ကျွန်မ ဒုတိယနှစ် တက်တုန်းက မဖြစ်မနေ လိုအပ်လို့ ပူဆာခဲ့တဲ့ ကက်ဆက်လေးကို ဖေဖေက ဝယ်မပေးခဲ့ပါဘူး။ အိမ်မှာရှိတဲ့ ကက်ဆက်က အဖွားကတရားခွေနာဖို့ အပိုင်စီးထားတာ ကြာပါပြီ။ ကျွန်မက သွားလေရာ သယ်ယူနားထောင်ဖို့ ဝေါ့ခ်မန်း ကက်ဆက်လေး လိုချင်တာပါ။ ဒုတိယနှစ်မှာ Listening ဘာသာရပ်က တော်တော်အရေးကြီးပါတယ်။ နားထောင်ဖို့လည်း တိတ်ခွေတွေ အများကြီး ဝယ်ထားရပါတယ်။
ဒီတော့ ဈေးပေါပေါ တရုတ်ကတ်ဆက်လေး ဝယ်ချင်တာကို ဖေဖေက လုံးဝပေးမဝယ်ပါဘူးးးး။ သူကိုယ်တိုင် ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ရှာပါတယ်။ ဖေဖေ့စိတ်တိုင်းကျ ကတ်ဆက်ကို မရခဲ့ပါဘူးးး ကျွန်မကလည်း အရေးတကြီး လိုအပ်နေပါပြီ။ အခြေအနေကို ခဏခဏ ရှင်းပြတော့ ဖေဖေက စိတ်တိုပါတယ်။ နောက်ဆုံးတော့ ဘာဆိုဘာမှ မပြောတော့ဘဲ ဒီတိုင်းပဲ ဖြစ်သလို နေခဲ့ဖြေခဲ့လိုက်ပါတယ်။အဲ့ဒီဘာသာရပ်အတွက် အမှတ်တွေက တအားနည်းပါတယ်။
အခုတတိယနှစ်မှာ Listening ဘာသာရပ်က တိပ်တွေနားထောင်ဖို့ မလိုအပ်တော့ပါဘူး။ အဲ့ဒီအချိန်ကျမှ ဖေဖေက ကတ်ဆက်ကြီး တစ်လုံးဝယ်လာပြီး ဝမ်းသာအားရနဲ့ ကျွန်မအခန်းထဲကို လာထည့်ပေးပါတယ်။ ပြီးတော့ပြောသွားပါတယ်..."ဒီမယ်သမီးးး ပစ္စည်းတစ်ခုဝယ်ရင် အမှိုက်ဖြစ်မယ့် ဈေးပေါပေါ ခပ်စုတ်စုတ်တွေ မဝယ်ရဘူးးး နောင်ဆိုရင် ဒီတိတ်ခွေတွေနဲ့ ကတ်ဆက်တွေဟာ ခေတ်မရှိတော့ဘူးးး ဒါ့ကြောင့်ဖေဖေက တိတ်ခွေရော စီဒီခွေရော နှစ်မျိုးဖွင့်လို့ရတဲ့ ကတ်ဆက်အကောင်းစားကြီး လိုက်ရှာနေတာ။ ခုမှပဲ စိတ်ကြိုက်တွေ့လာ တော့တယ်။"ကတ်ဆက်ကြီးက တိတ်ခွေနှစ်ခွေ တစ်ပြိုင်နက် ဖွင့်လို့ကူးလို့ရ တဲ့အပြင် အပေါ်ဘက်မှာ စီဒီချပ်ဖွင့်တဲ့ ဘောက်စ်လည်းပါပါတယ်။ ပန်နာဆိုးနစ် အမျိုးအစားကြီးပါ။
အဲ့ဒီကတ်ဆက်ကြီးကိုကြည့်ရင်းနဲ့ ကျွန်မမှာ ကတ်ဆက်မရှိလို့ ရှိတဲ့သူငယ်ချင်းတွေနား ကပ်နားထောင်ခဲ့ ရတာတွေ၊သူငယ်ချင်းတွေက ပိုက်ဆံမရှိတာလည်းမဟုတ်ဘဲ ကတ်ဆက်စုတ်လေး တစ်လုံးတောင် မဝယ်သုံးဘူးလားဟင်လို့ မကြာခဏ မေးကြတာတွေ၊ တစ်ရက်မုန့်ဖိုးလေး နည်းနည်းကလွဲရင် ပိုက်ဆံအပို လုံးဝမပေးဘဲ လိုချင်တာကို ပြောမှဝယ်ပေး တာတွေကို ပြန်ရှင်းပြရတာတွေ၊ လစ်ဆင်းနင်းဘာသာရပ်မှာ အမှတ်နည်းခဲ့ တာတွေ၊ အစရှိတဲ့ မျက်နှာငယ်စရာ အဖြစ်အပျက်တွေကို အစီအရီပြေးမြင်မိ ပါတော့တယ်။
အခုလို မလိုအပ်တော့တဲ့ အချိန်ကြတော့မှ ဧရာမ ကတ်ဆက် အကောင်းစားကြီးက စာကြည့်စားပွဲရဲ့ ထက်ဝက်ကျော်ကို နေရာအခန့်သား လာယူနေတာကိုလည်း ကျွန်မက တော်တော်ကို မခံမရပ်နိုင်ဖြစ်ပြီး မျက်ရည်ကျမိပါတယ်။ ဖေဖေက တန်ဖိုးနဲ့ အသုံးဝင်မှုတွေ၊ကွာလတီတွေကို ထည့်တွက်တာ မှန်ပေမယ့် သူထည့်မတွက်ခဲ့တာက အချိန်ပါပဲ။ တခြားကိစ္စတွေမှာလည်း ကျွန်မလိုအပ်ချိန်မှာ ဘာမှမရခဲ့ဘဲ မလိုအပ်တော့ချိန်မှ ဖေဖေက ဒီလိုတွေအိုဗာတင်းဖျော်ပေးလေ့ ရှိပါတယ်။သူဖျော်ပေးလေ့ရှိတဲ့ အိုဗာတင်းတွေက ကျွန်မအတွက် အဟာရမဖြစ်ခဲ့ပါဘူး။ ဒီကတ်ဆက်ကြီးကို မြင်တိုင်း စိတ်ဆိုးစိတ်နာလွန်းပြီး ဒေါသတွေက အလိုလိုကို ထွက်လာတတ်လို့ နောက်ဆုံးမှာ ပီနံအိတ်ထဲထည့် သိမ်းပြီး ထပ်ခိုးပေါ် ပစ်တင်ထားလိုက်တာ ဘာဖြစ်နေရှာပြီလည်း မသိတော့ပါဘူးးးး
