Quantcast
Viewing all articles
Browse latest Browse all 1811

အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အင်စတီကျူးရှင်းပြသနာ

Image may be NSFW.
Clik here to view.

December 13, 2013 at 9:38am
ယခုအစိုးရရဲ့ နိုင်ငံရေး၊စီးပွားရေးနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး နှစ်,နှစ်ကျော်ကြာလာတဲ့အခါ အောင်မြင်ဖို့အတွက် အခက်အခဲပေါင်းစုံရှိနေကြောင်း အသံတွေထွက်လာပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ ထဲမှာ အမြင့်ဆုံးတာဝန်ယူထားတဲ့ ၀န်ကြီးတွေနဲ့ နိုင်ငံတော်အကြံပေးတွေ ကိုယ်တိုင်ရဲ့ အသံတွေပါ။



စာနယ်ဇင်းနဲ့ မီဒီယာတွေကို သူတို့ပြောတာက “လူထုရဲ့တောင်းဆိုမှုတွေက သိပ်များလွန်းနေတယ်။ အစိုးရက ပြု ပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် လုပ်နေပေမယ့် အင်စတီကျူးရှင်းတွေကမလိုက်နိုင် ဘူး။ capacity က မရှိကြဘူး၊ ဌာနဆိုင်ရာဝန်ထမ်း တစ်သန်းလောက်မှာ အပြောင်းအလဲလုပ်ချင်တဲ့သူ တစ်ထောင်လောက်ပဲရှိတယ်” စသဖြင့်။ နိုင်ငံတကာပညာရှင်တွေပြောတာနဲ့ အစီရင်ခံစာတွေ ထောက်ပြတာကြည့်ရင်လည်း အင်စတီကျူးရှင်းညံ့ဖျင်းတာ၊ မက်ခရိုစီးပွားရေး ပုံစံမကောင်းတာ၊ capacity နဲ့ skillတွေမရှိကြတာကိုပဲ အထပ်ထပ် ပြောထားတာတွေ့ရပါမယ်။

တကယ်လည်း ပြုပြင်ပြောင်းလဲရေးဟာ အပေါ်ပိုင်းမှာ လုပ်သင့်သလောက် လုပ်နေပေမယ့် အောက်ခြေပိုင်းအထိ အရွေ့မရှိတာ၊ နဂိုအတိုင်း အကျင့်ပျက် ခြစားနေတာတွေကိုပဲ ပြည်သူတွေ မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့ ပြုပြင်ပြောင်းလဲရေးဟာ “အင်” ကြီးပဲ၊ အစိုးရဟာ ခရိုနီတွေကိုသာ စေတနာရှိတယ်၊ ပြည်သူတွေဘ၀ကတော့ မထူးမခြားနားပဲလို့ တစ်နေ့ထက်တစ်နေ့ ပိုပြီးအများက စွဲမြဲခံယူလာကြပါတယ်။

ဒီတော့ အစိုးရနဲ့ ပညာရှင်တွေ ပြောနေတဲ့ အင်စတီကျူးရှင်းကောင်းမရှိလို့၊ capacity မရှိကြလို့ ပြုပြင်ပြောင်းလဲရေး ထင်တိုင်းမပေါက် ဖြစ်နေတာဟာ တကယ်ဟုတ်သလားဆိုတာကို ဆန်းစစ်ဖို့လိုပါပြီ။ အရင်ဆုံး အင်စတီကျူးရှင်းဆိုတာ ဘာလဲ။ ဘာကြောင့် မြန်မာပြည်က အင်စတီကျူးရှင်းတွေစီမံခန့်ခွဲ မှုအလွဲလွဲ ဖြစ်နေရသလဲ။ ဘာကြောင့် အင်စတီကျူး ရှင်းတွေကို ကောင်းမွန်တည့်မတ်အောင် လုပ်မရတာလဲဆိုတာ ကြည့်ကြည့်ဖို့ လိုပါမယ်။

