၁။ ဇာတ်လမ်းအစကတော့ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ သမ္မတကြီးနဲ့ တွေ့ပါတယ်။ ဂျာနယ်ပါအရေးအသားအရ သမ္မတကြီးက “ပုဂ္ဂိုလ်အရ သိန်း ၅၀၀” မတည် လှူဒါန်းပေးတယ် ဆိုပါတယ်။ အဲ….ဖေ့ဘုတ်နဲ့ မီဒီယာတွေက မေးခွန်းထုတ်တဲ့အခါမှာ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ဝေဖန်တိုက်ခိုက်လာသူတွေ” (သူ့အသုံးအနှုန်းပါ၊ တိုက်ခိုက်တယ်လို့ သူခံစားနေရပုံရပါတယ်၊ ပြည်သူတွေ မေးခွန်းထုတ်သင့်တယ်လို့ ခံယူပါသလား၊ မခံယူဘူးလားမသိပါ) သိစေဖို့ နိုင်ငံတကာ စံနှုန်းများအရ “နိုင်ငံတော်ဘတ်ဂျက်ထဲကနေ လှူဒါန်း” ခဲ့တာလို့ ရှင်းချက်ထုတ်ပါတယ်။
၂။ ပထမဆုံးပြောချင်တာက အလှူခံနဲ့ အလှူရှင် အသုံးချင်းကွဲနေတာပါ။ ဘာလို့ ပုဂ္ဂိုလ်အရလို့ သုံးခဲ့တာလဲ။ ထားပါ၊ ဂျာနယ်ဟာ တရားမ၀င်တဲ့အတွက် ဒုဝန်ကြီး ပြောစကားကိုပဲ အတည်ယူပြီး မေးပါ့မယ်။ ဝေဖန်တာမဟုတ်ပါ။ မသိလို့မေးတာပါ။ နိုင်ငံတော် ဘတ်ဂျက်ခွဲဝေရေးမှာ လှူဒါန်းရန်ဆိုပြီး သီးသန့်ခေါင်းစဉ်ရှိမရှိမသိ
၃။ နောက်တစ်ခုက ဒုဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီများနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျင့်သုံးတဲ့ နည်းလမ်းများအတိုင်း လှူဒါန်းခဲ့ပါတယ်ဆိုပြီး ပြောပါတယ်။ ဥပမာ သုံးလေးနိုင်ငံလောက်ပြပါတယ်
၎။ ထပ်ပြောရရင် အဲလို လုပ်တာ မှန်ပါပြီပဲထား။ သံသယဖြစ်စရာကောင်းတာက အချိန်ပါ။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မီဒီယာသမားတွေအကြား ဥပဒေတစ်ခုနဲ့ ပတ်သက်ပြီး မပြေမလည်ဖြစ်နေချိန်မှာ ဒီလို အလှူငွေ လက်ခံလိုက်တာဟာ “ဒီလူတွေ ငါတို့ဘက်က တိုက်ပေးနေတယ်လို့ မယုံရဲအောင် လုပ်လိုက်တာ” နဲ့ အတူတူပါပဲ။ ဦးရဲထွဋ်ပြောခဲ့တာနဲ့ နွယ်ပြီး ပြောရရင် “ၾသစေတ်းလ် စာနယ်ဇင်းကောင်စီက နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို ယူဖို့ မယူဖို့ စဉ်းစားနေချိန်မှာ” မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဘယ်သူမှ မတိုင်ပင်ပဲ၊ ဘာမှ မစဉ်းစားပဲ “ဘတ်ကနဲ” ကောက်ပြီး ယူလိုက်တယ် ဆိုပါတော့။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှောင်ကြိုးမဲ့တယ် ဘယ်လောက်ပြောပြော၊ ယုံရခက်တယ်။
၅။ နောက် ကောင်စီက လူတွေကလည်း စာရင်းနဲ့ ဇယားနဲ့ လုပ်နေတယ်ပြောပါတယ်။ မှန်ပါတယ်။ စာရင်းဇယားနဲ့ လုပ်နေတယ်၊ ကိုယ့်ငွေကိုယ်စိုက်လုပ်နေရ
၆။ “ဒါမျိုးကျ ကျောချင်းကပ်လို့” လို့ အပြောမခံချင်ရင် နှစ်ဘက်လုံး မေးခွန်းထုတ်စရာမဖြစ်အောင် နေပေးဖို့ လိုပေမယ်။ လော်ဘီလုပ်တာလည်း လုပ်ပေါ့။ ခက်တာက “ပြည်သူမှာလည်း ခေါင်း ရှိတယ်”။ စာနယ်ဇင်းကောင်စီသည် မီဒီယာအတွက် အလုပ်လုပ်နေပါသည်ဆိုတာမျိုး