ကျွန်မတို့နိုင်ငံခြားဘာသာ တက္ကသိုလ် တောင်တက်အသင်းရဲ့ ဥက္ကဌ ရုရှားမေဂျာက ဆရာမဒေါ်အေးအေးဆွေက ဦးဆောင်ပြီး အလောင်းတော်ကဿပကို ခြေလျင်ခရီးနဲ့ တက်ဖို့စီစဉ်ကြပါတယ်။ မိဘတွေကတော့ အဲ့ဘက်က လမ်းကြမ်းတယ်။တောကနက်တယ်။ ဘာကားနဲ့သွားမှာလဲ ဘာညာ သာတကာပေါ့။ ဒီကလည်း ကိုယ့်အိမ်အကြောင်း ကိုယ်သိတော့ "အဲကွန်းဘတ်စ် မှန်လုံတွေနဲ့ သွားမှာပါမေမေ။ တောခရီးစတာနဲ့ ဆင်တွေနဲ့ သွားမှာပါမေမေ ဘာမှစိတ်မပူပါနဲ့။ဆင်က ကျားကိုမကြောက်ဘူး မေမေရဲ့။ အစစ အရာရာ လုံခြုံရေးအပြည့်နဲ့ပါ။"
ရေခဲတောင်တက် သွားတော့လည်း ဒီလိုပဲ ပြောသွားခဲ့တာပါ။ လေယာဉ်ပျံဂျီးနဲ့ သွားးး ဟိုရောက်တော့ ဟတ်စကီးနဲ့ တောင်ခြေထိ ချပေးသွားးးး ပြီးမှ မန္တလေးတောင်တက်သလို အလွယ်တကူ သာသာယာယာ တက်သွားရမယ့်ပုံမျိုးတွေ လျှောက်ပြောခဲ့တာပါပဲ။ ခုလည်းဒီလိုပဲ ထပ်ပြောရပါတော့တယ်။ဒါနဲ့ အလောင်းတော်ကဿပ ခရီးအတွက် စုရပ်က မန္တလေးတက္ကသိုလ်ထဲက ခြောက်တိုင်ရှေ့ပါ။မနက်ငါးနာရီ အရောက်သွားရပါတယ်။ မေမေက စိတ်မချလို့ဆိုပြီး ကိုယ်တိုင် လိုက်ပို့ပါတယ်။မိန်းရှေ့မှာ RTCကားစုတ် ကြီးနှစ်စင်းနဲ့ ဒိုင်နာလိုင်းကား အဟောင်းတစ်စင်း ရပ်ထားပါတယ်။ မေမေက ကားပေါ်ကမဆင်းသေးဘဲ ပြူးတူးပြဲတဲနဲ့ မေးရှာပါတယ်…"သမီးးးးအဲ့ဒီ ကားကြီးတွေနဲ့ သွားရမှာတော့ မဟုတ်ပါဘူးနော်။""အာ... မေမေကလည်းး အဲ့ဒါဘယ်က ကားဂျီးတွေမှန်း တိပါဘူးးး သာမီးတို့ အဲကွန်းဘတ်စ်ကြီးတွေက ရောက်မလာသေးဘူးးး ကြာအုံးမှာ မေမေမစောင့်နဲ့ ပြန်တော့နော်။"
"သမီးတို့ ကားမထွက်သေးဘဲ မေမေမပြန်ပါဘူးးး လူတွေဒီလောက် ရောက်နေကြပြီ။ ကားတွေက ဘာလို့မလာသေး တာလဲသမီးရဲ့ ။"ခဏနေတော့ တန်းစီလူစစ်ပြီး အုပ်စုသုံးစု ခွဲပါတယ်။Khinlay Thwejpg တို့ဂျပန်အုပ်စုက အင်အားအတော်ကောင်း ပြီး အုပ်စုတောင့်ပါတယ်။ရတနာပုံ တက္ကသိုလ်ကလည်း အင်အားကြီးပါတယ်။ အားလုံးပေါင်း လူတစ်ရာကျော်ပါတယ်။ကျွန်မက အီးမေဂျာက ငြိမ်းငြိမ်းနဲ့တစ်ဖွဲ့ထဲ ကျပါတယ်။ကျွန်မတို့အဖွဲ့က RTCကားကြီးတစ်စင်းပေါ်တက်ရပါတယ်။ မေမေက ကားပေါ်ကဆင်းလာပြီး ကုန်ကားကြီးပေါ်က ကျွန်မကို ပြန်ဆင်းလာဖို့ အော်ခေါ်ရှာပါတယ်။ ကျွန်မက "ဖေဖေ့ကို ပြန်မတိုင်ပါနဲ့ မေမေရယ် နော်..နော်။"လို့ပြောပြီး ဖလိုင်းကစ်စ်တွေ အများကြီးပေးပြီး နှုတ်ဆက်ပါတယ်။ ငြိမ်းငြိမ်းကလည်း ကျွန်မဘေးကနေ ခုန်ဆွခုန်ဆွနဲ့ "စိတ်မပူနဲ့ အန်တီ။သမီးတစ်ယောက်လုံးပါပါတယ်။"ဆိုပြီး တဟီးဟီး ရယ်ရင်းနှုတ်ဆက်ပါတယ်။
