Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

တစ်ခါတုန်းက တက္ကသိုလ်မှာ(၃)

$
0
0
 Photo: တစ်ခါတုန်းက တက္ကသိုလ်မှာ(၃)               မေမြို့က မြို့ခံကျောင်းသားတစ်ဦးက သူ့အိမ်ကို ကားလေးစီးလုံးရပ်ပြီး ဝင်လည်ဖို့ ဖိတ်ထားပါတယ်။တီချယ်ကြီးက ကျောင်းသား ,၁၅၀ကျော်ဆိုတော့ အားနာလို့ ဘယ်သူမှ မဆင်းခိုင်းဘဲ စတော်ဘယ်ရီတွေကို ကားပေါ်တက်ပြီး နှစ်ယောက်တစ်ခြင်းနှုန်းနဲ့ ဝေပေးခိုင်းပါတယ်။ကိုယ့်ဆီရောက်လာရင် နောက်ထဲဆက်ပြီး လက်ဆင့်ကမ်း ရပါတယ်။ ကျွန်မနဲ့ ကျွန်မရှေ့ခုံမှာ ထိုင်တဲ့နုဝေက ရှေ့နဲ့နောက် အချက်ပေးပြီး တစ်ယောက်တစ်ခြင်း နှုန်းရအောင်ယူထား ခဲ့ပါတယ်။ အဲ့ဒါကိုသိပြီး ကျွန်မဘေးက ဖြူဖြူဟာ တစ်ခစ်ခစ်နဲ့ ရယ်လို့မပြီးတော့ပါဘူး။ စပ်ဖြဲဖြဲ မလုံမလဲမျက်နှာကြီးနဲ့လည်း လူတကာကို လိုက်ရယ်ပြနေပါတယ်။                        ဒီလိုနဲ့ မေမြို့ကိုနေရာတွေနှံ့အောင် လျှောက်လည်ပြီး နေ့ခင်းဘက်မှာ ရုက္ခဗေဒဥယျာဉ်ဆီကို သွားကြပါတယ်။ရုက္ခဗေဒဥယျဉ်ထဲက အမျိုးသမီး နားနေဆောင်မှာပဲ မေဂျာတီရှပ်ဆင်တူကို ပြောင်းလဲဝတ်ဆင် ကြပါတယ်။ ဥယျာဉ်ထဲမှာပန်းတွေမခူးရပါဘူး။ ခူးရင်တစ်ပွင့်အတွက် ဒဏ်ငွေငါးထောင်ပါ။ အဲ့ဒါကို ဟာနူရယ်ဂျုံးနဲ့ သူငယ်ချင်းတွေက ဝန်ထမ်းတွေ မသိအောင်ဆိုပြီး တိတ်တိတ်လေး ခူးလိုက်ကြတာ ပန်းပွင့်တွေအများကြီး ဖြစ်ကုန်ပါတယ်။             အဲ့အချိန်မှာပဲ ဝန်ထမ်းတွေရောက်လာပြီး "ဟေ့ ကောင်မလေးတွေ ဘာလို့ပန်းတွေခူးတာလဲ။ နင်တို့ဒဏ်ငွေတပ်မယ် ရုံးခန်းလိုက်ခဲ့ကြ။" လို့ အော်ပြောပါတယ်။အားလုံးကြောက်ကုန်ကြပါတယ်။စောစောတုန်းက တဟီးဟီးလုပ်ပြီး ခူးနေကြပေမယ့် ခုချိန်မှာတော့ အားလုံးက မျက်နှာငယ်လေးတွေနဲ့ ဖြစ်ကုန်ကြပါပြီ။ အဲ့အချိန်မှာပဲ ဟာနူရယ်ဂျုံးက ပန်းလေးတစ်ပွင့်ကိုကိုင်ပြီး ဝန်ထမ်းဦးလေးကြီးတွေဆီကို အပြေးတစ်ပိုင်း ကနွဲ့ကလျနဲ့ ထွက်သွားပါတယ်။                 "ဦးရယ်...သမီးကလေ ဒါလေးတစ်ပွင့်ပဲ ခူးတာပါရှင်။ ဒဏ်ငွေဆောင်စရာလည်း ပိုက်ပိုက်မရှိလို့ပါနော်။ ဒဏ်ငွေသာဆောင်လိုက်ရင် သာမီးအပြန်အတွက် ကားခမရှိတော့လို့ပါနော် နော်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော် နော်။" "ဟဲ့ ဟိုမှာခူးထားတဲ့ ပန်းတွေက များလှချည်လားး" "အာ့က သာမီးတို့ခူးတာ မဟုတ်ပါဘူးဦးရယ်။ နဂိုကတည်းက အဲ့နားမှာ အဲ့အတိုင်းရှိနေတာပါ။ သာမီးတို့ ခူးတာ ဒါလေးတစ်ပွင့်ထဲပါ။ လှလွန်းလို့ စိတ်မထိန်းနိုင်ပဲ ခူးမိတာပါဦးရယ် နော်နော်။ ခွင့်လွှတ်ပါနော်။…±×÷•¥……_±÷×±~…" "အေးအေး  ဒါဆိုလည်း ပြီရော နောက်ထပ်မခူးနဲ့တော့နော်။"                "အယ်...