အင်စတီကျူးရှင်းဆိုတာ

အင်စတီကျူးရှင်းတွေဆိုတာ“စည်းမျဉ်းစည်းကမ်းဥပဒေတွေ၊ ၎င်းတို့ကို လိုက်နာဆောင်ရွက်အောင်လုပ်ရတဲ့ လုပ်ထုံးနည်းနာ မူဘောင်တွေ၊ အဖွဲ့အစည်းတွေ” (Institutions are rules,enforcement mechanism and organizations.) လို့ World Development Report ၂၀၀၂ အစီရင်ခံစာမှာ ဖွင့်ဆိုထားပါတယ်။ အမေရိကန်မှ စီးပွားရေးပညာရှင်ဒေါက်တာမျိုးညွန့်က “လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အပြန်အလှန်ပြုမူလှုပ်ရှားမှုများကို ပုံဖော်ထားတဲ့ ဂိမ်းပွဲဆိုင်ရာဥပဒေသများ (Institutions are rules of the game that shape social, political and economic interactions.) လို့ ဟောပြောဖူးပါတယ်။

ဒီဖွင့်ဆိုချက်တွေကိုကြည့်ရင် အင်စတီကျူးရှင်းဆိုတာ အားလုံးသဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေသ မူဘောင်တွေပေါ်ကနေ ပါဝင်အလုပ်လုပ်ကြရတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေဖြစ်တယ်လို့ မြင်ကြည့်နိုင်ပါတယ်။

အင်စတီကျူးရှင်းမှာ စည်းမျဉ်းဥပဒေသခွဲဝေမှု (allocation rules)၊ ဘယ်သူတွေက ဘာတွေကို ဘယ်လိုလုပ်ပြီး ဘယ်သူတွေနဲ့ ထိတွေ့ဆက်ဆံမယ် စသဖြင့် တိတိကျကျ အားလုံးသဘောတူ ဆုံးဖြတ်ထားတဲ့ စည်းမျဉ်းတွေ(inclusion rules)၊ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုဆိုင်ရာ စည်းမျဉ်းတွေ (accountability rules) နဲ့ ဘာပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းတွေ (procedural rules) ရှိပါတယ်။

အင်စတီကျူးရှင်းနဲ့ အဖွဲ့အစည်း(organization) ဟာလည်း ကွာခြားပါတယ်။ ဥပမာ NGO လုပ်ငန်းတွေ ဆိုတာအင်စတီကျူးရှင်းကြီးဖြစ်ပြီး အဲဒီအောက်မှာပါဝင်ရတဲ့ USAID, NED, UNICEF စတာတွေဟာ အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ တကယ်တော့ အင်စတီကျူးရှင်း တွေဟာ သံမဏိတိုင်တွေနဲ့ တည်ဆောက်ထားတာမဟုတ်ပါ။ တကယ် အင်အားအကောင်းဆုံး အင်စတီကျူးရှင်းတွေဆိုတာ သာမန်လူတွေရဲ့ အသွေးအသားတွေနဲ့သာ ပေါင်းစုဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

နောက်ပြီး အင်စတီကျူးရှင်းဟာ ပုံစံနှစ်မျိုးနဲ့ ရှိနိုင်ပါတယ်။ တရားဝင် အင်စတီကျူးရှင်းတွေ (formal institutions) နဲ့ အလွတ်သဘောဆောင်တဲ့ အင်စတီကျူးရှင်းတွေ (informal institutions)ပါ။ အများသဘောတူ ရေးထားတဲ့ စည်းမျဉ်းဥပဒေတွေအောက်မှာ လုပ်ကိုင်နေတဲ့ အစိုးရဌာနတွေ၊ လွှတ်တော်တွေ၊ တရားရုံးတွေ၊ ပညာရေး လုပ်ငန်းတွေ၊ ပုဂ်္ဂလိကလုပ်ငန်းတွေ၊ ကော်ပိုရေးရှင်းစတာတွေဟာ တရားဝင် အင်စတီကျူးရှင်းတွေဖြစ်ပါတယ်။ ဘာသာရေး ပြဋ္ဌာန်းချက်တွေ၊ ရှေးရိုးစဉ်လာ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုအထိန်းအကျောင်းတွေနဲ့ သွားတာတွေက အလွတ်သဘောဆောင်တဲ့ အင်စတီကျူး ရှင်းတွေ ဖြစ်ပါတယ်။

formal institutions အားကောင်းတဲ့ နိုင်ငံတွေက တိုးတက်ချမ်းသာပြီး၊ informal institutions များလွန်းတဲ့ နိုင်ငံတွေက ဆင်းရဲတွင်းမှ တိုးမထွက်နိုင် ဖြစ်ရပါတယ်။

