by Thanda Win (Notes) on Saturday, March 30, 2013 at 2:11pm
- လူသတ်အကြမ်းဖက်မှုများသည် ၆လခန့်ဆူပူအုံကြွနေသော မြန်မာနိုင်ငံတွင် အရေးပါသောမြို့ကြီးများအနီးသို့ ချည်းကပ်လာလျက်ရှိပြီး မူဆလင်အများစုနေထိုင်သော နိုင်ငံများကလည်း သတိထားစောင့်ကြည့်လျက်ရှိသည်။
- အစိုးရသည် အရေးပေါ်ကြေငြာချက်ထုတ်ရန် ကြောက်ဒူးတုန်နေခြင်း နှင့် စစ်တပ်ကို ခေါ်ယူခြင်းအပါအ၀င် လူ့အခွင့်အရေးလှုပ်ရှားသူများဧ။် ပြင်းထန်သောမေးခွန်းများကို ရင်ဆိုင်ရလျက်ရှိသည်။
- သေဆုံးမှုများ၊ ဒဏ်ရာရမှုများနှင့် ဖျက်ဆီးမှုများသည် သမ္မတဦးသိန်းစိန် အစိုးရကို ခြိမ်းခြောက်နေသည့်အပြင် ၎င်းတို့ကြိုးပမ်းနေသော ထိရှလွယ်သည့် မြန်မာနိုင်ငံဧ။် စစ်အာဏာရှင်စနစ်မှ လွတ်လပ်သောနိုင်ငံအဖြစ်သို့ အသွင်ပြောင်းလဲမှုကိုပါ ထိခိုက်စေနိုင်သည်။
- ဒီမိုကရေစီတွင် လွတ်လပ်စွာပြောဆိုခွင့် ရှိရမည်။ သို့သော် ထိုလွတ်လပ်စွာပြောဆိုခွင့်သည် မြန်မာနိုင်ငံကို အန္တရာယ်တောတွင် စွန့်စားစေလျက်ရှိသည်။ အစွန်းရောက်များ၊ အထူးသဖြင့် မူဆလင်ဆန့်ကျင်ရေး အမာခံများသည် လူ့အဖွဲ့အစည်းဧ။် အသံကို လွှမ်းမိုးချုပ်ကိုင်ထားသည်။ အစိုးရနှင့် ယဉ်ကျေးသော အရပ်ဖက်လူ့အဖွဲ့အစည်းမှ အချိန်မှီ မတုန့်ပြန်လျှင် မြန်မာနိုင်ငံသည် မဆုံးတမ်းအကြမ်းဖက်မှုများနှင့် မမျှော်မှန်းနိုင်သော ဖျက်ဆီးမှုများကို ရင်ဆိုင်ရလိမ့်မည်။
- အထိန်းအကွပ်မရှိ တိုက်ခိုက်ပြောဆိုနေခြင်းများကို ဖြေရှင်းရန်မှာ ပိုမိုလွတ်လပ်စွာပြောဆိုခွင့်ပြုခြင်းဖြစ်သော်လည်း အာဏာရှင်စနစ်မှ ရုန်းထွက်ကာစ မြန်မာနိုင်ငံတွင်မူ အလုပ်ဖြစ်မည့်ပုံ မပေါ်ချေ။
- အရေးအကြီးဆုံးသော ပြသနာမှာ အစိုးရ၊ အတိုက်အခံနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းတို့သည် ရှက်စရာကောင်းလောက်အောင် အစွန်းရောက်တို့နှင့် ရင်မဆိုင်ရဲခြင်းဖြစ်သည်။
- ဦးသိန်းစိန်က ပြောကြားရာတွင် ခေတ်နှင့်မလျော်ညီသော ပြုပြင်ပြောင်းလဲမှုများဟု ဆိုခဲ့သော်လည်း ဗုဒ္ဓဘာသာဝင်များ ကျုးလွန်လျက်ရှိသည့် လူသတ်မှုများ၊ မျိုးတုန်းသတ်ဖြတ်မှုများကို ရှူံ့ချရန်ငြင်းဆိုခဲ့သည်။
- နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် လူနည်းစုကို ကာကွယ်သည့် ဥပဒေအသစ်များပြဌာန်းရန် ဆော်သြခဲ့သော်လည်း သတ်ဖြတ်မှုများ၊ မီးရှို့မှုများကို ပြင်းထန်စွာဝေဖန်ခြင်း မရှိခဲ့ချေ။
- တချိန်က အတိုက်အခံများကို ထောင်ချခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကြောက်ရွံ့စေခြင်းတို့ကို ပြုလုပ်ခဲ့သောစစ်တပ်သည် ထိုအလုပ်ကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။ ယခုအချိန်အထိ သမ္မတညွှန်ကြားမှုအရသာ ၀င်ရောက်ဆောင်ရွက်နေပြီး ငြိမ်သက်လျက်ရှိသည်။
- သို့ဖြစ်၍ ဆူပူအကြမ်းဖက်သူနှင့် အစွန်းရောက်များသာ ပြောရေးဆိုခွင့်ရှိသလိုဖြစ်နေပြီး လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချနေကြသည်။ ၎င်းတို့ကို ပြင်းပြင်းထန်ထန် အတိုက်အခံလုပ်မည့်သူလည်းမရှိချေ။