တော်တာဟယ်။ ဟာနူးလ်က ဘယ်လိုတွေ ပြောလိုက်တာလဲ သယ်ရင်းရယ်... တစ်ခါတည်းကို ပွဲပြီးမီးသေပါလားးး" "သယ်ရင်းတို့ ကိုယ်လိုချင်တဲ့ပန်းကို အိတ်ထဲထည့်ပြီး လက်စဖျောက်ယူကြ ပြီးရင်ဒီနားကနေ ခွာကြစို့။ နောက်တစ်ဖွဲ့လာရင် ငါလည်းအာမမခံနိုင်ဘူးးးခိခိ။"              အဲ့ဥယျာဉ်ထဲက ထင်းရှူးတောရဲ့ တစ်နေရာကို ရွေးချယ် စခန်းချကြပြီး ဂိမ်းဆော့နည်း မျိုးစုံအောင် ဆော့ကြပါတယ်။ ပြီးတော့ ကင်း နှင့် ကွင်းကို မဲစနစ်နဲ့ ရွေးကြပါတယ်။ အဲ့တုန်းက ကျွန်မလည်း ကွင်းဆိုတဲ့ အလှဘုရင်မဘွဲ့ရတော့မလို့ပါပဲ။ မဲပေးတဲ့လူ မရှိလို့ သီသီလေးးး ကပ်ပြုတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ပြန်တွေးတိုင်း အသဲနာရပါတယ် ... ဟိဟိ။ ဒီလိုတွေ စစ်မှန်တဲ့ အလှတရားကို မမြင်တတ် မကြည့်တတ်ကြလို့လည်း ဒီမိုကရေစီနဲ့ မြန်မာတွေ မတန်ဘူးလို့ ပြောခံရတာပေါ့။ဟုတ်တယ်မလားးး!!!!လို့ မပြောရဲပါဘူး ခ်ခ်။            ဒီနေရာမှာ အံ့သြမိတာက ဌာနမှူး တီချယ်ကြီးရဲ့ စိတ်ဓါတ်ပြည့်ဝမှုကိုပါပဲ။ သူ့ပြက္ခဒိန်က ပုံတွေကို ဖြတ်ညှပ်ကပ်ပြီး တီရှပ်တံဆိပ်ရိုက်ထားမှန်းလည်း သိသလို သူကလုပ်ခွင့်မပေးဘူးလို့ ပြတ်ပြတ်သားသားလည်း တားမြစ်ထားပါရဲ့နဲ့  လုပ်ချင်တာ လုပ်လာခဲ့တဲ့ ကျွန်မတို့ဖရက်ရှာအုပ်စုကို ဘာတစ်ခွန်းမှ မဆူ မငေါက်ခဲ့ပါဘူး။ အပြုံးမပျက်ဘဲ ခွင့်လွှတ်ပြီး "မင်းတို့ညီမလေးတွေက လက်သွက်တော့ ဦးသွားပြီ။ ဒီတော့ နောက်နှစ်မှ မင်းတို့တီရှပ်ထုတ်ကြတော့"လို့ ဒုတိယနှစ်တွေကို ပြောခဲ့ပါတယ်။               ဒီလိုနဲ့ ဖရက်ရှာဝဲလ်ကမ်းဟာ ပျှော်ရွှင်စွာ ပြီးဆုံးပြီး မောမောနဲ့ အိမ်ပြန်ခရီးကို နှင်ခဲ့ကြပါတယ်။ ပန်းမြို့တော်ကတော့ ဘယ်နှစ်ခေါက် ရောက်ရောက် မရိုးနိုင်တဲ့ အေးမြလတ်ဆတ်မှုတွေကို ကျွန်မတို့ထံ အမြဲပေးအပ်လေ့ရှိပါတယ်။                     "နေနေ…ဖြူလေ ဒီနေ့နှစ်လုံးထီ ထိုးချင်လို့။ အဲ့ဒါဘယ်မှာသွားပြီး ဘယ်လိုထိုးရမှာလဲဟင်!!"  "အမ် ငါလည်းသိဘူးလေ။ ဟိုဂိတ်ပေါက်က မုန့်သည်ကောင်မလေးကို မေးကြည့်ပါလားးး နေပါအုံးး နင်ကဘာစိတ်ကူး ပေါက်လို့တုန်း။"                       "ဖြူလေ ညကအိပ်မက်မက် တယ်သိလားးး အိပ်မက်ထဲမှာ ဖြူကလေ အင်္ဂလိပ်လို ၂ နှစ်လုံးကို စာရွက်ပေါ် ချရေးနေတာတဲ့။ ထင်ထင်ရှားရှားပဲ။ အာ့ကြောင့်နှစ်ပူး ထိုးချင်တာ" "ငါ့အထင်တော့ အဲ့ဒါချဲဂဏန်း မဟုတ်လောက်ဘူးဟ။အင်္ဂလိပ်လိုနှစ်နှစ်လုံး ဆိုမှတော့ တူးတူးပေါ့။ ကြည့်ရတာ နင်က ၉၉အင်တိတ်က ကင်းဘွဲ့ရထားတဲ့ အကိုကြီး တူးတူးကို စိတ်ဆွဲတာနေမှာပါဟာ...