ဒီလိုနဲ့ လှုပ်လီလှုပ်လဲ့ ကုန်တင်ကားကြီးတွေကို စီးနင်းပြီး နေဝင်ခါနီး အချိန်လောက်မှာ အလောင်းတော်ကဿပ တောစခန်း အစပ်က "ကပိုင်"ဆိုတဲ့ ရွာလေးကို ရောက်လာကြပါတယ်။
ရွာထဲကလက်ဖက်ရည်ဆိုင် ကျယ်ကျယ်မှာ ခဏနားကြပါတယ်။ ကုန်တင်ကား ကြီးတွေပေါ် ကျော်တက်ရ ဆင်းရ ပြီးရင်ခြေလျင်ခရီးက ဆက်ရမှာဆိုတော့ အမျိုးသား အမျိုးသမီးအားလုံးက အားကစားဘောင်ဘီရှည် အပွတွေကို ဝတ်ဆင်ထားပါတယ်။ ဒါကိုပဲ ရွာထဲက ခပ်ကြီးကြီး ခပ်ရွယ်ရွယ် ယောက်ျားတွေက မိန်းမတွေဘောင်းဘီရှည်ဝတ်ထားလို့ ဆိုပြီး ရန်စကားတွေပြောပြီး ရန်လိုရမ်းကား ပြုဖို့ ကြိုးစားကြပါတယ်။ သူတို့ဆီက အရက်နံ့ကလည်း တစ်ထောင်းထောင်း ရနေပါတယ်။ကျွန်မက ဆရာမကို သွားတိုင်ပါတယ်။ဆရာမက အားလုံးကိုခေါ်ပြီးတော့ ဘာမှပြန်မပြောကြ ဖို့နှင့် မကြားသလို မမြင်သလိုနေဖို့ ညွှန်ကြားပါတယ်။
ခဏနေတော့ လက်ဖက်ရည်ဆိုင်နဲ့မျက်နှာခြင်းဆိုင်မှာ ရပ်ထားတဲ့ ထော်လာဂျီ ပေါ်ကို ရွာထဲကလူတွေအများကြီး တက်ကြပါတယ်။ အဲ့ဒီမှာ ကျွန်မတို့နဲ့ မတိမ်းမယိမ်း အရွယ် မိန်းကလေး တစ်ယောက်က ထော်လာဂျီပေါ် တက်ရင်းနဲ့ လုံချည်ကျွတ်ကျရှာပါတယ်။ ထော်လာဂျီရဲ့ အပေါ်အောက်မှာ ရှိသမျှသော လူအားလုံးက တဝါးဝါးနဲ့ ပွဲကျပြီး ရယ်ကြပါတယ်။ ကိုယ်နဲ့လည်း မဆိုင်ပေမယ့် ကျွန်မစိတ်ထဲ တော်တော်ဒေါသ ထွက်မိပါတယ်။
ကျွန်မက အများအားဖြင့် မြန်မာဝတ်စုံပဲ ဝတ်ဆင်ဖြစ်ပါတယ်။ရိုးရာအဝတ်အစား တွေကို ဂုဏ်ယူပြီးကို သေချာဝတ်တာပါ။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲဝတ်ဆင်ဖို့လည်း ဝန်မလေးပါဘူး။ ကျွန်မတို့ ဘောင်းဘီရှည်ဝတ်တာကို မျက်မုန်းကျိုးတဲ့ လူတွေကို ကိုယ့်ယဉ်ကျေးမှုနဲ့ ရိုးရာကို တန်ဖိုးထားတဲ့ လူတွေမှတ်နေတာ ခုလိုမိန်းမငယ်တစ်ယောက် လုံချည်ကျွတ်ကျတာကို ကူညီဖို့၊ဖေးမဖို့ စိတ်ကူးမရှိဘဲ တဟားဟား ရယ်ကြတဲ့ မြင်ကွင်းကို ကျွန်မဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲ့ဒီမြင်ကွင်း မြင်ပြီးကတည်းကစပြီး ကျွန်မဟာ စကတ်ထမိန်တွေပဲ ချုပ်ဝတ်လေ့ ရှိခဲ့ပါတယ်။ကွင်းလုံချည်ဝတ်ရင်လည်း ခါးပတ်ပတ်ပြီးမှ ဝတ်ဆင်ပါတယ်။
မဆီမဆိုင်ပြောချင်တဲ့ အကြောင်းတစ်ခုကတော့ မနက်ဘက် ကျုံးဘေးမှာ လမ်းလျှောက်ရင် ထမိန်နဲ့ ပုဆိုးတွေ ဝတ်ပြီး လမ်းလျှောက်တဲ့ လူကြီးတစ်ချို့ကို တွေ့ရတတ်ပါတယ်။ ပြီးရင်လုံချည်တွေမပြီး ကာယလေ့ကျင့်ခန်း လုပ်ကြတာ တော်တော်ကြည့်ရဆိုးပါတယ်။ ယောက်ျား၊မိန်းမ အသက်ကြီးငယ် မရွေးဟာ အားကစားလုပ်ချိန်မှာ အားကစားဝတ်စုံ ဝတ်ဆင်ဖို့ မရှက်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မတို့ လူအများစုဟာ ရှက်ရမယ့်အရာတွေကို မရှက်ဘဲ မရှက်သင့်တဲ့ အရာတွေကို ရှက်နေကြလေ့ ရှိပါတယ်။ ကြောက်ရမယ့်အရာတွေကို မကြောက်တတ်ဘဲ မကြောက်သင့်တဲ့ အရာတွေကို ကြောက်နေကြလေ့ရှိပါတယ်။