- အခြားသောပြသနာမှာ အင်တာနက်ပေါ်တွင်ပင် အစွန်းရောက်များကို လွတ်လပ်စွာပြောဆိုတုန့်ပြန်နိုင်မှု မရှိခြင်းပင်။
- ဝေါစထရိဂျာနယ် သတင်းထောက် ဂျိမ်းဟွန်ဝေးက အကြမ်းဖက်မှုလိုလားသော၊ ဆိုးဆိုးရွားရွား ဆူပူနေသော ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုအဖွဲ့ဧ။် အင်တာနက်ပေါ်တွင် လွှမ်းမိုးနေသော သတင်းများကို ဓါတ်ပုံရိုက်ယူခဲ့သည်။
- သို့သော် ၉၆၉ အဖွဲ့လွှမ်းမိုးနေသော အင်တာနက်ပေါ်တွင် အမှန်တရားက လွှမ်းမိုးနိုင်စွမ်းမရှိ။
- မြန်မာတို့ဧ။် လူမျိုးခြားများကို မုန်းတီးမှုနှင့် ကြောက်ရွံ့မှုတို့ကို အစွန်းရောက်တို့ဧ။် အသံက ထိန်းချုပ်ထားခြင်းမဟုတ်သော်လည်း ၎င်းတို့သည် ဆက်သွယ်ရေးနည်းစနစ်များ အားနည်းခြင်းကြောင့် ပိုမိုမီးတောက်စေသည်။
- မြန်မာနိုင်ငံဧ။် ဆက်သွယ်ရေးနည်းလမ်းများကို ကောင်းမွန်သေချာစွာ အတွင်းကျကျလေ့လာဆန်းစစ်ချက်တွင် တွေ့ရှိရသည်မှာ အထိန်းအကွပ်မဲ့ စော်ကားပြောဆိုမှုများကို တုန့်ပြန်ရန် နည်းလမ်းမရှိခြင်းပင်။
- သတင်းစာနှင့် မဂ္ဂဇင်းများသည် ယုံကြည်ရခြင်းမရှိ။ ရုပ်မြင်နှင့် ရေဒီယိုသည် ပြည်သူ့အသံကို ကိုယ်စားမပြု။
- ခေတ်မီနည်းပညာနှင့် ဆက်သွယ်ရေးစနစ်များတွင်လည်း ပြည်သူ့အသံကို မကြားရ။
- သန်း ၆၀ တွင် လူ ၃ သန်း၌ မိုဘိုင်းဖုန်းရှိကြသည်။ လူ ၄ သန်းသည် လုံးဝ အင်တာနက် မသုံးနိုင်။ တိုင်းပြည်ဧ။် ၁ % သည်သာ အင်တာနက်သုံးနိုင်သည်။ မိုဘိုင်းတယ်လီဖုန်းဌာန ၃ ခုလုံးကို အစိုးရကသာ ချုပ်ကိုင်ထားသည်။
- အတိုချုပ်ဆိုရလျှင် အစွန်းရောက်များသာ အသံထွက်နိုင်သည်။ အာဏာရှင်ဆန်ဆန် ဆရာတော်ဦးဝီရသူကဲ့သို့ ၉၆၉ ဘုန်းကြီးများကို အတိုက်အခံလုပ်မည့်သူမရှိ။ အစိုးရ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် အင်တာနက်အပါအ၀င် မီဒီယာများက မဆန့်ကျင်။
- ရလာဒ်အနေဖြင့် ယခုအချိန်သည် မြန်မာနိုင်ငံဧ။် လွတ်လပ်စွာပြောဆိုခွင့်ကို မြူဆိုင်းအုံ့မှိုင်းနေချိန်ဖြစ်သည်။ အစိုးရနှင့် ပြည်သူတို့သည် အစွန်းရောက်တို့အား စိတ်တိုင်းကျဆက်ပြောခွင့် ပြုခြင်းဖြင့် ရုန်းရင်းဆန်ခတ် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေရန် ဆက်လက်ခွင့်ပြုမည်၊ မပြုမည်ကို ဆုံးဖြတ်ရတော့မည်။
- အင်တာနက်မီဒီယာသည် ပြည်သူ့အသံကို ကိုယ်စားမပြုနိုင်မချင်း အစိုးရသည် ယခင်က အသုံးပြုခဲ့သော ထောင်ချခြင်းနည်းလမ်းကိုသာ အစွန်းရောက်တို့အတွက် အသုံးပြုရနိုင်သည်။ ထိုအချက်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ထိခိုက်နိုင်သော်လည်း လူနည်းစုဖြစ်သော မူဆလင်များအား သတ်ဖြတ်တိုက်ခိုက်ခြင်းကိုမူ ဟန့်တားကောင်း၊ ဟန့်တားနိုင်မည်။ ကိုယ်ပိုင် စတိုင်ဖြင့် ကမ္ဘာ့အဆင့် ပြုပြင်ရေးသမား ဦးသိန်းစိန်အတွက် ခက်ခဲသောစိန်ခေါ်မှုဖြစ်ပြီး လူမျိုးရေးဘာသာရေးအကြမ်းဖက်သမားများကို ထိန်းမနိုင် သိမ်းမရ မဖြစ်ခင် ခက်ခက်ခဲခဲ ရွေးချယ်ရတော့မည် ဖြစ်သည်။
http://www.bangkokpost.com/news/local/342886/free-speech-runs-riot-as-anti-muslim-radicals-fill-vacuum