ခိခိ။ ငါသွားပြောပေးရမလားးး"                            "အံမယ်... မဟုတ်ပါဘူးနော်။ ဖြူ့ကိုအဲ့လိုမစပါနဲ့။" "ခစ်ခစ် ဘူသူမှမသိအောင် ငါအောင်သွယ်ပေးမယ်လေ။" "နင်နော် ငါ့ကိုမစနဲ့ဗျ...ဟွန့်။"ဒီလိုနဲ့ ကျိတ်ကျိတ် တိတ်တိတ်စနောက်ပြီး ပြီးသွားခဲ့ပါတယ်။ ချဲလည်းမထိုးလိုက်ရပါဘူး။                           အဲ့လိုဖြစ်ပျက်ပြီး တစ်ပါတ်ဆယ်ရက် အကြာမှာတော့ ကျွန်မနဲ့ဖြူဖြူက မိုင်နာချိန်ပြီးလို့ ကော်ရစ်ဒါအတိုင်း လျှောက်လာချိန်မှာပဲ မျက်နှာချင်းဆိုင်ကနေ ကိုတူးတူးနဲ့ သူ့သူငယ်ချင်း ကိုကူးမားတို့ နှစ်ယောက်ကလည်း လျှောက်လာကြပါတယ်။ ကော်ရစ်ဒါ တစ်လျှောက်မှာလည်း တခြားသော ကျောင်းသူကျောင်းသားတွေ ဥဒဟို သွားလာနေကြပါတယ်။                      ကိုတူးတူးက တရုတ်ကပြားပါ။ ခပ်ဖြောင့်ဖြောင့် နဲ့ ဖြူဖြူချောချောပါပဲ။ သူ့သူငယ်ချင်း ကိုကူးမားကတော့ တောင်ပေါ်သား ဂေါ်ရခါးလူမျိုးပါ။ ဗလကောင်းကောင်း ရင်အုပ်ကျယ်ကျယ်နဲ့ ယောက်ျားပီသတဲ့ရုပ် ရှိပြီး အသားက ခပ်လတ်လတ်ပါပဲ။ ပြီးတော့ ကာရာတေးခါးပါတ်နက်ပါ။                     ကျွန်မတို့နဲ့ လေးငါးလှမ်း အကွာကို ရောက်တော့ သူတို့နှစ်ယောက်ကလည်း ပြုံးပြကြပါတယ်။ ကျွန်မကလည်းပြန်ပြုံးပြ ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဖြူဖြူက လက်ညှိုးညွှန်ပြပြီး ပြောလိုက်ပါတယ်…… "ဟိုမှာ နင့်ချစ်ချစ် ကိုကူးမား လာနေတယ်။"  "ဟမ်!!! " ဟိုနှစ်ယောက်က ပြုံးဖြဲဖြဲ မျက်နှာတွေ ဖြစ်ကုန်ပြီး မရယ်မိအောင်ထိန်းရင်း ဆက်လျှောက်သွားကြပါတယ်။                       ကျွန်မမှာ ရှက်လိုက်တာ မပြောပါနဲ့တော့။ ထူပူပြီး ဆံပင်တွေပါ ထောင်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ မမျှော်လင့်တဲ့ အချိန်မှာ အငိုက်ဖမ်း တိုက်ခံလိုက်ရသလို ခံစားချက်ဆိုတာကို ကိုယ်တွေ့ခံစားလိုက်ရတာပါယဟပဲ။ "ဖြူဖြူ နင်ဘာလို့ အဲ့လိုကြီး ပြောလိုက်တာလဲဟင်။  ဟိုလူကြီးက တကယ်ထင်သွားတော့မှာပဲ။"                            "နင်တောင်ဖြူ့ကို တူးတူးနဲ့ စသေးတာပဲ။ ဖြူက နင့်ကို တူးတူးသူငယ်ချင်နဲ့ ပြန်စတာ ဘာဖြစ်လဲ။" "ဟမ်!!! ဘာာာာ ။ ငါစတာ ဘယ်သူသိတုန်း ဘယ်သူကြားတုန်းးး နင်နဲ့ငါ နှစ်ယောက်ထဲ သိတာလေဟာ။ ခုတော့နင်က ငါ့ကို အဲ့အတွက် ပြန်လက်စားချေတာပေါ့လေ ဟတ်လားးး။" "မကြားပါဘူးဟာ။နင်ကလည်းးး။" "သူတို့နှစ်ယောက်က နားထိုင်းတွေဆိုရင်တော့ ဖြူ့စကား မှန်လောက်ပါတယ်။ ခုတော့ နားမထိုင်းတော့ ပြုံးဖြဲဖြဲနဲ့ မရယ်ရုံတမယ်ပါပဲ။" "နေနေပဲ ဝဲလ်ကမ်းတုန်းက အဲ့အကိုကြီးက ပိုခန့်လို့ ဆိုပြီး ကင်းရွေးတော့ မဲထည့်သေးတယ်လေ။" "အမ်!!! အဲ့ဒါနဲ့ဘာဆိုင်လို့လဲ။ ငါ့ဟာငါ သူ့ကိုကင်းဖြစ်သင့်တယ်ထင်လို့ မဲပေးတာ။" "မသိဘူးလေ။ နင်ကြိုက်တယ်ထင်လို့။" "ငါ ကြိုက်တယ်ဆိုတာ ကင်းအဖြစ်ရွေးပြီး မဲထည့်ဖို့ ကြိုက်တာလေ။ ရည်းစားတော်ချင်လို့ ကြိုက်တာမျိုးမှ မဟုတ်တာ။ နင်ကငါ့ကို လူကြားထဲမှာ အဲ့လိုပြောစရာလားးး တော်ပြီနင်နဲ့ မခေါ်တော့ဘူးးး။"             ကျွန်မနဲ့ဖြူဖြူဟာ အုပ်စုကြီးတစ်ခုထဲမှာ အတူတူနေပြီး စကားမပြောကြတာကို သူငယ်ချင်းတွေက ရိပ်မိကြပါတယ်။မေလဲ့နှင့်နုဝေက ဘာဖြစ်ကြတာလဲလို့ ကပ်မေးပါတယ်။ ကျွန်မကလည်း ဖြူ့ရဲ့နှစ်လုံးထီအိပ်မက်က စပြီးတော့ နောက်ဆုံးဖြစ်ရပ်ထိ ရှင်းပြလိုက်တာ ဇာတ်လမ်းအဆုံးမှာတော့ သူငယ်ချင်းနှစ်ယောက်က တဟားဟားနဲ့ ရယ်လိုက်ကြတာ မပြီးတော့ဘူး။             ဒီလိုနဲ့ ကျွန်မနဲ့ ဖြူဖြူဟာ ၃ရက်ကြီးများတောင် စကားမပြောဘဲ နေခဲ့ကြပါတယ်။ အဲ့နောက်တော့ ထုံးစံအတိုင်း လည်ပင်းဖက်ပြီး ပြန်ပေါင်း ကြပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ အဲ့ကိစ္စကြောင့် ကိုကူးမားကို မျက်နှာခြင်းမဆိုင်ရဲ တော့ပါဘူး။ ခပ်လှမ်းလှမ်းကနေ မြင်လိုက်တာနဲ့ တခြားလမ်းကနေ ရှောင်သွားပါတယ်။ ရှောင်စရာ လမ်းမရှိရင် နီးရာ အခန်းတစ်ခုထဲ ဝင်ပုန်းနေလိုက်ပါတယ်။                       တစ်ဖက်လူက ဒီကိစ္စကို ဘယ်လိုမှ သဘောမထားသလို ကျွန်မအဖြစ်ကိုလည်း သိပုံမရပါဘူး။ကျွန်မကသာ ကလေးစိတ်မကုန်သေးတဲ့ အရွယ်မို့ မလုံမလဲတွေနဲ့ ရှက်ရွံ့နေခဲ့တာပါ။ ဒုတိယနှစ် ရောက်မှပဲ ကျွန်မဟာ ဒီကိစ္စကို ခေါင်းထဲကထုတ်ပြီး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်ခဲ့ပါတယ်။                    ဆက်လက်ဖော်ပြပါမည်                       နေထက်ထက်အောင်
မေမြို့က မြို့ခံကျောင်းသားတစ်ဦးက သူ့အိမ်ကို ကားလေးစီးလုံးရပ်ပြီး ဝင်လည်ဖို့ ဖိတ်ထားပါတယ်။တီချယ်ကြီးက ကျောင်းသား ,၁၅၀ကျော်ဆိုတော့ အားနာလို့ ဘယ်သူမှ မဆင်းခိုင်းဘဲ စတော်ဘယ်ရီတွေကိုကားပေါ်တက်ပြီး နှစ်ယောက်တစ်ခြင်းနှုန်းနဲ့ ဝေပေးခိုင်းပါတယ်။ကိုယ့်ဆီရောက်လာရင် နောက်ထဲဆက်ပြီး လက်ဆင့်ကမ်း ရပါတယ်။ ကျွန်မနဲ့ ကျွန်မရှေ့ခုံမှာ ထိုင်တဲ့နုဝေက ရှေ့နဲ့နောက် အချက်ပေးပြီး တစ်ယောက်တစ်ခြင်း နှုန်းရအောင်ယူထား ခဲ့ပါတယ်။ အဲ့ဒါကိုသိပြီး ကျွန်မဘေးက ဖြူဖြူဟာ တစ်ခစ်ခစ်နဲ့ ရယ်လို့မပြီးတော့ပါဘူး။ စပ်ဖြဲဖြဲ မလုံမလဲမျက်နှာကြီးနဲ့လည်း လူတကာကို လိုက်ရယ်ပြနေပါတယ်။

