Quantcast
Viewing all articles
Browse latest Browse all 1811

တစ်ခါတုန်းက တက္ကသိုလ်မှာ ၁

Image may be NSFW.
Clik here to view.
Photo: တစ်ခါတုန်းက တက္ကသိုလ်မှာ ၁    တက္ကသိုလ်ကျောင်းသူဘဝဆိုတာ လှတပတနဲ့ ပြင်ဟယ်ဆင်ဟယ် အရွယ်လည်း ဖြစ်ပါတယ်။ အလှကြိုက်တဲ့မိန်းကလေးတွေဟာ သူ့ထက်ငါ လှအောင် ဆန်းအောင် ပေါ်လွင်ထင်ရှားအောင် ပြင်ချင်ဝတ်ချင်ကြတာလည်း သဘာဝပါပဲ။ ကျွန်မတို့တက္ကသိုလ်တက်ခါစက ယူနီဖောင်း မပေါ်သေးပါဘူး။ တတိယနှစ်မှသာ ယူနီဖောင်းစဝတ်ရတာပါ။ အဲ့တော့နှစ်နှစ်ခွဲလောက် ကဲလို့ရခဲ့ပါတယ်။             တစ်ရက်မှာတော့ ဖက်ရှင်ဆိုင်ကြီးတစ်ခုကနေ စတိုင်ဘောင်းဘီ အသစ်တစ်ထည်ကို ဝယ်လာခဲ့ပါတယ်။ အသားကအိစက်ပြီး ဝတ်လိုက်တော့ ဖစ်ဖြစ်ပြီး တော်တော်လှပါတယ်။ အရောင်လေးက အသားရောင်နဲ့ ကော်ဖီရောင်ကြားက ဘိုဆန်တဲ့အရောင်ငြိမ်ငြိမ်လေးပါ။ပေါင်မှာ စီးကွင့်ကနုတ် ရွှေညိုရောင်လေး နည်းနည်းပါပါတယ်။ကိုယ့်ဘာသာသဘောတွေကျပြီး တွဲဖက်ဝတ်ဖို့ အင်္ကျီရှာရပါတယ်။ ဘီရိုတံခါးဖွင့်ပြီး အချိန်တော်တော်ယူပြီး ရှာရပါတယ်။ လိုက်ဖက်တဲ့ အရောင်အဆင်းရှိတဲ့ အင်္ကျီလေးတွေတွေ့ပေမယ့် သာမန်ထက်မပိုပါဘူး။ ထင်းခနဲ လင်းခနဲ မရှိသလို လှလိုက်တာလို့ ထင်ရစရာလည်း မရှိပါဘူး။              ဒါနဲ့ အနီရင့်ရင့် လည်ပင်းအလုံ ဆွဲသားအင်္ကျီ ခပ်အိအိလေးတစ်ထည်နဲ့ တွဲဝတ်ကြည့်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။ ဒါနဲ့တခြားညီအမတွေကို ဝတ်ပြပြီး လှမလှ လိုက်မလိုက် ဝေဖန်ချက်တွေ ယူတာပေါ့။ သူတို့ကလည်း လူနဲ့လည်းလိုက်ဖက်တယ် အရောင်တွဲစပ်ပုံကလည်း အရမ်းကို ပေါ်လွင်ထင်ရှားပြီး လှတယ် ဘာညာပေါ့လေ။ အင်္ကျီလက်ရှည်ဆိုတော့ မန္တလေးဆောင်းရာသီမှာ အနွေးထည် ထပ်ဝတ်ဖို့ မလိုဘူးပေါ့။ စသဖြင့် အတည်ပြုချက်တွေရယူပြီး နောက်နေ့မှာပဲ ဘောင်းဘီရှည်အသစ်နဲ့ အင်္ကျီအနီ ကျောင်းကိုဝတ်သွားပါတယ်။               ဂေါ့ဒ်ဖားသား ဦးရဲကြည် ဝယ်ပေးထားတဲ့ ဘေးလွယ်အိတ် အနက်ရောင် အသစ်ချပ်ချွတ်ကို လွယ်ပြီး စတိုင်ဘောင်းဘီအသစ်လေးဝတ်ပြီး တစ်ခန်းဝင် တစ်ခန်းထွက် လမ်းသလား ပစ်အုံးမယ်လို့လည်း တွေးနေမိပြီး ကိုယ့်ကိုယ်ကို သဘောတွေကျနေ မိတာပေါ့လေ……ခိခိ။               ဒီလိုနဲ့ ကျောင်းဝိုင်းရှေ့ ကားပေါ်ကဆင်းတော့ ဖေဖေ့ကို တာ့တာပြပြီး စာသင်ခန်းရှိရာ သုံးထပ်ဆောင်ရဲ့ ဒုတိယထပ်က မြောက်ဘက်စွန်း အခန်းဆီကို