အ တွေးထဲက သွေး ချင်း မြေ ***
* အ တွေးစိတ်တွင် လှမ်း၍မြင် သည်
သံလွင် အလှ ချမ်းမြမြ ။
* ယ နေ့ တိုင် ပဲ မြင် ယောင် ဆဲတည့်
ဇွဲကပင်တောင် စိမ်းညို့  မှောင် သည်
မြ စောင် ခြုံ ၍ ထား သည် သို့  ။
* သည်မြေမှာမွေး သည်မြေ တွေးဖြင့်
တို့ သွေးချင်းတွေ မေတ္တာ ရေသို့ 
မြစ်ရေသံလွင် တသွင် သွင် ကား
တို့ ရင် တွင်းထိ စီးဆင်းဘိသည်
ပြည့်ဝမြေ့ချမ်း အလှစွမ်းခဲ့
တေးပန်း ကဗျာနှယ်တကား ။
* တို့ ရင် တွင်းဖြစ် အနှစ်သစ္စာ
ပမာစွဲတင် ဇွဲကပင် ဟု
စွမ်းအင် မောက်မို မှိုင်းညိုညို နှင့်
စိုစိုစိမ်းစိမ်း မြရည် လိမ်းလျက်
အေးငြိမ်းတည်စွ ရှုမ၀သည်
မြန်မာ့သားကောင်းနှယ်တကား
* ပြည်နယ် သားစစ် မြန်ပြည်ချစ်သော
သည်မြစ်သည်တောင် အလှဆောင် သို့ 
ညီနောင် ချစ်ခြင်း စမ်းနှယ်ဆင်းသည်
ရှုခင်းငြိမ်းချမ်းသာတကား ။
ကိုကိုအောင် ( ဘုရင့်နောင် )
( တိုင်းရင်းသား စည်း လုံး ညီညွှတ်ရေးသို့ ဦးတည်လျှက် )
— with Ye Moe and 99 others.* အ တွေးစိတ်တွင် လှမ်း၍မြင် သည်
သံလွင် အလှ ချမ်းမြမြ ။
* ယ နေ့ တိုင် ပဲ မြင် ယောင် ဆဲတည့်
ဇွဲကပင်တောင် စိမ်းညို့  မှောင် သည်
မြ စောင် ခြုံ ၍ ထား သည် သို့  ။
* သည်မြေမှာမွေး သည်မြေ တွေးဖြင့်
တို့ သွေးချင်းတွေ မေတ္တာ ရေသို့ 
မြစ်ရေသံလွင် တသွင် သွင် ကား
တို့ ရင် တွင်းထိ စီးဆင်းဘိသည်
ပြည့်ဝမြေ့ချမ်း အလှစွမ်းခဲ့
တေးပန်း ကဗျာနှယ်တကား ။
* တို့ ရင် တွင်းဖြစ် အနှစ်သစ္စာ
ပမာစွဲတင် ဇွဲကပင် ဟု
စွမ်းအင် မောက်မို မှိုင်းညိုညို နှင့်
စိုစိုစိမ်းစိမ်း မြရည် လိမ်းလျက်
အေးငြိမ်းတည်စွ ရှုမ၀သည်
မြန်မာ့သားကောင်းနှယ်တကား
* ပြည်နယ် သားစစ် မြန်ပြည်ချစ်သော
သည်မြစ်သည်တောင် အလှဆောင် သို့ 
ညီနောင် ချစ်ခြင်း စမ်းနှယ်ဆင်းသည်
ရှုခင်းငြိမ်းချမ်းသာတကား ။
ကိုကိုအောင် ( ဘုရင့်နောင် )
( တိုင်းရင်းသား စည်း လုံး ညီညွှတ်ရေးသို့ ဦးတည်လျှက် )