ဒီလိုနဲ့ မေမြို့ကိုနေရာတွေနှံ့အောင် လျှောက်လည်ပြီး နေ့ခင်းဘက်မှာ ရုက္ခဗေဒဥယျာဉ်ဆီကို သွားကြပါတယ်။ရုက္ခဗေဒဥယျဉ်ထဲက အမျိုးသမီး နားနေဆောင်မှာပဲ မေဂျာတီရှပ်ဆင်တူကို ပြောင်းလဲဝတ်ဆင် ကြပါတယ်။ ဥယျာဉ်ထဲမှာပန်းတွေမခူးရပါဘူး။ ခူးရင်တစ်ပွင့်အတွက် ဒဏ်ငွေငါးထောင်ပါ။ အဲ့ဒါကို ဟာနူရယ်ဂျုံးနဲ့ သူငယ်ချင်းတွေက ဝန်ထမ်းတွေ မသိအောင်ဆိုပြီး တိတ်တိတ်လေး ခူးလိုက်ကြတာ ပန်းပွင့်တွေအများကြီး ဖြစ်ကုန်ပါတယ်။

အဲ့အချိန်မှာပဲ ဝန်ထမ်းတွေရောက်လာပြီး "ဟေ့ ကောင်မလေးတွေ ဘာလို့ပန်းတွေခူးတာလဲ။ နင်တို့ဒဏ်ငွေတပ်မယ် ရုံးခန်းလိုက်ခဲ့ကြ။" လို့ အော်ပြောပါတယ်။အားလုံးကြောက်ကုန်ကြပါတယ်။စောစောတုန်းက တဟီးဟီးလုပ်ပြီး ခူးနေကြပေမယ့် ခုချိန်မှာတော့ အားလုံးက မျက်နှာငယ်လေးတွေနဲ့ ဖြစ်ကုန်ကြပါပြီ။ အဲ့အချိန်မှာပဲ ဟာနူရယ်ဂျုံးက ပန်းလေးတစ်ပွင့်ကိုကိုင်ပြီး ဝန်ထမ်းဦးလေးကြီးတွေဆီကို အပြေးတစ်ပိုင်း ကနွဲ့ကလျနဲ့ ထွက်သွားပါတယ်။