ကျော့ကော့နေအောင်လျှောက်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရပ်ပုတယ်လို့ ထင်ပြီးအားငယ်မိသူတွေရဲ့ ထုံးစံအတိုင်း ခုံထူဖိနပ် ခပ်မြင့်မြင့်ကိုစီး၊ခါးကိုမတ်မတ်ထားပြီး ခေါင်းမငုံ့ဘဲ အောက်စိုက်မကြည့်ဘဲ လျှောက်ပါတယ်။                 ဒုတိယထပ်ကော်ရစ်တာအတိုင်း လျှောက်လာရာကနေ စာသင်ခန်းနားရောက်ခါနီးမှာ "ဟာ……နေထက်ထက်အောင် အင်္ကျီတင်ဝတ်လာတယ်။"ဆိုတဲ့အာမေဋိတ်သံကြီးကို ကြားလိုက်ရပါတယ်။ တကိုယ်လုံးလည်း ထူပူပြီး တော်တော်ကြီးရှက်သွားမိပါတယ်။ "ဝေဟန်……နင်အကျင့်ပုပ်လှချည်လားးး ကောင်စုတ်။ ငါလှတာကို မနာလိုဖြစ်ပြီး ဘာပြောတာလဲ  ဟွန်းးး။" "ဟားဟားဟားးး ဆောရီးပါဟာ။ ငါက စတာမဟုတ်ဘူးးး တကယ်ကို ထင်လိုက်မိလို့ လန့်အော်မိတာပါဟာ။ နင့်အင်္ကျီအနီလေးက ထင်းနေပြီး စတိုင်ဘောင်းဘီရှည်က အသားရောင်ဖြစ်နေတော့ ငါလည်းရုတ်တရက် နင်ဘောင်းဘီဝတ်မလာဘူး ထင်လိုက်မိတာပါ။ ဟီးဟီးး" "အစုတ်ပလုတ်…နောက်တစ်ခါထပ်ပြောရင် နင့်ကိုဌာနမှူးနဲ့ သွားတိုင်မယ်သိလားးး"           ခါတိုင်းဆိုရင် ကျွန်မက  ဂျပန်မေဂျာအခန်းဘက်သွားလည်လိုက်၊ရုရှားမေဂျာက သူငယ်ချင်းတွေနဲ့ အပြန်အလှန် သီချင်းတွေသင်ပေး စကားတွေသင်လိုက်၊ ပြင်သစ်မေဂျာက ရွှေဘိုသူအုပ်စုတွေက ငါတို့ဆီ ဘာလို့မလာတာလဲ ခုလိုက်ခဲ့ ဆိုပြီးခေါ်ရင်ပါသွားလိုက်နဲ့ ။အခန်းအပြင်ကို ဝင်လိုက်ထွက်လိုက်လုပ်ပြီး ဖလန်းဖလန်းထနေကြပါ။မေဂျာတူသူငယ်ချင်းတွေက……"ဟွားယွန်းးး ဆောန်ဆေးနင်မ်း ဝပ်ဆော်ယို ပါလိပါလိ" လို့အော်ခေါ်မှ အခန်းထဲပြေးဝင်နေကြပါ။။            "ဟိတ်…နင်တို့သိပြီးပြီလားးးရုရှားလို ချစ်တယ် လို့ပြောတဲ့ အသံထွက်က ဆန်းတယ်တော့ ရှလွတ်ပလွတ်ကြည်ပြာ တဲ့။ခိခိ မြည်သံဆွဲအလင်္ကာတွေ ပါနေသလိုပဲနော်။" "နင့်ကို ဟိုဟာမတွေက ချွန်တွန်းလုပ်လိုက်တာနေမှာပါ နေနေရယ်။ အမှန်က ရာလူးဘလူးကြည်ပြာ ပါဟယ်။"               အဲ့လိုတွေ ပြာသလူးခပ်နေတဲ့ ကျွန်မဟာ အဲ့ဒီနေ့က ရှက်လွန်းလို့ အခန်းပြင်ကိုမထွက်ရဲတော့တာဟာ နေ့လည်စာစားဖို့ သူငယ်ချင်းတွေနဲ့ ထိုင်နေကျ Rubyကဖေး ကိုတောင်မသွားဖြစ်တော့ပါဘူး။ ညနေကျောင်းဆင်း ဖေဖေလာကြိုမှပဲ ကျောင်းပေါ်ကနေ မြန်မြန်ဆင်းပြေး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီစတိုင်လ်ဘောင်းဘီလေး ကိုလည်း နောက်တစ်ခါလုံးဝထပ်မဝတ်ဖြစ် တော့ပါဘူး။                    နေထက်ထက်အောင်