ဟီရိ နဲ့ သြတ္တပ တရားနှစ်ပါးကိုလည်း ကောင်းစွာနားလည်သဘောပေါက်ဟန် မတူပါဘူး။
ကပိုင်ရွာကနေ မိုင်အနည်းငယ် ဆက်သွားတော့ သစ်တောထိန်းသိမ်းရေး စခန်းငယ်လေးကို ရောက်ပါတယ်။ စခန်းက ဝန်ထမ်းအိမ်ရာဖြစ်တဲ့ ခြေတံမတိုမရှည်နဲ့ တဲငယ်နှစ်လုံးမှာ စခန်းချကြပါတယ်။ ဝန်ထမ်းတွေ တစ်ယောက်မှ မရှိပါဘူး။ အနီးအနားက ရွာမှာ ပွဲရှိလို့ သွားကြည့်နေကြတာပါတဲ့။ တဲလေးနှစ်လုံးမှာ မိန်းကလေးတွေဟာ ကျပ်ညပ်သိပ်ပြီး ဆံ့အောင် အိပ်ကြရပါတယ်။ တဲတွေရဲ့ တံခါးမကြီးနဲ့ ပြတင်းပေါက်တွေမှာ ပိတ်စရာ တံခါးရွက်တွေမရှိပါဘူး။ တဲရှေ့မှာ တစ်ညလုံးမငြိမ်းတဲ့ မီးဖိုကြီးသုံးဖိုကို ဖိုထားပါတယ်။ယောက်ျားလေးတွေ ကတော့ မီးဖိုနဲ့ မလှမ်းမကမ်းက ကားသုံးစင်းပေါ်မှာ အိပ်ကြရပါတယ်။
တိတ်ဆိတ်မှောင်မည်းနေတဲ့ ညသန်းခေါင်းယံအချိန်....ဒန်တန့်တန်။ အားလုံးးးးအိပ်မောကျနေတဲ့ အခိုက်......။လေပြေလေးးးတစ်ချက်ဝှေ့သွားစဉ်.....။ ကျားကြီးတစ်ကောင် ရောက်လာပါတယ်။သူ့ခမျာလည်း ဗိုက်ဆာတာကိုးးးး။ ညဘက်မှ အစာထွက်ရှာရတာ ဆိုတော့...ဒါက သူ့အလုပ်ကိုးးး။သူ့မှာလည်း ကျွေးမွေး စောင့်ရှောက်စရာ သားငယ် သမီးငယ်လေးတွေ ရှိချင်ရှိရှာမှာပေါ့...။ ဒီတော့ကျားက သားကောင်ငယ်ကို လိုက်ဖမ်းပါတယ်။သားကောင်ကလည်း မီးရောင်ရှိတဲ့ ကျွန်မတို့ စခန်းချရာကို အသက်လုပြီး ပြေးလာရှာပါတယ်။ အဲဒီလိုဖြစ်ပျက်ခဲ့ပုံ ပေါ်တယ်လို့ စိတ်ကူးပြီးမှန်းကြည့်တာပါ။ အဲ့ဒီလိုသားကောင်လေး အသက်လု ပြေးနေရချိန်မှာ ကျွန်မတို့ အားလုံး ပင်ပန်းကြီးစွာ အိပ်မောကျနေခဲ့ပါတယ်။ မီးဖိုကြီးတွေနဲ့ လူနေအိမ်တွေ ကားတွေကို မြင်တော့ ကျားကြီးက ဆက်မလိုက် ဝံ့တော့ပါဘူးးး။ ဒီတော့ စခန်းနဲ့ မျက်နှာခြင်းဆိုင် ခင်တန်းငယ်ပေါ်ကနေ မခံချိမခံသာ
တဝေါင်းဝေါင်းနဲ့ ဟိန်းဟောက် ပါတော့တယ်။ တဲပေါ်က မိန်းကလေး အများစုဟာ အဆက်မပြတ် ပေါ်ထွက်လာတဲ့ ကျားဟိန်းသံကြီးကြောင့် နိုးလာကြပေမယ့် မအော်ရဲကြပါဘူးးးး အချင်းချင်း ကြိတ်နှိုးကြ၊ ဘုရားစာတွေ တွတ်တွတ်ထိုးပြီး ရွတ်ကြနဲ့ လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ပါတယ်။
ကျွန်မဘေးမှာအိပ်တဲ့ ပြင်သစ်မေဂျာက ပန်းသေးမလေးက ကျွန်မလက်မောင်းကို လှုပ်ပြီးပြောပါတယ်...."အကျဲ... နီတို့ဘာသာရေးဆိုင်ရာ အရပ်ဒေသဆိုတော့ နီတို့ဘုရားစာ ရွတ်ပြီး ဆုတောင်းပေးပါနော်"တဲ့။ ခ်ခ်... ဒီကလည်း ကတုန်ကယင်တွေ ဖြစ်ပြီး ဘုရားစာကို မေ့ရော။ ဒါပေမယ့်လည်း စပ်စုချင်စိတ်ကို မချိုးနှိမ်နိုင်တော့ ဒူးတုန်တုန်နဲ့ အသာထပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်ပါတယ်။ မျက်လုံးစိမ်းစိမ်းလေး တစ်စုံ လှစ်ခနဲပြေးသွားတာကို တွေ့လိုက်ပါတယ်။ ကားပေါ်ကယောက်ျားဘသားများ တစ်ယောက်မှ နိုးဟန်မတူပါဘူး။ ဂျာမန်မေဂျာက မုံရွာသားတစ်ယောက်ပဲ ကားပေါ်မှာ မတ်တတ်ရပ်ပြီး တောရှင်းဓါးတပြင်ပြင်နဲ့ ဟိုဟိုဒီဒီ ကြည့်နေတာ တွေ့ရပါတယ်။
