ရွှေမည်းနှင့် မျှခြေ ( အပိုင်း ၂ )
==================
ရွှေ့ပြောင်းနေထိုင်ခြင်း၊ နည်းပညာထွန်းကားခြင်းတို့နဲ့အတူအင်တာနက်မှတဆင့် အခြားသောမူဆလင်နိုင်ငံမဟုတ်တဲ့ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုမျိုးစုံရောထွေးနေတဲ့နိုင်ငံများကိုလည်း ဒီဂယက်က ဖြည်းဖြည်းချင်းရိုက်ခတ်လာပါတယ်။ ဘာသာရေးအရ မျက်နှာဖုံးအုပ်ခြင်း၊ သီးသန့်စားသောက်ခြင်းများအပါအ၀င် လူအများရှေ့မှာ မူဆလင်အစစ်ဖြစ်ကြောင်း ပြသနေထိုင်မှသာ လူတောတိုးတဲ့အတွေးအယူမျိုးတွေ ထွန်းကားလာပါတယ်။ ဒီလိုမလုပ်ရင် မိဘများက သားသမီးအရင်းကိုတောင် နှိပ်စက်တဲ့အထိ အစွဲကြီးလာကြပြီး မူဆလင်အသိုင်းအ၀ိုင်းအထုံဓလေ့များနဲ့ သီးသန့်ဝန်းကျင်တခု၊ ဘာသာဝင်အချင်းချင်းမှသာ ပေါင်းသင်းဆက်ဆံရတဲ့ ကမ္ဘာငယ်တခုကို နှစ်ပေါင်း ၃၀ကျော်အကြာမှာ လူမျိုးစုံပေါင်းစည်းထားတဲ့ နိုင်ငံတိုင်းလိုလိုမှာ တွေ့ကြုံလာကြရပါတယ်။
တဖက်မှာလည်း အမေရိကန်အပါအ၀င် ဥရောပအသိုင်းအ၀ိုင်းအတွင်းမှာ လူ့အခွင့်အရေးခေါင်းစဉ်တပ်ထားတဲ့ လွတ်လပ်မှုကလည်း အဆများစွာတိုးတက်နေတာမို့ ပြောင်းရွှေ့အခြေချနေထိုင်သူ မူဆလင်များအတွက် အခွင့်သာနေတဲ့အပြင် မွေးဖွားနှုန်းမြင့်မားလှတာကလည်း အားသာချက်တစ်ချက်ပါဝင်နေပါသေးတယ်။ ၂၀၁၀ ခုနှစ်က ဗြိတိန်နိုင်ငံမှာ မိဘကလက်ထပ်ပေးလိုတဲ့ သတို့သားကို ငြင်းမိတာကြောင့် မူဆလင်မိန်းကလေးကို ဖခင်ရင်းနဲ့ အကိုက သတ်ခဲ့တဲ့လူသတ်မှုမျိုးအထိ ကျုးလွန်လာကြပါတယ်။ ဒါဟာ သက်မဲ့ကျမ်းစာများက တရားခံမဟုတ်ပဲ သက်ရှိကျင့်သုံးသူများရဲ့ ချွတ်ယွင်းမှုဆိုတာကို ထင်ထင်ရှားရှားပြသနေပါတယ်။ လွတ်လပ်စွာယုံကြည်မှုကို တလွဲအသုံးချမိတဲ့ ပြယုဒ်ပါပဲ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတော့ လွတ်လပ်မှုများထဲကမှ အလွတ်လပ်ဆုံးလို့ဆိုတဲ့ ဥရောပနိုင်ငံများဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ဘယ်ဂျီယံ၊ ဆွစ်ဇလန်၊ နယ်သာလန်နိုင်ငံများမှာ ကျောင်းဝတ်စုံ၊ ရုံးဝတ်စုံများကိုသာ တူညီဝတ်စုံအနေနဲ့ ၀တ်ဆင်ရမယ်၊ ဘယ်ဘာသာ၊ ဘယ်လူမျိုးဝတ်စုံကိုမှ ကျောင်းတွင်း၊ရုံးတွင်း ၀တ်ခွင့်မပြုလို့ ကန့်သတ်လာရပါတယ်။ မျက်နှာဖုံးတပ်ဆင်ခြင်း၊ ခေါင်းစည်းစည်းခြင်းတို့ကို ခွင့်မပြုလို့ မူဆလင်အဖွဲ့များက ပြန်ကန့်ကွက်ကြပါတယ်။ အနုပညာလက်စွမ်းထက်လှတဲ့ ပြင်သစ်ကာတွန်းဆရာများက တမာန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲလာတဲ့အခါမှတော့ပြသနာတွေတက်ကြပါတော့တယ်။
