Quantcast
Viewing all articles
Browse latest Browse all 1811

ဆီးရီးယားမှာ ဓါတုလက်နက်သုံးတာ ဘယ်သူလဲ?????

ဆီးရီးယားမှာ ဓါတုလက်နက်သုံးတာ ဘယ်သူလဲ?????

၁။အမေရိကန်နိုင်ငံဟာ တရုတ်ဆီက ပိုက်ဆံချေးပြီး အီရတ်နဲ့ အာဖဂန်ကို စစ်တိုက်နေရတာပါ။ အမေရိကန်ရဲ့ ဘဏ္ဍာရေးဟာလည်း တော်တော်ချိနဲ့နေပါတယ်။ အလုပ်လက်မဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်လို့သာ စီးပွားရေးနဲ့ပတ်သတ်ပြီးဆူဆူညံညံတွေ သိပ်မရှိတော့ပေမယ့် အမေရိကန်ဟာ စီးပွားရေးဘက်မှာ အတော်ကြီးအားပြန်မွေးရအုံးမယ့် အနေအထားမှာ ရှိပါတယ်။
၂။ ဆီးရီးယား သူပုန်အုပ်စုတွေမှာ အစွန်းရောက်အကြမ်းဖက်သမားအုပ်စုတွေလည်း ပါဝင်နေတာကို အမေရိကန်နှင့် မဟာမိတ်အုပ်စုတွေက သိကြပါတယ်။ အာဖဂန်မှာဆိုဗီယက် ကျူးကျော်မှုကို တိုက်ထုတ်ဖို့ ဘင်လာဒင်အပါအဝင် အာဖဂန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီလက်နက်အကောင်းစားတွေ တပ်ဆင်ပေးမိရာက ကိုယ်မွေးတဲ့ မျောက်ကိုယ့်ပြန်ကိုက်သလိုခံခဲ့ရတဲ့ အတွေ့အကြုံကြီးကလည်း အမေရိကန်နဲ့ မဟာမိတ်တွေထံမှာ အနာမကျက်သေးဘဲ ရှိနေပြန်ပါတယ်။
ဒီတော့ ဆီးရီးယားပြည်တွင်းစစ်ထဲကို သမ္မတအိုဘားမားက ဝင်ရောက်ဆင်နွှဲလိုစိတ် မရှိလှပါဘူး။ သူပုန်တွေကို လက်နက်ထောက်ပံ့ ပေးလိုစိတ်လည်း မရှိပြန်ပါဘူး။ ဒီတော့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆီးရီးယားစစ်ပွဲနှင့်ပတ်သတ်ပြီး မျဉ်းနီတစ်ကြောင်း ရေးဆွဲထားပါတယ်။ အာဆတ်အစိုးရက ဓါတုလက်နက် မသုံးသေးသ၍ ဆီးရီးယားပြည်တွင်းစစ်ထဲကို ဝင်မပါဘူး ဆိုတဲ့ ရဒ်လိုင်းRed Line ပါပဲ။ ဆီးရီးယား သမ္မတ အာဆတ်က ဓါတုလက်နက်တွေ သုံးရင်တော့ အမေရိကန်နဲ့ အပေါင်းအပါတွေက သူပုန်တွေဘက်ကနေ စစ်ကူပေးကြပါမယ်။
ဒီတော့ အာဆတ်အရေးနိမ့်ပြီး သူပုန်တွေက အရေးသာလာချိန်မှာ သမ္မတအာဆတ်အနေနဲ့ မလွှဲမရှောင်သာစွာ ဓါတုလက်နက်တွေ ထုတ်သုံးလာမှာကို အမေရိကန်အုပ်စုက သတိကြီးစွာနဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အာဆတ်က သူအရေးနိမ့်နေချိန်မှာ ဓါတုလက်နက်တွေ လုံးဝထုတ်မသုံးခဲ့ပါဘူးးးအိုဘားမားတို့ရဲ့ ရဒ်လိုင်းကိုလည်း အာဆတ်ကောင်းကောင်း သဘောပေါက်ဟန် တူပါတယ်။
ရုရှားနဲ့ တရုတ်အကူအညီတွေရပြီး သမ္မတအာဆတ်က သူပုန်တွေအပေါ် အနိုင်ရ အသာစီးရလာပြီးတော့ "သေချာပေါက် အောင်ပွဲခံပါတော့မယ်" လို့ မိန့်ခွန်းပြောပြီးနောက်ပိုင်း ဆီးရီးယားပြည်တွင်းစစ်မှာ ဓါတုလက်နက်သုံးစွဲကြောင်း ခိုင်မာတဲ့အထောက်အထားတွေနဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာပါတယ်။ အမေရိကန်နဲ့ အပေါင်းအပါတွေ ပြည်တွင်းစစ်ထဲကို ဝင်ရောက်လာခဲ့ပြီး သူပုန်အုပ်စုတွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရင် သူ့အနေနဲ့ အရေးမလှတော့ဘူးဆိုတာ အာဆတ်လည်း သိပါတယ်။
ဒီတော့ လက်ရှိဆီးရီးယားသမ္မတ အာဆတ်ဟာ ဓါတုလက်နက် တကယ်သုံးစွဲတာလားးး??? အရေးနိမ့်လာတဲ့ သူပုန်တွေက အမေရိကန်အကူအညီ ပေးလာအောင် ဓါတုလက်နက်တွေ ထုတ်သုံးခဲ့တာလားးး??? အဲ့လိုဆိုခဲ့ရင်...သူပုန်တွေက ဓါတုလက်နက်တွေကို ဘယ်ကနေရတာလဲ???
ဘယ်ဘက်မှမလိုက်ဘဲ အဖက်ဖက်ကနေ အမျိုးမျိုးတွေးပြီး လှည့်ပတ်စဉ်းစားရတာဟာ ကျွန်မအတွက်တော့ ပျော်စရာကောင်းပါတယ်။
 
နေထက်ထက်အောင်
— with Maung Paing and 70 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...