တက္ကသိုလ်ကျောင်းသူဘဝဆိုတာ လှတပတနဲ့ ပြင်ဟယ်ဆင်ဟယ် အရွယ်လည်း ဖြစ်ပါတယ်။ အလှကြိုက်တဲ့မိန်းကလေးတွေဟာ သူ့ထက်ငါ လှအောင် ဆန်းအောင် ပေါ်လွင်ထင်ရှားအောင် ပြင်ချင်ဝတ်ချင်ကြတာလည်း သဘာဝပါပဲ။ ကျွန်မတို့တက္ကသိုလ်တက်ခါစက ယူနီဖောင်း မပေါ်သေးပါဘူး။ တတိယနှစ်မှသာ ယူနီဖောင်းစဝတ်ရတာပါ။ အဲ့တော့နှစ်နှစ်ခွဲလောက် ကဲလို့ရခဲ့ပါတယ်။
 
တစ်ရက်မှာတော့ ဖက်ရှင်ဆိုင်ကြီးတစ်ခုကနေ စတိုင်ဘောင်းဘီ အသစ်တစ်ထည်ကို ဝယ်လာခဲ့ပါတယ်။ အသားကအိစက်ပြီး ဝတ်လိုက်တော့ ဖစ်ဖြစ်ပြီး တော်တော်လှပါတယ်။ အရောင်လေးက အသားရောင်နဲ့ ကော်ဖီရောင်ကြားက ဘိုဆန်တဲ့အရောင်ငြိမ်ငြိမ်လေးပါ။ပေါင်မှာ စီးကွင့်ကနုတ် ရွှေညိုရောင်လေး နည်းနည်းပါပါတယ်။ကိုယ့်ဘာသာသဘောတွေကျပြီး တွဲဖက်ဝတ်ဖို့ အင်္ကျီရှာရပါတယ်။ ဘီရိုတံခါးဖွင့်ပြီး အချိန်တော်တော်ယူပြီး ရှာရပါတယ်။ လိုက်ဖက်တဲ့ အရောင်အဆင်းရှိတဲ့ အင်္ကျီလေးတွေတွေ့ပေမယ့် သာမန်ထက်မပိုပါဘူး။ ထင်းခနဲ လင်းခနဲ မရှိသလို လှလိုက်တာလို့ ထင်ရစရာလည်း မရှိပါဘူး။
 
ဒါနဲ့ အနီရင့်ရင့် လည်ပင်းအလုံ ဆွဲသားအင်္ကျီ ခပ်အိအိလေးတစ်ထည်နဲ့ တွဲဝတ်ကြည့်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။ ဒါနဲ့တခြားညီအမတွေကို ဝတ်ပြပြီး လှမလှ လိုက်မလိုက် ဝေဖန်ချက်တွေ ယူတာပေါ့။ သူတို့ကလည်း လူနဲ့လည်းလိုက်ဖက်တယ် အရောင်တွဲစပ်ပုံကလည်း အရမ်းကို ပေါ်လွင်ထင်ရှားပြီး လှတယ် ဘာညာပေါ့လေ။ အင်္ကျီလက်ရှည်ဆိုတော့ မန္တလေးဆောင်းရာသီမှာ အနွေးထည် ထပ်ဝတ်ဖို့ မလိုဘူးပေါ့။ စသဖြင့် အတည်ပြုချက်တွေရယူပြီး နောက်နေ့မှာပဲ ဘောင်းဘီရှည်အသစ်နဲ့ အင်္ကျီအနီ ကျောင်းကိုဝတ်သွားပါတယ်။
 
ဂေါ့ဒ်ဖားသား ဦးရဲကြည် ဝယ်ပေးထားတဲ့ ဘေးလွယ်အိတ် အနက်ရောင် အသစ်ချပ်ချွတ်ကို လွယ်ပြီး စတိုင်ဘောင်းဘီအသစ်လေးဝတ်ပြီး တစ်ခန်းဝင် တစ်ခန်းထွက် လမ်းသလား ပစ်အုံးမယ်လို့လည်း တွေးနေမိပြီး
ကိုယ့်ကိုယ်ကို သဘောတွေကျနေ မိတာပေါ့လေ……ခိခိ။
ဒီလိုနဲ့ ကျောင်းဝိုင်းရှေ့ ကားပေါ်ကဆင်းတော့ ဖေဖေ့ကို တာ့တာပြပြီး စာသင်ခန်းရှိရာ သုံးထပ်ဆောင်ရဲ့ ဒုတိယထပ်က မြောက်ဘက်စွန်း အခန်းဆီကို ကျော့ကော့နေအောင်လျှောက်လာပါတယ်။ 
 