ဒီထက်ဆိုးတာကတော့ နော်ဝေနိုင်ငံမှာပါ။ မူလနေထိုင်သူဒေသခံလူနည်းစုအတွင်းမှာ အလျှင်အမြန်တိုးပွားလာနေတဲ့ မူဆလင်အခြေချနေထိုင်သူများကို မကျေနပ်တာကြောင့် နော်ဝေနိုင်ငံသား အန်ဒါဘရီဗစ်ဟာ ၂၀၁၁ ခုနှစ်၊ နိုင်ငံတကာကျောင်းသားများ တွေ့ဆုံပွဲကျင်းပနေတဲ့နေရာကို တဦးတည်းဝင်ရောက်ပစ်ခတ်ခဲ့ပြီး အစိုးရရုံးကို ဗုံးခွဲလိုက်တာ ဆယ်ကျော်သက်ကျောင်းသားပေါင်း ၇၇ ဦးသေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ လူစွမ်းကောင်းအကြမ်းဖက်လုပ်ရပ်ကလူမှုရေးဝက်ဘ်ဆိုက်တွေကတဆင့် ကမ္ဘာကျော်ခဲ့ပြီး လက်ယာစွန်းရောက်ဝါဒီများက ချီးမွမ်းထောပနာပြုခဲ့ကြပါတယ်။ ဒီလိုနည်းနဲ့ ဥရောပကို မူဆလင်များသိမ်းပိုက်ခြင်း၊ ယဉ်ကျေးမှုနယ်ချဲ့ခြင်းကနေ ကာကွယ်ရမယ်လို့ ဆိုလာကြပါတယ်။
ဒီပြသနာများရဲ့ နောက်ဆက်တွဲအနေနဲ့ တမာန်တော်မိုဟာမက်ကို သရော်စော်ကားတဲ့ ဗီဒီယိုဇတ်ကားကို ဟာဝိုင်အီမှာနေထိုင်တဲ့ အီဂျစ်လူမျိုးဒါရိုက်တာက ရိုက်ကူးထုတ်လွှင့်တဲ့အခါ အမေရိကန်သံတမာန် ၃ ဦးကို လစ်ဗျားမှာအသတ်ခံရတဲ့အထိ တောမီးလောင်ခဲ့ပါတော့တယ်။ သြစတေးလျား၊ ဗြိတိန်စတဲ့နိုင်ငံများမှာ မူဆလင်ဘာသာဝင်များရဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ အသက်ရှစ်နှစ်သမီးလေးက စင်ပေါ်တက်ပြီး သမီး ဂျီဟတ်စစ်ပွဲဆင်နွှဲပါမယ်လို့ ထက်ထက်သန်သန်ပြောကြားနေတာကို မိခင်ကိုယ်တိုင် လက်ခုပ်တီးအားပေးနေခဲ့တဲ့ မြင်ကွင်းပါပဲ။ ကမ္ဘာလည်း မီးမလောင်ပါပဲနဲ့ သားကိုချနင်းဖို့ စဉ်းစားနေကြသူတွေ များသထက်များလာနေတာကို ၀မ်းနည်းစရာကောင်းအောင်တွေ့မြင်ရပါတယ်။
အိမ်နောက်ပူ အိမ်ရှေ့မချမ်းသာဆိုသလိုပဲ ကမ္ဘာ့လူမှုရေးလှိုင်းဒဏ်ဟာ မြန်မာပြည်အနောက်တံခါးကိုလည်း မချန်ထားခဲ့ပဲ ပုံစံတမျိုးနဲ့ရိုက်ခတ်ခဲ့ပါတယ်။ ရာစုနှစ်များစွာအကျပ်အတည်း၊ အခဲမကျေဖြစ်နေတဲ့ဒေသမှာ ဘာသာရေးအကြောင်းပြလို့ ရွှေမည်းဝင်ငွေနဲ့ နိုင်ငံသစ်ထူဖို့ကြိုးစားလာကြပါတယ်။ နိုင်ငံရေးစနစ်အပြောင်းအလဲမှာ အခွင့်ကောင်းယူလို့ ကျူးကျော်လာတာကို မြင်နေရပေမယ့်လည်း လူဝင်မှုကြီးကြပ်ရေး၊ လုံခြုံရေး၊ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ ဒေါင့်မျိုးစုံနိမ့်ကျလွန်းနေတာမို့ ရုတ်တရက် အလွယ်တကူဖယ်ရှားရှင်းလင်းလို့ မရနိုင်တဲ့အပြင် နိုင်ငံတကာမှာ အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလို့အိုးမည်းသုတ်ခံရပါသေးတယ်။