"ဦးရယ်...သမီးကလေ ဒါလေးတစ်ပွင့်ပဲ ခူးတာပါရှင်။ ဒဏ်ငွေဆောင်စရာလည်း ပိုက်ပိုက်မရှိလို့ပါနော်။ ဒဏ်ငွေသာဆောင်လိုက်ရင် သာမီးအပြန်အတွက် ကားခမရှိတော့လို့ပါနော် နော်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော် နော်။" "ဟဲ့ ဟိုမှာခူးထားတဲ့ ပန်းတွေက များလှချည်လားး" "အာ့က သာမီးတို့ခူးတာ မဟုတ်ပါဘူးဦးရယ်။ နဂိုကတည်းက အဲ့နားမှာ အဲ့အတိုင်းရှိနေတာပါ။ သာမီးတို့ ခူးတာ ဒါလေးတစ်ပွင့်ထဲပါ။ လှလွန်းလို့ စိတ်မထိန်းနိုင်ပဲ ခူးမိတာပါဦးရယ် နော်နော်။ ခွင့်လွှတ်ပါနော်။…±×÷•¥……_±÷×±~…" "အေးအေး ဒါဆိုလည်း ပြီရော နောက်ထပ်မခူးနဲ့တော့နော်။"

"အယ်...တော်တာဟယ်။ ဟာနူးလ်က ဘယ်လိုတွေ ပြောလိုက်တာလဲ သယ်ရင်းရယ်... တစ်ခါတည်းကို ပွဲပြီးမီးသေပါလားးး" "သယ်ရင်းတို့ ကိုယ်လိုချင်တဲ့ပန်းကို အိတ်ထဲထည့်ပြီး လက်စဖျောက်ယူကြ ပြီးရင်ဒီနားကနေ ခွာကြစို့။ နောက်တစ်ဖွဲ့လာရင် ငါလည်းအာမမခံနိုင်ဘူးးးခိခိ။"

အဲ့ဥယျာဉ်ထဲက ထင်းရှူးတောရဲ့ တစ်နေရာကို ရွေးချယ် စခန်းချကြပြီး ဂိမ်းဆော့နည်း မျိုးစုံအောင် ဆော့ကြပါတယ်။ ပြီးတော့ ကင်း နှင့် ကွင်းကို မဲစနစ်နဲ့ ရွေးကြပါတယ်။ အဲ့တုန်းက ကျွန်မလည်း ကွင်းဆိုတဲ့ အလှဘုရင်မဘွဲ့ရတော့မလို့ပါပဲ။ မဲပေးတဲ့လူ မရှိလို့ သီသီလေးးး ကပ်ပြုတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ပြန်တွေးတိုင်း အသဲနာရပါတယ် ... ဟိဟိ။ ဒီလိုတွေ စစ်မှန်တဲ့ အလှတရားကို မမြင်တတ် မကြည့်တတ်ကြလို့လည်း ဒီမိုကရေစီနဲ့ မြန်မာတွေ မတန်ဘူးလို့ ပြောခံရတာပေါ့။ဟုတ်တယ်မလားးး!!!!လို့ မပြောရဲပါဘူး ခ်ခ်။

ဒီနေရာမှာ အံ့သြမိတာက ဌာနမှူး တီချယ်ကြီးရဲ့ စိတ်ဓါတ်ပြည့်ဝမှုကိုပါပဲ။ သူ့ပြက္ခဒိန်က ပုံတွေကို ဖြတ်ညှပ်ကပ်ပြီး တီရှပ်တံဆိပ်ရိုက်ထားမှန်းလည်း သိသလို သူကလုပ်ခွင့်မပေးဘူးလို့ ပြတ်ပြတ်သားသားလည်း တားမြစ်ထားပါရဲ့နဲ့ လုပ်ချင်တာ လုပ်လာခဲ့တဲ့ ကျွန်မတို့ဖရက်ရှာအုပ်စုကို ဘာတစ်ခွန်းမှ မဆူ မငေါက်ခဲ့ပါဘူး။ အပြုံးမပျက်ဘဲ ခွင့်လွှတ်ပြီး "မင်းတို့ညီမလေးတွေက လက်သွက်တော့ ဦးသွားပြီ။ ဒီတော့ နောက်နှစ်မှ မင်းတို့တီရှပ်ထုတ်ကြတော့"လို့ ဒုတိယနှစ်တွေကို ပြောခဲ့ပါတယ်။

ဒီလိုနဲ့ ဖရက်ရှာဝဲလ်ကမ်းဟာ ပျှော်ရွှင်စွာ ပြီးဆုံးပြီး မောမောနဲ့ အိမ်ပြန်ခရီးကို နှင်ခဲ့ကြပါတယ်။ ပန်းမြို့တော်ကတော့ ဘယ်နှစ်ခေါက် ရောက်ရောက် မရိုးနိုင်တဲ့ အေးမြလတ်ဆတ်မှုတွေကို ကျွန်မတို့ထံ အမြဲပေးအပ်လေ့ရှိပါတယ်။

"နေနေ…ဖြူလေ ဒီနေ့နှစ်လုံးထီ ထိုးချင်လို့။ အဲ့ဒါဘယ်မှာသွားပြီး ဘယ်လိုထိုးရမှာလဲဟင်!!" "အမ် ငါလည်းသိဘူးလေ။ ဟိုဂိတ်ပေါက်က မုန့်သည်ကောင်မလေးကို မေးကြည့်ပါလားးး နေပါအုံးး နင်ကဘာစိတ်ကူး ပေါက်လို့တုန်း။"