ကိုယ့်ကိုယ်ကိုယ် အရပ်ပုတယ်လို့ ထင်ပြီးအားငယ်မိသူတွေရဲ့ ထုံးစံအတိုင်း ခုံထူဖိနပ် ခပ်မြင့်မြင့်ကိုစီး၊ခါးကိုမတ်မတ်ထားပြီး ခေါင်းမငုံ့ဘဲ အောက်စိုက်မကြည့်ဘဲ လျှောက်ပါတယ်။
ဒုတိယထပ်ကော်ရစ်တာအတိုင်း လျှောက်လာရာကနေ စာသင်ခန်းနားရောက်ခါနီးမှာ "ဟာ……နေထက်ထက်အောင် အင်္ကျီတင်ဝတ်လာတယ်။"ဆိုတဲ့အာမေဋိတ်သံကြီးကို ကြားလိုက်ရပါတယ်။ တကိုယ်လုံးလည်း ထူပူပြီး တော်တော်ကြီးရှက်သွားမိပါတယ်။ 
 
"ဝေဟန်……နင်အကျင့်ပုပ်လှချည်လားးး ကောင်စုတ်။ ငါလှတာကို မနာလိုဖြစ်ပြီး ဘာပြောတာလဲ ဟွန်းးး။" "ဟားဟားဟားးး ဆောရီးပါဟာ။ ငါက စတာမဟုတ်ဘူးးး တကယ်ကို ထင်လိုက်မိလို့ လန့်အော်မိတာပါဟာ။ နင့်အင်္ကျီအနီလေးက ထင်းနေပြီး စတိုင်ဘောင်းဘီရှည်က အသားရောင်ဖြစ်နေတော့ ငါလည်းရုတ်တရက် နင်ဘောင်းဘီဝတ်မလာဘူး ထင်လိုက်မိတာပါ။ ဟီးဟီးး" "အစုတ်ပလုတ်…နောက်တစ်ခါထပ်ပြောရင် နင့်ကိုဌာနမှူးနဲ့ သွားတိုင်မယ်သိလားးး"
 
ခါတိုင်းဆိုရင် ကျွန်မက ဂျပန်မေဂျာအခန်းဘက်သွားလည်လိုက်၊ရုရှားမေဂျာက သူငယ်ချင်းတွေနဲ့ အပြန်အလှန် သီချင်းတွေသင်ပေး စကားတွေသင်လိုက်၊ ပြင်သစ်မေဂျာက ရွှေဘိုသူအုပ်စုတွေက ငါတို့ဆီ ဘာလို့မလာတာလဲ ခုလိုက်ခဲ့ ဆိုပြီးခေါ်ရင်ပါသွားလိုက်နဲ့ ။အခန်းအပြင်ကို ဝင်လိုက်ထွက်လိုက်လုပ်ပြီး ဖလန်းဖလန်းထနေကြပါ။မေဂျာတူသူငယ်ချင်းတွေက……"ဟွားယွန်းးး ဆောန်ဆေးနင်မ်း ဝပ်ဆော်ယို ပါလိပါလိ" လို့အော်ခေါ်မှ အခန်းထဲပြေးဝင်နေကြပါ။။
 
"ဟိတ်…နင်တို့သိပြီးပြီလားးးရုရှားလို ချစ်တယ် လို့ပြောတဲ့ အသံထွက်က ဆန်းတယ်တော့ ရှလွတ်ပလွတ်ကြည်ပြာ တဲ့။ခိခိ မြည်သံဆွဲအလင်္ကာတွေ ပါနေသလိုပဲနော်။" "နင့်ကို ဟိုဟာမတွေက ချွန်တွန်းလုပ်လိုက်တာနေမှာပါ နေနေရယ်။ အမှန်က ရာလူးဘလူးကြည်ပြာ ပါဟယ်။"
အဲ့လိုတွေ ပြာသလူးခပ်နေတဲ့ ကျွန်မဟာ အဲ့ဒီနေ့က ရှက်လွန်းလို့ အခန်းပြင်ကိုမထွက်ရဲတော့တာဟာ နေ့လည်စာစားဖို့ သူငယ်ချင်းတွေနဲ့ ထိုင်နေကျ Rubyကဖေး ကိုတောင်မသွားဖြစ်တော့ပါဘူး။ 
 
ညနေကျောင်းဆင်း ဖေဖေလာကြိုမှပဲ ကျောင်းပေါ်ကနေ မြန်မြန်ဆင်းပြေး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီစတိုင်လ်ဘောင်းဘီလေး ကိုလည်း နောက်တစ်ခါလုံးဝထပ်မဝတ်ဖြစ် တော့ပါဘူး။
 
နေထက်ထက်အောင်
— with Maung Paing and 74 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>