တိုတိုပြောရရင် လူချမ်းသာကြီးဆော်ဒီစော်ဘွားက ဒေါ်လာသန်း ၅၀ ဘင်္ဂါလီဒုက္ခသည်များကို လှူဒန်းခဲ့ပြီး အိုအိုင်စီလို့ခေါ်တဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလမ်အဖွဲ့အစည်းက မြန်မာပြည်တွင်း အခြေချဖို့ ကြိုးပမ်းနေဆဲပါ။ သမိုင်းသင်တာ မ အအောင်လို့ ဆိုတဲ့အတိုင်း ရွှေမည်းဝင်ငွေကို ငြင်းဆန်ကြဖို့လိုပါလိမ့်မယ်။ မြန်မာပြည်တွင်းမှာ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်လတ္တံ့ဖြစ်တဲ့ ဗလီများအတွက် ငွေကြေးထောက်ပံ့မှု ဘယ်ကလာလဲဆိုတာ စီစစ်ဖို့လိုပါမယ်။ နိုင်ငံခြားဗလီဆရာများကိုတော့ ပြည်ဝင်ခွင့်မငြင်းနိုင်ရင်တောင် ဟောပြောခွင့်ကို ငြင်းပယ်ရပါမယ်။ ဗြိတိန်နိုင်ငံမှာတော့ အာပေါင်အာရင်းသန်လှတဲ့ ဟောပြောသူကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အိုအိုင်စီအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ အယ်ကေးဒါးလိုမျိုး သေနတ်ကြီးကိုင်လို့ မမြင်ရပေမယ့်လည်း သည်းခြေကြိုက်တဲ့ ရွှေမည်းနောက်ကို ကောက်ကောက်ပါမိရင် တဲတဲကလေးထိန်းထားရတဲ့ အခြေအနေတွေပိုဆိုးလာဖို့သာရှိပါတယ်။ ဒါဟာ ဘာသာရေးနဲ့လည်းမဆိုင်၊ လူမျိုးရေးနဲ့လည်းမဆိုင်ပဲ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သူများ၊ နယ်ချဲ့လိုစိတ်ပြင်းထန်သူများနဲ့သာ သက်ဆိုင်ပါတယ်။
ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားက နိဗ္ဗာန်အထိ လမ်းညွှန်ထားပေမယ့်လည်း လက်တွေ့ကျင့်သုံးနိုင်သူက အပ်တစ်ဖျားစာလောက်သာရှိကြတာပါ။ ပေကညစ်ပေါ်မှာ ရေးခြစ်ထားတဲ့ စာလုံးတွေ၊ စာကြောင်းတွေက လူ့အသက်ကို သေစေ၊ ဘ၀တွေကို ပျက်စီးစေတာမဟုတ်ပဲ မမှန်ကန်တဲ့နည်းနဲ့ အသုံးချသူများကြောင့်သာ နစ်မွန်းကြရတယ်ဆိုတာ ရှင်းရှင်းမြင်ဖို့လိုပါတယ်။
အဆိုးထဲက အကောင်းဆိုသလိုပဲ ၂၉.၁၂.၁၂ အေပီသတင်းမှာ မြန်မာပြည်က ဘင်္ဂါလီအကြောင်း အရင်ကအတိုင်း သနားစဖွယ်ရေးသားဖော်ပြပေမယ့် ၀ိုင်းပေးကြတဲ့ မှတ်ချက် ၁၅၀ ကျော်က နည်းတောင်နည်းသေးတယ်လို့ ထောပနာပြုကြပါတယ်။ ကိုယ့်ဓါးနဲ့ ကိုယ်ပြန်ထိုးမိလာတာကို နောက်ကွယ်က ကြိုးကိုင်သူများ မြင်တတ်ကြဖို့ လိုလာပါပြီ။
