Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဖြစ်သင့်တာလေးတော့ ခိုင်းစေချင်ပါတယ်

$
0
0

Right Arrow's photo. 
 (စစ်သည်တစ်ဦး၏ ရင်ဖွင့်သံ)

ရှမ်းတဲလေတပ်မှ စစ်သည်တစ်ဦးက သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်လာတယ်
"ဒီဇင်ဘာ ၁၅ မှာ လေမွေးနေ့လုပ်မယ်ဗျာ။ အဲဒီမှာ တပ်ချုပ်လာမယ်။ အရင်တစ်ခေါက်လာတော့ ခိုင်းသွားတွေက မပြီးသေးဘူး။ ခုလုပ်နေရတာတွေကိုလဲ စိတ်ပျက်လာပြီ။
အခိုင်းခံရလို့မဟုတ်ပါဘူး။ ဖြစ်နိုင်တာလေးတွေ ခိုင်းစေချင်တာပါ။ သူတို့ခိုင်းရင်လဲ မလုပ်လို့မရဘူးလေ။ သိတဲ့အတိုင်း မလွန်းသာမလုပ်သာလေ။ ပြန်ပြောလို့မရ။ စောဒကတက်လို့လဲမရ။
သူတို့ပြောလိုက်ရင် စစ်သား ခိုင်းတာလုပ်ရမယ်တဲ့။ ဒါပဲ။
ကြည့် စိုက်ပျိုးရေးစိုက်ခိုင်းတာကို။ စိုက်ပျိုးရေးဆိုတာ မိသားစု သက်သာချောင်ချိအောင်စိုက်ခိုင်းတာလေ။ ခုတော့မသက်သာလှပါဘူး။ ပြဖို့စိုက်နေရတာ။


 
၁၀ ပေပတ်လည်တဲ့။ ပြီးတော့ ဇကာအစိမ်းစ ကာခိုင်းတယ်။ ညီနေရမယ်တဲ့။ သူတို့စကားနဲ့ပြောရရင် စစ်သားဖြစ်ပြီး အလှအပကကြိုက်သေး။ ဇကာက တစ်ကိုက် ၆၀၀၊ ၇၀၀၊ တစ်အိမ်ကို အနည်းဆုံး ၆ ကိုက်လောက် ကုန်တယ်။ ၆၀၀ နဲ့တွက် ၃၆၀၀ ဖြစ်နေပြီ။ ပြီးတော့ တိုင်တွေ၊ တန်းတွေမပါသေးဘူး။
ထားပါတော့ ကာဆိုလို့ကာရတယ် စိုက်ရတယ်။ မြေကြီးက မာတောင်နေတာ။ ကြပ်သိပ်နေတာ။ ဘယ်လို့လာ အပင်ကဖြစ်မှာလဲ။ ရေကလည်း မိသားစုသုံးဖို့ကို မအားတဲ့ကြားကပြေးလွှားခပ်ရတာ။ အပင်တွေလောင်းဖို့ ဆိုတာဝေးရော။ စိုက်နိုင်ပျိုးနိုင်တဲ့မြေ။ စိုက်ပျိုးလို့ရတဲ့မြေဆိုရင်တော့ထားတော့။ ခုတော့ လူကြီးက တစ်ပိုင်တစ်နိုင်ဆိုတာနဲ့ မနိုင်မနင်းထမ်းနေတာ။ အောက်ခြေကို စာနာသင့်တယ်။ ဖြစ်နိုင်တာလေးတွေ ခိုင်းစေချင်တယ်။ ပုံစံခွက်ထဲ ဇွတ်သွပ်သွင်းနေဖို့ပဲ သူတို့ကစဉ်းစားတာ။
 
ထွက်ခွင့်မပေးထားတော့ ခိုင်းသမျှလုပ် ခံနေရတာပါပဲ။ ပြောတာနဲ့ စစ်စည်းကမ်းအရ အရေးယူမယ်ဆိုတာ ကြီးပဲ။
နောက်ရှိသေးတယ်။ ဒီတပ်က လူကြီး ခဏခဏလာတယ်။ ခဏခဏလာတော့ အောက်ခြေတွေ ခဏခဏ ဒုက္ခရောက်တယ်။ လုံခြုံရေးယူရတယ်။ Standby ယူရတယ်။ သူတို့စားဖို့ သောက်ဖို့ကို ထမင်းအငတ်ခံပြီး စောင့်ပေးရတယ်။
သူတို့လာလို့ စစ်သည်တွေ၊ မိသားစုတွေဘာရလဲ။ ဒုက္ခပဲရတယ်။
ခုကျွန်တော်ပြောတယ်နော်။ ဒါတွေပြောတာသိရင် ကျိန်းသေတယ် ကျွန်တော့်ကို သုပ်တော့မှာ။ သုပ်လဲခံရုံပေါ့ဗျာ။ သူတို့လက်ခုပ်ထဲကရေပဲ။
 