"ဖြူလေ ညကအိပ်မက်မက် တယ်သိလားးး အိပ်မက်ထဲမှာ ဖြူကလေ အင်္ဂလိပ်လို ၂ နှစ်လုံးကို စာရွက်ပေါ် ချရေးနေတာတဲ့။ ထင်ထင်ရှားရှားပဲ။ အာ့ကြောင့်နှစ်ပူး ထိုးချင်တာ" "ငါ့အထင်တော့ အဲ့ဒါချဲဂဏန်း မဟုတ်လောက်ဘူးဟ။အင်္ဂလိပ်လိုနှစ်နှစ်လုံး ဆိုမှတော့ တူးတူးပေါ့။ ကြည့်ရတာ နင်က ၉၉အင်တိတ်က ကင်းဘွဲ့ရထားတဲ့ အကိုကြီး တူးတူးကို စိတ်ဆွဲတာနေမှာပါဟာ...ခိခိ။ ငါသွားပြောပေးရမလားးး"

"အံမယ်... မဟုတ်ပါဘူးနော်။ ဖြူ့ကိုအဲ့လိုမစပါနဲ့။" "ခစ်ခစ် ဘူသူမှမသိအောင် ငါအောင်သွယ်ပေးမယ်လေ။" "နင်နော် ငါ့ကိုမစနဲ့ဗျ...ဟွန့်။"ဒီလိုနဲ့ ကျိတ်ကျိတ် တိတ်တိတ်စနောက်ပြီး ပြီးသွားခဲ့ပါတယ်။ ချဲလည်းမထိုးလိုက်ရပါဘူး။

အဲ့လိုဖြစ်ပျက်ပြီး တစ်ပါတ်ဆယ်ရက် အကြာမှာတော့ ကျွန်မနဲ့ဖြူဖြူက မိုင်နာချိန်ပြီးလို့ ကော်ရစ်ဒါအတိုင်း လျှောက်လာချိန်မှာပဲ မျက်နှာချင်းဆိုင်ကနေ ကိုတူးတူးနဲ့ သူ့သူငယ်ချင်း ကိုကူးမားတို့ နှစ်ယောက်ကလည်း လျှောက်လာကြပါတယ်။ ကော်ရစ်ဒါ တစ်လျှောက်မှာလည်း တခြားသော ကျောင်းသူကျောင်းသားတွေ ဥဒဟို သွားလာနေကြပါတယ်။

ကိုတူးတူးက တရုတ်ကပြားပါ။ ခပ်ဖြောင့်ဖြောင့် နဲ့ ဖြူဖြူချောချောပါပဲ။ သူ့သူငယ်ချင်း ကိုကူးမားကတော့ တောင်ပေါ်သား ဂေါ်ရခါးလူမျိုးပါ။ ဗလကောင်းကောင်း ရင်အုပ်ကျယ်ကျယ်နဲ့ ယောက်ျားပီသတဲ့ရုပ် ရှိပြီး အသားက ခပ်လတ်လတ်ပါပဲ။ ပြီးတော့ ကာရာတေးခါးပါတ်နက်ပါ။

ကျွန်မတို့နဲ့ လေးငါးလှမ်း အကွာကို ရောက်တော့ သူတို့နှစ်ယောက်ကလည်း ပြုံးပြကြပါတယ်။ ကျွန်မကလည်းပြန်ပြုံးပြ ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဖြူဖြူက လက်ညှိုးညွှန်ပြပြီး ပြောလိုက်ပါတယ်…… "ဟိုမှာ နင့်ချစ်ချစ် ကိုကူးမား လာနေတယ်။" "ဟမ်!!! " ဟိုနှစ်ယောက်က ပြုံးဖြဲဖြဲ မျက်နှာတွေ ဖြစ်ကုန်ပြီး မရယ်မိအောင်ထိန်းရင်း ဆက်လျှောက်သွားကြပါတယ်။

ကျွန်မမှာ ရှက်လိုက်တာ မပြောပါနဲ့တော့။ ထူပူပြီး ဆံပင်တွေပါ ထောင်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ မမျှော်လင့်တဲ့ အချိန်မှာ အငိုက်ဖမ်း တိုက်ခံလိုက်ရသလို ခံစားချက်ဆိုတာကို ကိုယ်တွေ့ခံစားလိုက်ရတာပါယဟပဲ။ "ဖြူဖြူ နင်ဘာလို့ အဲ့လိုကြီး ပြောလိုက်တာလဲဟင်။ ဟိုလူကြီးက တကယ်ထင်သွားတော့မှာပဲ။"