အမှန်တရားဆိုတာ အချိန်ကြာပေမယ့် တနေ့တော့ပေါ်လာစမြဲပါ။ မြန်မာပြည်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ရဲ့ အထိမ်းအမှတ်ကတော့ သမိုင်းဝင် ဆူးလေစေတီတော်အနီးမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းရော၊ ဗလီတခုကိုပါ ရန်ကုန်မြို့လယ်ခေါင်မှာ တည်ဆောက်ထားတာပါပဲ။ တနိုင်ငံလုံးမှာ သမိုင်းကြောင်းနဲ့ချီပြီး ထူထောင်ထားခဲ့ကြတဲ့ နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေကို ကမ္ဘာတည်သရွေ့ ဆက်လက်ခိုင်မြဲစေလိုပါတယ်။
မျှခြေတခု ပျက်စီးသွားတဲ့ ရခိုင်ဒေသကိုလည်း လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးစတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ပြည့်ဝအောင်ဖြည့်ဆည်းပေးနိုင်မှသာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ဖြေလျော့မှုနဲ့ ကုစားမှုများကို ပေးအပ်နိုင်ပါလိမ့်မယ်။ ထိုမှတဆင့်သာ နားလည်မှုဆိုတာ ဖြစ်ထွန်းပေါ်ပေါက်နိုင်မှာပါ။ အတ္တဆိုတာ လူတိုင်းကိုယ်စီရှိကြပေမယ့်လည်းမျှခြေတခုမှာထိန်းထားနိုင်မှသာ ရေနံစစ်ပွဲများရဲ့နောက်ဆက်တွဲ ဘာသာရေးနဲ့ လူမှုရေးစစ်ပွဲများမှ ရှောင်ရှားနိုင်ပြီး ရုပ်သေးရုပ်များဘ၀မှ လွတ်မြောက်နိုင်မှာ ဖြစ်ပါတော့တယ်။
သန္တာဝင်း
( ၃၀.၁၂.၁၂ )
ကိုးကား။ ။
၁။http://www.greenpeace.org/international/en/news/Blogs/makingwaves/oil-wars/blog/40030/
၂။http://www.islamdaily.org/en/saudi-arabia/6108.how-the-saudis-used-oil-money-to-export-a-hardline.htm
၃။http://www.mapsofwar.com/ind/history-of-religion.html
၎။http://www.nationmaster.com/graph/ene_oil_res-energy-oil-reserves
၅။http://www.bp.com/extendedsectiongenericarticle.do?categoryId=9041229&contentId=7075080
၆။ http://www.britannica.com/EBchecked/topic/1696348/London-bombings-of-2005
၇။ http://theislamicworkplace.com/2012/09/27/discrimination-in-france-against-muslims/
၈။ http://www.guardian.co.uk/uk/2012/sep/01/far-right-support-anders-breivik
၉။ http://en.wikipedia.org/wiki/Member_states_of_the_Organisation_of_Islamic_Cooperation
၁၀။http://news.yahoo.com/myanmar-muslims-recall-buddhist-assault-132321147.html
Myanmar Muslims recall Buddhist assault
==================
