ်၊ တိုင်းဒေသကြီး / ပြည်နယ်၊ နိုင်ငံတော် အဆင့်အထိ အဆင့်ဆင့် လုပ်ဆောင်ရတဲ့အတွက် အခက်အခဲတွေ အများကြီးတွေ့ရတယ်၊ ခွင့်ပြုချက် ဖွဲ့စည်းခွင့် လက်မှတ် ရယူနိုင်ဖို့ အချိန်အတိအကျ မသိရပဲ အတော်ကြာကြာ စောင့်ဆိုင်းရတယ် ဆိုတာတွေပါပဲ။

နာဂစ်လိုမျိုး သဘာဝဘေးအန္တရယ် ကျရောက်လာလို့ ချက်ချင်းလက်ငင်း အရေးပေါ် ကူညီလှူဒါန်းချင်လို့ အသင်းအဖွဲ့တွေ စုစည်းဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အလျင်မအောင် ဆောင်ရွက်ခွင့်ပြုချက် ပေးနိုင်တဲ့ အရည်အချင်းကော ရှိသေးရဲ့လား ဆိုတာတွေကလဲ မေးစရာ ဖြစ်လာပါတယ်။

မှတ်ပုံတင်ကြေးနှင့် မှတ်ပုံတင်ခြင်းအတွက် အကျိုးခံစားခွင့်

အသင်းအဖွဲ့တစ်ခုရဲ့ မှတ်ပုံတင် သက်တမ်းက ၅ နှစ်ဖြစ်ပြီးတော့ အဆိုပါကာလ အကန့်အသတ်အတွက် မှတ်ပုံတင်ကြေးမှာ ၅ သိန်းကျပ် ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေလို၊ ပြည်တွင်း အသင်းအဖွဲ့ကြီးတွေလို အသင်းအဖွဲ့တွေအတွက် ဒီမှတ်ပုံတင်ကြေးဟာ မများလှပေမယ့် မြောက်များလှစွာသော အစုအဖွဲ့ အသင်းအဖွဲ့လေးတွေအတွက်ကတော့ ဒီလောက်ငွေပမာဏဟာ များပြားလွန်းတယ် ထင်မိပါတယ်။

အဆိုပါ အသင်းအဖွဲ့ကြီးတွေအတွက် မှတ်ပုံတင်ပြီး တရားဝင်ဝင်ရောက် လုပ်ကိုင်တာတွေကနေ အကျိုးကျေးဇူးတွေ ရရှိနိုင်ပေမယ့် ရှိသလောက် အားအင်နဲ့ စုစည်းလုပ်ကိုင်ကြတဲ့ အဖွဲ့ငယ်လေးတွေကတော့ ဒီမှတ်ပုံတင်လိုက်တဲ့အတွက် ဘာအကျိုးကျေးဇူးမှ မယ်မယ်ရရ ရလာစရာ မရှိဘူး ထင်မိပါတယ်။

တာဝန်နဲ့ အချိန်ပေးနိုင်မှု

မှတ်ပုံတင်ဖို့ မှတ်ပုံတင်ကြေး ၅ သိန်းပေးခြေဖို့ အဆင်ပြေခဲ့ရင်တောင် အသင်းအဖွဲ့တစ်ခုဟာ ဥက္ကဌ၊ အတွင်းရေးမှု၊ ဘဏ္ဍာရေးမှုး၊ အဖွဲ့ဝင် စတာတွေနဲ့ စည်းမျဉ်းဖွဲ့စည်းပုံတွေ လိုအပ်လာမှာပါ။ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်လာနေတာ ဖြစ်မှာမို့ ငွေစာရင်း၊ စာရင်းစစ် စတာတွေလဲ လိုအပ်လာဖို့ ရှိပါသေးတယ်။

မြန်မာနိုင်ငံက အတော်များများသော လူမှုရေး အသင်းအဖွဲ့တွေဟာ ကိုယ်ပိုင်အလုပ်ကနေ အားလပ်တဲ့အချိန်မှာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြတာ ဖြစ်ကြတာမို့ ဒီလို အမြဲတမ်း တာဝန်ယူကြရမှုတွေမှာ အခက်အခဲတွေ အနည်းနဲ့အများ ကြုံတွေ့ ခက်ခဲလာနိုင်ဖွယ် ရှိနေပါတယ်။