မနက်မိုးလင်းတော့ ညကကျားဟိန်း သံအကြောင်း ပြောတဲ့မိန်းကလေး အုပ်စုကို အိပ်ရာကမနိုးတဲ့ ယောက်ျားလေး အုပ်စုက ကယောင်ကတမ်းနဲ့ အိပ်မက်မက်ပြီး ပြောကြပါတယ်လို့ စွပ်စွဲပါတယ်။ညက ဓါးတပြင်ပြင်လုပ်နေတဲ့ မုံရွာသားကို ငြိမ်းငြိမ်းက ကျွန်မဆီခေါ်လာပြီး မိတ်ဆက်ပေးပါတယ်။ စကားစမြည် ဟိုဟိုဒီဒီပြောကြရင်းနဲ့ သူကရင်ခုန်စရာတွေ ပြောလာပါတယ်.....ဟိဟိ။ "ဒီအဖွဲ့ထဲမှာ ငါသဘောကျလို့ ချိန်ထားတဲ့ မိန်းကလေးတွေ ရှိတယ်သိလားးးငြိမ်းငြိမ်းးး။ ပြင်သစ်က ဟိုကောင်မလေး နှစ်ယောက်လေ။ ပြီးတော့ ဂျပန်မေဂျာက မျက်မှန်းလေးနဲ့လေးလုံးမလေး(မှတ်ချက်။ ။ခင်လေးသွယ်ဟု ယူဆရသည်)။ နင်တို့အင်္ဂလိပ်စာက ဟိုတစ်ယောက်ရောပါတယ်။ ရတနာပုံ ရုက္ခဗေဒအုပ်စုက ဆော်လေး သုံးပွေကလည်း တော်တော်မိုက်တယ်ဟ။ အိုင်အာက ကွင်းက အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့် စတိုင်လ်ကျကျနဲ့ တော်တော် သားနားတယ် ပြီးတော့...., .....,.....,"
"ဟင်!!!!ခင်ညားဟာ အယောက်နှစ်ဆယ်လောက် ဖြစ်နေပြီ။ ကြည့်လုပ်ပါအုံးဂျ။""အကုန်လုံးက ခင်ညားကို ဇွတ်လိုက်ဆွဲနေလို့ ပြေးပေါက်မှားနေအုံးမယ် ခွိခွိ။""ဟီးးးဟီးးးး ဟားဟားးး စွံရင်ငါတို့ကို မုန့်ကြွေးနော်။"ကျွန်မတို့နှစ်ယောက်ရဲ့ စပ်ဖြဲဖြဲ ပြောင်ချော်ချော် မခန့်တရန့် မျက်နှာပေး တွေနဲ့ လှောင်ပြောင်မှုကို တော်တော်တင်း သွားတဲ့ မုံရွာသားက "အေးးးးအဲ့ဒီ အယောက်နှစ်ဆယ်ထဲမှာ နင်တို့မပါဘူးးးး ရှင်းလားးး""အယ်……ဝမ်းသာလိုက်တာ ဟယ်။""ကျေးဇူးပါတိုတို ဟိဟိ.... "တခြားယောက်ျားလေးတွေကလည်း ဒီအချိန်မှာ အသည်းအသန် လှုပ်ရှားနေကြ ပါတယ်။ရည်းစားရဖို့အရေးးးး ဒို့အရေး လို့မအော်ရုံပါပဲ။ ဒီတော့ မုံရွာသားခများ အကြံတူအချင်းချင်းကို တိုင်ပင်ရင်ဖွင့်လို့ မရတဲ့အနေအထားတစ်ခုမှာ အမှတ်မရှိဘဲ ငြိမ်းငြိမ်းကို လာလာပြီး ရင်ဖွင့်လေ့ ရှိပါတယ်။ "ရုက္ခဗေဒ အုပ်စုက မိန်းကလေးတွေက ပိုင်ရှင်ကိုယ်စီ နဲ့ဟ။ ငါ့လစ်စ် ထဲကနေ ထုတ်လိုက်ပြီ။"ခဏနေ ရင် "ဘယ်မေဂျာက ဘယ်သူပေါ့..စကား ပြောတာ ရေလည်ရင့်တယ်။ ဒါမျိုးစာရင်းထဲ မထည့်တော့ဘူးးးး "သူ့ခမျာ ကျွန်မတို့ ခနဲ့သမျှခံပြီး ဒီလိုတွေ ဟိုလိုတွေ လာလာ ရင်ဖွင့်ရှာပါတယ်။
အဲ့ဒီသစ်တောစခန်းကနေစပြီး အလောင်းတော်ကဿပ ထိအောင် ခြေလျှင်လျှောက်ကြရပါတယ်။ စိမ်းလန်းပြီး ထွားကြိုင်းမြင့်မားတဲ့ သစ်ပင်ကြီးတွေ… ပင်စည်လုံးပတ်ကြီးတွေပေါ်မှာ ပေါက်ရောက်နေကြတဲ့ ပင်ဆင့်ပန်းပျံ သစ်ခွမျိုးစုံ… အေးမြသာယာတဲ့ လေပြေလေးတွေ… ဒါတွေကို တစိမ့်စိမ့်နဲ့ ခံစားရင်း ဖြည်းဖြည်းခြင်း အရသာခံ လျှောက်လှမ်းလာချိန်မှာ… သိပ်ကိုကြည်နူးနှစ်သက်ဖွယ် ကောင်းတဲ့ ရနံ့သင်းသင်းလေးက ဝင်သက်တစ်ခု ရှူရှိုက်လိုက်တိုင်း