ရွှေ့ပြောင်းနေထိုင်ခြင်း၊ နည်းပညာထွန်းကားခြင်းတို့နဲ့အတူ
တဖက်မှာလည်း အမေရိကန်အပါအ၀င် ဥရောပအသိုင်းအ၀ိုင်းအတွင်းမှာ လူ့အခွင့်အရေးခေါင်းစဉ်တပ်ထားတဲ
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတော့ လွတ်လပ်မှုများထဲကမှ အလွတ်လပ်ဆုံးလို့ဆိုတဲ့ ဥရောပနိုင်ငံများဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ဘယ်ဂျီယံ၊ ဆွစ်ဇလန်၊ နယ်သာလန်နိုင်ငံများမှာ ကျောင်းဝတ်စုံ၊ ရုံးဝတ်စုံများကိုသာ တူညီဝတ်စုံအနေနဲ့ ၀တ်ဆင်ရမယ်၊ ဘယ်ဘာသာ၊ ဘယ်လူမျိုးဝတ်စုံကိုမှ ကျောင်းတွင်း၊ရုံးတွင်း ၀တ်ခွင့်မပြုလို့ ကန့်သတ်လာရပါတယ်။ မျက်နှာဖုံးတပ်ဆင်ခြင်း၊ ခေါင်းစည်းစည်းခြင်းတို့ကို ခွင့်မပြုလို့ မူဆလင်အဖွဲ့များက ပြန်ကန့်ကွက်ကြပါတယ်။ အနုပညာလက်စွမ်းထက်လှတဲ့ ပြင်သစ်ကာတွန်းဆရာများက တမာန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲလာတဲ့အခါမှတော့
ဒီထက်ဆိုးတာကတော့ နော်ဝေနိုင်ငံမှာပါ။ မူလနေထိုင်သူဒေသခံလူနည်းစုအတွင်
ဒီပြသနာများရဲ့ နောက်ဆက်တွဲအနေနဲ့ တမာန်တော်မိုဟာမက်ကို သရော်စော်ကားတဲ့ ဗီဒီယိုဇတ်ကားကို ဟာဝိုင်အီမှာနေထိုင်တဲ့ အီဂျစ်လူမျိုးဒါရိုက်တာက ရိုက်ကူးထုတ်လွှင့်တဲ့အခါ အမေရိကန်သံတမာန် ၃ ဦးကို လစ်ဗျားမှာအသတ်ခံရတဲ့အထိ တောမီးလောင်ခဲ့ပါတော့တယ်။ သြစတေးလျား၊ ဗြိတိန်စတဲ့နိုင်ငံများမှာ မူဆလင်ဘာသာဝင်များရဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ အသက်ရှစ်နှစ်သမီးလေးက စင်ပေါ်တက်ပြီး သမီး ဂျီဟတ်စစ်ပွဲဆင်နွှဲပါမယ်လို့ ထက်ထက်သန်သန်ပြောကြားနေတာကို မိခင်ကိုယ်တိုင် လက်ခုပ်တီးအားပေးနေခဲ့တဲ့ မြင်ကွင်းပါပဲ။ ကမ္ဘာလည်း မီးမလောင်ပါပဲနဲ့ သားကိုချနင်းဖို့ စဉ်းစားနေကြသူတွေ များသထက်များလာနေတာကို ၀မ်းနည်းစရာကောင်းအောင်တွေ့မြင်
အိမ်နောက်ပူ အိမ်ရှေ့မချမ်းသာဆိုသလိုပဲ ကမ္ဘာ့လူမှုရေးလှိုင်းဒဏ်ဟာ မြန်မာပြည်အနောက်တံခါးကိုလည်း မချန်ထားခဲ့ပဲ ပုံစံတမျိုးနဲ့ရိုက်ခတ်ခဲ့ပါတယ်
တိုတိုပြောရရင် လူချမ်းသာကြီးဆော်ဒီစော်ဘွားက ဒေါ်လာသန်း ၅၀ ဘင်္ဂါလီဒုက္ခသည်များကို လှူဒန်းခဲ့ပြီး အိုအိုင်စီလို့ခေါ်တဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလမ်အဖွဲ့အစည်းက မြန်မာပြည်တွင်း အခြေချဖို့ ကြိုးပမ်းနေဆဲပါ။ သမိုင်းသင်တာ မ အအောင်လို့ ဆိုတဲ့အတိုင်း ရွှေမည်းဝင်ငွေကို ငြင်းဆန်ကြဖို့လိုပါလိမ့်မယ်။ မြန်မာပြည်တွင်းမှာ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်လတ္တံ့ဖြစ်တဲ့ ဗလီများအတွက် ငွေကြေးထောက်ပံ့မှု ဘယ်ကလာလဲဆိုတာ စီစစ်ဖို့လိုပါမယ်။ နိုင်ငံခြားဗလီဆရာများကိုတော့ ပြည်ဝင်ခွင့်မငြင်းနိုင်ရင်တောင