Right Arrow's photo.
အပြင်လောကလူတွေကိုလဲ မကျေနပ်ဘူး။ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးတော့ ဇွတ်အော်၊ ဆန္ဒပြပြီး
ဒီအထဲကအဖြစ်တွေကို ဖော်ထုတ် တောင်းဆို၊ ဆန္ဒပြပေးတယ်လို့မရှိဘူး။ ရဲဘော်တွေလဲ လူပါပဲ။ လူ့အခွင့်အရေးတော့ရချင်တာပေါ့။ ပြီးတော့ ထွက်ခွင့်ရပြီး အေးအေးလူလူနေချင်တာပေါ့။
စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းမှာ ကြောက်ပုံရပါတယ်။
အဲ တပ်ထဲကအကြောင်းဆက်ပြောဦးမယ်။
လိုင်းစစ်တဲ့ဗျာ စစ်တယ်။ ဘာလို့စစ်လဲ လိုအပ်ချက်တွေဖြည့်ပေးဖို့။ မိသားစုတွေ စနစ်တကျဖြစ်စေဖို့ မဟုတ်ဘူးလား။
ခုတော့စစ်တယ်။ ကြပ်ဖို့ အရေးယူဖို့ပဲ။
ရေခဲသေတ္တာမသုံးနဲ့ ဟော့ပလိပ်မသုံးနဲ့ ရှိရင်မှတ်တယ်။ အရေးယူမယ်တဲ့။ အရာရှိအိမ်တွေမှာ သုံးတာက ဘာမှ မဖြစ်ဘူး။
 
ပြီးတော့ ခေါင်မိုးပေါ်အမှိုက်မရှိရ၊ သစ်ကိုင်းတွေခုတ်တဲ့ ခိုင်းတယ်။
အမိုးတွေမကောင်းတာ။ မိုးယိုတာ။ တန်းတွေ၊ ထုတ်တန်းတွေမကောင်းတာကြတော့ သတင်းပို့လဲလုပ်မပေးဘူး။ ကိုယ်ထူကိုယ်ထပြင်ရတယ်။
တပ်ချုပ်ကြီးလာတိုင်း နားတဲ့ VIP ရိပ်သာကြီးကနေ လမ်းလျှောက်တတ်တဲ့ လမ်းကို ခုကြည့်ကပ်တရာခင်းတယ်။ ဒီတစ်လမ်းထဲဖြတ်ခင်းတယ်။
အဲဒီလမ်းဖိုးကို မိသားစုအတွက် လုပ်ပေးပါလားဗျာ။ ခုတော့သူတို့က ဖြည့်ပေးဖို့၊ ကူညီဖို့၊ ရဲဘော်ဖို့ဆိုရင် ခပ်ရိုင်းရိုင်းပြောရရင် သူတို့ အိပ်ကပ်ထဲက ပေးရတဲ့အတိုင်း သေမလောက်ကြောက်တယ်။ သူတို့ ပွဲတစ်ပွဲလုပ်လို့ သိန်း ထောင်ချီကုန်တာကြ ပါးဖြဲနဖြဲ စားကြတယ်။
တော်ပါပြီဗျာ ၀ဋ်ရှိလို့ ခံရတယ်ပဲမှတ်တော့မယ်။ ဒီဝဋ်က မြန်မြန်လွှတ်ချင်ပါပြီဗျာ။
ခင်ဗျားတို့ကို တစ်ခုတော့ပြောချင်တယ်။
 
စစ်တပ်ကို မမုန်းပါနဲ့။ စစ်တပ်က လူကြီးတွေကိုသာ မုန်းစမ်းပါ။
စစ်ဆိုရင် ရေတောင်ကျွန်တော်တို့က ပိုပြီး စစ်မသောက်ချင်သေး။ နောက်ဘ၀ မင်းမှုထမ်းဘ၀ ဘယ်တော့မှ မဖြစ်ချင်တော့ဘူး။ အထူးသဖြင့် မြန်မာစစ်တပ်မှာပေါ့။ "
သူ့ရဲ့ရင်ဖွင့်ချက်ကတော့ ၉ လောက်ရှိမယ်ထင်တယ်။ အင်းဟုတ်တော့လဲ ဟုတ်မှာပါ။ အောက်ခြေဆိုတာ အောက်မှာ ကြေနေရတဲ့ဘ၀တွေမဟုတ်လား။ အပြင်က ခေါင်းဆောင်တွေလဲ အထဲက အောက်ခြေရဲဘော်လေးတွေအတွက် လုပ်ဆောင်ပေးစေချင်ပါတယ်။
ယခင်စစ်တပ်လူကြီးတွေမကောင်းတာနဲ့ အကုန်လုံးကို သိမ်းကြုံးမမုန်းလိုက်ပါနဲ့ဗျာ။ ခုလဲ မကောင်းသူတွေရှိပါသေးတယ်။ အဲဒီမကောင်းတဲ့ လူကြီးတွေအုပ်ချုပ်တာခံနေရတဲ့ အောက်ခြေက ဘ၀တွေအတွက်လဲ လုပ်ပေးလိုက်ကြပါဦးဗျာ။
 
ကျွန်တော်လည်း တတ်နိုင်သမျှ စွမ်းပေးချင်လို့ ဒီ Post လေးကိုတင်လိုက်ရတာပါ။
ပြောပြတဲ့ ရဲဘော်လေးရဲ့ ဘ၀လုံခြုံမှု အာမခံချက်ကို ဘယ်သူပေးမှာလဲ။ ဘယ်သူဆိုတာသိရင် ကျိန်းသေတာက သူ့ကို တနည်းနည်းနဲ့ ဖိနှိပ်တော့မှာပဲ။
ခင်ဗျား ၀ဋ်တွေက ကင်းလွှတ်ပါစေဗျာ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...