ကျွန်မရဲ့ နှလုံးအိမ်ထဲကို သိမ်မွေ့စွာ တိုးဝှေ့ဝင်ရောက်လာပါတယ်။ ဒီဝန်းကျင်မှာ ဆောင်းရဲ့လက်ကျန် သဇင်ပန်းလေးတွေ ရှိရမယ်လို့ ကျွန်မတွေးမိပြီး ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားပြီး ရှာရင်းလျှောက်ခဲ့ မိပါတယ်။ ကိုက်တစ်ရာခန့်လျှောက်မိတော့ လမ်းဘေးက ချောက်နက်နက်ထဲကနေ ထိုးထွက်ပေါက်ရောက်လာတဲ့ သစ်ပင်အမြင့်ကြီးရဲ့ ပင်စည်မှာ ငှက်တောင်ပံကြီးတွေ ဖြန့်ကျက်ထားတဲ့ အဆင်ဒီဇိုင်းမျိုးနဲ့ အရွက်ခြောက်ကြီးတွေ ထဲမှာ ဖွေးဖွေးလှုပ်အောင် ပွင့်နေတဲ့ သဇင်ပန်း အုံကြီးကို တွေ့ရတော့တာပါပဲ။ အဲ့ဒီသဇင်အုံကြီးက မွှေးရနံ့တွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို သင်းပျံ့နေတော့ တာပါပဲရှင်...။
ငြိမ်းငြိမ်းက ကင်မရာထည့်ခဲ့မယ် ဆိုတာနဲ့ ကျွန်မက အပျင်းကြီးပြီး ငါမထည့်ခဲ့တော့ဘူးလို့ ပြောပြီး ယူမလာပါဘူး။ ငြိမ်းငြိမ်းကင်မရာနဲ့ပဲ အိုက်တင်တွေ အမျိုးမျိုးနဲ့ ဂိုက်ပေးကြမ်းပြီး တစ်ပုံပြီး တစ်ပုံ ရိုက်လာခဲ့ ပါတယ်။အဲဓါတ်ပုံတွေ အားလုံးပျက်ကုန်လို့ ကျွန်မမှာ နှမြောတဿ နောင်တကြီးစွာ ဖြစ်ရပါတယ်။အပျင်းကြီးခြင်းရဲ့ လက်ငင်းအကျိုးပေးပါပဲ။ ဒါလည်းမှတ်မယ် မထင်နဲ့ ပျင်းတုန်းဘဲ ခ်ခ်။ချောင်းမကြီးကို ကျော်ဖြတ်စဉ်မှာလည်း ရိုက်လိုက်ရတဲ့ ဓါ့ပုံတွေ... ဖိုလ်ဝင်တောင်မှာလည်း ရိုက်လိုက်ရတဲ့ ဓါ့ပုံတွေ..... လွမ်းစရာ ကောင်းလိုက်တာ ဘာမှကို ပြန်မရတော့တာပါပဲ။
ဆင်တွေနဲ့ ခရီးသွားတွေ လာရင် ကျွန်မတို့က လမ်းဘေးကပ်ပြီး ရပ်နေရပါတယ်။ ဆင်ပေါ်က အမျိုးသမီး အတော်များများက ကြောက်ရွံ့တုန်လှုပ်စွာ မျက်စိစုံမှိတ်ပြီး ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေကြပါတယ်။ တစ်ချို့ ဆင်တွေက အစွယ်တစ်ချောင်းပဲ ရှိကြပါတော့တယ်။ ကျွန်မနှင့်တကွ တိရစ္ဆာန် ချစ်တဲ့ သူငယ်ချင်းတစ်စုက ဒီကိစ္စအတွက် အကြီးအကျယ် ဒေါသထွက် ကြပါတယ်။ "ဆင်တွေကို ဒီလောက်ခိုင်းနေရ ပြီပဲ။ တော်ရောပေါ့။ ခုလို အစွယ်တစ်ချောင်းပါ ဖြတ်ထားတာတော့ လွန်လွန်းပြီ။ တော်တော် မကောင်းတဲ့ အကောင်တွေပဲ။""အေးလေဟယ် သနားပါတယ်။""နိုင်ဂျားမှာဆို တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တွေရှိတယ်ဟ။တို့ဆီမှာက ဘယ်သွား တိုင်ရမှန်း မသိတာ။"
ဒီကိစ္စကို အိမ်ပြန်ရောက်တော့ ဖေဖေ့ကို ပြောပြမိပါတယ်။ ဖေဖေက သဘောတကျနဲ့ တဟားဟားရယ်ပါတယ်။ "သမီးးးးး ညည်းတစ်သက်လုံး သည်းကြီး မည်းကြီး ဖတ်နေတဲ့ သမိုင်းစာအုပ်တွေမှာ စွယ်စုံဆင်၊ဟိုင်းဆင်နဲ့ တည်ဆင် သုံးမျိုးရှိတယ် ဆိုတာ မတွေ့ခဲ့ဘူးလားးးး""အမ်!!!""စွယ်စုံက အစွယ်နှစ်ချောင်း ပါတယ်။ ဟိုင်းဆင်က အစွယ်မပါဘူး။ တည်ဆင်ဆိုတာ အစွယ်တစ်ချောင်းပဲ ပါတယ်။ သမီးတို့တွေ့ခဲ့တာ တည်ဆင်ပဲ။ ဘယ်သူကမှ ဖြတ်ထားတာမဟုတ်ဘူးး နဂိုကတည်းက မပါတာ။""အွန်!!!"