လူတစ်စုအတွက်အင်စတီကျူးရှင်း

အပေါ်က အင်စတီကျူးရှင်းသဘောတွေအရကြည့်ရင် မြန်မာနိုင်ငံက အင်စတီကျူးရှင်းတွေဟာ သူ့သက်ဆိုင်ရာ မူဘောင်အတွင်းမှာ မရှိကြတာကို တွေ့ရပါမယ်။ အထင်ရှားဆုံးက စစ်ဘက်အင်စတီကျူး ရှင်းက အရပ်ဘက် အင်စတီကျူးရှင်းအပေါ် ၀င်ရောက်စွက် ဖက်လွှမ်းမိုးလွန်းပြီး၊ အင်စတီကျူးရှင်းဥပဒေဖြစ်တဲ့ "rules of the game"  ကစားပွဲကို ဖျက်ဆီးပစ်တာတွေ့ရပါမယ်။

အကျိုးဆက်အဖြစ် နိုင်ငံရဲ့နိုင်ငံရေး စီးပွားရေး အင်စတီကျူးရှင်းတွေဟာ လူထုအားလုံး ပူးပေါင်းပါဝင်နိုင် တဲ့အင်စတီကျူးရှင်းတွေ (inclusive institutions) ဖြစ်မလာတော့ဘဲ လူတစ်စုအကျိုးခံစားဖို့ ဆွဲထုတ်ယူသွားတဲ့ အင်စတီကျူးရှင်းတွေ (extractive institution) ဖြစ်ကုန်ပါတယ်။ ကစားကွင်းတစ်ခုလုံး၊ ဈေးကွက်တစ်ခုလုံးကို လူတစ်စုက ထိန်းချုပ် ထားပြီး၊ လူအများ ပြိုင်ဆိုင်ခွင့်မရအောင် ဖိနှိပ်ထားပါတယ်။

အင်စတီကျူးရှင်းလုပ်ငန်းဆိုတာ အားလုံးသူ့နေရာသူ ရှိနေနိုင်မှု ဖြစ်ပါတယ်၊ ပါးစပ်က ပါးစပ်နေရာရှိပြီး၊ နှာခေါင်းကနှာခေါင်းနေရာရှိရင် အားလုံးအဆင်ပြေသလိုပါ။ နားရွက်က ပါးစပ်နေရာရောက်နေလို့ မဖြစ်သလို၊ စစ်တပ်က အရပ်ဘက်ဈေးကွက်ထဲ ၀င်ရောက်နေရင် အားလုံးပွဲပျက်ပြီး အကျည်းတန်သွားစေပါတယ်။

မူကောင်းပါတယ်၊လူမကောင်းတာ

လက်ရှိအစိုးရအဖွဲ့လုပ်နေတဲ့ပြုပြင်ပြောင်းလဲရေးကို အင်စတီကျူးရှင်းဆိုင်ရာ စည်းမျဉ်းတွေအတိုင်း လူမှန်နေရာမှန်ထားနိုင်ဖို့ အပြောင်းအလဲတွေ လုပ်ကြသလား ဆိုတာနဲ့ပဲ အကဲဖြတ်ရပါမယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး၊ စင်ကာပူလို တိုးတက်ရေး ဘယ်လောက်ပဲအော်အော်၊ အင်စတီကျူးရှင်းဆိုင်ရာ မှန်ကန်မှုတွေ မရှိတဲ့အတွက်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် ချမှတ်တဲ့ မူဝါဒတွေ စီမံကိန်းတွေဟာ အဟောသိကံနဲ့ပဲ အားမရစွာ အဆုံးသတ်နေဦးမှာ ဖြစ်ပါတယ်။

ဒီအခါမှာတော့ အစိုးရပိုင်းက“တို့ကတော့ လုပ်ပါတယ်။ လူတွေက မကောင်းတာ၊ အောက်ခြေက မလိုက်နိုင်တာ၊ မပြောင်းလဲချင်ကြတာ၊ capacity မရှိကြတာ” လို့ပြောရင်း၊ အရင်ခေတ် မဆလအစိုးရ ပြောပုံအတိုင်းပဲ.. “မူကကောင်းပါတယ်၊ လူတွေ မကောင်းတာပါ” ဆိုပြီး လူတွေကိုပဲ နောက်ဆုံး အပြစ်ပုံချလိုက်တာပါပဲ။

(ရှေ့အပတ် ဆက်ပါဦးမယ်)

ရဲမြင့်ကျော်
(မဇ္ဈိမသတင်းစာ၊ ၁၂၊ ၁၂၊ ၂၀၁၃)




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>