"နင်တောင်ဖြူ့ကို တူးတူးနဲ့ စသေးတာပဲ။ ဖြူက နင့်ကို တူးတူးသူငယ်ချင်နဲ့ ပြန်စတာ ဘာဖြစ်လဲ။" "ဟမ်!!! ဘာာာာ ။ ငါစတာ ဘယ်သူသိတုန်း ဘယ်သူကြားတုန်းးး နင်နဲ့ငါ နှစ်ယောက်ထဲ သိတာလေဟာ။ ခုတော့နင်က ငါ့ကို အဲ့အတွက် ပြန်လက်စားချေတာပေါ့လေ ဟတ်လားးး။" "မကြားပါဘူးဟာ။နင်ကလည်းးး။" "သူတို့နှစ်ယောက်က နားထိုင်းတွေဆိုရင်တော့ ဖြူ့စကား မှန်လောက်ပါတယ်။ ခုတော့ နားမထိုင်းတော့ ပြုံးဖြဲဖြဲနဲ့ မရယ်ရုံတမယ်ပါပဲ။" "နေနေပဲ ဝဲလ်ကမ်းတုန်းက အဲ့အကိုကြီးက ပိုခန့်လို့ ဆိုပြီး ကင်းရွေးတော့ မဲထည့်သေးတယ်လေ။" "အမ်!!! အဲ့ဒါနဲ့ဘာဆိုင်လို့လဲ။ ငါ့ဟာငါ သူ့ကိုကင်းဖြစ်သင့်တယ်ထင်လို့ မဲပေးတာ။" "မသိဘူးလေ။ နင်ကြိုက်တယ်ထင်လို့။" "ငါ ကြိုက်တယ်ဆိုတာ ကင်းအဖြစ်ရွေးပြီး မဲထည့်ဖို့ ကြိုက်တာလေ။ ရည်းစားတော်ချင်လို့ ကြိုက်တာမျိုးမှ မဟုတ်တာ။ နင်ကငါ့ကို လူကြားထဲမှာ အဲ့လိုပြောစရာလားးး တော်ပြီနင်နဲ့ မခေါ်တော့ဘူးးး။"

ကျွန်မနဲ့ဖြူဖြူဟာ အုပ်စုကြီးတစ်ခုထဲမှာ အတူတူနေပြီး စကားမပြောကြတာကို သူငယ်ချင်းတွေက ရိပ်မိကြပါတယ်။မေလဲ့နှင့်နုဝေက ဘာဖြစ်ကြတာလဲလို့ ကပ်မေးပါတယ်။ ကျွန်မကလည်း ဖြူ့ရဲ့နှစ်လုံးထီအိပ်မက်က စပြီးတော့ နောက်ဆုံးဖြစ်ရပ်ထိ ရှင်းပြလိုက်တာ ဇာတ်လမ်းအဆုံးမှာတော့ သူငယ်ချင်းနှစ်ယောက်က တဟားဟားနဲ့ ရယ်လိုက်ကြတာ မပြီးတော့ဘူး။

ဒီလိုနဲ့ ကျွန်မနဲ့ ဖြူဖြူဟာ ၃ရက်ကြီးများတောင် စကားမပြောဘဲ နေခဲ့ကြပါတယ်။ အဲ့နောက်တော့ ထုံးစံအတိုင်း လည်ပင်းဖက်ပြီး ပြန်ပေါင်း ကြပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ အဲ့ကိစ္စကြောင့် ကိုကူးမားကို မျက်နှာခြင်းမဆိုင်ရဲ တော့ပါဘူး။ ခပ်လှမ်းလှမ်းကနေ မြင်လိုက်တာနဲ့ တခြားလမ်းကနေ ရှောင်သွားပါတယ်။ ရှောင်စရာ လမ်းမရှိရင် နီးရာ အခန်းတစ်ခုထဲ ဝင်ပုန်းနေလိုက်ပါတယ်။

တစ်ဖက်လူက ဒီကိစ္စကို ဘယ်လိုမှ သဘောမထားသလို ကျွန်မအဖြစ်ကိုလည်း သိပုံမရပါဘူး။ကျွန်မကသာ ကလေးစိတ်မကုန်သေးတဲ့ အရွယ်မို့ မလုံမလဲတွေနဲ့ ရှက်ရွံ့နေခဲ့တာပါ။ ဒုတိယနှစ် ရောက်မှပဲ ကျွန်မဟာ ဒီကိစ္စကို ခေါင်းထဲကထုတ်ပြီး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်
— with Maung Paing and 66 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>