ခရီးစဉ်ကြီး တစ်ခုလုံးဟာ ပျော်စရာအလွန်ကောင်းလှပါတယ်။ မုံရွာ ဖိုလ်ဝင်တောင်နဲ့ ဗောဓိတစ်ထောင်၊ သံဗုဒ္ဓေ စသဖြင့် စုံအောင် လည်ပတ်ကြပါတယ်။ ဂိမ်းကစားနည်းမျိုးစုံလည်း အုပ်စုငါးစု ခွဲပြီးအပြိုင်ကစားကြပါတယ်။အုပ်စုတွေက ကိုယ့်အုပ်စုရဲ့ အလှမယ် ကွင်းတစ်ယောက် စီကို ရှေ့ထုတ်ပေးခိုင်းတဲ့ ဂိမ်းလည်းပါဝင်ပါတယ်။ ကျွန်မတို့ အဖွဲ့ခေါင်းဆောင် အကိုကြီးက အားလုံးရဲ့ အမြင်နဲ့ ဆန့်ကျင်ပြီး ကွင်းကို ရွေးချယ်ပါတယ်။ ကျွန်မတို့က လှတဲ့သူကို ရွေးချင်ကြတာပါ။ ခေါင်းဆောင်က အသက်ထက်စာရင် ငယ်ပြီး ချာတိတ်ရုပ် မပျောက်သေးတဲ့ ကြည့်ပျော်ရုံ ရုပ်ကလေးရှိတဲ့ မိန်းကလေးကို ရွေးပြီး ပွဲထုတ်ပါတယ်။ အဖွဲ့တစ်ခုဆီရဲ့ ကွင်း၅ယောက်ကို ရှေ့ထုတ်တော့ တခြားအဖွဲ့တွေက ကွင်းတွေဟာ အချောအလှတွေ ချည်းပါပဲ။ ကျွန်မတို့ကွင်း နဲ့ကတော့ ဆီနဲ့ရေကွာသလို ကွာလှပါတယ်။ ဒါပေမယ့် လူတိုင်းသတိပြု လက်ခံလိုက်တာကတော့ နုပျိုခြင်းပါပဲ။ ကြည့်ပျော်ရုံ သာမန်ရုပ်ရည်ပဲ ရှိပေမယ့် နုပျိုရိုးရှင်းတဲ့ အသွင်ရှိတဲ့ ဒီမိန်းကလေးဟာ လှပတဲ့ မိန်းမချောလေးတွေနဲ့ ယှဉ်လိုက်တော့ သူမကို မလှဘူးဆိုပြီး ပယ်ဖို့ရာ မဝံ့ရဲကြတော့ပါဘူး။ သူမက အလှသရဖူဘွဲ့ မရပေမယ့် နုပျိုမှု ဆိုတာကိုတော့ အသိအမှတ်ပြု ခံခဲ့ရပါတယ်။
နေဝင်ပြီး မှောင်ရီပျိုးစ အချိန်မှာပဲ မန္တလေးတက္ကသိုလ် ရှေ့ကို ပြန်ရောက်ကြ ပါတယ်။ ရှိတဲ့ဖုန်းဆိုင်လေးနှစ်ဆိုင်မှာ ကျောင်းသူကျောင်းသားတွေ ပြုံတိုးနေကြပါတယ်။ ကျွန်မနဲ့ ငြိမ်းငြိမ်းက အိမ်နီးတော့ နောက်ကျမှ ဖုံးဆက်ခေါ်လည်း ရပါတယ် ဆိုပြီး တိုင်လုံးတွေ ဘေးမှာ ထိုင်နားနေကြပါတယ်။ မုံရွာသားက ရောက်လာပါတယ်။ သူက အယောက်နှစ်ဆယ်ထဲကနေ မိန်းကလေး တစ်ယောက်ကို အတည်ရွေးချယ်လိုက်ပါ ပြီတဲ့။ အဲ့ဒီကောင်မလေးကတော့ ရတနာပုံ တက္ကသိုလ် အိုင်အာမေဂျာက ကွင်းပါပဲ။ ကောင်မလေးက သူ့အပေါ် အခွင့်အရေးလည်း ပေးတယ်…။ ဖုံးနံပါတ်နဲ့ အဆောင်လိပ်စာ တွေလည်း ပေးတယ်... ဘာညာသာတကာပေါ့။ နောက်ပိုင်း အဖြေပေးလာဖို့ ကိစ္စတွေကို ယောက်ျားတို့ တတ်အပ်တဲ့ အတတ်ပညာတွေနဲ့ သူကကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ပြပါမယ်တဲ့။
အိုင်အာရဲ့ကွင်းက မလှမ်းမကမ်းမှာ ထိုင်ရာကနေ မိန်းအပေါက်ဝကို ထွက်ခွာ သွားပါတယ်။မုံရွာသားက "နင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ။ ကျောင်းပေါက်ဝမှာ ဖုံးသွားဆက်ကြ လေဟာ။လာလာ...။"ကျွန်မတို့နှစ်ယောက်လည်း ယောင်တောင်တောင်နဲ့ မိန်းရှေ့ ထွက်လိုက်လာကြပါတယ်။ အဲ့ဒီအပေါက်ဝက စတိုးဆိုင်မှာ ကွင်းက ဖုံးဆက်နေပါတယ်။ သူဆက်ပြီးတော့ ကျွန်မတို့ နှစ်ယောက် ဆက်ကြပါတယ်။ မုံရွာသားက ကွင်းဘေးမှာ သွားထိုင်ပြီး လေပေါပါတယ်။ ကျွန်မတို့နှစ်ယောက်က ပင်ပန်းပြီး မလှုပ်ချင်အောင် ဖြစ်နေကြတော့ ခုံတန်းလျားပေါ်မှာ ငိုင်စင်းစင်းနဲ့ ထိုင်ရင်း ဟိုငေးဒီငေး လုပ်လိုက် မုံရွာသားနဲ့ ကွင်းနဲ့ စကားပြောတာကို ကြည့်လိုက်နဲ့ လုပ်နေကြပါတယ်။
အဲ့ဒီအချိန်မှာပေါ့.... ဆိုင်ရှေ့ကို တောက်ပသစ်လွင်တဲ့ ယောက်ျားစီး ဆိုင်ကယ်အကောင်းစားကြီး ရပ်လာပါတယ်။ မောင်းလာတဲ့ လူကလည်း ထောင်ထောင်မောင်းမောင်းနဲ့ ကိုလူချော တစ်ယောက်ပါ။ အိုင်အာကွင်းက ဆတ်ခနဲ ထလိုက်ပြီး ဟန်းဘတ်အိတ်အသေးလေးကို လွယ်ပြီး ဆိုင်ကယ်ဆီ ပြေးသွားပါတယ်။ ဆိုင်ကယ်ပေါ်ကို စွေ့ခနဲတက်လိုက်ပြီး ကိုလူချောခါးကိုဖက်ပြီး ပုခုံးပေါ်ကို မေးလေးတင်မှီလိုက်ချိန်မှာပဲ ဆိုင်ကယ်ကြီးက ဝေါခနဲ ဆောင့်ထွက်သွားပါတယ်။ ကျွန်မတို့ရဲ့ သူငယ်ချင်းခမျာ မြင်လိုက်ရတဲ့ အခြေအနေကို ရုတ်တရက် ကြောင်နေရှာပြီး ပလက်ဖောင်းပေါ်မှာ နဂိုပုံမပျက်ဘဲ ငုတ်တုတ်လေး ကျန်နေခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်မှာ တိုင်ပင်စရာမလိုဘဲ တဟားဟားနဲ့ ရယ်လိုက်မိပါတော့တယ်။