အိုအိုင်စီအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ အယ်ကေးဒါးလိုမျိုး သေနတ်ကြီးကိုင်လို့ မမြင်ရပေမယ့်လည်း သည်းခြေကြိုက်တဲ့ ရွှေမည်းနောက်ကို ကောက်ကောက်ပါမိရင် တဲတဲကလေးထိန်းထားရတဲ့ အခြေအနေတွေပိုဆိုးလာဖို့သာရှိပါ
ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားက နိဗ္ဗာန်အထိ လမ်းညွှန်ထားပေမယ့်လည်း လက်တွေ့ကျင့်သုံးနိုင်သူက အပ်တစ်ဖျားစာလောက်သာရှိကြတာပါ။ ပေကညစ်ပေါ်မှာ ရေးခြစ်ထားတဲ့ စာလုံးတွေ၊ စာကြောင်းတွေက လူ့အသက်ကို သေစေ၊ ဘ၀တွေကို ပျက်စီးစေတာမဟုတ်ပဲ မမှန်ကန်တဲ့နည်းနဲ့ အသုံးချသူများကြောင့်သာ နစ်မွန်းကြရတယ်ဆိုတာ ရှင်းရှင်းမြင်ဖို့လိုပါတယ်။
အဆိုးထဲက အကောင်းဆိုသလိုပဲ ၂၉.၁၂.၁၂ အေပီသတင်းမှာ မြန်မာပြည်က ဘင်္ဂါလီအကြောင်း အရင်ကအတိုင်း သနားစဖွယ်ရေးသားဖော်ပြပေမယ့် ၀ိုင်းပေးကြတဲ့ မှတ်ချက် ၁၅၀ ကျော်က နည်းတောင်နည်းသေးတယ်လို့ ထောပနာပြုကြပါတယ်။ ကိုယ့်ဓါးနဲ့ ကိုယ်ပြန်ထိုးမိလာတာကို နောက်ကွယ်က ကြိုးကိုင်သူများ မြင်တတ်ကြဖို့ လိုလာပါပြီ။
အမှန်တရားဆိုတာ အချိန်ကြာပေမယ့် တနေ့တော့ပေါ်လာစမြဲပါ။ မြန်မာပြည်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ရဲ့ အထိမ်းအမှတ်ကတော့ သမိုင်းဝင် ဆူးလေစေတီတော်အနီးမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းရော
မျှခြေတခု ပျက်စီးသွားတဲ့ ရခိုင်ဒေသကိုလည်း လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးစတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ပြည့်ဝအောင်ဖြည့်ဆည်းပေးနိုင်မှ
သန္တာဝင်း
( ၃၀.၁၂.၁၂ )
ကိုးကား။ ။
၁။http://www.greenpeace.org/
၂။http://www.islamdaily.org/en/
၃။http://www.mapsofwar.com/ind/
၎။http://www.nationmaster.com/
၅။http://www.bp.com/
၆။ http://www.britannica.com/
၇။ http://
၈။ http://www.guardian.co.uk/uk/
၉။ http://en.wikipedia.org/wiki/
၁၀။http://news.yahoo.com/
Myanmar Muslims recall Buddhist assault