ဥပဒေ ရှိသင့် / မရှိသင့်

နိုင်ငံတကာမှာလဲ အခုလို အသင်းအဖွဲ့တွေအတွက် သက်ဆိုင်ရာ နည်းဥပဒေတွေ ရှိနေကြတာပါပဲ။ ရှိလဲရှိသင့်ပါတယ်။ ပြည်ပကနေ လာရောက်ကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပြည်တွင်းက အဖွဲ့အစည်းတွေအတွက် ငွေကြေးဆိုင်ရာ စာရင်းအင်းတွေ အချိန်မရွေး ကိုင်တွယ်စီစစ်နိုင်အောင်၊ အကူအညီတွေရဲ့ နောက်ကွယ်ကနေ ပါလာနိုင်တဲ့ နှောင်ကြိုးတွေကို စီစစ်ဖယ်ရှားတာတွေ လုပ်နိုင်ဖို့အတွက် ဥပဒေနဲ့ စီစစ်ဆောင်ရွက်တာ ကောင်းမွန်ပါတယ်။

ဘယ်လိုပဲ သေးငယ်တဲ့ အဖွဲ့အစည်းဖြစ်ပါစေ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ပါလာနိုင်တဲ့အတွက် မှတ်ပုံတင်ထားတာက ကောင်းမွန်တဲ့ စီစစ်မှုတစ်ခု ဖြစ်နိုင်တာမို့ ကြိုဆိုရမယ့် ကိစ္စရပ် ဖြစ်ပါတယ်။

ဆင်ချည်ကြိုးနဲ့ ဆိတ်ချည်သလို မဖြစ်သင့်

ဒါပေမယ့်လဲ နိုင်ငံတကာ INGO ကြီးတွေနဲ့ ကျေးလက်ဒေသက ဆင်းဆင်းရဲရဲ ဖြစ်ဖြစ်ကုတ်ကုတ်နဲ့ မဖြစ်ဖြစ်အောင် လုပ်နေကြရတဲ့ အသင်းအဖွဲ့ငယ်လေးတွေနဲ့ တစ်တန်းတည်းထားပြီးတော့ စီစစ်ဥပဒေပြုတယ် ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ ပြီးပြည့်စုံတဲ့ ဥပဒေ ဖြစ်မလာနိုင်ပါဘူး။

နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေအတွက် မပြည့်စုံမလုံလောက်တဲ့ ဥပဒေ ဖြစ်ကောင်းဖြစ်နေပေမယ့် ပြည်တွင်းက အဖွဲ့ငယ်လေးတွေ အတွက်ကတော့ မသင့်လျှော်ဘူးလို့ မြင်မိပါတယ်။ ဥပဒေ ပြူသူတွေအနေနဲ့ အာနည်းချက် အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး လက်တွေ့အခြေအနေနဲ့ အနီးစပ်ဆုံး အဆင်ပြေမယ့် ဖြေရှင်းနည်းကို ရှာဖွေသင့်လှပါတယ်။

တခြားနိုင်ငံတွေထက် လူမှုအသင်းအဖွဲ့တွေကို ပိုလိုအပ်တဲ့ နိုင်ငံ

မြန်မာပြည်ဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သက်ကြီးရွယ်အို၊ မိဘမဲ့ကလေးနဲ့ မသန်စွမ်းတွေကို စောင့်ရှောက်ပြုစု ကူညီပေးတဲ့နေရာမှာ အဓိကအနေနဲ့ ဒီလူမှုရေး အသင်းအဖွဲ့ ငယ်လေးတွေကနေ ဆောင်ရွက်ဖြည့်စည်းပေးနေတာ ဖြစ်ပါတယ်။ မှတ်ပုံတင်ကြေး ၅ သိန်းကျပ်နဲ့ လုပ်နိုင်တာတွေ အများကြီး ရှိနေပါတယ်။

ခပ်ရိုင်းရိုင်းပြောရရင် နိုင်ငံတော် အစိုးရက မလုပ်ပေးနိုင်လို့ (အသုံးမကျလို့) ဒီ လူမှု ပရဟိတ အလုပ်တွေကို ဒီအဖွဲ့တွေက အစားထိုး ဝင်ရောက်လုပ်ကိုင် ပေးနေရတာပါ။ ဒါကြောင့် ပြီးပြည့်စုံခြင်း မရှိတဲ့ ဥပဒေ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် လက်ရှိအခြေအနေနဲ့ မကိုက်ညီတဲ့၊ မသင့်လျှော်သေးတဲ့ ဥပဒေထုတ်ပြန်တာကို ပြန်လည်ဖြည့်စွက် ပြင်ဆင်တာတွေ လုပ်ကိုလုပ်သင့်ပါတယ်။