"တိတ်စမ်းးး နင်တို့နှစ်ယောက်""အင်၊ အမ်""ငါတကယ်ဒေါသထွက် နေတာနော်။ဒီမှာတွေ့လားးးဓါး။ "မျက်နှာနီရဲပြီး အဟုတ်ကို ဒေါသထွက်နေတဲ့ သူ့အခြေအနေနဲ့ တောရှင်းဓါးကြီးကို မြင်လိုက်တော့မှ ကျွန်မတို့နှစ်ယောက်လည်း ပါးစပ်ပိတ်ပြီး ရယ်ချင်စိတ်တွေကို မျိုချလိုက်ရပါတော့ တယ်။"မနက်ဖြန်မှ ဆက်ရယ်ကြတာပေါ့ နေနေ။ ဒင်းကို ဒီလောက်နဲ့ လွှတ်မထားဘူးးးသဘောတူတယ်မလားးး"
တက္ကသိုလ်ကျောင်းတော်ကြီးကို စွန့်ခွာရတော့မယ့် အချိန်တွေက တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ ကျွန်မတို့ရင်ထဲမှာ အူတိအူကြောင်နဲ့ ဖက်စ်ရီးယား တက်ခဲ့ကြတာ မနေ့တစ်နေ့က လို့ပဲထင်နေမိကြပါတယ်။ အခုလည်းပဲ ယောင်ချာချာနဲ့ ကျောင်းပြီးပါတော့မယ်။ ဘာမှန်းမသိတဲ့ ခံစားချက်တွေက ကျွန်မရင်ထဲကို နင့်နင့်သည်းသည်း ဝင်ရောက် စိုးမိုးနေကြပါတယ်။
"ဟမ်....မေလဲ့က ကျောင်းပြီးပြီးချင် မင်ဂါဆောင်တော့မယ်???? ဘွဲ့ယူပြီး ချိန်ထိတောင် မစောင့်တော့ဘူးလားးး??? ""ဟုတ်တယ်ဟ။ ကိုကျော်နိုင်က ငါ့မိဘတွေ နဲ့လည်းလိုက်တွေ့ပြီးပြီလေ။ သူ့မိဘတွေနဲ့လည်း ငါကသွားတွေ့ပြီးပြီ။ အဘက်ဘက်ကနေ အဆင်ပြေနေမှတော့ ငါတို့နီးစပ်ဖို့ စီစဉ်လိုက်ကြတာပဲလေ။""ဟာာာ ငါတော့ ကိုယ့်ကိုယ်ကလေးလို့ ထင်တုန်းရှိသေးတာ။ နင်ကကလေးအမေ လုပ်တော့မလို့လားဟ။""ဟားဟားးး သူ့ကိုယ်သူ ကလေးတဲ့။ကြီးမှဝက်သက် ပေါက်ရင် သေတတ်တယ်။ မှတ်ထားအုံးးး။"
ကျွန်မက ကျောင်းပြီးရင် ကြင်ဘက်ရှာဖို့ အဲ့ဒီအချိန်တုန်းက ခေါင်းထဲမှာ မရှိခဲ့ပါဘူးးး ရှိနေခဲ့တာက ကျောင်းပြီးရင် စီးပွားရေးလုပ်မယ်... အသက်၃၀အရွယ်မှာ ခိုင်မာကြီးပွားနေတဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ရမယ်…… အားလပ်ရက်တိုင်း နိုင်ဂျားထွက်ပြီး အပမ်းဖြေမယ်.... ကမ္ဘာ့အံ့ဖွယ် ၇ပါးကို တစ်နှစ်တစ်ခုဆီ သွားကြည့်မယ်... မိဘမဲ့ကလေးတွေနဲ့ လမ်းဘေးလေလွင့်နေတဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ ဖောင်ဒေးရှင်းကြီးတစ်ခု ကိုယ်ပိုင်ထူထောင်မယ်…… စသဖြင့် စိတ်ကူးယဉ်ကျောထဲမှာ မျောနေတဲ့သူပေါ့။
ကျွန်မမှာ ဆယ်တန်းဖြေပြီးစ အချိန်တုန်းက ကိုယ်ပိုင်အလုပ်လေးရှိခဲ့ ဖူးပါတယ်။ရွှေတစ်ကျပ်သား ငါးသောင်းခွဲခန့် တန်ဖိုးရှိစဉ်က အဲ့ဒီလုပ်ငန်းလေးကနေ တစ်လကို ရွှေနှစ်ကျပ်သားကျော်ခန့် ရှိတဲ့ အသားတင်အမြတ်တွေ ရခဲ့ဖူးပါတယ်။ ဒီအလုပ်ကို ဆက်မလုပ်ခိုင်းဘဲ ဖေဖေက ကျွန်မကို တက္ကသိုလ် ပုရဝုဏ်ထဲ ကန်ထည့်ခဲ့ပါတယ်။ ကျောင်းပြီးရင် ဆက်လုပ်မယ်လို့ မှန်းထားပေမယ့် ကျောင်းမပြီးခင်မ
— with Maung Paing and 60 others.ဒီတော့ ဈေးပေါပေါ တရုတ်ကတ်ဆက်လေး ဝယ်ချင်တာကို ဖေဖေက လုံးဝပေးမဝယ်ပါဘူးးးး။ သူကိုယ်တိုင် ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ရှာပါတယ်။ ဖေဖေ့စိတ်တိုင်းကျ ကတ်ဆက်ကို မရခဲ့ပါဘူးးး ကျွန်မကလည်း အရေးတကြီး လိုအပ်နေပါပြီ။ အခြေအနေကို ခဏခဏ ရှင်းပြတော့ ဖေဖေက စိတ်တိုပါတယ်။ နောက်ဆုံးတော့ ဘာဆိုဘာမှ မပြောတော့ဘဲ ဒီတိုင်းပဲ ဖြစ်သလို နေခဲ့ဖြေခဲ့လိုက်ပါတယ်။အဲ့ဒီဘာသာရပ်အတွက် အမှတ်တွေက တအားနည်းပါတယ်။