ဖြစ်လာနိုင်တာတွေနဲ့ လုပ်ဆောင်ရမှာတွေ

၈၀ ရာခိုင်နှုန်းလောက်သော အဖွဲ့အစည်းတွေဟာ ဒီဥပဒေကို အသက်သွင်းလိုက်တာနဲ့ ရပ်တန့်သွားနိုင်ပါတယ်။ ရသလောက် ဆက်လုပ်မယ် ဆိုတဲ့အဖွဲ့တွေလဲ ရှိလာနိုင်ပြီးတော့ အရေးယူတာကနေ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ကာ ဥပဒေပြဌာန်း အသက်ဝင်စေတော့မယ် ဆိုရင် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့လေးတွေကို လေ့လာစာရင်းပြုပြီး စေ့စပ်ညှိနှိုင်းပေးမယ့် အဖွဲ့လိုမျိုးတွေ ရှိသင့်သလို၊ ပညာပေးကာလ တစ်ခုလဲ ထားရှိခြင်းဟာ အညင်သာဆုံးသော ပြောင်းလဲမှု ဖြစ်ပါလိမ့်မယ်။

ပဲလှော်ကြား ဆားညပ်ခြင်း

မြန်မာပြည်မှာ ဒီလိုဥပဒေမျိုး ပေါ်ပေါက်လာရတာဟာ လူမှုရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် (နိုင်ငံရေးဆိုရင်လဲ နိုင်ငံရေးသက်သက် မလုပ်ကိုင်ပဲ လူမှုရေးအမည်ခံ) အဖွဲ့အစည်း အသင်းအပင်းတွေ ရှိနေခြင်းကလဲ အကြောင်းအရင်းတစ်ရပ် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

ဒီလို အဖွဲ့အစည်းတွေ အနေနဲ့လဲ မိမိလုပ်ရပ်ကြောင့် အခြားအခြားသော မြောက်များစွာသော ရည်ရွယ်ချက်ကောင်း အကျိုးကျေးဇူး ပြုနေကြတဲ့ အဖွဲ့အစည်း အသင်းအဖွဲ့တွေကို ထိခိုက်နိုင်တယ်ဆိုတာကို သတိကြီးကြီး ထားစေချင်ပါတယ်။

အခုလက်ရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းသည်

  • မန်မာနိုင်ငံအတွက် အမှန်တကယ် လိုအပ်နေတဲ့ ဥပဒေ ဖြစ်သော်လည်း ပြင်ပလက်တွေအခြေအနေနဲ့ လိုက်ဖက်ကိုက်ညီမှု အားနည်းနေတဲ့ ဥပဒေကြမ်းလို့ သုံးသပ်မိပါတယ်။ INGO ကြီးတွေနဲ့ အသင်းအဖွဲ့ငယ်လေးတွေရဲ့ ခြားနားချက်ကို လေ့လာဖော်ထုတ်ပြီး အားလုံးအတွက် ကိုက်ညီမယ့် ဥပဒေဖြစ်အောင် ပြန်လည်စီစစ်သင့်ပါတယ်။
  • ဥပဒေ ချမှတ်ပြဌာန်းရာတွင်လဲ ပြည်သူများ သက်ဆိုင်ရာ အသင်းဖွဲ့များ သေသေချာချာ နားလည်သဘောပေါက် လက်ခံလာဖို့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့လိုမျိုး ထားရှိဆောင်ရွက်ခြင်းဟာ အညင်သာဆုံးသော အပြောင်းအလဲ ဖြစ်နိုင်ပါမယ်။
  • အသင်းအဖွဲ့ ဖွဲ့စည်းပုံ ကြီးမားတာ၊ သေးငယ်တာကို မူတည်ပြီးတော့ မှတ်ပုံတင်ကြေးကို အမျိုးအစားခွဲ ပြောင်းလဲကောက်ခံသင့်ပါတယ်။
  • မှတ်ပုံတင် လျှောက်ထားရာတွင်လဲ တိကျသော လုပ်ငန်းလုပ်ဆောင်ပုံ အဆင့်ဆင့်နှင့် စောင့်ဆိုင်းရမယ့် အချိန်ကိုလဲ တိတိကျကျ ပြဌာန်းပေးထားသင့်တယ် ထင်မိပါကြောင်းပါ။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်း

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>